Forgiven People Forgive Others
Unicode Version
ခွင့်လွှတ်ခြင်းခံရတဲ့ သူတွေသည် သူတစ်ပါးကိုလည်း ခွင့်လွှတ်၏
ကောလောသဲ ၃:၁၃ “တယောက်၌တယောက် အပြစ်တင်စရာအခွင့် ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ် ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။
မကျေနပ်မှုတွေကို ဘုရားသခင် သယ်ဆောင်လာတဲ့လို့ လူအများစုက ထင်မြင်ကြပါတယ်။ ကောင်းကင်ဘုံမှာ ရှိတဲ့ ဘုရားသခင်ကို ပုံဖော်ကြပြီး သူတို့ပြုသော မှားယွင်းမှုတွေအတွက် ဖျက်ဆီးစေဖို့ စောင့်နေကြတယ်။
ဘုရားသခင်က ဘယ်လိုမျိုးလဲဆိုတာကို ဒီမှာဖော်ပြထားပါတယ်။ ဟေရှာယအနာဂတ္တိကျမ်း ၄၃:၂၅ “ငါတပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ဒုစရိုက်အမှုတို့ကို မအောက် မေ့။ ဘုရားသခင်က ခွင့်လွှတ်ဖို့ရန် အလိုရှိပြီး ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့၏အပြစ်မှန်သမျှကို ခွင့်လွှတ်ဖို့ ရန် လုပ်ဆောင်ခဲ့ပြီဖြစ်တယ်။
ကမ္ဘာလောကကြီး မဖန်ဆင်းခင်အချိန်တောင် ကျွန်ုပ်တို့အပြစ်အတွက် ခရစ်တော်အားဖြင့် ခွင့်လွှတ်ပေးဖို့ရန် ဘုရားသခင် စီစဉ်လုပ်ဆောင်နေခဲ့ပါတယ်။ သင်ပြုမည့် မှားယွင်းမှုမှန်သမျှကိုလည်း သူသိတယ်။ ဘယ်အရာကမှ သူ့ကို မအံ့ဩစေပါဘူး။ သင့်အသက်တာရှိအပြစ်အားလုံးကိုပေါ့။ အဲဒီအပြစ်တွေအတွက် သင်မမွေးဖွားခင် ကတည်းကပင် ခွင့်လွှတ်မှုပေးအပ်နိုင်ဖို့ရန် ဘုရားသခင် စီစဉ်ခဲ့ပြီးဖြစ်ပါတယ်။
ဒါကြောင့် ဘုရားသခင် ပြောနိုင်တာက - ရောမ ၈:၁ “ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်း နှင့် လွတ်ကြ၏။ ယေရှုခရစ်တော် ကျွန်ုပ်တို့အတွက် ပြုခဲ့သောအရာကြောင့် ပြစ်တင်ဝေဖန်မှုတွေ ပျောက်ကွယ် သွားခဲ့ပြီးဖြစ်တယ်။ အဓိပ္ပါယ်က ကျွန်ုပ်တို့အသက်တာထဲမှာ ခြွင်းချက်မရှိ ၊ အပြောင်းအလဲမရှိ ၊ ပြည့်စုံခြင်း၊ ခိုင်မာခြင်း ဖြစ်နေတာတွေသည် ခွင့်လွှတ်တော်မူခြင်း ကျေးဇူးတော်အားဖြင့်သာ ဖြစ်ပါတယ်။ သက်သာရာ ရခြင်းက ဘယ်လိုလဲ။ သင်၏အပြစ်အတွက် ယခု (သို့) နိစ္စထာဝရအတွက် ပေးဆပ်ရန် (သို့) ထိခိုက်ရဖို့ရန် မလိုတော့ပါ။ အဲဒါတွေက ယေရှုခရစ်တော်ပေးခဲ့ပြီဖြစ်တယ်။ ယေရှုခရစ်တော်၏ ကယ်တင်ခြင်းဆုကျေးဇူးကို လက်ခံတယ်ဆိုလျှင် သင်ခွင့်လွှတ်ခြင်းခံရပြီဖြစ်တယ်။
သင်ခွင့်လွှတ်ခြင်း ခံရတယ်လို့ အသိအမှတ်ပြုသည်နှင့် တပြိုင်နက် သူတစ်ပါးတို့ကိုလည်း ခွင့်လွှတ်ဖို့ရန် တတ်နိုင်စွမ်းတွေ နှင့် ခွန်အားတွေ သင်၌ဖြစ်လာစေမည်။
အဲဒါကို ဘယ်လိုလုပ်ရမလဲ။ ကောလောသဲ ၃:၁၃ “တယောက်၌တယောက် အပြစ်တင်စရာအခွင့် ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။
သင့်ကိုယ်သင် ကောင်းစွာကြည့်လိုက်ပါ။ အရုပ်ဆိုးနေမည်၊ တစ်ကိုယ်ကောင်းဆန်နေမည် ၊ အပြစ်ရှိနေမည်။ သို့ပေမဲ့ အရေးကြီးသောအရာက ဘုရားသခင်သင့်ကို မည်ကဲ့သို့မြင်မလဲ ဆိုတဲ့အရာဖြစ်တယ်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းထားသော ဖန်ဆင်းမှုတစ်ခုဖြစ်တယ်၊ ဘုရားသခင်အတွက် အသက်ရှင်ဖို့ရန် နှင့် သူတစ်ပါးကို ကျေးဇူးပြုဖို့ရန် တန်ဖိုးကြီးစွာ ဖန်ဆင်းထားသောအရာဖြစ်တယ်။
ဘုရားသခင်၏ မျက်စိအမြင်ဖြင့် သင်ကြည့်ရှုလိုက်တဲ့အခါမှာ ခွင့်လွှတ်ခြင်းသည် ဘုရားသခင် တစ်ဉီးတည်း သာလျှင် ပေးနိုင်သည်ကို သင်တွေ့ပါမည်။ သင့်အသက်တာမှာ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို လက်ခံခြင်း အားဖြင့် အဲဒီခွင့်လွှတ်ခြင်းကို သင်သည်လည်း သူတစ်ပါးကို ပေးကမ်းနိုင်ပြီ ဖြစ်သည်။
ဆင်ခြင်ရန်
- ယနေ့တွင် ခွင့်လွှတ်မှုကို မည်ကဲ့သို့သော သူအား ပေးကမ်းရန် သင်လိုအပ်နေပါသနည်း။
-အပြစ်တွေကို ယူဆောင်နေခြင်းကြောင့် နာကျင်ခံစားရသောသူတစ်ဉီးဉီး သင့်အသက်တာမှာ တွေ့မြင်ပါသလား။ သူ့ကို မျှော်လင့်ခြင်းအကြောင်း ဖြစ်တဲ့ ယေရှုခရစ်တော်သင့်အပြစ်တွေကို လုပ်ဆောင်ခဲ့မှုနှင့် ခွင့်လွှတ်ခြင်းဆု ကျေးဇူးနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဝေငှခြင်းတွေ ပြုနိုင်မည်နည်း။  
- ပေးကမ်းလိုစိတ်မရှိတဲ့အရာကို လက်ခံဖို့ရန် ဘာကြောင့်များ ခက်ခဲ့နေပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်