Unicode Version
---------------------------------------------------------------------------------
Zawgyi Version
သခင်ခရစ်တော်သင့်ကို ယုံကြည်သည်အတိုင်း တခြားသူတွေကို ယုံကြည်ပါ။
ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၃:၇“ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။”
သခင်ခရစ်တော်သင့်ကို
ယုံကြည်သည်။ သမ္မာကျမ်းစာတွင် သက်သေအထောက်အထား များစွာရှိပါသည်။ ရှင်မာကုခရစ်ဝင် ၉:၂၃ “ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။
ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ၏။”
မသဲ ၂၁:၂၁ “ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ယုံမှားခြင်းနှင့်ကင်းသော
ယုံကြည်ခြင်းရှိလျှင်၊ … ဆိုသည်အတိုင်း ဖြစ်လိမ့်မည်။”
သခင်ခရစ်တော်ကို
ယုံကြည်သည်အတိုင်း အရာရာကို လုပ်ဆောင်နိုင်ခြင်းက သင်၏ယုံကြည်မှုကို သူ၌တည်ပြီး သန့်ရှင်းသောဝိညာဉ်တော်သည်
သင့်အထဲ၌ရှိနေခြင်းကြောင့်ဖြစ်ပါတယ်။ ဤအရာကို တမန်တော်ရှင်ပေါလုက တိုက်တွန်းနှိုးဆော်ထားပါတယ်။
ရောမ ၁:၁၂ “ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သော အားဖြင့်
အချင်းချင်း အားရသက်သာခြင်းသို့ ရောက်ကြ မည်အကြောင်းကို ဆိုလိုသတည်း။”
ကိုယ့်ကိုယ်ကို
တန်ဖိုးထားမှုနည်းပါးသော လူတွေနှင့် နေ့ရက်တိုင်းမှာ သင်ကြုံတွေ့ရပါမည်။ လူတိုင်းမှာ
မရေရာတဲ့ လုံခြုံမှုတွေရှိနေတယ်။ လူအများစုသည် သူတို့ကို တစ်စုံတစ်ယောက်က ပြောခဲ့ဖူးတဲ့
“နင်ဘာမှလုပ်နိုင်တာမရှိဘူး” ဆိုတဲ့စကားကိုဘဲ စိတ်ထဲမှာ
တိပ်ခွေကို အကြိမ်ကြိမ်ပြုသလို ပြန်လည် တွေးတောနေတတ်ကြပါတယ်။
အဲဒီလို
မနှစ်မြို့စရာတွေကို လူတွေ မည်ကဲ့သို့ ဖယ်ရှားနိုင်မည်နည်း။ တခြားသူတွေ ပြောဆိုနေတာတွေကို
ယုံကြည်နေ့မည့်အစား သခင်ခရစ်တော်သူတို့နှင့်ပတ်သက်ပြီးပြောဆိုထားတာတွေကို စတင်ယုံကြည်စေဖို့ရန်
သင်ကူညီနိုင်ပါတယ်။
သမ္မာကျမ်းစာတွင်ဖော်ပြထားသည်မှာ
ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၃:၇“ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ် ၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသော အရာကို သည်းခံ တတ်၏။”
ဤအရာသည်
ဘုရားသခင် သင့်ကို ပြုစေလိုသောအရာဖြစ်ပါတယ်။ သင်၏သစ္စာရှိမှု တွေကို ဖော်ပြဖို့အလို
တော်ရှိခြင်းမှာ တခြားသူတွေနှင့်ပတ်သက်တဲ့ ဘုရား၏ပြောဆိုထားမှုတွေကို သူတို့ယုံကြည်နိုင်မည်ဖြစ်သည်။
ကျွန်ုပ်တို့လုပ်ဆောင်နိုင်သော
အကောင်းဆုံးသောနည်းလမ်းမှာ အသင်းတော်တွင် အသင်းအဖွဲ့ဖြင့် တည်နေခြင်း ဖြစ်ပါတယ်။ သင်၌ခက်ခဲတဲ့
ရက်သတ္တပတ်တစ်ခုရှိနေပြီး သံသယဝင်ခြင်းနှင့် စိတ်ဓါတ်ကျလာ တဲ့အခါမှာ သင့်အတွက်ယုံကြည်မှုတည်နိုင်ဖို့ရန်
ယုံကြည်ရသော အသင်းအဖွဲ့ငယ်လေးကို သင်လိုအပ်ပါတယ်။ ပြီးတော့ သင်သည်လည်း ဤနည်းအတိုင်းလုပ်ဆောင်နိုင်ပါတယ်။
သခင်ခရစ်တော်ကို ယုံကြည်သောသူတို့သည် ယုံကြည်ရုံနှင့် မပြီးပါ။ တစ်ဉီးကို တစ်ဉီးလည်း
ယုံကြည်ကြရပါတယ်။
သင်၏ယုံကြည်ခြင်းအားဖြင့်
တခြားသူများ၏ယုံကြည်ခြင်းကို တိုးပွားစေပြီး သင့်ကို သခင်ခရစ်တော် ယုံကြည် သကဲ့သို့
သင်လည်း တခြားသူတွေကို ယုံကြည်လို့ရပါသည်။
ဆင်ခြင်ရန်
-သခင်ခရစ်တော်
သင့်ကို ယုံကြည်သည်အတိုင်း သင့်ကိုယ်သင်ယုံကြည်ရဖို့ရန် မည်သို့သော အတားအဆီးတွေ ရှိပါသနည်း။
-လူတို့သည်
သူတို့ကိုယ် သူတို့ ဘုရားမြင်သည့်အတိုင်း မြင်နိုင်ဖို့ရန် ဘာကြောင့်များ အရေးကြီးပါသနည်း။
-သင်၌ ယုံကြည်မှု
အားနည်းနေတယ်လို့ သင်ထင်မြင်တဲ့အခါ အသင်းတော် ၊ အသင်းအဖွဲ့လေးကနေ သင့်ကို ယုံကြည်ခြင်းအရာ၌
မည်ကြံသို့ အကူအညီဖြစ်စေပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်