Unicode Version
---------------------------------------------------------------------------------
Zawgyi Version
သင်လုပ်ဆောင်နေတဲ့အချိန်မှာ ဘုရားသခင်စောင့်ကြည့်နေပါတယ်။
ဧဖက်ဩဝါဒစာ ၆:၆ “လူတို့၏စိတ်ကိုနူးညွတ်စေသောသူကဲ့သို့ မျက်မှောက်၌သာ
နားထောင်သည်မဟုတ်၊ ခရစ်တော် ၏ ကျွန်ကဲ့သို့ စေတနာစိတ်နှင့် ဘုရားသခင်၏ အလိုတော်ကို
စောင့်၍၊ လူ၏အစေကိုသာ ခံသကဲ့သို့မဟုတ်၊ သခင် ဘုရား၏
အစေကို ခံသကဲ့သို့ ကြည်ညိုသော သဘောနှင့် အစေကိုခံကြလော့။”
သင်က
ယုံကြည်သူခရစ်ယာန်တစ်ဉီးဖြစ်ပါလျှင် လုပ်ငန်းခွင်တွင် မည်ကဲ့သို့သော အလုပ်ရှင်အတွက်ဖြစ်ဖြစ်
လုပ်ဆောင်နေပါစေ အခြေခံအားဖြင့် သင်သည် ဘုရားအတွက် အလုပ်လုပ်နေခြင်းဖြစ်ပါတယ်။ သင်လုပ်ဆောင်
နေတာတွေကို မြင်သူ ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ဘုရားသခင်က အားလုံးကို မြင်ရပါတယ်။
သင့် အလုပ်ရှင်၏ အရင်းအနှီးတွေ နှင့် အချိန်တွေကို မဖြန်းတီးစေချင်ပါ။
သင်၏အလုပ်ကို သင်မုန်းကောင်း မုန်းနေပါမည်။ လစာလည်း နည်းကောင်းနည်းမည်ဟု
သင်တွေးထင်ပါမည်။ အဲဒီအရာတွေက အရေးမကြီးပါ။ သမ္မာကျမ်းစာက အနည်းဆုံးသော လိုအပ်မှုချက်ထက်မက
လုပ်ဆောင်ရန် ပြောထားပါတယ်။ ဘုရားသခင်သည် အကောင်းဆုံးကိုသင်ပေးဆပ်ရန် သင့်ကိုခေါ်ခြင်းဖြစ်ပါတယ်။
ဒါက တည်ကြည်ဖြောင့်မတ်ခြင်းနည်းတူဖြစ်ပါတယ်။
အလုပ်ရှင်စောင့်ကြည့်နေစဉ်မှာတွင်
အလုပ်ကြိုးစားသောသူကို သင်သိကောင်းသိမည်။ (သို့) အလုပ်တွင်ရှိသော ပစ္စည်းတွေကို အိမ်သို့သယ်ဆောင်သွားသောသူ
တစ်ဉီးဉီးကို လည်းသင်မြင်ကောင်းမြင်နေမည်။ ဒါသည် ခိုးယူခြင်း ပုံစံမျိုးပင်ဖြစ်ပါတယ်။
(သို့) အချိန်ကြာမြင့်စွာ အနားယူတတ်သောသူ တစ်ဉီးဉီး (သို့) တသတ်မတ်တည်း နောက်ကျလာတတ်ပြီး
စောစောထွက်ခွာသောသူတစ်ဉီးဉီးနှင့်် အတူလက်တွဲ လုပ်ဆောင်နေရ ကောင်း နေရမည်။
ဘုရားသခင်က
ဤအလုပ်၏ကျင့်ဝတ် ကိုဖျက်ဆီးခြင်းမျိုးလို့ ခိုင်းနှိုင်းထားတယ်လို့ သင်ယုံကြည်ပါသလား။
သုတ္တံ ၁၈:၉ “အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို
အချည်းနှီးကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။”
တစ်နေ့တာလုပ်ခအပြည့်အတွက်
တာဝန်ကိုအပြည့်မပေးခြင်းကို ဘုရားသခင်က ကြီးလေးတဲ့အပြစ်လို့ ယူဆပါတယ်။ တခြားသူတွေ အလုပ်မှာ
တာဝန်အပြည့်မယူသည့်တိုင် ခရစ်တော်နောက်လိုက်သောသူတို့က မိမိတာဝန်ကို အပြည့်ပေးသင့်ပါတယ်။
လုပ်ဆောင်သမျှကို ဘုရားသခင်အတွက်ဆိုပြီး လုပ်ဆောင်ပါလျှင် ဘုရားသခင်သည်
သင့်၏တည်ကြည်မှုအတွက် ကောင်းချီးပေးပါမည်။ ကုမ္ပဏီ (သို့) အဖွဲ့အစည်း၏အောင်မြင်မှုအတွက်
သင်၏ဝန်ထမ်းပီသမှုကို သတိပြုမိခြင်းက ငွေးကြေးဆိုင်ရာ ကောင်းချီးများ ဖြစ်စေနိုင်သည်။
သို့သော် ပို၍အရေးကြီးသည်မှာ ဘုရားသခင်ကို နာခံခြင်းဖြင့် လုပ်ဆောင်သောအရာတွေသည် သင်၏ဝိညာဉ်ရေးရာကို
ကြီးထွားလာစေပါလိမ့်မည်။
ဆင်ခြင်ရန်
-လုပ်ငန်းခွင်တွင်
အကောင်းဆုံးလုပ်ဆောင်မှု မပေးခြင်းကို ဘုရားသခင်က ခိုးယူတယ်လို့ ဘာကြောင့်များ ယူဆပါသနည်း။
-သင်၏
လုပ်ငန်းရှင်က ဘုရားသခင်ဖြစ်တယ်ဆိုတာကို သင်သိတဲ့အခါမှာ သင်၏အလုပ်အကိုင်ပေါ် မည်ကဲ့သို့
ပြောင်းလဲကိုင်တွယ်ဖြေရှင်:မည်နည်း။
-အလုပ်တွင်
သင်၏အချိန်ကို မည်ကဲ့သို့ သုံးကြောင်းကို ဘုရားရှင်သင့်အား မည်သို့ ပြောမည်ဟု သင်ထင်မြင်
ပါသနည်း။ အကယ်၍ရှိခဲ့လျှင် မည်သို့သော ချိန်ညှိမှုများပြုလုပ်ရန်လိုအပ်ပါသနည်း။
Zawgyi Version
ဆင်ခြင်ရန်