Love Lets It Go
Unicode Version
ချစ်ခြင်းမေတ္တာသည်  ခွင့်လွှတ်ခြင်းအရာ ဖြစ်ပါတယ်။
ကောလောသဲ ၃:၁၃ “တယောက်၌တယောက် အပြစ်တင်စရာအခွင့် ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ် ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။
တစ်စုံတစ်ယောက်ကို သင်သိခြင်းအရာက ကြာရှည်လာတဲ့အခါမှာ ဆန်းစစ်ဝေဖန်ခြင်းနှင့် အပြစ်မြင်ခြင်းတွေက ပိုမိုလွယ်ကူလာစေပါတယ်။ အချိန်တွေကြာလာသည်နှင့်အမျှ သင်၌ယဉ်ကျေးပျူငှာခြင်းတွေ ၊ ကြင်နာမှုတွေ သည် လျော့နည်း လာဖို့ရှိပြီး တခြားသူတွေကို ပေါ့ပေါ့တန်တန် သဘောထားလာရန် ပို၍ ဖြစ်နိုင်ချေ ရှိလာပါ သည်။
ကျေးဇူးတင်ခြင်းအရာသည် ဆက်လက်လုပ်ဆောင်သော အလေ့အကျင့်ဖြစ်ပါတယ်။ ကျေးဇူးတင်ခြင်းကို တစ်ကြိမ်လောက်တော့ ဖော်ပြဖို့က လွယ်ကူစွာပါတယ်။ သို့ပေမဲ့ အကြိမ်ရေများပြီဆိုလျှင် အနှောက်အယှက် နည်းနည်းတိုးလာပုံရပြီး သင်၏စိတ်ရှည်မှုလျော့နည်းလာမည်။ နာကျင်မှုကို နာကျင်ခြင်းတွေနဲ့ တုံ့ပြန်ဖို့က ပိုမိုလွယ်ကူသွားစေပါတယ်။
တည်မြဲသော ချစ်ခြင်းမေတ္တာကို တွေ့ကြုံခံစားရဖို့ရန် ဂရုဏာထားခြင်းကို ရွေးချယ်ပါ။ ခွင့်လွှတ်ခြင်း ၊ လက်ခံခြင်း ၊ သည်းခံခြင်း နှင့် ကျေးဇူးတရားများ မရှိဘဲ မည်သည့် ဆက်ဆံရေး ၊ အိမ်ထောင်ရေး (သို့) တခြားသောအရာ တွေသည် ကြာရှည်တည်မြဲမှာ မဟုတ်ပါဘူး။
သင်ချစ်ရသော သူတွေကို ကျေးဇူးပြုဖို့ရာ နေ့စဉ်အသက်တာမှာ အခွင့်အရေးပေါင်း (၁၀၀) သင်ရရှိပါတယ်။ တိကျတဲ့ အချိန် (၂) မျိုးကို ကျွန်ုပ်အာရုံပြုချင်ပါတယ်။ ထူးခြားတဲ့ စိန်ခေါ်ခြင်းအချိန် ဖြစ်ကောင်းဖြစ်မည်။ သို့ပေမဲ့ မည်သို့ပင် ဖြစ်စေကာမူ သင်လုပ်ဆောင်ရပါမည်။
သူတို့၏ အားနည်းချက်တွေ နှင့် အမှားတွေကို သင့်ကို စိတ်ဆိုးစေတဲ့အခါ
တစ်စုံတစ်ယောက်ကို သင်ကြာကြာချစ်လေ သူတို့၏အားနည်းချက်တွေကို သင်ပိုသိလာပါမည်။ ဝေဖန်ပြစ်တင်ခြင်း (သို့) သနားကြင်နာခြင်း ကို သင်ရွေးချယ်နိုင်ပါတယ်။ သင် အပြစ်ပြောဆိုနိုင်တယ် (သို့) သနားကြင်နာနိုင်ပါတယ်။ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားနိုင်တယ် (သို့) သင်၏ ဂရုဏာကို ဖော်ပြပေးနိုင်ပါတယ်။ သုတ္တံ ၁၇:၉ “သူတပါးပြစ်မှားသော အမှုကိုဝှက်ထားသော သူသည် မေတ္တာကို ပြုစု၏။ ကြားပြောသောသူမူကား၊ မိတ်ဆွေတို့ကို ကွဲပြားစေ၏။
သူတို့၏စကားနှင့် အပြုအမူတွေက သင့်ကို နာကျင်စေတဲ့အခါ
နာကျင်မှုပေါ်မှာ သင်၏ဒေါသကို ဆုပ်ကိုင်ထားလို့မရပါ။ နာကျင်မှုများကို ခဲယမ်းမီးကျောက် တွေအတွက် သိုလှောင်ထားလို့မရပါ။ သမ္မာကျမ်းစာက ဖော်ပြထားသည်မှာ ကောလောသဲ ၃:၁၃ “တယောက်၌တယောက် အပြစ်တင်စရာအခွင့် ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ် ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။နာကျင်ခြင်းတွေကို ဆက်လက်ဆုပ်ကိုင်ဖို့ သင်ရွေးချယ်နိုင်တယ် (သို့) ခွင့်လွှတ်ခြင်းကို သင်ရွေးချယ်မှု ပြုနိုင်ပါတယ်။ တစ်ခုတည်းကသာ သင့်တင့်ကောင်းမွန်တဲ့ ရွေးချယ်စရာဖြစ်ပြီး သင့်ကို ချစ်ခြင်းမေတ္တာ၌ ရှေ့ဆက်သွားဖို့ လွှတ်လပ်မှုကို ပေးစွမ်းပါလိမ့်မည်။
ကျေးဇူးတရားပြခြင်းက ကျွန်ုပ်တို့၏သဘောသဘာဝတွေဖြစ်တဲ့ တိုက်ခိုက်ခြင်း ၊ နာကျည်းခြင်းနှင့် နောက်ဆုံး စကားလုံးတွေပြောဆိုခြင်းအရာတွေနဲ့ ဆန့်ကျင်ဘက်သွားပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့က ကိုယ့်၏ခွန်အား ၊ အစွမ်းသတ္တိတွေပေါ် တည်မှှီလို့မရပါဘူး။ သခင်ခရစ်တော်၏ နောက်လိုက်တစ်ဉီးအနေဖြင့် ဘုရားသခင် နှစ်သက် တော်မူသော ချစ်ခြင်းမေတ္တာ ၊ သနားခြင်းဂရုဏာ ၊ မေတ္တာတရား နှင့် ကျေးဇူးတရားတွေကို ရွေးချယ်ခြင်း အရာတွင် သင့်ကိုကူညီဖို့ရန် သန့်ရှင်းသောဝိညာဉ်တော် လုပ်ဆောင်ခြင်းတွေ သင်၌ရှိနေတယ်ဆို တာကို ယုံကြည်လိုက်ပါ။
ဆင်ခြင်ရန်
- ခွင့်လွှတ်ခြင်းက ပေါင်းသင်းဆက်ဆံရေးကို မည်ကဲ့သို့ ကောင်းမွန်စေသလဲဆိုတာ သင်သိပါသလား။ ခွင့်လွှတ်ခြင်းက ဘာကြောင့်များ အစွမ်းထက်ပါသနည်း။
- သင်၌ ရင်းနှီးကျွမ်းဝင်ဆုံးသော ဆက်ဆံရေးတစ်ခုကို တွေးမြင်ပါ။ သင်နားပူနားဆာ လုပ်သည့်အချိန် တွေင် အဲဒီပုဂိ္ဂုလ် မည်ကဲ့သို့ တုံ့ပြန်သနည်း။  သူတို့၏ အားနည်းချက် (သို့) ပင်ကိုစရိုက် နှင့်ပတ်သက်ပြီး သင်သနားကြင်နာတဲ့အခါမှာကော အဲဒီပုဂိ္ဂုလ်မည်ကဲ့သို့ တုံ့ပြန်ပါသနည်း။
-သင်၌ နာကျင်စရာများ ဆုပ်ကိုင်ထားတာ ရှိပါသလား။ ယနေ့တွင်ခွင့်လွှတ်ခြင်းကို သင်ရွေးချယ်မှုပြုဖို့ရန် မည်သို့သောအရာတစ်ခုကို သင်လုပ်ဆောင်နိုင်ပါမည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်