Get to Know Others So You Won’t Envy Them

Unicode Version


သူတစ်ပါးကို သိကျွမ်းအောင်လုပ်ဆောင်ပါ။ သို့မှသာ သင်သူတို့ကိုမနာလိုခြင်း” တွေ မဖြစ်ပါ။
ရှင်မဿဲ ခရစ်ဝင် ၂၀:၉-၁၀ “ထို့ကြောင့် ဆယ်တနာရီအချိန်၌ ဝင်သောသူတို့သည်လာ၍ ဒေနာရိတပြားစီ ခံကြ၏။ အရင်ဝင်သောသူတို့သည် လာကြသောအခါ ငါတို့သည်သာ၍ရမည်ဟု စိတ်ထဲမှာထင်မှတ်သော်လည်း ဒေနာရိတပြားစီ ခံရကြ၏။

မနာလိုခြင်း ၊ အားကျခြင်းတွေကို ချိုးနှိမ်နိုင်ဖို့ရန် သော့ချက်ကား မိမိကိုယ်ကို သူတစ်ပါးနှင့် နှိုင်းယှဉ်ခြင်း ဖြစ်ပါတယ်။

နှိုင်းယှဉ်ခြင်းဆိုတာ မနာလိုခြင်း၏ အမြစ်ဖြစ်ပါတယ်။ ပထမဉီးဆုံးသော အမှားကို ပုံဆောင်ပြောကြားထားတဲ့ စပျစ်ဉယျာဉ်လုပ်သား အကြောင်းဖြစ်ပါတယ်။ ရှင်မဿဲ ခရစ်ဝင် ၂၀:၉-၁၀ “ဝင်သောသူတို့သည်လာ၍ ဒေနာရိတပြားစီ ခံကြ၏။ အရင်ဝင်သောသူတို့သည် လာကြသောအခါ ငါတို့သည်သာ၍ရမည်ဟု စိတ်ထဲမှာ ထင်မှတ်သော်လည်း ဒေနာရိတပြားစီ ခံရကြ၏။” တစ်နည်းအားဖြင့် သူတို့တွေ နှိုင်းယှဉ်မှုတွေ ပြုခဲ့ကြတယ်။ “ကြည့်ကြပါ…နောက်မှ ဝင်သောသူတို့ တစ်ပြားစီရကြတယ်။ ဒါကြောင့် အရင်ဝင်တဲ့ ငါတို့ ပိုရဖို့ရှိတယ်” ဆိုပြီး နှိုင်းယှဉ်ကြတယ်။

သမ္မာကျမ်းစာက ထပ်ခါထပ်ခါ ဖြင့် သင့်ကိုယ်သင် တစ်ပါးသူနှင့် ဘယ်တော့မှ မနှိုင်းယှဉ်ဖို့ကို အကြောင်းရင်း (၂) ချက်ဖြင့် ပြောဆိုထားပါတယ်။

ပထမဉီးစွာ သင်သည် ထူးခြား၏။
သင့်ကို ဘုရားသခင် ထူးခြားစွာ ဖန်ဆင်းခဲ့တယ်။ ဘယ်သူမျှ သင်နှင့် မတူပါ။ သင့်ကို ပုံစံတစ်ခုပြုပြီး ခွဲတမ်းချ လုပ်ဆောင်မှုတွေ ပြုခဲ့တယ်။ တခြားမည်သူနှင့်မျှ သင်နှိုင်းယှဉ်လို့မရပါ။

ဒုတိယအနေဖြင့် သင်စတင်နှိုင်းယှဉ်မှုပြုပါလျှင် သင့်ကို အမြဲတမ်းအပြစ်(၂) ခုဖြစ်တဲ့ မနာလိုခြင်း နှင့် မာန ကြီးခြင်းတွေက  လမ်းပြခေါ်ဆောင်သွားပါမည်။
သင့်ကိုယ်သင် သူတစ်ပါးနှင့် နှိုင်းယှဉ်တဲ့အခါမှာ “ငါ သူတို့ထက် ပိုကောင်းအောင် လုပ်ဆောင်နေတယ်” လို့သင် တွေးကောင်းတွေးပါမည်။ ပြီးတော့ သင်၌ မာနတွေဝင်လာပါမည်။ (သို့) “သူတို့တွေက ငါ့ထက် ပိုလုပ်ဆောင်နိုင်တယ်” လို့သင်တွေးထင်လျှင် သင်၌ မနာလိုခြင်းတွေ ဝင်လာပါမည်။ မာနကြီးခြင်းနှင့် မနာလိုခြင်းတွေက အပြစ်တရားတွေ ဖြစ်ပါတယ်။

နောက်ထပ်အနေဖြင့် သင်တစ်စုံတစ်ယောက်ကို ကောင်းစွာ မသိကျွမ်းတဲ့အခါမှာ မနာလိုမှုတွေ ဖြစ်ပေါ်လာ ပါတယ်။ လူတစ်ယောက်၏ အားသာချက်နှင့် အောင်မြင်မှုတွေကို အဝေးကနေ သင်မြင်နိုင်ပါတယ်။ သို့ပေမဲ့ သူတို့နှင့် အနီးကပ် ကျွမ်းဝင်သွားတဲ့အခါမှာတော့ သူတို့၏ နာကျင်မှုတွေ ၊ စိတ်ကျဉ်းကျပ်မှုတွေနှင့် အလေ့အထတွေကို သင်မြင်ရပါမည်။ လူတိုင်းမှာတော့ ပုန်းကွယ်နေတဲ့ နာကျင်မှုတွေ ရှိကြပါတယ်။ လူတွေကို အဝေးတစ်နေရာကနေ ကြည့်တဲ့အခါမှာ သူတို့၏အမှားတွေ နှင့် ကြောက်ရွံ့ရမှုတွေကို အလွယ်တကူ မသိနိုင်ပါ။

လူပုဂိ္ဂုလ်တွေကို သိကျွမ်းရန် အသင်းအဖွဲ့ငယ်ထက် တခြားကောင်းသောနည်းလမ်း မရှိပါ။ နဗ်ကြောဖွဲ့ရောဂါ နှင့် အရေပြားရောဂါ ဝေဒနာခံစားနေရသော အမျိုးသမီး တစ်ဉီးသည် သူမ၏ အသင်းအဖွဲ့ရှိလူတို့ကို ပြောကြားခဲ့သည်မှာ “ကျွန်ုပ်တို့၏ ပြသနာအားလုံးတို့ကို အခန်းအလယ်မှာ ပုံထားမယ်ဆိုလျှင် ညနေအိမ်ပြန်တဲ့အခါ အားလုံးကို ယူဆောင်သွားနိုင်ခြေ ရှိပါတယ်” လူတွေကို ရင်းနှီးစွာ သိကျွမ်းလာတဲ့အခါမှာ သူတို့ကို ကျွန်ုပ်တို့ မနာလိုခြင်း မဖြစ်တော့ပါ။ သူတို့အတွက် မည်ကဲ့သို့ ဆုတောင်းပေးရမည်ကို သိရှိလာပါမည်။

မနာလိုခြင်းတွေက ကျွန်ုပ်တို့ကို သီးသန့်ဖြစ်စေပါတယ်။ ကျွမ်းဝင်မှုက ကျွန်ုပ်တို့ကို အတူတကွ တွဲစေလျက် တစ်ဉီးကိုတစ်ဉီး ရင်းနှီးဖို့ အကူအညီဖြစ်စေပါတယ်။ သို့မှသာ မိမိကိုယ် မိမိ သူတစ်ပါးနှင့် နှိုင်းယှဉ်ခြင်းတွေကို ရပ်တန့်သွားစေမှာ ဖြစ်ပါတယ်။

ဆင်ခြင်ရန်
- သင့်ကို ထူးခြားသောသူအဖြစ် ဘုရားသခင် မည်ကဲ့သို့သော ဆုလဒ်ကို ပေးထားသနည်း။ မည်သို့သော နည်းလမ်းဖြင့် သင့်အတွက် ဘုရားသခင် ပေးကမ်းပါသနည်း။
- မည်သို့သောသူကို သင်မနာလိုဖြစ်သနည်း (သို့) ဖြစ်ခဲ့ဖူးသနည်း။ သင်သူ့ကို မည်ကဲ့သို့ ပိုမို သိကျွမ်းအောင် လုပ်ဆောင်နိုင်မည်နည်း။
- တခြားသူများနှင့် သိကျွမ်းမှု၌ ပိုမို နက်ရှိုင်းသော အဆင့်အတွက် သင်မည်သို့သောအရာ လိုအပ်နေပါသနည်း။


---------------------------------------------------------------------------------



Zawgyi Version

သူတစ္ပါးကို သိကြၽမ္းေအာင္လုပ္ေဆာင္ပါ။ သို႔မွသာ သင္သူတို႔ကို “မနာလိုျခင္း” ေတြ မျဖစ္ပါ။
ရွင္မႆဲ ခရစ္ဝင္ ၂၀:၉-၁၀ “ထို႔ေၾကာင့္ ဆယ္တနာရီအခ်ိန္၌ ဝင္ေသာသူတို႔သည္လာ၍ ေဒနာရိတျပားစီ ခံၾက၏။ အရင္ဝင္ေသာသူတို႔သည္ လာၾကေသာအခါ ငါတို႔သည္သာ၍ရမည္ဟု စိတ္ထဲမွာထင္မွတ္ေသာ္လည္း ေဒနာရိတျပားစီ ခံရၾက၏။”

မနာလိုျခင္း ၊ အားက်ျခင္းေတြကို ခ်ိဳးႏွိမ္ႏိုင္ဖို႔ရန္ ေသာ့ခ်က္ကား မိမိကိုယ္ကို သူတစ္ပါးႏွင့္ ႏႈိင္းယွဥ္ျခင္း ျဖစ္ပါတယ္။

ႏႈိင္းယွဥ္ျခင္းဆိုတာ မနာလိုျခင္း၏ အျမစ္ျဖစ္ပါတယ္။ ပထမဉီးဆုံးေသာ အမွားကို ပုံေဆာင္ေျပာၾကားထားတဲ့ စပ်စ္ဉယ်ာဥ္လုပ္သား အေၾကာင္းျဖစ္ပါတယ္။ ရွင္မႆဲ ခရစ္ဝင္ ၂၀:၉-၁၀ “ဝင္ေသာသူတို႔သည္လာ၍ ေဒနာရိတျပားစီ ခံၾက၏။ အရင္ဝင္ေသာသူတို႔သည္ လာၾကေသာအခါ ငါတို႔သည္သာ၍ရမည္ဟု စိတ္ထဲမွာ ထင္မွတ္ေသာ္လည္း ေဒနာရိတျပားစီ ခံရၾက၏။” တစ္နည္းအားျဖင့္ သူတို႔ေတြ ႏႈိင္းယွဥ္မႈေတြ ျပဳခဲ့ၾကတယ္။ “ၾကည့္ၾကပါ…ေနာက္မွ ဝင္ေသာသူတို႔ တစ္ျပားစီရၾကတယ္။ ဒါေၾကာင့္ အရင္ဝင္တဲ့ ငါတို႔ ပိုရဖို႔ရွိတယ္” ဆိုၿပီး ႏႈိင္းယွဥ္ၾကတယ္။

သမၼာက်မ္းစာက ထပ္ခါထပ္ခါ ျဖင့္ သင့္ကိုယ္သင္ တစ္ပါးသူႏွင့္ ဘယ္ေတာ့မွ မႏႈိင္းယွဥ္ဖို႔ကို အေၾကာင္းရင္း (၂) ခ်က္ျဖင့္ ေျပာဆိုထားပါတယ္။

ပထမဉီးစြာ သင္သည္ ထူးျခား၏။
သင့္ကို ဘုရားသခင္ ထူးျခားစြာ ဖန္ဆင္းခဲ့တယ္။ ဘယ္သူမွ် သင္ႏွင့္ မတူပါ။ သင့္ကို ပုံစံတစ္ခုျပဳၿပီး ခြဲတမ္းခ် လုပ္ေဆာင္မႈေတြ ျပဳခဲ့တယ္။ တျခားမည္သူႏွင့္မွ် သင္ႏႈိင္းယွဥ္လို႔မရပါ။

ဒုတိယအေနျဖင့္ သင္စတင္ႏႈိင္းယွဥ္မႈျပဳပါလွ်င္ သင့္ကို အၿမဲတမ္းအျပစ္(၂) ခုျဖစ္တဲ့ မနာလိုျခင္း ႏွင့္ မာန ႀကီးျခင္းေတြက  လမ္းျပေခၚေဆာင္သြားပါမည္။
သင့္ကိုယ္သင္ သူတစ္ပါးႏွင့္ ႏႈိင္းယွဥ္တဲ့အခါမွာ “ငါ သူတို႔ထက္ ပိုေကာင္းေအာင္ လုပ္ေဆာင္ေနတယ္” လို႔သင္ ေတြးေကာင္းေတြးပါမည္။ ၿပီးေတာ့ သင္၌ မာနေတြဝင္လာပါမည္။ (သို႔) “သူတို႔ေတြက ငါ့ထက္ ပိုလုပ္ေဆာင္ႏိုင္တယ္” လို႔သင္ေတြးထင္လွ်င္ သင္၌ မနာလိုျခင္းေတြ ဝင္လာပါမည္။ မာနႀကီးျခင္းႏွင့္ မနာလိုျခင္းေတြက အျပစ္တရားေတြ ျဖစ္ပါတယ္။

ေနာက္ထပ္အေနျဖင့္ သင္တစ္စုံတစ္ေယာက္ကို ေကာင္းစြာ မသိကြၽမ္းတဲ့အခါမွာ မနာလိုမႈေတြ ျဖစ္ေပၚလာ ပါတယ္။ လူတစ္ေယာက္၏ အားသာခ်က္ႏွင့္ ေအာင္ျမင္မႈေတြကို အေဝးကေန သင္ျမင္ႏိုင္ပါတယ္။ သို႔ေပမဲ့ သူတို႔ႏွင့္ အနီးကပ္ ကြၽမ္းဝင္သြားတဲ့အခါမွာေတာ့ သူတို႔၏ နာက်င္မႈေတြ ၊ စိတ္က်ဥ္းက်ပ္မႈေတြႏွင့္ အေလ့အထေတြကို သင္ျမင္ရပါမည္။ လူတိုင္းမွာေတာ့ ပုန္းကြယ္ေနတဲ့ နာက်င္မႈေတြ ရွိၾကပါတယ္။ လူေတြကို အေဝးတစ္ေနရာကေန ၾကည့္တဲ့အခါမွာ သူတို႔၏အမွားေတြ ႏွင့္ ေၾကာက္႐ြံ႕ရမႈေတြကို အလြယ္တကူ မသိႏိုင္ပါ။

လူပုဂိၢဳလ္ေတြကို သိကြၽမ္းရန္ အသင္းအဖြဲ႕ငယ္ထက္ တျခားေကာင္းေသာနည္းလမ္း မရွိပါ။ နဗ္ေၾကာဖြဲ႕ေရာဂါ ႏွင့္ အေရျပားေရာဂါ ေဝဒနာခံစားေနရေသာ အမ်ိဳးသမီး တစ္ဉီးသည္ သူမ၏ အသင္းအဖြဲ႕ရွိလူတို႔ကို ေျပာၾကားခဲ့သည္မွာ “ကြၽႏ္ုပ္တို႔၏ ျပသနာအားလုံးတို႔ကို အခန္းအလယ္မွာ ပုံထားမယ္ဆိုလွ်င္ ညေနအိမ္ျပန္တဲ့အခါ အားလုံးကို ယူေဆာင္သြားႏိုင္ေျခ ရွိပါတယ္” လူေတြကို ရင္းႏွီးစြာ သိကြၽမ္းလာတဲ့အခါမွာ သူတို႔ကို ကြၽႏ္ုပ္တို႔ မနာလိုျခင္း မျဖစ္ေတာ့ပါ။ သူတို႔အတြက္ မည္ကဲ့သို႔ ဆုေတာင္းေပးရမည္ကို သိရွိလာပါမည္။

မနာလိုျခင္းေတြက ကြၽႏ္ုပ္တို႔ကို သီးသန႔္ျဖစ္ေစပါတယ္။ ကြၽမ္းဝင္မႈက ကြၽႏ္ုပ္တို႔ကို အတူတကြ တြဲေစလ်က္ တစ္ဉီးကိုတစ္ဉီး ရင္းႏွီးဖို႔ အကူအညီျဖစ္ေစပါတယ္။ သို႔မွသာ မိမိကိုယ္ မိမိ သူတစ္ပါးႏွင့္ ႏႈိင္းယွဥ္ျခင္းေတြကို ရပ္တန႔္သြားေစမွာ ျဖစ္ပါတယ္။

ဆင္ျခင္ရန္
- သင့္ကို ထူးျခားေသာသူအျဖစ္ ဘုရားသခင္ မည္ကဲ့သို႔ေသာ ဆုလဒ္ကို ေပးထားသနည္း။ မည္သို႔ေသာ နည္းလမ္းျဖင့္ သင့္အတြက္ ဘုရားသခင္ ေပးကမ္းပါသနည္း။
- မည္သို႔ေသာသူကို သင္မနာလိုျဖစ္သနည္း (သို႔) ျဖစ္ခဲ့ဖူးသနည္း။ သင္သူ႔ကို မည္ကဲ့သို႔ ပိုမို သိကြၽမ္းေအာင္ လုပ္ေဆာင္ႏိုင္မည္နည္း။
- တျခားသူမ်ားႏွင့္ သိကြၽမ္းမႈ၌ ပိုမို နက္ရႈိင္းေသာ အဆင့္အတြက္ သင္မည္သို႔ေသာအရာ လိုအပ္ေနပါသနည္း။