Unicode Version
---------------------------------------------------------------------------------
Zawgyi Version
မာလခိအနာဂတ္တိကျမ်း ၃:၁၀ “ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့
သွင်း ၍၊ ငါ့အိမ်တော်၌ စားစရာရှိ စေခြင်းငှါ ပြုကြလော့။ ငါ သည် မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကို
ဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင် သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့
စုံစမ်းကြလော့ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။”
သင်၏ငွေကြေးဆိုင်ရာတွေမှာ
ဘုရားသခင်ကောင်းချီးပေးဖို့ အလိုရှိတယ်ဆိုလျှင် အဲဒီငွေကြေးအရာမှာ ဘုရားသခင်ကို ပထမနေရာပေးပါ။
သင့်ဝင်ငွေ၏
အဉီးအသီးတွေကို ဘုရားသခင်ထံ အပ်နှံခြင်းအလေ့အထနှင့် ပတ်သက်ပြီး ဘုရားက တိကျသေချာ စေပါတယ်။
မာလခိ ၃:၁၀ “ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့
သွင်း၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ ပြုကြလော့။ ငါသည် မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကို
ဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်း လောင်းမည် မသွန်းလောင်းမည်ကို ထိုသို့
စုံစမ်းကြလော့ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော် မူ၏။”
သင်၏ငွေကို
ဘုရားသခင် အလိုတော်မရှိတာက ထင်ရှားပါတယ်။ ဘာကြောင့်များ သူဆယ်ဖို့ တစ်ဖို့အကြောင်း
ကိုတောင် ပြောနေရသေးလဲ။ ဘာကြောင့်လဲဆိုတော့ သင်၏အသက်တာသည် ဘာကို ကိုယ်စားပြုတယ် ဆိုတာကို
သူသိချင်လို့ဖြစ်တယ်။ ဒါကို ဆယ်ဖို့တစ်ဖို့နှင့် ဆိုင်သော ဝိညာဉ်ရေးရာ နာခံခြင်းလို့
ခေါ်ပါတယ်။ ဘုရားသခင်သည် သင်၏ယုံကြည်ခြင်း ၊ သင်၏ဉီးစားပေမှုအရာတွေ ၊ သင်၏ကျေးဇူးသိတတ်ခြင်းတွေကို
စမ်းသပ်နေပါတယ်။
သင်၏အဉီးအသီးငွေကို ဘုရားထံသို့အပ်နှံပါလျှင်
လွန်လေပြီးသော ကာလအတွက် သင်၏ကျေးဇူးတင်ခြင်းကို ဖော်ပြခြင်းဖြစ်ပါတယ်။ ဒါသည် အနာဂတ်အတွက်
ယုံကြည်ခြင်းအဆိုပြုချက်ဖြစ်ပါတယ်။
သဿမေဓခွန် (ဆယ်ဖို့တစ်ဖို့)
ပေးအပ်ခြင်းက သင်၏ယုံကြည်ခြင်းကို စမ်းသပ်မှုဖြစ်ပါတယ်။ ဘုရားသခင်အား ထိုအရာများကို
ပြောဆိုရန် သင်၌ ငွေအလုံအလောက်ရှိမည်လို့ ဘုရားကို ယုံကြည်နိုင်ပါသလား။ ကျွန်ုပ်တို့ကို
သူနှင့်တူလာစေရန် ဘုရားသခင်က စမ်းသပ်ပါတယ်။ ဘုရားသခင်သည် အကြီးမြတ်ဆုံးသော ဖြည့်ဆည်းပေးကမ်းနေသူဖြစ်တယ်။
ကျွန်ုပ်တို့က မိမိငွေကြေးအပေါ်မှာ ဘုရားရှင်ကို ယုံကြည်အားကိုးမှုကို ဖော်ပြပါလျှင်
ကျွန်ုပ်တို့သည်လည်း ကြီးမြတ်သော ပေးကမ်းသူတွေဖြစ်လာပါမည်။
ဂုဏ်သတင်းကျော်ဇောတဲ့
လုပ်ငန်းရှင်တစ်ဉီးက ကျွန်ုပ်ကိုပြောခဲ့ဖူးပါတယ် “အကြွေးတင်တဲ့အချိန်မှာ ဆယ်ဖို့တစ်ဖို့ပေးခြင်းက
အကောင်းဆုံးအချိန်ဖြစ်တယ်လို့ လူတွေကိုပြောဖို့ လိုအပ်ပါတယ်”။ ကျွန်ုပ်ကလည်း ဘာဖြစ်လို့လဲလို့
ပြန်မေးလိုက်ပါတယ်။ သူပြန်ပြောတက “ဘာကြောင့်လဲဆိုတော့ အဲဒီအကြွေးတင်တဲ့အချိန်ဆိုတာ
ဘုရားသခင်၏ အကူအညီအလိုအပ်ဆုံးအချိန်ဖြစ်လို့ပါ”။ လို့ပြောခဲ့ပါတယ်။
အကြွေးတင်နေတဲ့အချိန်မှာ
ဆယ်ဖို့တစ်ဖို့ပေးခြင်းက ခက်ခဲတယ်လို့ သင်ထင်ကောင်းထင်နိုင်စရာရှိပါတယ်။ သို့ပေမဲ့
အကြွေးသံသရာကနေ ကင်းဝေးချင်ပါလျှင် ဘုရားသခင်၏ အကူအညီကို ရယူဖို့ရှိပါတယ်။ သင်၏ဆယ်ဖို့တစ်ဖို့ကနေတစ်ဆင့်
သူ့အားပေးအပ်ခြင်းဖြင့် ချီးမွမ်းဂုဏ်ပြုပါ။
ဆယ်ဖို့တစ်ဖို့
မပေးစွမ်းနိုင်ဘူးလို့ သင်ထင်ကောင်းထင်မည်။ သို့ပေမဲ့ မပေးဖို့ကို မငြင်းဆန်နိုင်ပါ။
သင်၏ငွေကြေးကဏ္ဍတွေမှာ ဘုရားသခင်၏ ကောင်းချီးလိုချင်ပါလျှင် အဲဒီငွေကြေးဆိုင်ရာကိစ္စတွေမှာ
ဘုရားကို ဉီးစားပေးထားရှိလိုက်ပါ။
သင့်ဆယ်ဖို့တစ်ဖို့ကိုမည်သို့ပေးသင့်သနည်း။
အသင်းအဖွဲ့တွေကိုလား။ (သို့) ၃နှစ်လောက် အလုပ်အကိုင်မရှိတဲ့ သင့်ညီအစ်ကို ကိုလား။ မဟုတ်ပါ။
ဒါက ချို့တဲ့သူတွေကို ကူညီခြင်းသဘောဖြစ်တယ်။
ဆယ်ဖို့တစ်ဖို့ပေးခြင်းက
ဝတ်ပြုဆုတောင်းခြင်းနှင့်ဆိုင်သော လုပ်ဆောင်မှုကို ဆိုလိုခြင်းဖြစ်ပြီး ဘုရားထံသို့
ရောက်ပါသည်။
မာလခိ ၃:၁၀ ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်း၍ ငါ့အိမ်တော်၌စားစရာရှိစေခြင်းငှါ
ပြုကြလော့။ ငါသည် မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့်၍ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည်
မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
ဘဏ္ဍာတိုက်က ဘုရားကျောင်း
(သို့) သင်ဝတ်ပြုရာ နေရာပင်ဖြစ်သည်။
ဘယ်အချိန်မှာ
ဆယ်ဖို့တစ်ဖို့ပေးမည်နည်း။ သင်ဝတ်ပြုတဲ့နေ့မှာ လုပ်သည်။ ကောရိန္တု
ပဌမစောင် ၁၆:၂ “ငါရောက်လာသောအခါ လှူဒါန်း၍စုထားစရာ မရှိစေခြင်းငှါ ခုနှစ်ရက်တွင် ပထမနေ့ရက်၌ အသီးသီး ကောင်းစားသည်
အတိုင်း မိမိတို့ဥစ္စာတစ်ဘို့ကို ထုတ်၍စုကြလော့။”
ထာဝရဘုရားအား
သီတင်းတစ်ပတ်၏ ပထမနေ့ ၊ သင့်နေ့၏ဦးဆုံးပိုင်း နှင့် သင့်ဝင်ငွေ၏ ဦးဆုံးအစိတ်အပိုင်း
တွေကိုပေးအပ်ခြင်းက သင်သည် ဘုရားသခင်အား သင့်အသက်တာ၏ နံပါတ်(၁) နေရာတွင်ထားရှိကြောင်းကို
ဖော်ပြခြင်းပင်ဖြစ်သည်။
ကျမ်းပိုဒ်မှာပြောထားတဲ့
“ထုတ်ဖယ်ထားဖို့”ကို သတိပြုပါ။ သင်စီစဉ်ရမည်ဖြစ်သည်။ ဆယ်ဖို့တစ်ဖို့ပေးခြင်းကို စိတ်လိုက်မာန်ပါ
မပြုလုပ်သင့်ပါ။ ဘုရားသခင်အား ပေးအပ်ခြင်းကို သင်ကကြိုတင်ပြင်ဆင်ရပါမည်။ နောက် ဘုရားသခင်က
သင်ပေးအပ်ထားသည်များကို မည်သို့အသုံးပြုပြီး သူ့ကတိတော်အတိုင်းသင့်အသက်တာကို မည်သို့ကောင်းချီးပေးတယ်ဆိုတာကို
စောင့်ကြည့်လိုက်ပါ။
ဆင်ခြင်ရန်
-သဿမေဓခွန်
(ဆယ်ဖို့တစ်ဖို့) ပေးဖို့ ခက်ခဲတယ်လို့ သင်မြင်ပါသလား။ ဘာကြောင့်နည်း။ (သို့) ဘာကြောင့်မဟုတ်သနည်း။
-ဆယ်ဖို့တစ်ဖို့ထက်
ကျော်လွန်ပြီးပေးဖို့ရန် ဘုရားရှင်အလိုရှိတယ်ဆိုတာကို သင်မည်ကဲ့သို့ တွေးထင်ပါသနည်း။
-သင်၏ငွေကြေးကဏ္ဍတွေမှာ
ဘုရားသခင်ကို ဉီးစားပေးတယ်လို့ ဖော်ပြဖို့ရန် ယနေ့တွင် မည်ကဲ့သို့သော ခြေလှမ်းတွေဖြင့်
စတင်နိုင်ပါမည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်