Unicode Version
---------------------------------------------------------------------------------
Zawgyi Version
ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုတွေသည် အတူတကွဖြစ်တည်ကြ၏။
ရောမ ၁၄:၁၉ “ထိုကြောင့်၊ ငြိမ်သက်ခြင်းနှင့်၎င်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်၎င်း
ယှဉ်သောအရာတို့ကို မှီအောင်လိုက်ကြကုန်အံ့။”
ချစ်ခြင်းမေတ္တာသည်
ယုံကြည်ခြင်းပေါ်မှာ တည်ဆောက်ပါတယ်။ လူတွေကို သင်အမှန်တကယ် မေတ္တာရှိတဲ့ အခါမှာ သူတို့ကို
သင်ယုံကြည်တယ်။ သူတို့၏ယုံကြည်မှုကို သင်တည်ဆောက်တယ်။ သူတို့၏ ကြောက်ရွံစိတ်ကို သင်သက်သာရာ
ရစေတယ်။ ပြီးတော့ သင့်ရဲ့ယုံကြည်မှုက သူတို့ကို အကောင်းဆုံးအခြေအနေ ဖြစ်စေတယ်။ အသီးအပွင့်ဖြစ်စေပါတယ်။
လူတွေကို ယုံကြည်ဖို့ရန် သင်လေ့လာမှု မပြုနိုင်ဘူးဆိုလျှင် သင်မေတ္တာထားဖို့
(သို့) မေတ္တာထားခံရဖို့ သင်ဘယ်တော့မှ လေ့လာမှာ မဟုတ်ပါ။ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုတွေက
အတူအကွတွဲရှိတဲ့အတွက် ကြောင့် ချစ်ခြင်းမေတ္တာမှာ ပြသနာရှိတယ်လို့ ထင်မြင်ကြတဲ့ လူပုဂိ္ဂုလ်တွေမှာ
အမှန်တကယ်တော့ ယုံကြည်မှု မှာပြသနာဖြစ်နေပါတယ်။
သခင်ယေရှု
ဇာတိမြို့ဖြစ်တဲ့ နာဇရက်သို့ သွားခဲ့တဲ့အချိန်တုန်းက သူ၏ဟောပြောသွန်သင်ချက်တွေကို လူတွေ
မယုံကြည်ကြဘူး ၊ ကိုယ်တော်အားဖြင့် သူတိုစိတ်အနှောက်အယှက်ဖြစ်ခဲ့ကြပါတယ်။ ဤအကျိုးရလဒ်အနေဖြင့်
မာကု ၆:၅-၆ “မကျန်းမမာသောသူအချို့ကိုအပေါ်မှာ လက်တော်ကိုတင်၍
အနာကိုငြိမ်းစေခြင်းမှတပါး အဘယ် တန်ခိုးတော်ကိုမျှ ထိုအရပ်၌ ပြတော်မမူနိုင်။ ထိုသူတို့သည် မယုံကြည်ကြသည်ကို အံ့ဩခြင်းရှိတော်မူ၏။ ပတ်လည်၌ရှိသော
မြို့ရွာများသို့ ဒေသစာရီ လှည့်လည်၍ ဆုံးမဩဝါဒပေးတော်မူ၏။”
ဤအရာတွေသည် အံ့ဩဖွယ်ရာတွေကို
တားဆီးစေတဲ့ သခင်ယေရှု၏ယုံကြည်ခြင်းကင်းမဲ့ခြင်းတော့ မဟုတ်ပေ။ သူ၏မြို့တွင် ကောင်းသောအလုပ်ကို
မလုပ်ဆောင်နိုင်ခဲ့ခြင်းမှာ လူတွေ၏ ယုံကြည်ခြင်းကင်းမဲ့နေမှု နှင့် သူ့အား ယုံကြည်မှု
မရှိခြင်းတို့ကြောင့်ဖြစ်ပါတယ်။
အဲဒီအမှုအရာက
သခင်ယေရှုအတွက် အမှန်တရားဖြစ်လျှင် သင်၌လည်း အဲဒီအရာသည် သေချာတဲ့ အမှန်တရား ဖြစ်ပါတယ်။
လူတွေက သင့်ကို ယုံကြည်မှုမရှိလျှင် သင်၏ အလားအလာ ဖြစ်နိုင်ခြေ တို့ကို ရောက်ရှိဖို့ရန်
သင်၌စွမ်းအင်မရှိတော့ပါ။ ပြီးတာ့ သူတစ်ပါးကို သင်မယုံကြည်ပါလျှင် သူတို့ကို သင်ကန့်သတ်မှုပြုပါမည်။
လူတွေက သင့်ကို မယုံကြည်ဘူး။ ယုံကြည်မှု မပြဘူး ဆိုလျှင် သင့်၌တားဆီးမှု ဖြစ်စေပါတယ်။
သို့ပေမဲ့ သင့်ကို ချစ်သောသူတွေက သင့်ကို ချစ်ကြောင်းဖော်ပြတဲ့အခါမှာတော့
သင်၌ အကောင်းဆုံးတွေဖြစ်လာအောင် ယူဆောင်ပေးခြင်းဖြစ်သလို ၊ သင့်ကိုယ်သင် ပြန်လည် ယုံကြည်မှုတွေ
ကိုပေးပြီး သင်၏ရည်ရွယ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ရန် အကူအညီဖြစ်စေပါတယ်။
ထာဝရတည်မြဲသော
ချစ်ခြင်းမေတ္တာကို သင်အလိုရှိပါသလား။ ဒါဆိုရင် တစ်စုံတစ်ယောက်ကို သင်ယုံကြည် ကြောင်း
ဖော်ပြပါ။ ဤကဲ့သို့ပြုပါလျှင် သူတို့၏ ယုံကြည်မှုကို တည်ဆောက်ပေးရာ ကျပြီး ဘုရားသခင်၏
အကူအညီနှင့် သင်၏ယုံကြည်မှုတို့ဖြင့် သူတို့လုပ်ဆောင့်မည့်အရာပေါ် သင်အံ့ဩမိန်းမော
သွားပါလိမ့်မည်။
ရောမ ၁၄:၁၉ “ထိုကြောင့်၊ ငြိမ်သက်ခြင်းနှင့်၎င်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်၎င်း
ယှဉ်သောအရာတို့ကို မှီအောင်လိုက်ကြကုန်အံ့။”
ဆင်ခြင်ရန်
-ဤကမ္ဘာပေါ်မှာ
သင်အချစ်ဆုံးလူတစ်ယောက် အကြောင်းကို တွေးမြင်လိုက်ပါ။ သင်သူ့ကို ယုံကြည်တယ်ဆိုတာ သူသိတဲ့အခါမှာ
သူဘာကိုပြီးမြောက်အောင်လုပ်ဆောင်မလဲလို့ သင်ထင်မြင်ပါသနည်း။
-တစ်စုံတစ်ယောက်က
သင့်၏ယုံကြည်ရမှုနှင့်ပတ်သက်ပြီး မြင်ဖို့ရန် သင်၌ မည်သို့သောအရာ လိုအပ်နေပါသ နည်း။
-တစ်စုံတစ်ယောက်ကို
သင်ယုံကြည်တယ်ဆိုတာကို ဖော်ပြဖို့ရန် တိကျတဲ့ တစ်ချို့သော နည်းလမ်းတွေက ဘာတွေဖြစ်မလဲ။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်