Unicode Version
------------------------------------------------------------------------------
Zawgyi Version
ဟန်ဆောင်ပြီး သမာသမတ်ရှိလို့မရပါ။
ကောရိန္သု ဒုတိယစောင် ၄:၂ “ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဘွယ်သော အမှုများကိုပယ်ကြ၏။
ပရိယာယ်ကိုမသုံး၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို တိမ်ဝှက်မှောက်လှန်ခြင်းမရှိ။ သမ္မာတရားကိုအတည့်အလင်း
ဘော်ပြ၍၊ ဘုရား သခင့်ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်အထင်အတိုင်း ချီးမွမ်းဘွယ်သော အကျင့်ဓလေ့ကို
ကျင့်ကြ၏။”
သမာသမတ်ဖြင့်
အသက်ရှင်ခြင်းသည် ဟန်ဆောင်မှုကင်းမဲ့ခြင်းဖြစ်တယ်။ သင့်ကိုယ်သင်နှင့် သူတစ်ပါးအပေါ်မှာ
သင်စစ်မှန်နေခြင်းကို ဆိုလိုပါသည်။
သင်က
ပွင့်လင်းတဲ့စာအုပ်လိုပေါ့။ လူတွေမြင်သည်အတိုင်း သင်စစ်မှန်ခြင်းကို ဆိုလိုပါတယ်။
ဒါကြောင့် အတုအယောင် ၊ ဟန်ဆောင်မှုမရှိဘဲ မည်ကဲ့သို့ အသက်ရှင်ပါသနည်း။
သူတစ်ပါး၏ထောက်ခံမှုထက်
ဘုရားသခင်၏ထောက်ခံမှုနှင့်ပတ်သက်ပြီး သင်ပိုမိုဂရုစိုက်လို့ ဖြစ်တယ်။ ဤနည်းလမ်း သည်
သမာသမတ်ရှိသော လူသားတစ်ဉီးအဖြစ် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ဘုရားသခင်၏
နည်းလမ်းတွေက ခက်ခဲတယ် (သို့) မထင်ရှားဘူး ဖြစ်နေတတ်ပါတယ်။ ဘုရား၏ထင်မြင်သည်အတိုင်း
သင်အာရုံထားပါလျှင် အဲဒီအရာကို အမှန်အတိုင်းသင်ပြုနိုင်ပါလိမ့်မည်။ တခြားသူတွေ၏ ထင်မြင်သည်အတိုင်း
သင်ပြုလျှင်တော့ အမှားတွေ့နိုင်ပါမည်။
စစ်မှန်စွာဖြင့် အသက်ရှင်သောနည်းလမ်းက သမ္မာကျမ်းစာကို နေ့စဉ်ပုံမှန်ဖတ်ရှုဖို့ရန်ဖြစ်ပါတယ်။
ဆာလံ ၁၁၉:၉ တွင် “လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊
နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်။ ”
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မသိပါလျှင် သင်နာခံမှုမပြုနိုင်ပါ။ သမ္မာကျမ်းစာကို
လေ့လာခြင်း ၊ ဖတ်ရှုခြင်း ၊ အမှတ်ယခြင်း မပြုသရွေ့ သင့်ပတ်ဝန်းကျင်ရှိလူတွေအပေါ်မှာ
သင်ရိုးသားခြင်း ၊ စစ်မှန်ခြင်းပြုဖို့ ခံနိုင်ရည်ခွန်အား မရနိုင်ပါ။
သင့်ကို
သင်ဖြစ်စေဖို့ရန် ဘုရားသခင် ဖန်ဆင်းခဲ့တယ်။ သူ့အား ယုံကြည်ပါ၊ သင့်ကိုယ်သင် စစ်မှန်စေပါ။
ဆင်ခြင်ရန်
-
မည်သို့သော နေရာနှင့် အချိန်တွင် မျက်နှာဖုံးတပ်ရန် သင်သွေးဆောင်ဖြားယောင်းခံရပါသနည်း။
ဘာကြောင့်နည်း။
-မည်သူ့၏ထောက်ခံချက်က
သင့်အတွက် အရေးကြီးပါသနည်း။ ဘာကြောင့်နည်း။ သူ့ထံမှ ကောင်းသော ထောက်ခံမှု (သို့) ဆိုးသော
ထောက်ခံမှုတွေကို သင့်အတွက် မည်ကဲ့သို့ရှာဖွေနေပါသနည်း။
-သမ္မာကျမ်းစာကို
ဖတ်ခြင်း ၊ လေ့လာခြင်းနှင့် သိုမှီးခြင်းတွေကို သင့်ကို့မှန်ကန်စွာ အသက်ရှင်နေထိုင်ရန်
မည်ကဲ့သို့ အကူအညီဖြစ်စေပါသနည်း။
Zawgyi Version
ဆင်ခြင်ရန်