Unicode Version
---------------------------------------------------------------------------------
Zawgyi Version
တခြားသောသူများတွင်ဖြစ်ပေါ်သော ဘုရားသခင်၏ ကောင်းမြတ်ခြင်းများ၌ မည်ကဲ့သို့ ဝမ်းမြောက်နိုင်သနည်း။
ရောမ ၁၂:၁၅ “ဝမ်းမြောက်သောသူတို့နှင့်အတူ၊ ဝမ်းမြောက်ခြင်းကို၎င်း၊
ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကို ၎င်း ပြုကြလော့။”
တစ်ခြားသောသူတွေအပေါ်
ဘုရားသခင်၏ ကျေးဇူးပြုခြင်းတွေကို တွေ့မြင်ရတဲ့အခါမှာ မကျေမချမ်းဖြစ်မည့် အစား ဝမ်းမြောက်ခြင်းဖြင့်
ကျွန်ုပ်တို့တုံ့ပြန်နိုင်ပါတယ်။
စပျစ်ဉယျာဉ်
အလုပ်သမားတို့၏ ဉပမာတွင် အလုပ်သမားတို့၏ သေချာသော ဆန့်ကျင့်ဘက်ပြုမူပုံတွေကို မဿဲ ၂၀:၁၀-၁၁ “အရင်ဝင်သောသူတို့သည် လာကြသောအခါ ငါတို့သည်သာ၍ရမည်ဟု
စိတ်ထဲမှာထင်မှတ်သော် လည်း ဒေနာရိတပြားစီ ခံရကြ၏။ ထိုသို့ခံပြီးလျှင်
အိမ်ရှင်ကို ကဲ့ရဲ့ပြစ်တင်၍ ….”
မဿဲ ၂၀:၁၅ “ငါသည် ကိုယ်ဥစ္စာကို ပြုလိုသမျှမပြုရာသလော။ ငါ့သဘောကောင်းသောကြောင့်
သင်သည် မျက်မုန်း ကြိုးရသလောဟု ဆိုလေ၏။”
တစ်နေ့လုံး
အလုပ်လုပ်သော အလုပ်သမားတို့ကို သူတို့လုပ်သည့်အတိုင်း တိကျစွာပေးချေရပါတယ်။ သူတို့တွေ
မလိမ်လည်ကြပါဘူး။ အချိန်ပိုင်းလုပ်ဆောင်သော အလုပ်သမားတွေကို တန်းတူညီသော လုပ်အားခပမာဏ
ပေးလိုက်ခြင်းကို သူတို့တွေ မကျေနပ်ခဲ့ကြပါ။ သူတို့၏ လုပ်အားခတွေပေါ် ဝမ်းမြောက်ခြင်းရှိရမည့်အစား
တခြားသော အလုပ်သမားတွေပေါ် မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။
ရောမ ၁၂:၁၅ “ဝမ်းမြောက်သောသူတို့နှင့်အတူ၊ ဝမ်းမြောက်ခြင်းကို၎င်း၊
ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကို ၎င်း ပြုကြလော့။” ဤဒုတိယကျမ်းပိုဒ်က ပထမကျမ်းပိုဒ်ထက် လုပ်ရကိုင်ရ
ပိုမိုလွယ်ကူ စေပါတယ်။ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးဖို့ လွယ်ကူပါတယ်။ တစ်စုံတစ်ယောက်သည်
အခက်အခဲ ၊ နာကျင်မှုများနှင့်တွေ့ကြုံရင်ဆိုင်ရချိန်တွေမှာ စာနာထောက်ထားရတာ လွယ်ကူပါတယ်။
သို့ပေမဲ့ တစ်စုံတစ်ယောက် အောင်မြင်နေတဲ့အချိန်မှာ ဝမ်းမြောက်ဝမ်းသာဖြစ်ဖို့က
ပိုပြီး ခက်ခဲပါတယ်။ သူတစ်ပါး၏အောင်မြင်မှုတွေကို
ကျွန်ုပ်တို့ ကောင်းစွာ မကိုင်တွယ်နိုင်ပါ။ တကယ်တော့ တစ်ခါတစ်ရံမှာ အဲဒီအတွက် ခြိမ်းခြောက်သလို
ဖြစ်စေပြီး ကျွန်ုပ်တို့ကို မကျေမချမ်းဖြစ်စေပါတယ်။ ဒါသည် ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့က
ကမ္ဘာကြီးကို ဖုတ်ထားတဲ့ ဂျုံမှုန့်ကို အပိုင်းပိုင်းလှီးဖြတ်ခံရတယ်လို့ စိတ်ကူးထဲမှာ
တွေးထင်လို့ဖြစ်ပါတယ်။ ကျွန်ုပ်တို့ထင်တာက တစ်စုံတစ်ယောက်က မုန့်ချပ်ကို မိမိထက် အနည်းငယ်ကြီးတာကို
ရလျှင် ကျွန်ုပ်တို့ မုန့်ချပ်က သေးသွားသလို အဓိပ္ပါယ်ရောက်သွားစေပါတယ်။
အဲဒီလို အတွေးမျိုးက မှားယွင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဤကမ္ဘာပေါ်ရှိမုန့်ချပ်တိုင်းကို
ဘုရားသခင် ပိုင်တော်မူပါတယ်။ သူ၌ ကျေးဇူးတော် ပြတ်လပ်သွားခြင်းမရှိပါဘူး။ လူတိုင်းအတွက်
လိုအပ်တာထက်ကို လျှံပယ်စွာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တခြားသူတွေကို ကောင်းချီးပေးလိုက်လို့
သင့်အဖို့မလုံလောက်တာ မရှိပါ။ ဘုရားသခင် သင့်ကိုလည်း ကောင်းချီးပေးချင်ပါတယ်။ သို့ပေမဲ့
တခြားသော နည်းလမ်းများ ဖြစ်ကောင်း ဖြစ်မည်။
မနာလိုမှုတွေက
အဓိကအားဖြင့် သူတစ်ပါး၏ ဝမ်းမြောက်မှုထဲ ဝင်ရောက်ဖို့ ကင်းဝေးစေပါတယ်။ ရလဒ်အနေဖြင့်
ဤကမ္ဘာပေါ်မှာ ဖြစ်သမျှတွင် သင်မပျော်ရွှင်နိုင်ပါ။ မနာလိုမှုက သင့်ကို စိတ်ဆင်းရဲစရာပင်ဖြစ်စေပါတယ်။
သို့ပေမဲ့ သူတစ်ပါး၌ဖြစ်သော
ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ဝမ်းမြောက်ဖို့ရန် ရွေးချယ်ပါလျှင် အချိန်တိုင်း မှာ
သင်ပျော်ရွှင်ရနိုင်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကောင်းသော တစ်စုံတစ်ရာသည် အမြဲတမ်း တစ်စုံတစ်
ယောက်ကို ရွှင်လန်းစေပါတယ်။
ဆင်ခြင်ရန်
-
သင့်အသက်တာ၌ ဘုရားသခင် ပြင်ဆင်ပေးသော ကောင်းချီးမင်္ဂလာတွေကို အထူးသဖြင့် သင့်အတွက်
မည်ကဲ့သို့ မြင်ပါသနည်း။
-သင်၏အသက်တာရှိ
လူတို့အား ဘုရားသခင် ကောင်းချီးမင်္ဂလာပေးခြင်းတွေကို သတိရလိုက်ပါ။ ယနေ့တွင် သူတို့နှင့်အတူ
မည်ကဲ့သို့ သင်ဝမ်းမြောက်နိုင်မည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်