Lasting Love Extends Grace
Unicode Version
တည်မြဲသော ချစ်ခြင်းမေတ္တာသည် ကျေးဇူးတရားကိုတိုးပွားစေ၏။
ဧဖက် ၄:၂ “အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တယောက်ကို တယောက်သည်းခံခြင်းရှိကြ၍၊ အသင့်အတင့် ပေါင်းဘော်ခြင်း အဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်း စိတ်သဘောမခြားမနား တလုံးတဝတည်းဖြစ်အံ့သောငှါ ကြိုးစားအားထုတ်ကြလော့။”
ကျေးဇူးတရားမရှိဘဲ မည်သည့်ဆက်ဆံရေးကမျှ အဓွန့်ရှည်မည်မဟုတ်ပါ။ တစ်ချို့သော ပေါ့ဆလျော့ရဲသော လူတွေကို အဆက်ဖြတ်ဖို့ရှိမည်။ လက်လွှတ်ရမည့်အရာတွေလည်းသင်၌ရှိပါမည်။
သမ္မာကျမ်းစာက ဆိုထားသည်မှာ ကောရိန္သုပဌမစောင် ၁၃:၇ “ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံ တတ်၏။” ကနဉီးဂရိစကားအားဖြင့် “ခေါင်မိုးဖြင့် ဖုံးအုပ်ထားသည်” လို့အဓိပ္ပါယ်ရပါတယ်။ ခေါင်မိုးမပါတဲ့ အိမ်ကို သင်ဝယ်မလား။ မဝယ်ပါဘူး။ မိုးနှင့်လေ၏ဒဏ်ကို ကာကွယ်ဖို့မရှိပါ။ ခေါင်မိုးကသာ သင်၏အိမ်ကို အမိုးပြုပေးပြီး ကာကွယ်ပါနိုင်ပါတယ်။
ဤနည်းတူစွာ သမ္မာကျမ်းစာသည် ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံရေးကို ဖုံးအုပ်ပေးထားပြီး အချို့သောအရာ တွေကို လျော့ချပေးခြင်း ၊ လက်လွှတ်ပေးခြင်းဖြစ်စေပါတယ်။ သမ္မာကျမ်းစာသည် လူတွေ လုပ်ဆောင်သော ပြစ်မှားမှုတိုင်းအတွက် စာရင်းရှင်းဖို့ရန် ဆွဲယူခြင်းမဟုတ်ပါ။ သင်၌ မေတ္တာဖြင့် ပေါင်းသင်းဆက်ဆံရေးတွင် ခေါင်မိုးလိုအပ်ခြင်းက လူတွေကို ပျက်စီးသွားအောင် လုပ်ဆောင်ဖို့က အင်မတန်လွယ်ကူလို့ ဖြစ်တယ်။ ပြီးတော့ ကျွန်ုပ်တို့တွေသည် ကျေးဇူးတရားကို အဓွန့်ရှည်စေမည့် ချစ်ခြင်းမေတ္တာမျိုးကို လိုအပ်ကြပါတယ်။
ကျေးဇူးတရားသည် ပေါင်းသင်းဆက်ဆံရေးတွင် ဘာကြောင့်များ မရှိမဖြစ်သော အရာဖြစ်သနည်း။
ရောမ ၃:၁၀ တွင် သမ္မာကျမ်းစာက “မည်သူမျှ မှန်ရာကို အမြဲတမ်း မလုပ်ကြောင်း” ဖော်ပြထားပါတယ်။ အချိန်၏ ၁၀၀ ရာခိုင်နှုန်းတွင် မည်သူမျှ မှန်ကန်ခြင်းမရှိပါဘူး။ ဒါသည် လူတစ်ဉီး၏အမှားကြောင့် မဟုတ်ပါ။ နှစ်ဉီးနှစ်ဖက် မှာတော့ တာဝန်ယူခြင်းအရာက အမြဲရှိပါတယ်။ သဘောမတူညီခြင်းတွင် အနည်းဆုံး လူနှစ်ဉီးရှိနေသည်။
တစ်ဉီးနှင့်တစ်ဉီး၏ မျက်နှာသာပေးမှုတွေ ၊ ကျေးဇူးပြုမှုတွေရှိဖို့ရန် ကျွန်ုပ်တို့ လေ့လာသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခွင့်လွှတ်ခြင်းမှာ လမ်းနှစ်သွယ်ရှိပါတယ်။ ကျွန်ုပ်တို့ တခြားသူတွေကို မပေးလို သောအရာကို  ကျွန်ုပ်တို့မရရှိနိုင်ပါ။
သင့်အား ဘုရားသခင်ပြုမူဆက်ဆံသည်အတိုင်း တခြားသူတွေကို ဆက်ဆံခြင်းဖြင့် သင်၏ပေါင်းသင်း ဆက်ဆံရေးကို တည်တံ့အောင် တည်ဆောင်ခြင်းဖြစ်ပါတယ်။ ရောမ ၁၅:၇ “ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလျက်၊ သင်တို့ကိုလက်ခံ တော်မူသည်နည်းတူ၊ သင်တို့သည် တယောက် ကိုတယောက်လက်ခံကြလော့။သူတစ်ပါးပြစ်မှာခြင်းကို ချစ်ခြင်းမေတ္တာဖြင့်ဖြတ်ကျော်ကာ သင်လက်ခံပေး ခြင်းသည် ကျေးဇူးတရားကို တိုးပွားခြင်းဖြစ်ပါတယ်။
ဆင်ခြင်ရန်
-ကျွန်ုပ်တို့ ချစ်မြတ်နိုးသော သူတွေကို ခွင့်လွှတ်ဖို့ရန် ဘာကြောင့်များ ခက်ခဲသနည်း။
-ကျေးဇူးတရား ရရန်၊ပေးရန် လိုအပ်နေသောအခြင်းအရာ (သို့) သင်၏ပေါင်းသင်းဆက်ဆံရေးကျိုးပဲ့သွားခြင်း အကြောင်းအရာတွေကို တွေးကြည့်လိုက်ပါ။ သူတစ်ပါးတောင်းပန်လာဖို့ရန် သင်စောင့်ဆိုင်းနေခဲ့ပါသလား။ ထိုသူ၌ ကျေးဇူးပြုခြင်းအရာကို ဖော်ပြဖို့ရန် သင်မည်ကဲ့သို့သော ခြေလှမ်းဖြင့် စတင်နိုင်ပါမည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်