Unicode Version
စိတ်၏လှုပ်ရှားမှု ၊ခံစားမှု ၊ ပြင်းပြမှု ၊ စိတ်အားထက်သန်မှုဆိုင်ရာ ကျန်းမာရေးသည် ကောင်းမွန်သောပေါင်းသင်း ဆက်ဆံရေးကို ဖြစ်စေပါတယ်။
သုတ္တံ ၁၇:၂၂ “စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကိုသွေ့ခြောက် စေတတ်၏။”
သင်၏ခန္ဓာ အားသွင်းဖို့ရန် လိုအပ်လာပြီဆိုလျှင် ကိုယ်ခန္ဓာသည် အမျိုးမျိုးသော လက္ခဏာများကို ဖော်ပြပါတယ်။ သင်၏အစာအိမ်က မြည်နေပြီဆိုလျှင် အစာစားဖို့ရန် အချိန်ကျရောက်ပြီဖြစ်တယ်။ သင်၏မျက်ခွံလေးလံလာပြီး ဆိုလျှင် သင်အပ်ဖို့အချိန်ကျရောက်လာပြီဖြစ်ပါတယ်။
ဤလက္ခဏာတွေကို ကျွန်ုပ်တို့ သတိပြုလေ့ရှိသော်လည်း စိတ်လှုပ်ရှားမှု၊ ပြင်းပြမှုဆိုင်ရာ အားသွင်းခြင်းကဲ့သို့ သော တခြားလွမ်းမိုး ခံရမှုတွေ ၊ စိတ်မရှည်ပေါက်ကွဲမှုတွေ နှင့် လူတွေကို ရှောင်ရှားခြင်း အရာတွေကိုတော့ မသိမမူမိကြပါဘူး။ သင်၏ စိတ်လှုပ်ရှားမှု၊ ပြင်းပြမှု၊ စိတ်အားထက်သန်မှုစွမ်းရည် နှိမ့်ကျနေချိန်တွင် တခြားသူတွေကို မေတ္တာမထားလိုတော့ပါ။
မွန်မြတ်သော ချစ်ခြင်းမေတ္တာကို ကောင်းစွာ ထိန်းသိမ်းဖို့နှင့် ဘုရားခေါ်တော်မူသော လုပ်ဆောင်စရာတွေကို ပြုနိုင်ဖို့ရန် သင်၏စိတ်လှုပ်ရှားမှုတွ၊ ပြင်းပြမှု၊ စိတ်အားထက်သန်မှု တွေေဖြင့် ပြည့်ဝစေပါ။ မည်ကဲ့သို့ ပြည့်ဝစေ မလဲ။
ပထမဉီးစွာ မိမိကိုယ်ကို တစ်ဉီးတည်း အချိန်အနည်းငယ်ယူပါ။ သခင်ခရစ်တော်ပင်လျှင် စိတ်၏ပြင်းပြမှု ၊ ထက်သန်မှု တွေဖြင့် သူ့ကိုယ်သူ ပြန်လည်ဖြည့်သွင်းဖို့ရန် လူအုပ်ကြီးကနေ ထွက်ခွွါသွားရပါတယ်။ လုကာ ၆:၃၀ “ကိုယ်တော်ကလည်း၊ တော၌ဆိတ်ကွယ်ရာအရပ်သို့ လာကြ။ ခဏအားဖြည့်၍ ငြိမ်သက်စွာ နေကြဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ လူများ သွားလာကြသည်ဖြစ်၍ တမန်တော်တို့သည် အစာစားခြင်းငှါမျှ မအားနိုင်ကြ။”
အချိန်ပြည့် အဆင်သင့်ရှိနေသူများသည် တကယ်တမ်းမှာတော့ အချိန်တိုင်းအတွက် မဖြစ်နိုင်ပါ။ သူတို့သည် လည်း ခန္ဓာကိုယ်ကို ပြန်လည် အားသွင်းဖို့တော့အချိန်ပေးရပါတယ်။
သင့်အသက်တာတွင် မည်ကဲ့သို့သောလှုပ်ရှားမှုတွေက ခွန်အားသစ်ပြန်လည်ဖြည့်ဆည်းနိုင်ဖို့ရန် စွမ်းအင်ကို ပြန်လည်ဖြစ်ပေါ်စေပါသနည်း။ ကျွနုပ်တို့ကို ကွဲပြားခြားနားစွာ ဖန်ဆင်းထားတဲ့အတွက်ကြောင့် ကျွနုပ်တို့မှာ ကိုယ်စီထူးခြားသော ခန္ဓာအားသစ်ဖြည့်ဆည်းမှုတွေက တစ်ယောက်နှင့် တစ်ယောက် မတူညီကြပါ။ အဲဒါတွေက သင့်အတွက် ဝါသနာတွေ ၊ အားကစား၊ (သို့)အတတ်ပညာ ကျွမ်းကျင်မှု တွေဖြစ်ကောင်းဖြစ်မည်။ သင်၏စိတ်အားထက်သန်မှု ၊ ပြင်းပြမှုတွေကို ပြန်လည်အားသစ်လောင်းဖို့ရန် အချိန်ပေးပါ လုပ်ဆောင်ပါ။
သခင်ခရစ်တော်သည် ဓမ္မအမှုတော်ဆောင်လုပ်ငန်းကို စိတ်အားအထက်သန်ဆုံးအဖြစ် လုပ်ဆောင်ခဲ့သူ ဖြစ်ပါ တယ်။ မဿဲ ၁၁:၉ “ပရောဖက်ကို ကြည့်ရှုခြင်းငှါသွားသလော။ မှန်ပေ၏။ ပရောဖက်ထက် ကြီးမြတ် သောသူ လည်း ဖြစ်သည်ဟု ငါဆို၏။” သင့်အား အချိန်တိုင်း ပင်ပန်းနွမ်းနယ်ဖို့ရန် ဖန်ဆင်းထားတာမဟုတ်ပါ။ သခင်ခရစ် တော်နည်းတူ ဖြစ်လာစေရန်ဖြစ်ပါတယ်။
နောက်ဆုံးအနေဖြင့် ရယ်မောခြင်းကို လေ့ကျင့်ပါ။ သမ္မာကျမ်းစာက ဆိုထားသည်မှာ သုတ္တံ ၁၇:၂၂ “စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကိုသွေ့ခြောက်စေတတ်၏။” ရယ်မောခြင်းက သင်၏ခန္ဓာကိုယ်တွင်းရှိ T-Cell တွေကိုတိုးပွားစေပါတယ်။ ၄င်းသည် သင်၏ကိုယ်ခံအားကို တိုးမြှင့်ပေးပြီး သင်၏ဉီးနှောက်တွင်းရှိ endorphins ကို ဖြေလွတ်ပေးပါတယ်။ ရယ်မောခြင်းက ကျန်းမာရေးကို ကောင်းစေပါတယ်။ ဒါက သင့်အသက်တာကို ပိုပြီး ပျော်ရွှင်စေရုံမျှမက သူတစ်ပါးကို ချစ်ခြင်းမေတ္တာထား တတ်အောင် လုပ်ဆောင်ပေးတဲ့ ဘုရားပေးတဲ့ လက်ဆောင်ဖြစ်ပါတယ်။
--------------------------------------------------------------
Zawgyi Version