Unicode Version
---------------------------------------------------------------------------------
Zawgyi Version
ဆာလံ ၁၆:၁၁ “အသက်ရှင်ခြင်း
လမ်းကို ပြညွှန်တော်မူလိမ့် မည်။ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်း အခွင့် နှင့်
လက်ျာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့် ရှိပါ၏။”
ထာဝရဘုရား၌ မရိုးသားခြင်းနှင့်
ပတ်သက်ပြီး ပြောစရာ အကြောင်းအရာများစွာရှိနေတယ် ဆိုတာကို သင်သဘောပေါက် နည်းလည်ခဲ့ပါသလား။
သုတ္တံ ၁၆:၁၁ “မှန်သောအလေးနှင့်
မှန်သောချိန်ခွင်သည် ထာဝရဘုရား၏ဥစ္စာဖြစ်၏။ အလေးအိတ်၌ပါသမျှသော အလေးတို့သည် စီရင်တော်မူရာ
ဖြစ်ကြ၏။”
သုတ္တံ ၁၉:၁ “ကောက်လိမ်သော
စကားကိုသုံးတတ်သော လူမိုက်ထက်၊ ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သော ဆင်းရဲ သူသည်သာ၍ ကောင်း၏။”
မဿဲ ၁၆:၂၆ “လူသည် ဤစကြဝဠာကို
အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို
အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။”
သင်၏ဘဏ္ဍာရေးကိစ္စတွေမှာ
ဘုရားသခင်၏ကောင်းချီးလိုချင်ပါလျှင် သင်ရိုးသားဖို့လိုပါတယ်။ လူတွေကို
နှပ်ချလို့မရနိုင်ပါဘူး။
သုတ္တံ ၁၀:၂၂ “ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေ
တတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်း နည်းခြင်းအကြောင်းကို ရောနှော တော်မမူ။”
ငွေကြေးနှင့်ပတ်သက်ပြီး
မရိုးမဖြောင့်လုပ်ဆောင်သောသူ တစ်ဉီးဉီးကို သင်သိပါသလား။ အဲဒီလို လုပ်ဆောင်ခြင်း အတွက်
သူတို့မှာ ပြသနာကျရောက်လာတာရှိပါသလား။ မရိုးသားခြင်းအတွက် အမြဲတမ်း အကျိုးရလဒ်ရတော့
ရှိပါတယ်။ သတိရပါ။ သင်စိုက်သည့်အတိုင်း ရိတ်သိမ်းရပါမည်။ သူတစ်ပါးအပေါ် သင်မရိုးသားသည့်အတွက်
အဲဒီမရိုးသားခြင်းတွေ သင့်ဆီပြန်လာပါမည်။ သင်ချုပ်နှောင်ခြင်း မခံရပါလို့ သင်တွေးထင်သော်ငြားလည်း
တစ်စုံတစ်ခုသည် အလျင်အမြန်ဆိုက် ရောက်လာပါမည်။ ဘုရားသခင်ကို အဘယ်သူမျှ မလှည့်စားနိုင်ပါဘူး။
မည်သို့သောအရာကို စိုက်ပျိုးသမျှအတွက်
သင်ဧကန်အမှန် ရိတ်သိမ်းရပါမည်။ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်း၏ အခြေခံသဘောတရားသည်
ငွေကြေးအပေါ်မှာ ရိုးသားခြင်း၏ အရေးပါမှုဖြစ်ကြောင်းကို ပြင်းထန်စွာ သတိပေး ထားခြင်းဖြစ်ပါတယ်။
တစ်ခါတစ်ရံတွင် ရှေ့ဆက်မည့်ခရီးမှာ
ဖိအားပေးမှုတွေ (သို့) ဖိအားပေးခံရတာတွေ စိတ်ထိခိုက်ရ တာတွရှိပါတယ်။ ယုံကြည်သူဖြစ်သည့်တိုင်
စုံစမ်းမှုတွေဖြင့် ကျွန်ုပ်တို့၏ကျင့်ဝတ်ကို အပေးအယူပြုကြပါတယ်။ ဖြတ်လမ်းနည်းဖြင့်
အမှန်တရားကို အရောင်းဆိုးကောင်း ဆိုးကြမည်။
တစ်ခုခု၏တန်ဖိုးကို
အလွန်အကျွံသတ်မှတ်ခြင်း (သို့) ကျွန်ုပ်တို့ရောင်းလိုက်တဲ့အရာမှာ မှားယွင်းမှု ၊
ချို့တဲ့မှု တစ်စုံတစ်ရာရှိပေမဲ့ ရောင်းလိုက်တဲ့သူကို မပြောခြင်း (သို့) တကယ်မရှိသော
အခွန်ပေါ်မှာ ဖြတ်တောက်ယူခြင်း (သို့) အခြေအနေတစ်ခုမှာ ကျွန်ုပ်တို့ အမှန်တရားကို
မပြောခြင်းတွေ ဖြစ်ကောင်းဖြစ်မည်။
သင်၏ ရိုးသားမှု ၊ သမာသမတ် ရှိမှုတွေကို ထိန်းသိမ်းပြီး
လိုအပ်သောအရာ အကူအညီကို ဘုရားသခင်ထံ တောင်းလျှောက်ပါလျှင် ဘုရားသခင် ဖြည့်ဆည်းပေးမယ်လို့
ဆိုထားပါတယ်။ ရှေ့ဆက်သွားမည့်ခရီးတွင် မရိုးမသား ဖြစ်ဖို့ရန် မလိုအပ်ပါ။
နေ့စဉ်အသက်တာတွင်
နာခံခြင်းကို ရွေးချယ်ဖို့သာ လိုအပ်ပါတယ်။ သင်၏ စိတ်နှလုံး နှင့် လုပ်ဆောင်မှုတွေကို
ဘုရားသခင် မြင်ပါတယ်။ သင်၏ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေမှာ ရိုးသားမှုကို ရွေးချယ်တဲ့အခါမှာ
ဘုရားသခင် ကောင်းချီး ပေးပါလိမ့်မည်။
ဆင်ခြင်ရန်
- သင့်အလုပ်တွင်
စီးပွားရေးကိစ္စတွေကို ကိုင်တွယ်ရတာတွေ နေ့စဉ်နေ့တိုင်း မရှိတာဖြစ်နိုင်ပါတယ်။ သို့ပေမဲ့
သင်၏ဘဏ္ဍာရေးကိစ္စတွေမှာ သင်၏ရိုးသားမှုကို မည်ကဲ့သို့သော နည်းလမ်းဖြင့် သင်ဖော်ပြနိုင်မည်နည်း။
- ခရစ်ယာန်တစ်ဉီးအနေဖြင့်
တာဝန်ယူမှုရှိရန် အဘယ်ကြောင့် အရေးကြီးပါသနည်း။
-သင်၏ဘဏ္ဍာရေးနှင့်
ပတ်သက်၍ တာဝန်ယူမှုရှိသော ရွေးချယ်မှုကို ပြုလုပ်ရာတွင် ရေရှည်ရှုဒေါင့်ကို
ဆက်လက်ထိန်း သိမ်းထားရန် မည်ကဲ့သို့ အကူအညီဖြစ်စေသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်