You Can Count on People of Integrity

Unicode Version

တည်ကြည်ဖြောင့်မတ်သောသူတွေကို သင်အားကိုးနိုင်ပါတယ်
သုတ္တံ ၂၅:၁၄ “ပေးမည်ဟု ဝါကြွား၍ မပေးဘဲနေသောသူ သည် မိုဃ်းရေမပါသော တိမ်နှင့်လေကဲ့သို့ ဖြစ်၏။”
မိမိတို့၏ကတိတွေကို မလိုက်လျှောက်နိုင် ၊ မတည်မြဲနိုင်သောသူတွေသည် မိုးရေကို ဘယ်တော့မှ မထုတ်လုပ်နိုင်သော တိမ်တွေသာဖြစ်တယ်လို့ သမ္မာကျမ်းစာတွင် ဖော်ပြထားပါတယ်။ သမာသတိရှိသောသူဖြစ်တယ်ဆိုလျှင် သင်၏စကားကို သင်တည်မည်။ သင်တစ်စုံတစ်ခုကို သင်ပြုမည်လို့ပြောသည့်အတိုင်း သင်ပြုခြင်းဖြစ်တယ်။
ကတိတွေကို ပြုတဲ့အခါမှာ အဲဒီကတိတွေကို တည်မြဲဖို့အတွက် ပြုလိုသောစိတ်ရှိကောင်းရှိပါမည်။ သို့ပေမဲ့ တစ်ချို့သော အရေးမကြီးတာတွေကို သင်သတိမမူမိ - သင်မလိုက်လျှောက်နိုင်လျှင် အပျက်သဘောဆောင်သော အကျိုးဆက်ဆီ ဉီးတည်သွားမည်ဖြစ်သည်။

သာဓက အနေဖြင့် သင်၏သားသမီး (သို့) ခင်ပွန်း/ဇနီးသို့ ပေးထားသော ကတိကိုသင် ချိုးဖောက်ပါလျှင် သင်တို့၏ ပေါင်းသင်းဆက်ဆံရေးတွေမှာ အဆိပ်အတောက်တွေစိမ့်ဝင်သွားစေပါမည်။ သင်ဆက်ပြီးတော့ ကတိတွေကိ ဖျက်မယ်ဆိုလျှင် သင်၏သူငယ်ချင်း နှင့် မိသားစုတွေ သင့်ကို မယုံကြည်နိုင်ကြတော့ပါ။
သင်ကတော့ အခြေအနေအပြောင်းအလဲကြောင့်လို့ ပြောကောင်းပြောနိုင်မည်။ သို့ပေမဲ့ သမာတည်ကြည်မှုကို ထိန်းသိမ်းခြင်းဆိုတာက သင်၌အကျိုးမရှိ ၊ ထိခိုက်မှုနှင့် မျှော်မှန်းတာထက် ကုန်ကျစရိတ်ပိုသွားသည့်တိုင် ကတိစကားကို တည်ခြင်းကို ဆိုလိုပါတယ်။

သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ သုတ္တံ ၁၀:၉” ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့လိုက်သော သူမူကား၊ သဘောထင်ရှားလိမ့်မည်။” သင်၏ကတိကို တည်တဲ့အခါမှာ သင်၏လမ်းသည် လုံခြုံပါလိမ့်မည်။ တခြားစကားလုံးဖြင့်ပြောရပါလျှင် ယုံကြည်အားထားရမှုသည် တည်ကြည်မှုဆီ ဉီးဆောင်သည့်သဘောပင်ဖြစ်ပါတယ်။ လူတွေက သင့်စကားကို မှတ်ယူတဲ့အခါမှာ သင်၏ယုံကြည်စိတ်ချရမှုက သူတို့၏အသက်တာတွင်ရော၊ သင့်အသက်တာတွင်ပါ အလွန်တစ်ရာ ယုံကြည်ရမှုတွေဖြစ်စေပါတယ်။

သင်၏ ကတိတွေကို စောင့်ထိန်းဖို့ရန် ခက်ခဲနိုင်ပါမည်။ သို့ပေမဲ့ သင်ပြုတဲ့အခါမှာ ဘုရားသခင်က သင်၏ကတိပေးမှုအတွက် ဘုရားကသင့်ကို ကောင်းချီးပေးပါလိမ့်မည်။ ဆာလံ ၁၅:၄ “ဆိုးယုတ်သောသူကို အယုတ်ဟူ၍ ထင်မှတ် လျက်၊ ထာဝရဘုရားအား ကြောက်ရွံ့သောသူကို ရိုသေ ထသော၊ ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆို သော သစ္စာဂတိကိုမဖျက်၊ ၅ကိုယ်ငွေကို ချေး၍ အတိုးမယူ၊ အပြစ်မရှိသော သူ၏တဘက်မှ တံစိုးကို မခံဘဲကျင့်သောသူသည် လှုပ် ရှားခြင်းနှင့် အစဉ်အမြဲ ကင်းလွတ်လိမ့်မည်သတည်း။”

ဆင်ခြင်ရန်
-တခြားသူတွေ သင့်အပေါ်ထားရှိသော ကတိကို မတည်တဲအခါမှာ သင်မည်ကဲ့သို့သော ထိခိုက်မှုကို ခံစားခဲ့ရသနည်း။
-သင်မတည်ရသေးတဲ့ ကတိတွေ ပေးထားတာရှိပါသလား။ သင်မသိဘူးဆိုလျှင် သင်၏မိသားစုဝင်တွေနှင့် သူငယ်ချင်းတို့ကို မေးပါ။
-သင်မတည်နိုင်သော ကတိတွေကို ပေးဖို့မပြုမိစေရန် သင်ကိုယ်သင်ကာကွယ်နိုင်သည့် နည်းလမ်းတစ်ချို့ကား မည်သို့နည်း။


-------------------------------------------------------------------------------

Zawgyi Version

တည္ၾကည္ေျဖာင့္မတ္ေသာသူေတြကို သင္အားကိုးႏိုင္ပါတယ္
သုတၱံ ၂၅:၁၄ “ေပးမည္ဟု ဝါႂကြား၍ မေပးဘဲေနေသာသူ သည္ မိုဃ္းေရမပါေသာ တိမ္ႏွင့္ေလကဲ့သို႔ ျဖစ္၏။”
မိမိတို႔၏ကတိေတြကို မလိုက္ေလွ်ာက္ႏိုင္ ၊ မတည္ၿမဲႏိုင္ေသာသူေတြသည္ မိုးေရကို ဘယ္ေတာ့မွ မထုတ္လုပ္ႏိုင္ေသာ တိမ္ေတြသာျဖစ္တယ္လို႔ သမၼာက်မ္းစာတြင္ ေဖာ္ျပထားပါတယ္။ သမာသတိရွိေသာသူျဖစ္တယ္ဆိုလွ်င္ သင္၏စကားကို သင္တည္မည္။ သင္တစ္စုံတစ္ခုကို သင္ျပဳမည္လို႔ေျပာသည့္အတိုင္း သင္ျပဳျခင္းျဖစ္တယ္။
ကတိေတြကို ျပဳတဲ့အခါမွာ အဲဒီကတိေတြကို တည္ၿမဲဖို႔အတြက္ ျပဳလိုေသာစိတ္ရွိေကာင္းရွိပါမည္။ သို႔ေပမဲ့ တစ္ခ်ိဳ႕ေသာ အေရးမႀကီးတာေတြကို သင္သတိမမူမိ - သင္မလိုက္ေလွ်ာက္ႏိုင္လွ်င္ အပ်က္သေဘာေဆာင္ေသာ အက်ိဳးဆက္ဆီ ဉီးတည္သြားမည္ျဖစ္သည္။

သာဓက အေနျဖင့္ သင္၏သားသမီး (သို႔) ခင္ပြန္း/ဇနီးသို႔ ေပးထားေသာ ကတိကိုသင္ ခ်ိဳးေဖာက္ပါလွ်င္ သင္တို႔၏ ေပါင္းသင္းဆက္ဆံေရးေတြမွာ အဆိပ္အေတာက္ေတြစိမ့္ဝင္သြားေစပါမည္။ သင္ဆက္ၿပီးေတာ့ ကတိေတြကိ ဖ်က္မယ္ဆိုလွ်င္ သင္၏သူငယ္ခ်င္း ႏွင့္ မိသားစုေတြ သင့္ကို မယုံၾကည္ႏိုင္ၾကေတာ့ပါ။
သင္ကေတာ့ အေျခအေနအေျပာင္းအလဲေၾကာင့္လို႔ ေျပာေကာင္းေျပာႏိုင္မည္။ သို႔ေပမဲ့ သမာတည္ၾကည္မႈကို ထိန္းသိမ္းျခင္းဆိုတာက သင္၌အက်ိဳးမရွိ ၊ ထိခိုက္မႈႏွင့္ ေမွ်ာ္မွန္းတာထက္ ကုန္က်စရိတ္ပိုသြားသည့္တိုင္ ကတိစကားကို တည္ျခင္းကို ဆိုလိုပါတယ္။

သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ သုတၱံ ၁၀:၉” ေျဖာင့္မတ္ျခင္းလမ္းသို႔ လိုက္ေသာသူသည္ အနင္းမွန္လိမ့္မည္။ ေကာက္ေသာလမ္းသို႔လိုက္ေသာ သူမူကား၊ သေဘာထင္ရွားလိမ့္မည္။” သင္၏ကတိကို တည္တဲ့အခါမွာ သင္၏လမ္းသည္ လုံၿခဳံပါလိမ့္မည္။ တျခားစကားလုံးျဖင့္ေျပာရပါလွ်င္ ယုံၾကည္အားထားရမႈသည္ တည္ၾကည္မႈဆီ ဉီးေဆာင္သည့္သေဘာပင္ျဖစ္ပါတယ္။ လူေတြက သင့္စကားကို မွတ္ယူတဲ့အခါမွာ သင္၏ယုံၾကည္စိတ္ခ်ရမႈက သူတို႔၏အသက္တာတြင္ေရာ၊ သင့္အသက္တာတြင္ပါ အလြန္တစ္ရာ ယုံၾကည္ရမႈေတြျဖစ္ေစပါတယ္။

သင္၏ ကတိေတြကို ေစာင့္ထိန္းဖို႔ရန္ ခက္ခဲႏိုင္ပါမည္။ သို႔ေပမဲ့ သင္ျပဳတဲ့အခါမွာ ဘုရားသခင္က သင္၏ကတိေပးမႈအတြက္ ဘုရားကသင့္ကို ေကာင္းခ်ီးေပးပါလိမ့္မည္။ ဆာလံ ၁၅:၄ “ဆိုးယုတ္ေသာသူကို အယုတ္ဟူ၍ ထင္မွတ္ လ်က္၊ ထာဝရဘုရားအား ေၾကာက္႐ြံ႕ေသာသူကို ႐ိုေသ ထေသာ၊ ကိုယ္အက်ိဳးပ်က္ရေသာ္လည္း ကိုယ္က်ိန္ဆို ေသာ သစၥာဂတိကိုမဖ်က္၊ ၅ကိုယ္ေငြကို ေခ်း၍ အတိုးမယူ၊ အျပစ္မရွိေသာ သူ၏တဘက္မွ တံစိုးကို မခံဘဲက်င့္ေသာသူသည္ လႈပ္ ရွားျခင္းႏွင့္ အစဥ္အၿမဲ ကင္းလြတ္လိမ့္မည္သတည္း။”

ဆင္ျခင္ရန္
-တျခားသူေတြ သင့္အေပၚထားရွိေသာ ကတိကို မတည္တဲအခါမွာ သင္မည္ကဲ့သို႔ေသာ ထိခိုက္မႈကို ခံစားခဲ့ရသနည္း။
-သင္မတည္ရေသးတဲ့ ကတိေတြ ေပးထားတာရွိပါသလား။ သင္မသိဘူးဆိုလွ်င္ သင္၏မိသားစုဝင္ေတြႏွင့္ သူငယ္ခ်င္းတို႔ကို ေမးပါ။
-သင္မတည္ႏိုင္ေသာ ကတိေတြကို ေပးဖို႔မျပဳမိေစရန္ သင္ကိုယ္သင္ကာကြယ္ႏိုင္သည့္ နည္းလမ္းတစ္ခ်ိဳ႕ကား မည္သို႔နည္း။