Being Content is a Learning Process

Unicode Version


ရောင့်ရဲတင်းတိမ်မှုရှိခြင်းသည် လေ့လာသင်ယူခြင်းဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
ကောရိန္သုဩဝါဒစာ ပဌမစောင် ၄:၇-၈ “ထိုမှတပါး၊ အဘယ်သူသည် သင့်ကိုထူးခြားစေသနည်း။ သူတပါးလက်မှ မခံမယူဘဲ အလိုအလျောက်ရသော အရာတစုံတခုမျှ သင်၌ရှိသလော။ သူတပါးလက်မှ ခံယူသည်မှန်လျှင်၊ မခံမယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။ ယခုတွင် သင်တို့သည် ကြွယ်ဝကြ၏။ ငွေရ တတ်ကြ၏။ ငါတို့ မရှိစဉ်တွင်စိုးစံကြ၏။ ငါတို့သည် သင်တို့နှင့်အတူ စိုးစံရသော အခွင့်ရှိမည်အကြောင်း၊ သင်တို့ကို အမှန်စိုးစံစေ ခြင်းငှါ အလိုရှိ၏။”

ကျွန်ုပ်တို့၌ မဖြစ်လာခဲ့သော အရာ ၊ မပိုင်ဆိုင်သော အရာတွေအပေါ် အလွန်အမင်းအာရုံစိုက်နေမည့်အစား ကျွန်ုပ်တို့ မှာရှိနေတဲ့ အရာတွေအတွက် ကျေးဇူးတော်ချီးမွမ်းနိုင်ပါတယ်။ ဒီအရာတွေက ကျွန်ုပ်အတွက်တော့ သဘာဝ အတိုင်း မဖြစ်လာပါ။ သင်၌လည်း ထိုနည်း၄င်းပင်ဖြစ်မည်။ တမန်တော်ရှင်ပေါလုက “ရောင့်ရဲတတ်ရန် သင်ယူခဲ့ပြီးပြီ” လို့ဆိုခဲ့ပါတယ်။ ရောင့်ရဲတင်းတိမ်မှုရှိခြင်းက လေ့လာသင်ယူခြင်းဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

သမ္မာကျမ်းစာတွင်ဖော်ပြထားသည်မှာ ကောရိန္သုဩဝါဒစာ ပဌမစောင် ၄:၇-၈ သူတပါးလက်မှ မခံမယူဘဲ အလိုအလျောက်ရသော အရာတစုံတခုမျှ သင်၌ရှိသလော။ သူတပါးလက်မှ ခံယူသည်မှန်လျှင်၊ မခံမယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။ ယခုတွင် သင်တို့သည် ကြွယ်ဝကြ၏။ ငွေရ တတ်ကြ၏။”

မနာလိုဖြစ်ခြင်းသည် သင်ပိုပြီးပျော်ရွှင်ရဖို့အတွက် လိုအပ်မှုဆိုတဲ့ တစ်စုံတစ်ရာပေါ်မှာ မူတည်ပါတယ်။ မနာလိုဖြစ်ခြင်းသည် သူတစ်ပါးကို အမြဲတမ်းကြည့်ပြီး “ဘာကြောင့်သူတို့မှာဖြစ်ရသလဲ” ၊ “ဘာကြောင့်သူတို့မှ ထိုက်တန်ရသလဲ ၊ သူတို့လိုမျိုး ငါထိုက်တန်ပါတယ်” ဆိုပြီး မေးခွန်းတွေ ထုတ်ပါတယ်။ သို့ပေမဲ့ ကျေးဇူတင်ခြင်းအသက်တာအားဖြင့် “ငါ၌ဘာကြောင့် ဖြစ်ရသလဲ” ဘုရားဘာကြောင့် ငါ့ကို ပေးလိုက်တာလဲ”။ ငါ့မှာရှိနေတာတွေက ငါနှင့် မထိုက်တန်ဘဲရနေတာ ကျေးဇူးတော်ကြောင့်သာဖြစ်ပါတယ်။” ဤအရာတွေက ကျွန်ုပ်တို့၏ ရှုထောင့်အမြင်တွေကို လုံးဝလှန်လှောလိုက်ခြင်းဖြစ်ပါတယ်။

မနာလိုခြင်းအရာတွေမှာ ကျွန်ုပ်တို့ ရုန်းကန်နေရပေမဲ့လည်း ဝန်ခံဖို့ကတော့ ခက်ခဲနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဤအရာတွေက ရုပ်ဆိုးတဲ့ စိတ်ခံစားချက်တွေကြောင့် ဖြစ်ပါတယ်။ သူတစ်ပါးကို မနာလိုဖြစ်တဲ့အခါမှာ သူတို့တွေကို ကျရှုံးဖို့ရန် သင်အလိုရှိလာမည်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ သင့်လောက်မပိုင်ဆိုင်ရဘူးဆိုတဲ့ အရာပေါ် သင်၏ခံစားချက်ကို ပိုပြီး ကောင်းစေလို့ဖြစ်တယ်။ ဤကဲ့သို့ဖြစ်ခြင်းက ရူးမိုက်တယ်မဟုတ်လား။ အကယ်၍ ကျွန်ုပ်တို့ ပိုင်ဆိုင်ထားသည့်အရာပေါ် ကျေးဇူးတင်ခြင်း အသက်တာဖြင့် လေ့လာသင်ယူမယ်ဆိုလျှင် မနာလိုဖြစ်စေတဲ့ ခံစားချက်တွေကို ရှင်းထုတ်ဖို့ရန် စတင်မှုပြု နိုင်ပါမည်။

မနာလိုခြင်းသည် မိမိ၏ပန်းတိုင် ၊ အိမ်မက် နှင့် လိုအင်ဆန္ဒတွေကို ပိုင်ဆိုင်ခြင်းမျိုး မဟုတ်ဘူးဆိုတာကိုတော့ နားလည်ထားဖို့ အင်မတန်အရေးကြီးပါတယ်။ အဲဒီအရာတွေကို ပိုင်ဆိုင်ရခြင်းက ကောင်းပါတယ်။ မနာလိုခြင်းသည် တစ်စုံတစ်ခုကို မျှော်လင့်ခြင်း (သို့) အသက်တာတွင် ဖြစ်လာနိုင်မည့်တစ်စုံတစ်ရာကို မျှော်လင့်ခြင်း (သို့) တစ်စုံတစ်ခုကို ရသင့်တယ်လို့ တွေးမြင်ခြင်း မဟုတ်ပါ။

မနာလိုခြင်းဆိုတာ သင်မရောက်ရှိသေးတဲ့ ပန်းတိုင် (သို့) သင်ဆန္ဒရှိနေသောအရာကို တစ်စုံတစ်ဉီးက ရရှိခဲ့ခြင်းပေါ် မကျေမချမ်း ဖြစ်ခြင်းကို ဆိုလိုပါသည်။ မနာလိုခြင်းသည် သင်၏ပန်းတိုင် (သို့) လိုအင်ဆန္ဒတွေကို မရမချင်း သင့်ကို မပျော်ရွှင်စေသည့်ပြင် သင်ပိုင်ဆိုင်ထားသည့်အရာပေါ်တွင်လည်း ကျေးဇူးတင်ခြင်း မရှိစေပါ။

ကျွန်ုပ်တို့မှာ လိုအပ်နေသည်ထက်ကို ပိုမိုရရှိပိုင်ဆိုင်ထားတယ်လို့ သမ္မာကျမ်းစာက ဖော်ပြထားပါတယ်။ ကျွန်ုပ်တို့အသက်တာမှာ ကောင်းသောအရာမှန်သမျှတွေသည် ဘုရားသခင်ဆီမှ လာသော ကောင်းချီးမင်္ဂလာတွေ ဖြစ်ပြီး မည်သို့သောအချိန်တွင် မည်ကဲ့သို့ ကောင်းချီးပေးဖို့ ဆုံးဖြတ်ခြင်းက ဘုရားသခင်နှင့်သာ သက်ဆိုင် ပါတယ်။ ကျွန်ုပ်တို့ကို ပေးသနားတော်မူသော အရာတွေအားဖြင့် လုပ်ဆောင်သောအရာတွေနှင့် ကျေးဇူးတင်ခြင်း အသက်တာဖြစ်ဖို့ရန် ရွေးချယ်ဖို့က ကျွန်ုပ်တို့အပေါ်မှာ မူတည်ပါတယ်။

ဒေသနာကျမ်း ၆:၉ “ကိုယ်တိုင်တွေ့မြင်ခြင်း အကျိုးသည် လောဘ ပြန့်ပွားခြင်း အကျိုးထက်သာ၍ ကြီး၏။ ထိုအမှုအရာ သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။

ဆင်ခြင်ရန်
-“သူတစ်ပါးကို မနာလိုဖြစ်တဲ့အခါမှာ သူတို့တွေကို သင်ကျရှုံးစေခြင်းတွေဖြစ်ပေါ်ခြင်းက သင့်၏ပိုင်ဆိုင်မှုက သူတို့ထက်ပိုများရင် သင်၏စိတ်ခံစားချက်ကို ပိုပြီးသက်သာစေလို့ဖြစ်တယ်။” ဤဖော်ပြသောအကြောင်းအရာက တခြားသူတွေအပေါ် သင်ခံစားရသည့် မနာလိုမှုကို ဆန်းစစ်ရန် သင့်အားမည်ကဲ့သို့ စိန်ခေါ်မှုဖြစ်စေသနည်း။
-ကျေးဇူးတင်ခြင်းအရာကို ယနေ့တွင်ကျင့်သုံးနိုင်စေမည့် လက်တွေ့ကျသော နည်းလမ်းကား မည်သို့နည်း။



---------------------------------------------------------------------------------


Zawgyi Version


ေရာင့္ရဲတင္းတိမ္မႈရွိျခင္းသည္ ေလ့လာသင္ယူျခင္းျဖစ္စဥ္တစ္ခု ျဖစ္ပါတယ္။
ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၄:၇-၈ “ထိုမွတပါး၊ အဘယ္သူသည္ သင့္ကိုထူးျခားေစသနည္း။ သူတပါးလက္မွ မခံမယူဘဲ အလိုအေလ်ာက္ရေသာ အရာတစုံတခုမွ် သင္၌ရွိသေလာ။ သူတပါးလက္မွ ခံယူသည္မွန္လွ်င္၊ မခံမယူသကဲ့သို႔ အဘယ္ေၾကာင့္ ဝါႂကြားသနည္း။ ယခုတြင္ သင္တို႔သည္ ႂကြယ္ဝၾက၏။ ေငြရ တတ္ၾက၏။ ငါတို႔ မရွိစဥ္တြင္စိုးစံၾက၏။ ငါတို႔သည္ သင္တို႔ႏွင့္အတူ စိုးစံရေသာ အခြင့္ရွိမည္အေၾကာင္း၊ သင္တို႔ကို အမွန္စိုးစံေစ ျခင္းငွါ အလိုရွိ၏။”

ကြၽႏ္ုပ္တို႔၌ မျဖစ္လာခဲ့ေသာ အရာ ၊ မပိုင္ဆိုင္ေသာ အရာေတြအေပၚ အလြန္အမင္းအာ႐ုံစိုက္ေနမည့္အစား ကြၽႏ္ုပ္တို႔ မွာရွိေနတဲ့ အရာေတြအတြက္ ေက်းဇူးေတာ္ခ်ီးမြမ္းႏိုင္ပါတယ္။ ဒီအရာေတြက ကြၽႏ္ုပ္အတြက္ေတာ့ သဘာဝ အတိုင္း မျဖစ္လာပါ။ သင္၌လည္း ထိုနည္း၄င္းပင္ျဖစ္မည္။ တမန္ေတာ္ရွင္ေပါလုက “ေရာင့္ရဲတတ္ရန္ သင္ယူခဲ့ၿပီးၿပီ” လို႔ဆိုခဲ့ပါတယ္။ ေရာင့္ရဲတင္းတိမ္မႈရွိျခင္းက ေလ့လာသင္ယူျခင္းျဖစ္စဥ္တစ္ခု ျဖစ္ပါတယ္။

သမၼာက်မ္းစာတြင္ေဖာ္ျပထားသည္မွာ ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၄:၇-၈ “သူတပါးလက္မွ မခံမယူဘဲ အလိုအေလ်ာက္ရေသာ အရာတစုံတခုမွ် သင္၌ရွိသေလာ။ သူတပါးလက္မွ ခံယူသည္မွန္လွ်င္၊ မခံမယူသကဲ့သို႔ အဘယ္ေၾကာင့္ ဝါႂကြားသနည္း။ ယခုတြင္ သင္တို႔သည္ ႂကြယ္ဝၾက၏။ ေငြရ တတ္ၾက၏။” 

မနာလိုျဖစ္ျခင္းသည္ သင္ပိုၿပီးေပ်ာ္႐ႊင္ရဖို႔အတြက္ လိုအပ္မႈဆိုတဲ့ တစ္စုံတစ္ရာေပၚမွာ မူတည္ပါတယ္။ မနာလိုျဖစ္ျခင္းသည္ သူတစ္ပါးကို အၿမဲတမ္းၾကည့္ၿပီး “ဘာေၾကာင့္သူတို႔မွာျဖစ္ရသလဲ” ၊ “ဘာေၾကာင့္သူတို႔မွ ထိုက္တန္ရသလဲ ၊ သူတို႔လိုမ်ိဳး ငါထိုက္တန္ပါတယ္” ဆိုၿပီး ေမးခြန္းေတြ ထုတ္ပါတယ္။ သို႔ေပမဲ့ ေက်းဇူတင္ျခင္းအသက္တာအားျဖင့္ “ငါ၌ဘာေၾကာင့္ ျဖစ္ရသလဲ” ဘုရားဘာေၾကာင့္ ငါ့ကို ေပးလိုက္တာလဲ”။ ငါ့မွာရွိေနတာေတြက ငါႏွင့္ မထိုက္တန္ဘဲရေနတာ ေက်းဇူးေတာ္ေၾကာင့္သာျဖစ္ပါတယ္။” ဤအရာေတြက ကြၽႏ္ုပ္တို႔၏ ရႈေထာင့္အျမင္ေတြကို လုံးဝလွန္ေလွာလိုက္ျခင္းျဖစ္ပါတယ္။

မနာလိုျခင္းအရာေတြမွာ ကြၽႏ္ုပ္တို႔ ႐ုန္းကန္ေနရေပမဲ့လည္း ဝန္ခံဖို႔ကေတာ့ ခက္ခဲေနပါတယ္။။ ဘာေၾကာင့္လဲ ဆိုေတာ့ ဤအရာေတြက ႐ုပ္ဆိုးတဲ့ စိတ္ခံစားခ်က္ေတြေၾကာင့္ ျဖစ္ပါတယ္။ သူတစ္ပါးကို မနာလိုျဖစ္တဲ့အခါမွာ သူတို႔ေတြကို က်ရႈံးဖို႔ရန္ သင္အလိုရွိလာမည္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔မွာ သင့္ေလာက္မပိုင္ဆိုင္ရဘူးဆိုတဲ့ အရာေပၚ သင္၏ခံစားခ်က္ကို ပိုၿပီး ေကာင္းေစလို႔ျဖစ္တယ္။ ဤကဲ့သို႔ျဖစ္ျခင္းက ႐ူးမိုက္တယ္မဟုတ္လား။ အကယ္၍ ကြၽႏ္ုပ္တို႔ ပိုင္ဆိုင္ထားသည့္အရာေပၚ ေက်းဇူးတင္ျခင္း အသက္တာျဖင့္ ေလ့လာသင္ယူမယ္ဆိုလွ်င္ မနာလိုျဖစ္ေစတဲ့ ခံစားခ်က္ေတြကို ရွင္းထုတ္ဖို႔ရန္ စတင္မႈျပဳ ႏိုင္ပါမည္။

မနာလိုျခင္းသည္ မိမိ၏ပန္းတိုင္ ၊ အိမ္မက္ ႏွင့္ လိုအင္ဆႏၵေတြကို ပိုင္ဆိုင္ျခင္းမ်ိဳး မဟုတ္ဘူးဆိုတာကိုေတာ့ နားလည္ထားဖို႔ အင္မတန္အေရးႀကီးပါတယ္။ အဲဒီအရာေတြကို ပိုင္ဆိုင္ရျခင္းက ေကာင္းပါတယ္။ မနာလိုျခင္းသည္ တစ္စုံတစ္ခုကို ေမွ်ာ္လင့္ျခင္း (သို႔) အသက္တာတြင္ ျဖစ္လာႏိုင္မည့္တစ္စုံတစ္ရာကို ေမွ်ာ္လင့္ျခင္း (သို႔) တစ္စုံတစ္ခုကို ရသင့္တယ္လို႔ ေတြးျမင္ျခင္း မဟုတ္ပါ။ 

မနာလိုျခင္းဆိုတာ သင္မေရာက္ရွိေသးတဲ့ ပန္းတိုင္ (သို႔) သင္ဆႏၵရွိေနေသာအရာကို တစ္စုံတစ္ဉီးက ရရွိခဲ့ျခင္းေပၚ မေက်မခ်မ္း ျဖစ္ျခင္းကို ဆိုလိုပါသည္။ မနာလိုျခင္းသည္ သင္၏ပန္းတိုင္ (သို႔) လိုအင္ဆႏၵေတြကို မရမခ်င္း သင့္ကို မေပ်ာ္႐ႊင္ေစသည့္ျပင္ သင္ပိုင္ဆိုင္ထားသည့္အရာေပၚတြင္လည္း ေက်းဇူးတင္ျခင္း မရွိေစပါ။

ကြၽႏ္ုပ္တို႔မွာ လိုအပ္ေနသည္ထက္ကို ပိုမိုရရွိပိုင္ဆိုင္ထားတယ္လို႔ သမၼာက်မ္းစာက ေဖာ္ျပထားပါတယ္။ ကြၽႏ္ုပ္တို႔အသက္တာမွာ ေကာင္းေသာအရာမွန္သမွ်ေတြသည္ ဘုရားသခင္ဆီမွ လာေသာ ေကာင္းခ်ီးမဂၤလာေတြ ျဖစ္ၿပီး မည္သို႔ေသာအခ်ိန္တြင္ မည္ကဲ့သို႔ ေကာင္းခ်ီးေပးဖို႔ ဆုံးျဖတ္ျခင္းက ဘုရားသခင္ႏွင့္သာ သက္ဆိုင္ ပါတယ္။ ကြၽႏ္ုပ္တို႔ကို ေပးသနားေတာ္မူေသာ အရာေတြအားျဖင့္ လုပ္ေဆာင္ေသာအရာေတြႏွင့္ ေက်းဇူးတင္ျခင္း အသက္တာျဖစ္ဖို႔ရန္ ေ႐ြးခ်ယ္ဖို႔က ကြၽႏ္ုပ္တို႔အေပၚမွာ မူတည္ပါတယ္။

ေဒသနာက်မ္း ၆:၉ “ကိုယ္တိုင္ေတြ႕ျမင္ျခင္း အက်ိဳးသည္ ေလာဘ ျပန္႔ပြားျခင္း အက်ိဳးထက္သာ၍ ႀကီး၏။ ထိုအမႈအရာ သည္ အနတၱအမႈ၊ ေလကိုက်က္စားေသာအမႈျဖစ္၏။”

ဆင္ျခင္ရန္
-“သူတစ္ပါးကို မနာလိုျဖစ္တဲ့အခါမွာ သူတို႔ေတြကို သင္က်ရႈံးေစျခင္းေတြျဖစ္ေပၚျခင္းက သင့္၏ပိုင္ဆိုင္မႈက သူတို႔ထက္ပိုမ်ားရင္ သင္၏စိတ္ခံစားခ်က္ကို ပိုၿပီးသက္သာေစလို႔ျဖစ္တယ္။” ဤေဖာ္ျပေသာအေၾကာင္းအရာက တျခားသူေတြအေပၚ သင္ခံစားရသည့္ မနာလိုမႈကို ဆန္းစစ္ရန္ သင့္အားမည္ကဲ့သို႔ စိန္ေခၚမႈျဖစ္ေစသနည္း။
-ေက်းဇူးတင္ျခင္းအရာကို ယေန႔တြင္က်င့္သုံးႏိုင္ေစမည့္ လက္ေတြ႕က်ေသာ နည္းလမ္းကား မည္သို႔နည္း။