Don’t Give Up on Lasting Love

Unicode Version


တည်မြဲသော ချစ်ခြင်းမေတ္တာ၌ အားမလျော့ပါနှင့်။
ကောရိန္သုပဌမစောင် ၁၃:၇ “ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။”
တည်မြဲသော ချစ်ခြင်းမေတ္တာသည် ခိုင်မာတယ်၊ သန္နဠာန်ချမှုရှိတယ်။ နှစ်သိမ့်ကျေနပ်စေတယ် ။ ပြတ်သားတယ်။ အဆိုးဆုံးတွေကို ကြံ့ကြံ့ခံနိုင်ပြီး ပေါင်းသင်းဆက်ဆံရေးမှာ အရှုံးမပေးဖို့ရန် မရမက တောင်းဆိုမှုတွေမှာ အလျော့ပေးခြင်းမရှိပါဘူး။

တကယ်တမ်းမှာတော့ ဆက်ဆံရေးတစ်ခု၏ ရည်ရွယ်ချက်မှာ သင့်ကိုပျော်ရွှင်စေရန်သာမက သင့်အား သန့်စင်မွန် မြတ်စေပြီး သင့်ကိုယ်သင်အတွက်စဉ်းစားနေတာထက် သူတစ်ပါးအတွက် မည်ကဲ့သို့ စဉ်းစားပေးခြင်း ကိုပါ သင်ကြားပေးပါတယ်။ တခြားနည်းလမ်းတွေဖြင့် သင် ဘယ်တော့မှာ လေ့လာခြင်းမရှိတဲ့ အခက်အခဲတွေကြားမှာ မဆုတ်မနှစ်ကြိုးစားတဲ့နည်းတူ သေချာတဲ့အရာတွေကို သင်လေ့လာရပါလိမ့်မည်။

ကျွန်ုပ်ဇနီး နှင့် ကျွန်ုပ်လက်ထပ်ခဲ့စဉ်တုန်းက ဆန့်ကျင့်ဘက်လုံးဝဖြစ်နေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ မင်္ဂလာဆောင်တဲ့ညမှာပဲ စတင် ငြင်းခုံခဲ့ကြတယ်။ အဲဒီက စတင်ခဲ့ခြင်းက ပိုဆိုးလာခဲ့ပါတယ်။ ကျွန်ုပ်တို့ တစ်ဉီးနှင့် တစ်ဉီး ချစ်ကြပါတယ်။ သို့ပေမဲ့ အဲဒီချစ်ခြင်းက ကြာရှည်မခံပါဘူး။

သို့ပေမဲ့ ကျွန်ုပ်တို့ သန္နိဠာန်ပြုခဲ့တယ်။ ကွာရှင်းပြတ်စဲခြင်းကို ရွေးချယ်စရာအဖြစ် မရွေးဘူးဆိုပြီး ဆုံးဖြတ်ခဲ့ ပါတယ်။ “အကယ်၍ ဤမတူညီခြင်းတွေက ကျွန်ုပ်တို့ကို သတ်ခဲ့သည်ရှိတောင် ကျွန်ုပ်တို့အကောင်းဆုံး လုပ် ဆောင်မှုပြုမည်”လို့ ဆိုခဲ့ကြသည်အတိုင်း အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့ကြတယ်။ ကျွန်ုပ်တို့ စိတ်ဆင်းရဲ ရလျှင်တောင် ဆွေးနွေးအကြံပြုကြတယ်။ တစ်ဉီးနှင့်တစ်ဉီး၏ ကတိပေးမှုတွေကို တန်ဖိုးထားဖို့ရန် အနစ်နာခံခဲ့ ကြတယ်။ ကျွန်ုပ်တို့ ကြီးထွားတိုးတက်လာခဲ့တယ်။ လက်ထပ်ပြီး (၂) နှစ်အတွင်းမှာ ရုန်းကန်ခဲ့ရသော်လည်း အဲဒီအတွက် ယနေ့တွင် ကျွန်ုပ်တို့အတွက် ကောင်းမွန်ခြင်းတွေ ဖြစ်လာစေပါတယ်။

အရှုံးမပေးပါနှင့်။ ဆက်လက်လုပ်ဆောင်ပါ။ မဆုတ်မနစ် လုံ့လထုတ်ပါ။ အလျော့မပေးပါနှင့်။ ဘုရားသခင်၏ နိစ္စထာဝရ လက်ဆောင်မွန်ကို လက်မလွှတ်စေနှင့်။ ဘာကြောင့်လဲဆိုတဲ့ အဲဒီအတွက် သင်လုပ်ဆောင်မှု တွေပြုရပါမည်။ စိတ်ဓါတ်ကြံ့ခိုင်ခြင်းက အမြဲတမ်း အကျိုးနပ်ရပါလိမ့်မည်။

ချစ်ခြင်းမေတ္တာရှိဖို့ရန် လေ့လာခြင်းက အသက်တာမှာ အကြီးမြတ်ဆုံးသော သင်ခန်းစာတစ်ခုဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဘုရားသခင်က သင့်ကို ဤလောကသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ သို့ပေမဲ့လည်း ချစ်ခြင်းမေတ္တာထားရှိဖို့က အမြဲတမ်းမလွယ်ကူပါဘူး။ တစ်စုံတစ်ယောက်ကို မေတ္တာထားဖို့က ခဲယဉ်းပါတယ်။

တည်မြဲတဲ့ မေတ္တာတစ်ခုက “လျှို့ဝှက်ချက်” တကယ်မရှိပါဘူး။ သို့သော်ငြားလည်း ဘုရားသခင်၏ ချစ်ခြင်းက သင်၌ စီးဆင်းစေမှုလိုပါတယ်။ ဖိလိပ္ပိ ၂:၅ “ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြ လော့။လူတို့၏ မေတ္တာက ငြီးငွေ့စရာကောင်းပါတယ်။ ဒါကြောင့် သခင်ခရစ်တော်၏ ချစ်ခြင်းသည် သင်၌ရှိစေဖို့ရန် လိုအပ်ခြင်းက တခြားသူတွေကိုလည်း တည်မြဲသော ချစ်ခြင်းမေတ္တာထားနိုင်ဖို့ရန် ဖြစ်ပါတယ်။ ပထမဉီးစွာ သင်၏အသက်တာကို သခင်ခရစ်တော်နှင့် ပွင့်လင်းစွာထားရှိရပါမည်။ သို့မှာသာ တခြားသူတွေကို သင့်အားဖြင့် မေတ္တာထားနိုင်ပါမည်။

ဆင်ခြင်ရန်
-ပေါင်းသင်းဆက်ဆံရေးတွင် တည်မြဲသောချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဖို့ရန် မည်ကဲ့သို့ သင် မြဲမြံနေရ မည်နည်း။ ရလဒ်အနေဖြင့် သင်၏ဆက်ဆံရေးသည် မည်ကဲ့သို့ ကြီးထွားလာခဲ့ပါသနည်း။
-အသက်တာရှိ တခြားသော သင်ခန်းစာတွေ၊ လေ့လာသင်ယူမှုတွေထက် မည်ကဲ့သို့ မေတ္တာထားရှိဖို့ လေ့လာရန် ဘုရားရှင်က အလိုတော်ရှိနေတယ်လို့ ဘာကြောင့်များ သင်ထင်မြင်ပါသနည်း။
-သင့်အတွက် ခရစ်တော်ပြခဲ့သော ချစ်ခြင်းမေတ္တာသည် မည်ကဲ့သို့နည်း။ သခင်ခရစ်တော်နည်းတူ ပိုမိုမေတ္တာထားနိုင်ဖို့ရန် မည်ကဲ့သို့ သင်လေ့လာနိုင်မည်နည်း။


-----------------------------------------------------------------------------------------------------------



Zawgyi Version

တည္ၿမဲေသာ ခ်စ္ျခင္းေမတၱာ၌ အားမေလ်ာ့ပါႏွင့္။ 
ေကာရိႏ္သဳပဌမေစာင္ ၁၃:၇ “ခပ္သိမ္းေသာအရာကို ဖုံးအုပ္တတ္၏။ ခပ္သိမ္းေသာအရာကို ယုံတတ္၏။ ခပ္သိမ္းေသာအရာကို ေျမာ္လင့္တတ္၏။ ခပ္သိမ္းေသာအရာကို သည္းခံတတ္၏။”
တည္ၿမဲေသာ ခ်စ္ျခင္းေမတၱာသည္ ခိုင္မာတယ္၊ သႏၷဠာန္ခ်မႈရွိတယ္။ ႏွစ္သိမ့္ေက်နပ္ေစတယ္ ။ ျပတ္သားတယ္။ အဆိုးဆုံးေတြကို ႀကံ့ႀကံ့ခံႏိုင္ၿပီး ေပါင္းသင္းဆက္ဆံေရးမွာ အရႈံးမေပးဖို႔ရန္ မရမက ေတာင္းဆိုမႈေတြမွာ အေလ်ာ့ေပးျခင္းမရွိပါဘူး။

တကယ္တမ္းမွာေတာ့ ဆက္ဆံေရးတစ္ခု၏ ရည္႐ြယ္ခ်က္မွာ သင့္ကိုေပ်ာ္႐ႊင္ေစရန္သာမက သင့္အား သန႔္စင္မြန္ ျမတ္ေစၿပီး သင့္ကိုယ္သင္အတြက္စဥ္းစားေနတာထက္ သူတစ္ပါးအတြက္ မည္ကဲ့သို႔ စဥ္းစားေပးျခင္း ကိုပါ သင္ၾကားေပးပါတယ္။ တျခားနည္းလမ္းေတြျဖင့္ သင္ ဘယ္ေတာ့မွာ ေလ့လာျခင္းမရွိတဲ့ အခက္အခဲေတြၾကားမွာ မဆုတ္မႏွစ္ႀကိဳးစားတဲ့နည္းတူ ေသခ်ာတဲ့အရာေတြကို သင္ေလ့လာရပါလိမ့္မည္။

ကြၽႏ္ုပ္ဇနီး ႏွင့္ ကြၽႏ္ုပ္လက္ထပ္ခဲ့စဥ္တုန္းက ဆန႔္က်င့္ဘက္လုံးဝျဖစ္ေနတယ္ဆိုတာကို ေတြ႕ရွိခဲ့ပါတယ္။ မဂၤလာေဆာင္တဲ့ညမွာပဲ စတင္ ျငင္းခုံခဲ့ၾကတယ္။ အဲဒီက စတင္ခဲ့ျခင္းက ပိုဆိုးလာခဲ့ပါတယ္။ ကြၽႏ္ုပ္တို႔ တစ္ဉီးႏွင့္ တစ္ဉီး ခ်စ္ၾကပါတယ္။ သို႔ေပမဲ့ အဲဒီခ်စ္ျခင္းက ၾကာရွည္မခံပါဘူး။

သို႔ေပမဲ့ ကြၽႏ္ုပ္တို႔ သႏၷိဠာန္ျပဳခဲ့တယ္။ ကြာရွင္းျပတ္စဲျခင္းကို ေ႐ြးခ်ယ္စရာအျဖစ္ မေ႐ြးဘူးဆိုၿပီး ဆုံးျဖတ္ခဲ့ ပါတယ္။ “အကယ္၍ ဤမတူညီျခင္းေတြက ကြၽႏ္ုပ္တို႔ကို သတ္ခဲ့သည္ရွိေတာင္ ကြၽႏ္ုပ္တို႔အေကာင္းဆုံး လုပ္ ေဆာင္မႈျပဳမည္”လို႔ ဆိုခဲ့ၾကသည္အတိုင္း အတတ္ႏိုင္ဆုံး လုပ္ေဆာင္ခဲ့ၾကတယ္။ ကြၽႏ္ုပ္တို႔ စိတ္ဆင္းရဲ ရလွ်င္ေတာင္ ေဆြးေႏြးအႀကံျပဳၾကတယ္။ တစ္ဉီးႏွင့္တစ္ဉီး၏ ကတိေပးမႈေတြကို တန္ဖိုးထားဖို႔ရန္ အနစ္နာခံခဲ့ ၾကတယ္။ ကြၽႏ္ုပ္တို႔ ႀကီးထြားတိုးတက္လာခဲ့တယ္။ လက္ထပ္ၿပီး (၂) ႏွစ္အတြင္းမွာ ႐ုန္းကန္ခဲ့ရေသာ္လည္း အဲဒီအတြက္ ယေန႔တြင္ ကြၽႏ္ုပ္တို႔အတြက္ ေကာင္းမြန္ျခင္းေတြ ျဖစ္လာေစပါတယ္။

အရႈံးမေပးပါႏွင့္။ ဆက္လက္လုပ္ေဆာင္ပါ။ မဆုတ္မနစ္ လုံ႔လထုတ္ပါ။ အေလ်ာ့မေပးပါႏွင့္။ ဘုရားသခင္၏ နိစၥထာဝရ လက္ေဆာင္မြန္ကို လက္မလႊတ္ေစႏွင့္။ ဘာေၾကာင့္လဲဆိုတဲ့ အဲဒီအတြက္ သင္လုပ္ေဆာင္မႈ ေတြျပဳရပါမည္။ စိတ္ဓါတ္ႀကံ့ခိုင္ျခင္းက အၿမဲတမ္း အက်ိဳးနပ္ရပါလိမ့္မည္။

ခ်စ္ျခင္းေမတၱာရွိဖို႔ရန္ ေလ့လာျခင္းက အသက္တာမွာ အႀကီးျမတ္ဆုံးေသာ သင္ခန္းစာတစ္ခုျဖစ္ပါတယ္။ အဲဒီအတြက္ေၾကာင့္ ဘုရားသခင္က သင့္ကို ဤေလာကသို႔ ပို႔ေဆာင္ခဲ့ျခင္းျဖစ္ပါတယ္။ သို႔ေပမဲ့လည္း ခ်စ္ျခင္းေမတၱာထားရွိဖို႔က အၿမဲတမ္းမလြယ္ကူပါဘူး။ တစ္စုံတစ္ေယာက္ကို ေမတၱာထားဖို႔က ခဲယဥ္းပါတယ္။

တည္ၿမဲတဲ့ ေမတၱာတစ္ခုက “လွ်ိဳ႕ဝွက္ခ်က္” တကယ္မရွိပါဘူး။ သို႔ေသာ္ျငားလည္း ဘုရားသခင္၏ ခ်စ္ျခင္းက သင္၌ စီးဆင္းေစမႈလိုပါတယ္။ ဖိလိပၸိ ၂:၅ “ေယရႈခရစ္၌ရွိေသာ ထိုစိတ္သေဘာကို သင္တို႔၌လည္း ရွိေစၾက ေလာ့။” လူတို႔၏ ေမတၱာက ၿငီးေငြ႕စရာေကာင္းပါတယ္။ ဒါေၾကာင့္ သခင္ခရစ္ေတာ္၏ ခ်စ္ျခင္းသည္ သင္၌ရွိေစဖို႔ရန္ လိုအပ္ျခင္းက တျခားသူေတြကိုလည္း တည္ၿမဲေသာ ခ်စ္ျခင္းေမတၱာထားႏိုင္ဖို႔ရန္ ျဖစ္ပါတယ္။ ပထမဉီးစြာ သင္၏အသက္တာကို သခင္ခရစ္ေတာ္ႏွင့္ ပြင့္လင္းစြာထားရွိရပါမည္။ သို႔မွာသာ တျခားသူေတြကို သင့္အားျဖင့္ ေမတၱာထားႏိုင္ပါမည္။

ဆင္ျခင္ရန္
-ေပါင္းသင္းဆက္ဆံေရးတြင္ တည္ၿမဲေသာခ်စ္ျခင္းေမတၱာကို ထိန္းသိမ္းႏိုင္ဖို႔ရန္ မည္ကဲ့သို႔ သင္ ၿမဲၿမံေနရ မည္နည္း။ ရလဒ္အေနျဖင့္ သင္၏ဆက္ဆံေရးသည္ မည္ကဲ့သို႔ ႀကီးထြားလာခဲ့ပါသနည္း။
-အသက္တာရွိ တျခားေသာ သင္ခန္းစာေတြ၊ ေလ့လာသင္ယူမႈေတြထက္ မည္ကဲ့သို႔ ေမတၱာထားရွိဖို႔ ေလ့လာရန္ ဘုရားရွင္က အလိုေတာ္ရွိေနတယ္လို႔ ဘာေၾကာင့္မ်ား သင္ထင္ျမင္ပါသနည္း။
-သင့္အတြက္ ခရစ္ေတာ္ျပခဲ့ေသာ ခ်စ္ျခင္းေမတၱာသည္ မည္ကဲ့သို႔နည္း။ သခင္ခရစ္ေတာ္နည္းတူ ပိုမိုေမတၱာထားႏိုင္ဖို႔ရန္ မည္ကဲ့သို႔ သင္ေလ့လာႏိုင္မည္နည္း။