Unicode Version
---------------------------------------------------------------------------------
Zawgyi Version
ချစ်ခြင်းမေတ္တာသည် ရွေးချယ်မှုတစ်ခုပင်ဖြစ်ပါတယ်။
ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၃:၂ “ပရောဖက်ဉာဏ်ကို ငါရ၍၊ နက်နဲသော အရာရှိသမျှတို့နှင့်
သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော်၎င်း၊ တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့်
ပြည့်စုံသော်၎င်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏။”
ချစ်ခြင်းမေတ္တာဆိုတာ
ခံစားချက်တွေ မဟုတ်ပါဘူး။ ရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။ ဤကဲ့သို့ ခံစားမှုမျိုး မခံစားရသည့်တိုင်
ထိုသို့ပြုရန် ရွေးချယ်နိုင်ပါတယ်။
တစ်ခါတုန်းက
စိတ်ဓါတ်ကျနေခဲ့တဲ့ မိခင်ငယ်တစ်ဉီးနှင့် ကျွန်တော် စကားပြောခဲ့ပါတယ်။ သူမ၏ အချိန်ဇယားနှင့်
ဘဝ၏တောင်းဆိုမှုအစီအစဉ်တွေက ကိုင်တွယ်ဖို့ရန်တောင် များလွန်းနေခဲ့ပါတယ်။ သူမ၏သားသမီးတွေကို
မရပ်မနား နားပူနားဆာလုပ်ခဲ့သလိုမျိုး သူမခံစားခဲ့ရပါတယ်။ သူမကိုယ်ကိုယ် ပြန်ကြည့်တဲ့အခါမှာ
ကျရှုံးမှုတွေကိုသာ မြင်ခဲ့ရတယ်။ စိတ်ပျက်လက်ပျက်နဲ့ ဘုရားသခင်ထံ သူမ ငိုးကြွေးဟစ်အော်ခဲ့ပါတယ်။
သမ္မာကျမ်းစာကို
သူမ ဖတ်ရှုပြီး အချိန်ပေးခဲ့သည်နှင့် အမျှ ကောရိန္သုဩဝါဒစာ ပဌမစောင် အခန်းကြီး ၁၃ တွင်
အဖြေတွေ့ရှိခဲ့ပါတယ်။ “ချစ်ခြင်းမေတ္တာမရှိလျှင် အချည်းနှီးဖြစ်တယ်”
ဆိုတဲ့စကားလုံးတွေကို ရေးသားပြီး သူမ၏ အိမ်ရှိ ရေခဲသေတ္တာ တံခါ၊ ကားဒိုင်ခွက် နှင့်
ပြက္ခဒိန်၏ထိပ်ဖျားတွင် ထားရှိခဲ့ပါတယ်။
“ကျွန်မလုပ်ဆောင်နိုင်သော
တစ်ခုတည်းသော အရေးအကြီးဆုံးအရာသည် မိသားစုကို ချစ်ဖို့ဖြစ်တယ်ဆိုတာကို သဘောပေါက်ခဲ့ပါတယ်” လို့ သူမဆိုခဲ့ပါတယ်။ “ဒါကြောင့် ကျွန်မ၏အသက်တာကို
ချစ်ခြင်းမေတ္တာဖြင့်သာ အသက်ရှင်သွားဖို့ရန် စတင်ပါတယ်။ ကျွန်မ၏အိမ်ကို ချစ်ခြင်းဖြင့်
လည်ပတ်စေခဲ့တယ်။ ကျွန်မ၏အသက်တာမှာ သခင်ခရစ်တော်ကို လက်ခံခဲ့ပြီးတဲ့အချိန်ကစပြီး အသက်တာပြောင်းလဲသွားခဲ့ပါတယ်။
အဲဒီအရာက ကျွန်မအသက်တာနှင့် ကျွန်မ၏အိမ် ကို ပျော်ရွှင်ခြင်းတွေ ပြန်လည်ယူဆောင်လာပေးခဲ့ပါတယ်။”
“မည်သို့သောအရာတွေက ဤမိခင်ငယ်ကို ပြောင်းလဲမှုဖြစ်စေခဲ့သနည်း” သူမ ရွေးချယ်မှု ပြုခဲ့တယ်။ ဤအရာက အမြဲတမ်းတော့
မလွယ်ကူပါဘူး။ သို့ပေမဲ့ ဘုရားသခင်၏ သားသမီးဖြစ်သည်နှင့်အမျှ ဤရွေးချယ်မှုသည် သူမ၏အိမ်တစ်ခုလုံးကို
အကျိုးသက်ရောက်မှုများစွာဖြင့်လည်ကောင်း ၊ သူမကိုယ်သူမ မိခင်တစ်ယောက်အဖြစ် မြင်ခြင်းအရာကိုလည်း
ပြောင်းလဲပေးခဲ့တယ်။
ချစ်ခြင်းမေတ္တာမပါဘဲ မေတ္တာပြလုပ်ဆောင်သောအရာသည်
ချစ်ခြင်းမေတ္တာရှိချိန်ထက် အမှန်တကယ်ပင် အကြီး မြတ်ဆုံးသော ချစ်ခြင်းကို ဖော်ပြခြင်းအရာဖြစ်ပါတယ်။
ချစ်ခြင်းမေတ္တာသည် တစ်နေ့တာလုံးပင်ပန်းခဲ့ပြီး အိပ်ယာဝင်နောက်ကျတဲ့ သင့်အတွက် ညသန်းခေါင်ယံမှာ
ဖျားနာတဲ့ကလေးကို ကူညီဖို့ နိုးထပေးခြင်း ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာသည် သင်၏ခင်ပွန်း/ဇနီး
ကတောက်ကဆဖြစ်ချိန်မှာ သည်းခံပေးခြင်း ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာသည် လူတို့၏ထိုက်တန်ခြင်းနှင့်မဆိုင်ပါ
၊ လိုအပ်သောအရာကို လိုအပ်နေသူကို ပေးကမ်းခြင်း ဖြစ်ပါတယ်။
သင်၏ခံစားချက်တွေကို လုပ်ဆောင်ခြင်းထက် သင်၏လုပ်ဆောင်ခြင်းတွေကို ခံစားချက်တွေအဖြစ်
ပြုမူဖို့က ပိုပြီး လွယ်ကူစေပါတယ်။ ချစ်ခြင်းမေတ္တာဖြင့် လုပ်ဆောင်မှုပြုမယ်ဆိုလျှင်
နောက်ဆုံးမှာတော့ စိတ်ခံစားချက် တွေက လိုက်ပါလာပါမည်။ ဤအရာသည် ချစ်ခြင်းမေတ္တာမရှိဘူးလို့
ထင်ရတဲ့သူတွေကို သင်က ကြိုးစားပြီး မေတ္တာပြဖို့ သတိပြုရမည့် အရေးကြီးသော အကြောင်းအရာဖြစ်ပါတယ်။
သင်၏ခံစားချက်အတိုင်း
မရည်ရွယ်ဘဲ မေတ္တာထားရှိခြင်းကို “ယုံကြည်ခြင်းအားဖြင့်
မေတ္တာထားသည်” ဟု ခေါ်ပါတယ်။ ဤအရာသည် သူတစ်ပါးကို ပြောင်းလဲသွားစေခြင်းမကပါဘူး။
သင့်ကိုလည်း ပြောင်းလဲသွားစေ ပါတယ်။ သခင်ခရစ်တော်နည်းတူ ပိုမိုတူလာစေဖို့ရန်လည်း လုပ်ဆောင်ပေးပါတယ်။
ဆင်ခြင်ရန်
-မေတ္တာမရှိသောသူ
တစ်စုံတစ်ယောက်ကို သင်က မေတ္တာထားဖို့ရန် ရွေးချယ်မှုပြုခြင်းတွင် လွယ်ကူဖို့ရန်အတွက်
သခင်ခရစ်တော်နည်းတူ ပိုမိုတူလာစေဖို့ရန် မည်ကဲ့သို့ လေ့လာနိုင်မည်နည်း။
-ကျွန်ုပ်တို့၏
ကြည်နူးဖွယ်ချစ်ခြင်းမေတ္တာကို ဖော်ပြသော ဓလေ့ထုံးတမ်းနည်းတွေေကို သမ္မာကျမ်းစာက မည်ကဲ့သို့
စိန်ခေါ်နေပါသနည်း။
-သင်၏ချစ်ခြင်းမေတ္တာကို
သင်မျှော်လင့်ထားသည့်အတိုင်း လူတွေက မတုံ့ပြန်ဘူးဆိုလျှင် မည်ကဲ့သို့သော သခင်ခရစ်တော်၏
နည်းလမ်းဖြင့် တုံ့ပြန်နိုင်မည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၃:၂ “ပရောဖက်ဉာဏ်ကို ငါရ၍၊ နက်နဲသော အရာရှိသမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော်၎င်း၊ တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်၎င်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏။”
ဆင်ခြင်ရန်
-ကျွန်ုပ်တို့၏ ကြည်နူးဖွယ်ချစ်ခြင်းမေတ္တာကို ဖော်ပြသော ဓလေ့ထုံးတမ်းနည်းတွေကေို သမ္မာကျမ်းစာက မည်ကဲ့သို့ စိန်ခေါ်နေပါသနည်း။