Unicode Version
ဘုရားသခင်၏ အလိုတော်ရှိရာကို အာရုံစိုက်နေခြင်းသည် သူတစ်ပါးကိုမနာလိုခြင်းအတွက်
အချိန်နည်း သွားစေပါတယ်။
ဟေဗြဲဩဝါဒစာ ၁၂:၁ “ထိုကြောင့်၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည်
ငါတို့ကို ဝိုင်းရံလျက်ရှိ ကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊ နှောင့်ရှက်တတ်သောဒုစရိုက်ကို၎င်း
ပယ်ရှား၍၊ ငါတို့ မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။”
သူတစ်ပါးအသက်တာတွင်
ဘုရားသခင်လုပ်ဆောင်နေသော တစ်စုံတစ်ရာနှင့် ပတ်သက်၍ သင်စတင် စိတ်ဝင်စားပြီး မနာလိုခြင်းတွေက
စတင်တည်ဆောက်ဖို့ဖြစ်လာတဲ့အခါမှာ ဘုရားသခင်၌ရှိသော သင့်အတွက် အကြံအစည်ကို အာရုံပြုလိုက်ပါ။
အာရုံကို မထွေပြားစေပါနှင့် - သင့်အသက်တာအတွက် ဘုရား၏အလိုတော် ကိုသာ ဗဟိုပြုပါ။
စပျစ်ခြံဉယျာဉ်လုပ်သားတို့
ထိုက်သင့်သောအရာကို ရလိုသောဆန္ဒဖြင့် ညည်းတွားမှုနှင့် ပတ်သက်ပြီး ခြံပိုင်ရှင် ပြောသောစကားစုမှာ
မဿဲ ၂၀:၁၄ “သင်၏ဥစ္စာကို ယူ၍သွားလော့။ နောက်ဝင်သောသူတို့အား
သင်နှင့်အညီ အမျှပေးခြင်းငှါ ငါအလိုရှိ၏။” မနာလိုခြင်းတွေကို မကျော်လွှားနိုင်တဲ့
အလုပ်သမားတွေကို ခြံပိုင်ရှင်က အခြေခံအားဖြင့်ပြောနေသောစကားက “အခုအချိန်မှာတော့ ရွေ့ဖို့အချိန်ဖြစ်တယ်။ စိတ်မကောင်းစရာ အခြေ
အနေကနေ ထွက်ပြီး ကျော်လွှားလိုက်ပါ”။
တစ်ခါတစ်ရံမှာ
ကျွန်ုပ်တို့ အတိတ်ကာလမှာ နစ်နေတတ်တယ် ၊ ညှပ်နေတတ်ပါတယ်။ ပဒေသာကျောင်းကပွဲမှာ king or queen ရရှိသွားတဲ့ သူပေါ်မှာ မနာလိုခြင်းတွေ
ဖြစ်ကောင်းဖြစ်မည်။ သို့ပေမဲ့ ယခုအချိန်မှာ တစ်စုံတစ်ဉီး၏ ပိုင်ဆိုင်ခြင်း အကြောင်းရင်းတွေဖြင့်
သင့်အသက်တာအတွက် ဘုရားသခင်၏ အကြံအစည် တွေကနေ သင့်ကိုယ်သင် ဘာကြောင့်များ ကင်းဝေးသွားစေပါသနည်း။
ဟေဗြဲဩဝါဒစာ ၁၂:၁ “ငါတို့ မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ၊
အားမလျော့ဘဲ ပြေးကြကုန်အံ့။”
တစ်ဉီးချင်းအလိုက်ပြေးရသော အပြေးပြိုင်ပွဲ၏ အဓိပ္ပါယ်မှာ သင်၏ ပြိုင်ဘက်မရှိ ထူးခြားသော
ပြိုင်ပွဲဖြစ်ပြီး သင်တစ်ဉီးတည်းအတွက်သာဖြစ်ပါတယ်။ တခြားသူတွေနှင့် မတူညီဘဲ သင်လက်ကိုင်ပြု
လေ့လာလိုက်စားဖို့ရန် ဘုရားသခင်အလိုတော်ရှိသော သင့်အတွက် အကြံအစည်ဖြစ်ပါတယ်။ ဤအစီအစဉ်ကို
သင်မမွေးခင်ကတည်းက ဘုရားသခင်စီမံထားပြီး သင့်ကိုယ်သင် အိမ်မက်, မက်နိုင်တာထက်ကို ပိုမိုကောင်းမွန်
သောအရာတွေ ပါဝင်ပါတယ်။
သင့်အသက်တာအတွက် ဘုရားသခင်၏ ထူးခြားတဲ့ အကြံအစည် ရည်ရွယ်ချက်တွေကို
သင်ရှာတွေ့ပြီး လေ့လာလိုက်စားမှုပြုလိုက်တာနှင့် တစ်ပြိုင်နက် သူတစ်ပါးကို သင်ဘယ်တော့မှာ
မနာလိုစရာ အကြောင်းတွေ မရှိတော့ပါ။
အချိန်တိုင်းမှာ အကောင်းဆုံးပိုင်ဆိုင်ခြင်းများ၏ ကြီးစိုးမှုအောက်မှ သင်ကင်းလွှတ်ပါမည်။
ဘုရားသခင် သင့်ကို ဖန်းဆင်ထားသည့်လူပုဂိ္ဂုလ်အတိုင်း သင်အကောင်းဆုံးအသက်ရှင်နေထိုင်နိုင်ဖို့သာ
ဖြစ် တယ်။
ဘုရားသခင်၏ သင့်အတွက် တစ်ဉီးချင်းအလိုက်ပြုသော ပြိုင်ပွဲကို အထက်ပါနည်းအတိုင်း
သင်အာရုံစိုက် ဗဟိုပြုနိုင်တဲ့အခါတွင် ဘုရားအလိုတော်ရှိသောအရာကို သင်ဖမ်းဆုပ်နိုင်ပြီး
မနာလိုခြင်းတွေအတွက် အချိန်မပေး နိုင်တော့ပေ။ ဘုရားသခင်နှင့် တွေ့ဆုံဂါရဝပြုခြင်းတွင်
သင်သည်လည်း တစ်ဉီးအပါအဝင် အသက်ရှင် သွားရပါလိမ့်မည်။
ဆင်ခြင်ရန်
-
ဘုရားသခင်နှင့် တွေ့ဆုံဂါရဝပြုခြင်းတွင် သင်သည်လည်းတစ်ဉီးအပါအဝင်ဖြစ်ခြင်းအတွက် အသက်ရှင်နေထိုင်
ရေးမှာ လွတ်လပ်မှုသည် ဘာကြောင့်များရှိနေသနည်း။
-မည်သို့သောအရာက
သင့်အသက်တာအတွက် ဘုရားသခင်၏ အကြံအစည်ဖြစ်တယ်ကို မည်ကဲ့သို့ သင်သိပါ သနည်း။
-ယခုအချိန်တွင်
သင်၏အတိတ်ကာလက မည်သို့သော အတွေ့အကြုံတွေက သင့်အတွက်ရည်ရွယ်သော ဘုရား၏အလိုတော်ကို လက်လျှောက်ခြင်းကနေ
ကင်းဝေးစေပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဘုရားသခင္၏ အလိုေတာ္ရွိရာကို အာ႐ုံစိုက္ေနျခင္းသည္ သူတစ္ပါးကိုမနာလိုျခင္းအတြက္ အခ်ိန္နည္း သြားေစပါတယ္။
ေဟၿဗဲဩဝါဒစာ ၁၂:၁ “ထိုေၾကာင့္၊ ဤမွ်ေလာက္ မ်ားစြာေသာ သက္ေသအေပါင္းတို႔သည္ ငါတို႔ကို ဝိုင္းရံလ်က္ရွိ ၾကသည္ျဖစ္၍၊ ငါတို႔သည္ ခပ္သိမ္းေသာ ဝန္တို႔ကို၎၊ ေႏွာင့္ရွက္တတ္ေသာဒုစ႐ိုက္ကို၎ ပယ္ရွား၍၊ ငါတို႔ မ်က္ေမွာက္၌ ထားေသာပန္းတုံးတိုင္သို႔ေရာက္ျခင္းငွါ၊ အားမေလ်ာ့ဘဲ ေျပးၾကကုန္အံ့။”
သူတစ္ပါးအသက္တာတြင္ ဘုရားသခင္လုပ္ေဆာင္ေနေသာ တစ္စုံတစ္ရာႏွင့္ ပတ္သက္၍ သင္စတင္ စိတ္ဝင္စားၿပီး မနာလိုျခင္းေတြက စတင္တည္ေဆာက္ဖို႔ျဖစ္လာတဲ့အခါမွာ ဘုရားသခင္၌ရွိေသာ သင့္အတြက္ အႀကံအစည္ကို အာ႐ုံျပဳလိုက္ပါ။ အာ႐ုံကို မေထြျပားေစပါႏွင့္ - သင့္အသက္တာအတြက္ ဘုရား၏အလိုေတာ္ ကိုသာ ဗဟိုျပဳပါ။
စပ်စ္ၿခံဉယ်ာဥ္လုပ္သားတို႔ ထိုက္သင့္ေသာအရာကို ရလိုေသာဆႏၵျဖင့္ ညည္းတြားမႈႏွင့္ ပတ္သက္ၿပီး ၿခံပိုင္ရွင္ ေျပာေသာစကားစုမွာ မႆဲ ၂၀:၁၄ “သင္၏ဥစၥာကို ယူ၍သြားေလာ့။ ေနာက္ဝင္ေသာသူတို႔အား သင္ႏွင့္အညီ အမွ်ေပးျခင္းငွါ ငါအလိုရွိ၏။” မနာလိုျခင္းေတြကို မေက်ာ္လႊားႏိုင္တဲ့ အလုပ္သမားေတြကို ၿခံပိုင္ရွင္က အေျခခံအားျဖင့္ေျပာေနေသာစကားက “အခုအခ်ိန္မွာေတာ့ ေ႐ြ႕ဖို႔အခ်ိန္ျဖစ္တယ္။ စိတ္မေကာင္းစရာ အေျခ အေနကေန ထြက္ၿပီး ေက်ာ္လႊားလိုက္ပါ”။
တစ္ခါတစ္ရံမွာ ကြၽႏ္ုပ္တို႔ အတိတ္ကာလမွာ နစ္ေနတတ္တယ္ ၊ ညႇပ္ေနတတ္ပါတယ္။ ပေဒသာေက်ာင္းကပြဲမွာ king or queen ရရွိသြားတဲ့ သူေပၚမွာ မနာလိုျခင္းေတြ ျဖစ္ေကာင္းျဖစ္မည္။ သို႔ေပမဲ့ ယခုအခ်ိန္မွာ တစ္စုံတစ္ဉီး၏ ပိုင္ဆိုင္ျခင္း အေၾကာင္းရင္းေတြျဖင့္ သင့္အသက္တာအတြက္ ဘုရားသခင္၏ အႀကံအစည္ ေတြကေန သင့္ကိုယ္သင္ ဘာေၾကာင့္မ်ား ကင္းေဝးသြားေစပါသနည္း။
ေဟၿဗဲဩဝါဒစာ ၁၂:၁ “ငါတို႔ မ်က္ေမွာက္၌ ထားေသာပန္းတုံးတိုင္သို႔ေရာက္ျခင္းငွါ၊ အားမေလ်ာ့ဘဲ ေျပးၾကကုန္အံ့။” တစ္ဉီးခ်င္းအလိုက္ေျပးရေသာ အေျပးၿပိဳင္ပြဲ၏ အဓိပၸါယ္မွာ သင္၏ ၿပိဳင္ဘက္မရွိ ထူးျခားေသာ ၿပိဳင္ပြဲျဖစ္ၿပီး သင္တစ္ဉီးတည္းအတြက္သာျဖစ္ပါတယ္။ တျခားသူေတြႏွင့္ မတူညီဘဲ သင္လက္ကိုင္ျပဳ ေလ့လာလိုက္စားဖို႔ရန္ ဘုရားသခင္အလိုေတာ္ရွိေသာ သင့္အတြက္ အႀကံအစည္ျဖစ္ပါတယ္။ ဤအစီအစဥ္ကို သင္မေမြးခင္ကတည္းက ဘုရားသခင္စီမံထားၿပီး သင့္ကိုယ္သင္ အိမ္မက္, မက္ႏိုင္တာထက္ကို ပိုမိုေကာင္းမြန္ ေသာအရာေတြ ပါဝင္ပါတယ္။
သင့္အသက္တာအတြက္ ဘုရားသခင္၏ ထူးျခားတဲ့ အႀကံအစည္ ရည္႐ြယ္ခ်က္ေတြကို သင္ရွာေတြ႕ၿပီး ေလ့လာလိုက္စားမႈျပဳလိုက္တာႏွင့္ တစ္ၿပိဳင္နက္ သူတစ္ပါးကို သင္ဘယ္ေတာ့မွာ မနာလိုစရာ အေၾကာင္းေတြ မရွိေတာ့ပါ။ အခ်ိန္တိုင္းမွာ အေကာင္းဆုံးပိုင္ဆိုင္ျခင္းမ်ား၏ ႀကီးစိုးမႈေအာက္မွ သင္ကင္းလႊတ္ပါမည္။ ဘုရားသခင္ သင့္ကို ဖန္းဆင္ထားသည့္လူပုဂိၢဳလ္အတိုင္း သင္အေကာင္းဆုံးအသက္ရွင္ေနထိုင္ႏိုင္ဖို႔သာ ျဖစ္ တယ္။
ဘုရားသခင္၏ သင့္အတြက္ တစ္ဉီးခ်င္းအလိုက္ျပဳေသာ ၿပိဳင္ပြဲကို အထက္ပါနည္းအတိုင္း သင္အာ႐ုံစိုက္ ဗဟိုျပဳႏိုင္တဲ့အခါတြင္ ဘုရားအလိုေတာ္ရွိေသာအရာကို သင္ဖမ္းဆုပ္ႏိုင္ၿပီး မနာလိုျခင္းေတြအတြက္ အခ်ိန္မေပး ႏိုင္ေတာ့ေပ။ ဘုရားသခင္ႏွင့္ ေတြ႕ဆုံဂါရဝျပဳျခင္းတြင္ သင္သည္လည္း တစ္ဉီးအပါအဝင္ အသက္ရွင္ သြားရပါလိမ့္မည္။
ဆင္ျခင္ရန္
- ဘုရားသခင္ႏွင့္ ေတြ႕ဆုံဂါရဝျပဳျခင္းတြင္ သင္သည္လည္းတစ္ဉီးအပါအဝင္ျဖစ္ျခင္းအတြက္ အသက္ရွင္ေနထိုင္ ေရးမွာ လြတ္လပ္မႈသည္ ဘာေၾကာင့္မ်ားရွိေနသနည္း။
-မည္သို႔ေသာအရာက သင့္အသက္တာအတြက္ ဘုရားသခင္၏ အႀကံအစည္ျဖစ္တယ္ကို မည္ကဲ့သို႔ သင္သိပါ သနည္း။
-ယခုအခ်ိန္တြင္ သင္၏အတိတ္ကာလက မည္သို႔ေသာ အေတြ႕အႀကဳံေတြက သင့္အတြက္ရည္႐ြယ္ေသာ ဘုရား၏အလိုေတာ္ကို လက္ေလွ်ာက္ျခင္းကေန ကင္းေဝးေစပါသနည္း။