Leave a Great Example Instead of a Big Inheritance
Unicode Version
အမွေအနှစ်ကြီးတစ်ခု အစား မွန်မြတ်တဲ့ သာဓကတစ်ခုကို ချန်ထားပါ။
ဒေသနာကျမ်း ၅:၁၅ “စည်းစိမ်ရှင်သည် အမိဝမ်းထဲက အလျှင်းမပါဘဲ ထွက်လာသကဲ့သို့၊ ထိုနည်းတူပြန်သွား ရမည်။ ကြိုးစားအားထုတ်၍ ရသောဥစ္စာတစုံတခုကိုမျှ လက်နှင့်စွဲကိုင်လျက် ယူ၍မသွားရ။
စည်းစိမ်ချမ်းသာသောသူတစ်ဉီး၏ ဆုံးပါးခြင်းအကြောင်းကို ကြားရပြီး “သူ၏ ချမ်းသာခြင်းကို မည်မျှထားခဲ့သလဲ သိချင်တယ်” ဆိုပြီး တွေးဖူးပါသလား။
လျှို့ဝှက်ချက်က ဒီလိုပါ။ သူတို့တွေ ရှိသမျှအားလုံး ချန်ခဲ့ပါတယ်။
ဒေသနာကျမ်း ၅:၁၅ “စည်းစိမ်ရှင်သည် အမိဝမ်းထဲက အလျှင်းမပါဘဲ ထွက်လာသကဲ့သို့၊ ထိုနည်းတူပြန်သွား ရမည်။ ကြိုးစားအားထုတ်၍ ရသောဥစ္စာတစုံတခုကိုမျှ လက်နှင့်စွဲကိုင်လျက် ယူ၍မသွားရ။
သင်၏ချမ်းသာကြွယ်ဝခြင်းအတွက် မည်သည့်ဂုဏ်ကျေးဇူးကိုမှ မရရှိခဲ့ပါလျှင် ကောင်းကင်ဘုံရောက်တဲ့အခါမှာ အရာအားလုံးချန်ထားခဲ့ရပေမည်။ ဒါဆိုကမ္ဘာပေါ်မှာ စုတောင်းထားရခြင်း၏ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
တစ်ချို့ကတော့ သူတို့၏သားသာမီး ကံကြမ္မာအတွက် ထားခဲ့ခြင်းဆိုပြီး ရည်ရွယ်ကြတယ်။ သို့ပေမဲ့ လေ့လာချက် များအရ အများစုသောအချိန်တွေ ၊ စည်းစိမ်အမွေတွေက နောက်လာနောက်သားတွေအတွက် ကောင်းခြင်းအရာ ထက် ပျက်စီးခြင်းကိုသာ ဖြစ်စေပါတယ်။
လွန်ခဲ့သော နှစ်အနည်းငယ်က မဂ္ဂဇင်းတစ်ခုကနေ “မိဘတွေ သားသမီးအတွက် ငွေကြေးအမွေတွေ လွှဲပေးသင့် သလား ၊ မသင့်ဘူးလား” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်အကြောင်းကို ဖော်ပြခဲ့ပါတယ်။ သူတို့တွေက လုပ်ငန်းရှင် တွေ၏ သားသမီးတွေကို မေးမြန်းခြင်းတွေပြုခဲ့တယ်။ အများစုသော သားသမီးတွေက ငွေကြေးတွေထက် ငွေကြေးကိုမည်ကဲ့သို့ရှာဖွေနိုင်မည့် အသိပညာတွေကို မိဘတွေထားခဲ့ဖို့ရန် လိုလားကြပါတယ်။ တခြားနည်းဖြင့် ပြောရလျှင် သူတို့မိဘတွေ၏အားထုတ်မှုရလဒ်တွေကို မလိုချင်ကြပါ။ မိဘ၏ အားထုတ်မှုအရာ ၊ သာဓကကိုသာ အလိုရှိကြပါတယ်။ သားသမီးတွေသည် မိမိ မလုပ်ထားတဲ့အရာအတွက် အသိအမှတ်မပြုနိုင်ကြောင်းကို သဘော ပေါက်နားလည်ကြတယ်။ အမွေဆက်ခံထားသော ကြွယ်ဝမှုတွေသည် တာဝန်ယူမှုကို ကင်းမဲ့သွား စေပါတယ်။
ဓမ္မဟောင်းကျမ်းရှိ ရှောလမုန်မင်းကြီးထက် မည်သူမှ မိသားစုအတွက် စည်းစိမ်အမွေ ချန်ထားဖို့ရန် မရှိကြပါဘူး။ ရှောလမုန်မင်းကြီးသည် သမိုင်းကြောင်းရှိ လူတွေအားလုံးတို့ထက် ချမ်းသာကြွယ်ဝမှုကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူ၏ ချမ်းသာခြင်း ၊ စည်းမျဉ်း ၊ တန်ခိုးအာဏာ နှင့် ဉစ္စာဓန အားလုံးတို့ကို သူ၏သားအား ပေးခဲ့ပါတယ်။ သို့ပေမဲ့ ဤအရာတွေက သူ၏သားအသက်တာကို ပျက်စီးစေခဲ့ပါတယ်။ “ယေရောဗောင်”သည် သူကိုယ်တိုင် မလုပ်ကိုင် သော အရာများကို မကိုင်တွယ်နိုင်သည့် ကိုယ်ကျင့်တရားဆိုင်ရာ စွန့်ပစ်ပစ္စည်းတစ်ခု ဖြစ်ခဲ့ပါတယ်။
ငွေကြေးများစွာကို ရှာဖွေရရှိဖို့လုပ်ဆောင်ခြင်းက အပြစ်မဟုတ်ပါဘူး။ သို့ပေမဲ့ သင်လိုအပ်တာထက် ပိုပြီး ငွေကြေးကို သိုမှီးခြင်းက ပညာရှိရာမကျပါဘူး။ ဒါကြောင့် မကိုင်တွယ်နိုင်တဲ့ သူတစ်ဉီးဉီးဆီ ထားရစ်နိုင်ပါတယ်။
အဲဒီအစား ငွေကြေးကို အမြော်အမြင်ရှိစွာ သုံးတတ်ဖို့ လေ့လာပါ။ လူတွေကို ကောင်းကင်ဘုံရောက်ဖို့ရန် သင်၏ ငွေကြေး အနည်း(သို့) အများဖြစ်ပါစေ အသုံးပြုပါ။ ကြီးမားတဲ့အမွေတွေကို မည်သို့ကိုင်တွယ်ရမည်ကို မသိနားမလည်တဲ့ သားသမီးတွေ လက်ထဲ အပ်နှံသည်ထက် ပေးကမ်းရက်ရောမှု အခြင်းအရာကို သားသမီး တို့အားချန်ထားခဲ့ပါ။ ဤကဲ့သို့ သင်ပြုတဲ့အခါမှာ အနာဂတ်ထာဝရအတွက် ရင်းနှီးမြှုပ်နှံမှု ပြုခြင်းပင်ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-သင်၌ငွေကြေးလုံလောက်မှုမရှိသည့်တိုင် ရက်ရောပေးကမ်းမှုဆိုင်ရာ သာဓကကို မည်ကဲ့သို့ ထားခဲ့နိုင်မည်နည်း။
-ယနေ့မှာ နိစ္စာထာဝရအတွက် ရင်နှီးမြှုပ်နှံနိုင်ဖို့ရန် မည်ကဲ့သို့ တစ်ခုသောနည်းလမ်းကို သင်ပြုနိုင်မည်နည်း။
-သိုမှီးခြင်းနှင့် စုဆောင်းခြင်းကြားက ခြားနားမှုကား အဘယ်နည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်