Unicode Version
---------------------------------------------------------------------------------
Zawgyi Version
သူတစ်ပါးကို ကောင်းစွာမေတ္တာထားဖို့ရန် သင်အလွန်ပင်ပန်းနေပါသလား။
ဆာလံ ၁၁၉:၇၃ “ကိုယ်တော်၏ လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း၍၊ ပုံသဏ္ဍာန်ကိုပေးတော်မူပြီ။ ပညတ်တော် တို့ကို အကျွန်ုပ်သင်နိုင်သော ဉာဏ်နှင့် ပြည့်စုံစေတော်မူပါ။”
သင်ပင်ပန်းနေတဲ့အခါမှာ မေတ္တာထားဖို့ကို ခက်ခဲပါလိမ့်မည်။
ဤအရာသည်မှန်ကန်ပါသည်။ သင်၏ပေါင်းသင်ဆက်ဆံရေးတွင် ခန္ဓာပိုင်းဆိုင်ရာ အခြေအနေသည် ခိုင်မာတဲ့ အကျိုးသက်ရောက်မှုဖြစ်ပါတယ်။ လှုပ်ရှားတက်ကြွမှုရှိခြင်းက ကြီးမားမှုထူးခြားမှုကို ဖြစ်စေပါတယ်။
သင်လုံးပါးပါးနေတဲ့အချိန်မှာ သင်၏ပေါင်းသင်းဆက်ဆံရေးမှာ မည်သို့သော ဖြစ်ပျက်မှုတွေရှိပါသနည်း။ အများအားဖြင့် သေးငယ်သောအရာ လေးတွေကတောင် ကြီးမားတဲ့ ပြသနာဖြစ်လာတတ်ပါတယ်။ သင်၏ စွမ်းအင်တွေ လျော့နည်းနေတဲ့အချိန်မှာ သင်သည် တစ်ယူသန်စိတ်တွေ ၊ ကောက်တတ်တဲ့စိတ်တွေ ၊ ဝေဖန်ခုခံလို တဲ့စိတ်တွေ (သို့) ပိုပြီး အပြစ်မြင်တာတွေ ဖြစ်ကောင်းဖြစ်လာနိုင်သည်။
သူတစ်ပါးကို ကောင်းမွန်သော မေတ္တာထားစိတ်ထားရှိသူဖြစ်လာဖို့ရန် သင်ဝန်ခံပါလျှင် သင်၏ခန္ဓာပိုင်းဆိုင်ရာ မှာလည်း ပြန်လည် အားသစ်လောင်းစေမည့်အလေ့အထတွေကို ဖွံ့ဖြိုးတိုးတက်စေပါ။ သမ္မာကျမ်းစာက ကျန်းမာခြင်းနှင့်ပတ်သက်ပြီး များစွာသော အခြေခံသဘောတရားတွေကို သင်ကြားပေးပါတယ်။ သို့ပေမဲ အခြေခံအကျဆုံးသော (၃) မျိုးမှာ သင့်တော်သော အနားယူခြင်း ၊ မျှတသော အစားအစာ နှင့် ပုံမှန် လေ့ကျင့် ခန်းတို့ ဖြစ်ပါတယ်။
သင့်တော်သော အနားယူခြင်း
ဆာလံ ၁၂၇:၂ “စောစောထလျက်၊ ညဉ့်နက်သည်တိုင်အောင် မအိပ်ဘဲနေလျက်၊ ပင်ပန်းစွာ အစာစားလျက် နေသော် လည်း အကျိုးမရှိ။ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူ သော သူအားအမှန်ပေးတော်မူ၏။” သင်၏ သားသမီး ၊ ခင်ပွန်း (သို့) အိမ်အကူ တွေကို မေတ္တာထားဖို့ရန် အလွန်ပင်ပန်းနေပါလျှင် သင်၏ပြသနာသည် ဝိညာဉ်ပိုင်းဆိုင်ရာတွင် မဟုတ်ဘဲ ခန္ဓာပိုင်းဆိုင်ရာတွင်ဉီးစွာ ဖြစ်နေခြင်းဖြစ်ပါတယ်။ တစ်ညလုံးကောင်းစွာ အိပ်စက်အနားယူပြီး နောက်တွင် အရာအရာကို ကောင်းသောအမြင်ဖြင့် ပိုပြီးမြင်ရသည်မှာ အံ့ဩဖွယ်ရာ ဖြစ်ပါတယ်။
မျှတသော အစားအစာ
သမ္မာကျမ်းစာက ပြောထားသည်မှာ ဆာလံ ၁၁၉:၇၃ “ကိုယ်တော်၏ လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း၍၊ ပုံသဏ္ဍာန်ကိုပေးတော်မူပြီ။ ပညတ်တော်တို့ကို အကျွန်ုပ်သင်နိုင်သော ဉာဏ်နှင့် ပြည့်စုံစေတော်မူပါ။” ဘုရားသခင်က ကျွန်ုပ်တို့အတွက် အံ့ဩဖွယ်သော ကြည်နူးမှုတွေမှာ ဝမ်းမြောက်နိုင်ဖို့နှင့် အရသာတွေ့နိုင်ဖို့ အတွက် ပံ့ပိုးပေးထားပါတယ်။ အစားအသောက်မှာ ပျော်မွေ့စေရန်ရည်ရွယ်ပါသည်။ သိုပေမဲ့ ကျွန်ုပ်တို့၏ ခန္ဓာထဲကို ဘယ်လိုကောင်းသောအရာတွေ ထည့်မလဲ ၊ မကောင်းတဲ့အရာကို ရှောင်ကျဉ်မလဲဆိုတာကို သိရှိဖို့ရန် အသိပညာကိုပါ ပေးထားပါ တယ်။ အဲဒါတွေကို လုပ်ဆောင်ရုံပါဘဲ။
ပုံမှန်လေ့ကျင့်ခန်း
ကောရိန္သုဩဝါဒစာ ပဌမစောင် ၆:၂၀ “သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသော သူဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော် မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကိုထင်ရှား စေကြလော့။” ပင်ပန်းနွမ်းနွယ်မှုကို ကျော်လွှားနိုင်ဖို့ရန် ပုံမှန်လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ဖို့တော့လိုပါတယ်။ လေ့ကျင့်မှုတွေသည် သင်၏စွမ်းအားတွေကို ကုန်ခမ်းသွားစေတာ မဟုတ်ဘူးဆိုတာကို လေ့လာရင်း သိရှိသွားပါ မည်။
သင့်၏ အသက်တာကို မောပန်းစွာ ဖြတ်သန်းရဖို့ကို ဘုရားသခင်ဘယ်တော့မှ မရည်ရွယ်ပါ။ သူတစ်ပါးကို မေတ္တာ ထားဖို့ရန် သင်အလွန်ပင်ပန်းနေပါလျှင် သင်မည်မျှအနားယူသည် ၊ ဘာကို စားနေသည်၊ ဘယ်လို့လေ့ကျင့် ခန်းတွေ လုပ်ဆောင်သည် စသောအရာတို့ကို ပြန်လည်ကြည့်ရှုပါ။ ပြီးနောက် သင်ကိုယ်တိုင် ဂရုစိုက်ရန် ပိုကောင်းသော အရာများနှင့် မကြာခဏပို၍ ခက်ခဲသော ရွေးချယ်မှုများကို ပြုပါ။ သင်နှင့် သင်ချစ်ရသောသူ တို့သည် ရေရှည်တွင် သာ၍အကျိုးရှိလိမ့်မည်။
ဆင်ခြင်ရန်
-လုံလောက်စွာအနားယူခြင်းထက် သင်မည်သို့သောအရာများကို ဉီးစားပေးလေ့ရှိပါသနည်း။ အဲဒီအရာတွေက သင်၏ကျန်းမားရေးထက် ပိုပြီး အရေးကြီးပါသလား။
-သင်မလိုက်နာဘဲ စားချင်သလိုစားနေခြင်းနှင့် ပတ်သက်ပြီး ဘုရားသခင်က သင့်ကို မည်သို့သောနည်းများဖြင့် ဉာဏ်ပညာပေးထားပါသနည်း။
-လေ့ကျင့်ခန်းပြုဖို့ရန် သင်အလွန်ပင်ပန်းတယ်လို့ထင်ပါလျှင် မည်ကဲ့သို့အရာတွေဖြင့် သင်၏စွမ်းအင်တွေကို ပြန်လည်ရရှိစေမည်နည်း။ သင်၏ခံစားချက်ကို သိရှိရန် လာမည့်ရက်အနည်းငယ်အတွင်း နေ့စဉ်မိနစ် (၃၀) လမ်းလျှောက်ခြင်းကဲ့သို့ ရိုးစင်းသော လေ့ကျင့်ခန်းတစ်ခုကို ကြိုးစားလိုပါသလား။
---------------------------------------------------------------------------------
Zawgyi Version
သူတစ္ပါးကို ေကာင္းစြာေမတၱာထားဖို႔ရန္ သင္အလြန္ပင္ပန္းေနပါသလား။
ဆာလံ ၁၁၉:၇၃ “ကိုယ္ေတာ္၏ လက္တို႔သည္ အကြၽႏ္ုပ္ကို ဖန္ဆင္း၍၊ ပုံသ႑ာန္ကိုေပးေတာ္မူၿပီ။ ပညတ္ေတာ္ တို႔ကို အကြၽႏ္ုပ္သင္ႏိုင္ေသာ ဉာဏ္ႏွင့္ ျပည့္စုံေစေတာ္မူပါ။”
သင္ပင္ပန္းေနတဲ့အခါမွာ ေမတၱာထားဖို႔ကို ခက္ခဲပါလိမ့္မည္။
ဤအရာသည္မွန္ကန္ပါသည္။ သင္၏ေပါင္းသင္ဆက္ဆံေရးတြင္ ခႏၶာပိုင္းဆိုင္ရာ အေျခအေနသည္ ခိုင္မာတဲ့ အက်ိဳးသက္ေရာက္မႈျဖစ္ပါတယ္။ လႈပ္ရွားတက္ႂကြမႈရွိျခင္းက ႀကီးမားမႈထူးျခားမႈကို ျဖစ္ေစပါတယ္။
သင္လုံးပါးပါးေနတဲ့အခ်ိန္မွာ သင္၏ေပါင္းသင္းဆက္ဆံေရးမွာ မည္သို႔ေသာ ျဖစ္ပ်က္မႈေတြရွိပါသနည္း။ အမ်ားအားျဖင့္ ေသးငယ္ေသာအရာ ေလးေတြကေတာင္ ႀကီးမားတဲ့ ျပသနာျဖစ္လာတတ္ပါတယ္။ သင္၏ စြမ္းအင္ေတြ ေလ်ာ့နည္းေနတဲ့အခ်ိန္မွာ သင္သည္ တစ္ယူသန္စိတ္ေတြ ၊ ေကာက္တတ္တဲ့စိတ္ေတြ ၊ ေဝဖန္ခုခံလို တဲ့စိတ္ေတြ (သို႔) ပိုၿပီး အျပစ္ျမင္တာေတြ ျဖစ္ေကာင္းျဖစ္လာႏိုင္သည္။
သူတစ္ပါးကို ေကာင္းမြန္ေသာ ေမတၱာထားစိတ္ထားရွိသူျဖစ္လာဖို႔ရန္ သင္ဝန္ခံပါလွ်င္ သင္၏ခႏၶာပိုင္းဆိုင္ရာ မွာလည္း ျပန္လည္ အားသစ္ေလာင္းေစမည့္အေလ့အထေတြကို ဖြံ႕ၿဖိဳးတိုးတက္ေစပါ။ သမၼာက်မ္းစာက က်န္းမာျခင္းႏွင့္ပတ္သက္ၿပီး မ်ားစြာေသာ အေျခခံသေဘာတရားေတြကို သင္ၾကားေပးပါတယ္။ သို႔ေပမဲ အေျခခံအက်ဆုံးေသာ (၃) မ်ိဳးမွာ သင့္ေတာ္ေသာ အနားယူျခင္း ၊ မွ်တေသာ အစားအစာ ႏွင့္ ပုံမွန္ ေလ့က်င့္ ခန္းတို႔ ျဖစ္ပါတယ္။
သင့္ေတာ္ေသာ အနားယူျခင္း
ဆာလံ ၁၂၇:၂ “ေစာေစာထလ်က္၊ ညဥ့္နက္သည္တိုင္ေအာင္ မအိပ္ဘဲေနလ်က္၊ ပင္ပန္းစြာ အစာစားလ်က္ ေနေသာ္ လည္း အက်ိဳးမရွိ။ အိပ္ေပ်ာ္ရေသာ အခြင့္ကို ခ်စ္ေတာ္မူ ေသာ သူအားအမွန္ေပးေတာ္မူ၏။” သင္၏ သားသမီး ၊ ခင္ပြန္း (သို႔) အိမ္အကူ ေတြကို ေမတၱာထားဖို႔ရန္ အလြန္ပင္ပန္းေနပါလွ်င္ သင္၏ျပသနာသည္ ဝိညာဥ္ပိုင္းဆိုင္ရာတြင္ မဟုတ္ဘဲ ခႏၶာပိုင္းဆိုင္ရာတြင္ဉီးစြာ ျဖစ္ေနျခင္းျဖစ္ပါတယ္။ တစ္ညလုံးေကာင္းစြာ အိပ္စက္အနားယူၿပီး ေနာက္တြင္ အရာအရာကို ေကာင္းေသာအျမင္ျဖင့္ ပိုၿပီးျမင္ရသည္မွာ အံ့ဩဖြယ္ရာ ျဖစ္ပါတယ္။
မွ်တေသာ အစားအစာ
သမၼာက်မ္းစာက ေျပာထားသည္မွာ ဆာလံ ၁၁၉:၇၃ “ကိုယ္ေတာ္၏ လက္တို႔သည္ အကြၽႏ္ုပ္ကို ဖန္ဆင္း၍၊ ပုံသ႑ာန္ကိုေပးေတာ္မူၿပီ။ ပညတ္ေတာ္တို႔ကို အကြၽႏ္ုပ္သင္ႏိုင္ေသာ ဉာဏ္ႏွင့္ ျပည့္စုံေစေတာ္မူပါ။” ဘုရားသခင္က ကြၽႏ္ုပ္တို႔အတြက္ အံ့ဩဖြယ္ေသာ ၾကည္ႏူးမႈေတြမွာ ဝမ္းေျမာက္ႏိုင္ဖို႔ႏွင့္ အရသာေတြ႕ႏိုင္ဖို႔ အတြက္ ပံ့ပိုးေပးထားပါတယ္။ အစားအေသာက္မွာ ေပ်ာ္ေမြ႕ေစရန္ရည္႐ြယ္ပါသည္။ သိုေပမဲ့ ကြၽႏ္ုပ္တို႔၏ ခႏၶာထဲကို ဘယ္လိုေကာင္းေသာအရာေတြ ထည့္မလဲ ၊ မေကာင္းတဲ့အရာကို ေရွာင္က်ဥ္မလဲဆိုတာကို သိရွိဖို႔ရန္ အသိပညာကိုပါ ေပးထားပါ တယ္။ အဲဒါေတြကို လုပ္ေဆာင္႐ုံပါဘဲ။
ပုံမွန္ေလ့က်င့္ခန္း
ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၆:၂၀ “သင္တို႔သည္ အဘိုးႏွင့္ ဝယ္ေတာ္မူေသာ သူျဖစ္ေသာေၾကာင့္၊ ဘုရားသခင္ပိုင္ေတာ္ မူေသာ သင္တို႔၏ ကိုယ္ခႏၶာႏွင့္ စိတ္ဝိညာဥ္အားျဖင့္ ဘုရားသခင္၏ ဂုဏ္ေတာ္ကိုထင္ရွား ေစၾကေလာ့။” ပင္ပန္းႏြမ္းႏြယ္မႈကို ေက်ာ္လႊားႏိုင္ဖို႔ရန္ ပုံမွန္ေလ့က်င့္ခန္းေတြကို လုပ္ေဆာင္ဖို႔ေတာ့လိုပါတယ္။ ေလ့က်င့္မႈေတြသည္ သင္၏စြမ္းအားေတြကို ကုန္ခမ္းသြားေစတာ မဟုတ္ဘူးဆိုတာကို ေလ့လာရင္း သိရွိသြားပါ မည္။
သင့္၏ အသက္တာကို ေမာပန္းစြာ ျဖတ္သန္းရဖို႔ကို ဘုရားသခင္ဘယ္ေတာ့မွ မရည္႐ြယ္ပါ။ သူတစ္ပါးကို ေမတၱာ ထားဖို႔ရန္ သင္အလြန္ပင္ပန္းေနပါလွ်င္ သင္မည္မွ်အနားယူသည္ ၊ ဘာကို စားေနသည္၊ ဘယ္လို႔ေလ့က်င့္ ခန္းေတြ လုပ္ေဆာင္သည္ စေသာအရာတို႔ကို ျပန္လည္ၾကည့္ရႈပါ။ ၿပီးေနာက္ သင္ကိုယ္တိုင္ ဂ႐ုစိုက္ရန္ ပိုေကာင္းေသာ အရာမ်ားႏွင့္ မၾကာခဏပို၍ ခက္ခဲေသာ ေ႐ြးခ်ယ္မႈမ်ားကို ျပဳပါ။ သင္ႏွင့္ သင္ခ်စ္ရေသာသူ တို႔သည္ ေရရွည္တြင္ သာ၍အက်ိဳးရွိလိမ့္မည္။
ဆင္ျခင္ရန္
-လုံေလာက္စြာအနားယူျခင္းထက္ သင္မည္သို႔ေသာအရာမ်ားကို ဉီးစားေပးေလ့ရွိပါသနည္း။ အဲဒီအရာေတြက သင္၏က်န္းမားေရးထက္ ပိုၿပီး အေရးႀကီးပါသလား။
-သင္မလိုက္နာဘဲ စားခ်င္သလိုစားေနျခင္းႏွင့္ ပတ္သက္ၿပီး ဘုရားသခင္က သင့္ကို မည္သို႔ေသာနည္းမ်ားျဖင့္ ဉာဏ္ပညာေပးထားပါသနည္း။
-ေလ့က်င့္ခန္းျပဳဖို႔ရန္ သင္အလြန္ပင္ပန္းတယ္လို႔ထင္ပါလွ်င္ မည္ကဲ့သို႔အရာေတြျဖင့္ သင္၏စြမ္းအင္ေတြကို ျပန္လည္ရရွိေစမည္နည္း။ သင္၏ခံစားခ်က္ကို သိရွိရန္ လာမည့္ရက္အနည္းငယ္အတြင္း ေန႔စဥ္မိနစ္ (၃၀) လမ္းေလွ်ာက္ျခင္းကဲ့သို႔ ႐ိုးစင္းေသာ ေလ့က်င့္ခန္းတစ္ခုကို ႀကိဳးစားလိုပါသလား။