Why ‘Just a Little More’ Will Never Make You Happy

Unicode Version


ဘာကြောင့်များနောက်ထပ်နည်းနည်းလောက်ဆိုတဲ့အရာသည် သင့်ကို ဘယ်တော့မှ ပျော်ရွှင်မှုမဖြစ်စေ သနည်း။
တိမောသေဩဝါဒစာ ပဌမစောင် ၆:၆-၇“ရောင့်ရဲသောစိတ်ပါလျှင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွါးမှန်၏။ အကြောင်းမူကား၊ ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ၍ မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။”

ဘုရားသခင်သည် သင်၏သက်တောင့်သက်သာဖြစ်နေမှုထက် သင်၏အကျင့်စရိုက်ကို ပိုပြီး စိတ်ဝင်စားပါတယ်။ သခင်ခရစ်တော်နည်းတူ အသက်ရှင်ကြီးထွားစေဖို့ရန် သင့်အား ဘုရားအလိုတော်ရှိပါတယ်။ သင့်အသက်တာကို အလွယ်ကလေးလုပ်ဆောင်နေခြင်းမဟုတ်ပါ။ ဘုရား၏ အာရုံက သင့်၏စရိုက်လက္ခဏာပေါ်မှာ ရှိနေပါတယ်။ “များများရရှိမှ ပိုပျော်လိမ့်မည်” လို့ သင်စဉ်းစားနေသလား (သို့) ရရှိခံစားရသောအရာဖြင့် ရောင့်ရဲတင်း တိမ်တတ်မှုကို လေ့လာသလားဆိုတာကို ဘုရားသခင်က စောင့်ကြည့်နေပါတယ်။

သမ္မာကျမ်းစာက ဆိုထားသည်မှာ တိမောသေဩဝါဒစာ ပဌမစောင် ၆:၆-၇“ရောင့်ရဲသောစိတ်ပါလျှင်၊ ဘုရားဝတ် ၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွါးမှန်၏။ အကြောင်းမူကား၊ ငါတို့သည် ဤလောကထဲသို့ အဘယ် အရာမျှမပါဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ၍ မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။”

ရောင့်ရဲတင်းတိမ်ဖို့ရန် သင်လေ့လာတဲ့အခါမှာ သင်လုပ်ဆောင်နေတာထက်ကို လိုအပ်သောအရာတွေအတွက် ဘုရားသခင်သိနေတယ်ဆိုတာကို သင်ယုံကြည်နေခြင်းဖြစ်ပါတယ်။ ကောင်းသော ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို လုပ်ဆောင်ဖို့ရန် လိုအပ်သော ဉာဏ်ပညာ အမြော်အမြင်တို့ကို ဘုရားသခင်ပေးလိမ့်မည် ဆိုတာကို သင်စိတ်ချနေလို့ဖြစ်ပါတယ်။

သေချာတဲ့ အလုပ်ကိုရရှိတဲ့အချိန် ၊ ပင်စင်ယူတဲ့အချိန် ၊ အိမ်အတွက်ပေးချေမှုပြီးမြောက်တဲ့အချိန် ၊ ပေးချေစရာ အားလုံးပေးပြီးတဲ့အချိန် …….များစွာသောအကြောင်းပြချက်တွေဖြင့် လူအများစုကတော့ “ဤအရာကို ဘယ်အချိန်မှာရပြီဆိုရင် ပျော်စရာဖြစ်လိမ့်မည်” ဆိုပြီး “အချိန်”ဆိုတဲ့အရာဖြင့် ချုပ်နှောင်ခြင်း ခံနေကြတယ်။

သို့ပေမဲ့ သင်ကရောင့်ရဲတင်းတိမ်ခြင်း ဖြစ်မနေဘူးဆိုလျှင် တစ်စုံတစ်ရာကို အချိန်တစ်ခုရောက်တိုင်း အမြဲတမ်း လိုချင်နေလိမ့်မယ်ဆိုတာ ဘုရားသခင်သိပါတယ်။ သန်းကြွယ်သူဌေးတစ်ဉီးဖြစ်တဲ့ Howard Hughes ကိုတစ်စုံတစ်ယောက်က တစ်ကြိမ်မှာ “ပျော်ရွှင်ဖို့အတွက် မည်မျှလိုအပ်သလဲ” လို့မေးခဲ့တယ်။ သူဌေးကလည်း “နောက်ထပ်နည်းနည်းလောက်”လို့ ဆိုခဲ့ပါတယ်။

ငွေကြေးကို အာရုံစိုက်ပြီး ရယူဖို့ကြိုးစားခြင်း ၊ ရှာဖွေခြင်း ၊ စုဆောင်းခြင်း ၊ အသုံးပြုခြင်းဖြင့် သင့်အသက်တာတစ်ခုလုံးတွင် သုံးဖြုန်းနိုင်ပါတယ်။ ဒါကြောင့် ဘုရားသခင်သည် ငွေကြေးအရာကို မှတ်ကျောက်တင်ခြင်းသဘောဖြင့် သင်သူ့အား မည်မျှယုံကြည်ကြောင်းကို စမ်းသပ်ပါတယ်။ သင်၏ပျော်ရွှင်ခြင်း ကို သင်၏ဝင်ငွေ အနည်းအများပေါ် တည်ခြင်းမဟုတ်ဘဲ ရောင့်ရဲတတ်ဖို့ရန် လေ့လာခြင်း နှင့်တောင်း လျှောက်ခြင်း ပြုဖို့ရန် ဘုရားသခင် အလိုတော်ရှိပါတယ်။

လူတိုင်းအတွက် ရောင့်ရဲတင်းတိမ်ခြင်းဆိုတာ သဘာဝအလျောက်ဖြစ်ပေါ်တဲ့ တစ်စုံတစ်ရာ မဟုတ်ပါဘူး။ ဤအရာကို နေ့စဉ်အသက်တာတွင် လေ့ကျင့်ပျိုးထောင်ရခြင်းဖြစ်ပါတယ်။ သင်၏လိုအပ်ချက်တွေတိုင်းကို ဘုရားသခင် ဖြည့်ဆည်းပေးမည် နှင့်သင့်ကို စောင့်ရှောက်မည်ကို သင့်ကိုယ်သင် သတိပေးဖို့လိုပါတယ်။ သင်၌ပိုင်ဆိုင်ထားသောအရာဖြင့်  ချီးမွမ်းတတ်ဖို့နှင့် ချစ်ခြင်းမေတ္တာကိုသာ သင်ရွေးချယ်ဖို့ ဖြစ်တယ်။

ရောင့်ရဲတင်းတိမ်ခြင်းကို သင်မလေ့လာဘူး ၊ မလိုက်စားဘူးဆိုလျှင် အမြဲလိုလို သင်လိုချင်စိတ်တွေဖြစ် နေပါလိမ့်မည်။ သို့ပေမဲ့ သင် ရောင့်ရဲတတ်ဖို့ လေ့လာလိုက်စားသည်နှင့်တစ်ပြိုင်နက် ကမ္ဘာပေါ်ရှိအရာအားလုံး တို့ထက် ပေးစွမ်းနိုင်တဲ့ ကြီးမြတ်တဲ့ ဝမ်းမြောက်ပျော်ရွှင်ခြင်းကို သင်တွေ့မြင်ပါလိမ့်မည်။

ဆင်ခြင်ရန်
- သင့်ကို ပျော်ရွှင်စေအောင် လုပ်နိုင်တယ်လို့ထင်ရတဲ့ မည်သို့သော တစ်စုံတစ်ခုကို သင်ပြုနေသနည်း။
-သင်၏ဝမ်းမြောက်ပျော်ရွှင်ခြင်းက ဘယ်ကလာသနည်း။
-နေ့စဉ်အသက်တာတွင် ရောင့်ရဲခြင်းကို ပိုမိုအာရုံစိုက်နိုင်ဖို့ရန် လက်တွေ့ကျတဲ့နည်းကား မည်ကဲ့သို့နည်း။

---------------------------------------------------------------------------------



Zawgyi Version


ဘာေၾကာင့္မ်ား "ေနာက္ထပ္နည္းနည္းေလာက္” ဆိုတဲ့အရာသည္ သင့္ကို ဘယ္ေတာ့မွ ေပ်ာ္႐ႊင္မႈမျဖစ္ေစ သနည္း။
တိေမာေသဩဝါဒစာ ပဌမေစာင္ ၆:၆-၇“ေရာင့္ရဲေသာစိတ္ပါလွ်င္၊ ဘုရားဝတ္၌ ေမြ႕ေလ်ာ္ျခင္းသည္ ႀကီးစြာေသာ အက်ိဳးစီးပြါးမွန္၏။ အေၾကာင္းမူကား၊ ငါတို႔သည္ ဤေလာကထဲသို႔ အဘယ္အရာမွ်မပါဘဲ လာသည္ျဖစ္၍၊ ထြက္သြားလွ်င္လည္း၊ အဘယ္အရာကိုမွ် ယူ၍ မသြားႏိုင္ဟု ထင္ရွားလ်က္ရွိ၏။”

ဘုရားသခင္သည္ သင္၏သက္ေတာင့္သက္သာျဖစ္ေနမႈထက္ သင္၏အက်င့္စ႐ိုက္ကို ပိုၿပီး စိတ္ဝင္စားပါတယ္။ သခင္ခရစ္ေတာ္နည္းတူ အသက္ရွင္ႀကီးထြားေစဖို႔ရန္ သင့္အား ဘုရားအလိုေတာ္ရွိပါတယ္။ သင့္အသက္တာကို အလြယ္ကေလးလုပ္ေဆာင္ေနျခင္းမဟုတ္ပါ။ ဘုရား၏ အာ႐ုံက သင့္၏စ႐ိုက္လကၡဏာေပၚမွာ ရွိေနပါတယ္။ “မ်ားမ်ားရရွိမွ ပိုေပ်ာ္လိမ့္မည္” လို႔ သင္စဥ္းစားေနသလား (သို႔) ရရွိခံစားရေသာအရာျဖင့္ ေရာင့္ရဲတင္း တိမ္တတ္မႈကို ေလ့လာသလားဆိုတာကို ဘုရားသခင္က ေစာင့္ၾကည့္ေနပါတယ္။

သမၼာက်မ္းစာက ဆိုထားသည္မွာ တိေမာေသဩဝါဒစာ ပဌမေစာင္ ၆:၆-၇“ေရာင့္ရဲေသာစိတ္ပါလွ်င္၊ ဘုရားဝတ္ ၌ ေမြ႕ေလ်ာ္ျခင္းသည္ ႀကီးစြာေသာ အက်ိဳးစီးပြါးမွန္၏။ အေၾကာင္းမူကား၊ ငါတို႔သည္ ဤေလာကထဲသို႔ အဘယ္ အရာမွ်မပါဘဲ လာသည္ျဖစ္၍၊ ထြက္သြားလွ်င္လည္း၊ အဘယ္အရာကိုမွ် ယူ၍ မသြားႏိုင္ဟု ထင္ရွားလ်က္ရွိ၏။”

ေရာင့္ရဲတင္းတိမ္ဖို႔ရန္ သင္ေလ့လာတဲ့အခါမွာ သင္လုပ္ေဆာင္ေနတာထက္ကို လိုအပ္ေသာအရာေတြအတြက္ ဘုရားသခင္သိေနတယ္ဆိုတာကို သင္ယုံၾကည္ေနျခင္းျဖစ္ပါတယ္။ ေကာင္းေသာ ေငြေၾကးဆိုင္ရာ ဆုံးျဖတ္ခ်က္ေတြကို လုပ္ေဆာင္ဖို႔ရန္ လိုအပ္ေသာ ဉာဏ္ပညာ အေျမာ္အျမင္တို႔ကို ဘုရားသခင္ေပးလိမ့္မည္ ဆိုတာကို သင္စိတ္ခ်ေနလို႔ျဖစ္ပါတယ္။

ေသခ်ာတဲ့ အလုပ္ကိုရရွိတဲ့အခ်ိန္ ၊ ပင္စင္ယူတဲ့အခ်ိန္ ၊ အိမ္အတြက္ေပးေခ်မႈၿပီးေျမာက္တဲ့အခ်ိန္ ၊ ေပးေခ်စရာ အားလုံးေပးၿပီးတဲ့အခ်ိန္ …….မ်ားစြာေသာအေၾကာင္းျပခ်က္ေတြျဖင့္ လူအမ်ားစုကေတာ့ “ဤအရာကို ဘယ္အခ်ိန္မွာရၿပီဆိုရင္ ေပ်ာ္စရာျဖစ္လိမ့္မည္” ဆိုၿပီး “အခ်ိန္”ဆိုတဲ့အရာျဖင့္ ခ်ဳပ္ေႏွာင္ျခင္း ခံေနၾကတယ္။ 

သို႔ေပမဲ့ သင္ကေရာင့္ရဲတင္းတိမ္ျခင္း ျဖစ္မေနဘူးဆိုလွ်င္ တစ္စုံတစ္ရာကို အခ်ိန္တစ္ခုေရာက္တိုင္း အၿမဲတမ္း လိုခ်င္ေနလိမ့္မယ္ဆိုတာ ဘုရားသခင္သိပါတယ္။ သန္းႂကြယ္သူေဌးတစ္ဉီးျဖစ္တဲ့ Howard Hughes ကိုတစ္စုံတစ္ေယာက္က တစ္ႀကိမ္မွာ “ေပ်ာ္႐ႊင္ဖို႔အတြက္ မည္မွ်လိုအပ္သလဲ” လို႔ေမးခဲ့တယ္။ သူေဌးကလည္း “ေနာက္ထပ္နည္းနည္းေလာက္”လို႔ ဆိုခဲ့ပါတယ္။

ေငြေၾကးကို အာ႐ုံစိုက္ၿပီး ရယူဖို႔ႀကိဳးစားျခင္း ၊ ရွာေဖြျခင္း ၊ စုေဆာင္းျခင္း ၊ အသုံးျပဳျခင္းျဖင့္ သင့္အသက္တာတစ္ခုလုံးတြင္ သုံးျဖဳန္းႏိုင္ပါတယ္။ ဒါေၾကာင့္ ဘုရားသခင္သည္ ေငြေၾကးအရာကို မွတ္ေက်ာက္တင္ျခင္းသေဘာျဖင့္ သင္သူ႔အား မည္မွ်ယုံၾကည္ေၾကာင္းကို စမ္းသပ္ပါတယ္။ သင္၏ေပ်ာ္႐ႊင္ျခင္း ကို သင္၏ဝင္ေငြ အနည္းအမ်ားေပၚ တည္ျခင္းမဟုတ္ဘဲ ေရာင့္ရဲတတ္ဖို႔ရန္ ေလ့လာျခင္း ႏွင့္ေတာင္း ေလွ်ာက္ျခင္း ျပဳဖို႔ရန္ ဘုရားသခင္ အလိုေတာ္ရွိပါတယ္။

လူတိုင္းအတြက္ ေရာင့္ရဲတင္းတိမ္ျခင္းဆိုတာ သဘာဝအေလ်ာက္ျဖစ္ေပၚတဲ့ တစ္စုံတစ္ရာ မဟုတ္ပါဘူး။ ဤအရာကို ေန႔စဥ္အသက္တာတြင္ ေလ့က်င့္ပ်ိဳးေထာင္ရျခင္းျဖစ္ပါတယ္။ သင္၏လိုအပ္ခ်က္ေတြတိုင္းကို ဘုရားသခင္ ျဖည့္ဆည္းေပးမည္ ႏွင့္သင့္ကို ေစာင့္ေရွာက္မည္ကို သင့္ကိုယ္သင္ သတိေပးဖို႔လိုပါတယ္။ သင့္၌ပိုင္ဆိုင္ထားေသာအရာျဖင့္  ခ်ီးမြမ္းတတ္ဖို႔ႏွင့္ ေမတၱာကိုသာ သင္ေ႐ြးခ်ယ္ဖို႔ ျဖစ္တယ္။

ေရာင့္ရဲတင္းတိမ္ျခင္းကို သင္မေလ့လာဘူး ၊ မလိုက္စားဘူးဆိုလွ်င္ အၿမဲလိုလို သင္လိုခ်င္စိတ္ေတြျဖစ္ ေနပါလိမ့္မည္။ သို႔ေပမဲ့ သင္ ေရာင့္ရဲတတ္ဖို႔ ေလ့လာလိုက္စားသည္ႏွင့္တစ္ၿပိဳင္နက္ ကမာၻေပၚရွိအရာအားလုံး တို႔ထက္ ေပးစြမ္းႏိုင္တဲ့ ႀကီးျမတ္တဲ့ ဝမ္းေျမာက္ေပ်ာ္႐ႊင္ျခင္းကို သင္ေတြ႕ျမင္ပါလိမ့္မည္။

ဆင္ျခင္ရန္
- သင့္ကို ေပ်ာ္႐ႊင္ေစေအာင္ လုပ္ႏိုင္တယ္လို႔ထင္ရတဲ့ မည္သို႔ေသာ တစ္စုံတစ္ခုကို သင္ျပဳေနသနည္း။
-သင္၏ဝမ္းေျမာက္ေပ်ာ္႐ႊင္ျခင္းက ဘယ္ကလာသနည္း။
-ေန႔စဥ္အသက္တာတြင္ ေရာင့္ရဲျခင္းကို ပိုမိုအာ႐ုံစိုက္ႏိုင္ဖို႔ရန္ လက္ေတြ႕က်တဲ့နည္းကား မည္ကဲ့သို႔နည္း။