Unicode Version
---------------------------------------------------------------------------------
Zawgyi Version
သင်၏ငွေကြေးကို မည်ကဲ့သို့သော အကောင်းဆုံးနည်းဖြင့် အသုံးပြုမည်နည်း။
လုကာ ၁၆:၉ “တဖန် ငါဆိုသည်ကား၊ သင်တို့သည် စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့။”
လူတွေကို
ကောင်းကင်ဘုံရောက်အောင် ကူညီပေးခြင်းဖြင့် သင်၏ငွေကို အသုံးပြုခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။
သခင်ခရစ်တော်က ပြောထားသည်မှာ လုကာ ၁၆:၉ “တဖန် ငါဆိုသည်ကား၊ သင်တို့သည် စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့။”
သခင်ခရစ်တော်
ဒီနေရာမှာ ဘာကို မပြောထားသနည်း။ ကောင်းကင်ဘုံဝင်နိုင်ဖို့နည်းလမ်းကို သင်ဝယ်ယူလို့
ရတယ်လို့ မပြောထားပါ။ သင်မှ မလုပ်နိုင်တာ။ အဲဒီအတွက် အဖိုးအခကို ကားတိုင်ပေါ်မှာ သခင်ခရစ်တော်
ပေးခဲ့ပြီး ဖြစ်ပါတယ်။ ကယ်တင်ခြင်းကို ဝယ်ယူလို့ရတယ်လို့လည်း မပြောထားပါ။ သင်လုပ်ယူလို့မရနိုင်ပါ။
ဒါသည် ကျေးဇူးတော်အားဖြင့် အခမဲ့လက်ဆောင်ဖြစ်တယ်။
သင်၏ငွေကြေးကို
အသုံးပြုပြီး ဝိညာဉ်ရေးဆိုင်ရာ ပေါင်းသင်းဆက်ဆံရေးတွေမှာ အသုံးပြုဖို့ သခင်ခရစ်တော်
ပြောနေပါတယ်။ ဒါတွေသည် နိစ္စထာဝရအတွက် ဆက်၍သွားမည်ဖြစ်သည်။ ကောင်းသော သက်ရောက်မှု အတွက်
သင်၏ကြွယ်ဝခြင်းကို အသုံးပြုပါ။
တခြားသူတွေ
သခင်ခရစ်တော်နှင့် ဆုံရဖို့အတွက် ကူညီပေးမှုတွင် သင်၏ငွေကို အသုံးပြုလိုက်တဲ့အခါ နိစ္စထာဝရ
အတွက် မိတ်ဆွေသူငယ်ချင်းကို ပြုခြင်းဖြစ်ပါတယ်။ နိစ္စထာဝရအတွက် ဆုလဒ်ကို သင်ရယူလိုက်ခြင်းဖြစ်
ပါတယ်။
တစ်နေ့မှာ သင်သေဖို့ဖြစ်လာပြီလို့
တွေးကြည့်လိုက်ပါ။ သေပြီး ကောင်းကင်ဘုံရောက်တဲ့အခါ လူရာပေါင်းများစွာ ကောင်းကင်အဝင်ဝမှာ
စောင့်ကြိုနေမည်။ လက်ခုပ်တီးပြီး “ငါတို့နင့်ကို စောင့်နေတာ။ ဒီနေရာကို ရောက်ရလို့
ဝမ်းမြောက်နေခဲ့တာ” လို့ ချီးကျူးစကားဆိုနေမည်။ ဧဝံဂေလိ သတင်းကောင်းကို ငါတို့ကို ပြောဖို့အတွက်
သင်ငွေကုန်ကျခဲ့တဲ့အတွက်ကြောင့် ငါတို့ရောက်ရှိလာရတာပါ။ ငါတို့တွေသည် လောကအသက်တာ တွင်သာမဟုတ်
နိစ္စထာဝရ အတွက် မိတ်ဆွေသူငယ်ချင်းတွေဖြစ်ခြင်းက သင့်အပေါ်မှာ ကြွေးမြီတင် လို့ဖြစ်ပါ
တယ်။ ဤနည်းလမ်းအတိုင်း ကျွန်ုပ်တို့၏ငွေကို အသုံးပြုခြင်းမရှိပါလျှင် ကောင်းကင်ဘုံကို
မည်သို့ရောက်ရှိရ သည်ကို ကြားရမည်မဟုတ်ပါ။
သင်၏ငွေတွေကို
အဲဒီလိုမျိုး အသုံးပြုခဲ့ဖူးပါသလား။ တစ်စုံတစ်ယောက်က သင့်ကြောင့် ၊ သင်၏ငွေသုံးစွဲခြင်း
ပုံစံအားဖြင့် ကောင်းကင်ဘုံ ရောက်ဖို့ရှိပါသလား။
သမ္မာကျမ်းစာ စာအုပ်မရှိတဲ့သူတစ်ဉီးကို သင်က ဝယ်ပေးလိုက်တဲ့အခါမှာ ကောင်းကင်ဘုံ၌
သင်၏ဘဏ္ဍာသိုမှီး လိုက်ခြင်း ဖြစ်ပါတယ်။ ဧဝံဂေလိတရားကို လောကတစ်ခွင် ဝေမျှတဲ့သာသာနာအဖွဲ့ကို
သင် ထောက်ပံ့ ပေးလိုက်တဲ့အခါတွင်လည်း နိစ္စထာဝရအတွက် သင်ရင်းနှီးမြှုပ်နှံခြင်းပင်
ဖြစ်ပါတယ်။ ဘုရားကို သိရှိဖို့ လူတွေကို လမ်းညွှန်မှုပြုတဲ့နည်းလမ်းထဲက ဘုရားကျောင်းဆောက်ဖို့ရန်အတွက်
ကူညီပေးတဲ့ အခါတွင် လည်း ကောင်းကင် ဘုံမှာ သင်၏ဘဏ္ဍာကို သိုမှီးခြင်းဖြစ်ပါတယ်။
ဒါတွေသည်
သင်၏ငွေကြေးကို အကောင်းဆုံးအသုံးပြုပြီး အမြင့်မားဆုံးသောလုပ်ရပ်ဖြစ်ပါတယ်။ ငွေတွေကို
သင်နှင့်အတူ ယူဆောင်သွားလို့မရပါ။ သို့ပေမဲ့ ကောင်းကင်ဘုံသို့ ကြိုတင်ပို့ဆောင်နိုင်ပါတယ်။
ဘယ်လိုလဲ။ သင်နှင့်အတူ ကောင်းကင်ဘုံမှာ ရှိမဲ့သူတွေအားဖြင့် ရင်းနှီးခြင်းကနေ ရရှိနိုင်ပါတယ်။
ဆင်ခြင်ရန်
-နိစ္စထာဝရအတွက်
အကျိုးရလဒ်ဖြစ်ဖို့ရန် ယနေ့တွင် မည်ကဲ့သို့သောအရာကို သင် ရင်းနှီးနိုင်မည်နည်း။
-ယခုလက်ရှိတွင်
သင်၏ငွေကို မည်သည့်နေရာတွင် ရင်းနှီးထားပါသနည်း။ ဤအရာကို လူတွေ၏ အနာဂတ်နိစ္စထာဝရအတွက်
ရင်းနှီးခြင်းဖြင့် မည်ကဲ့သို့နှိုင်းယှဉ်နိုင်မည်နည်း။
-ငွေကြေးဆိုင်ရာ ကြီးသော ၊ ငယ်သော အမှုမှန်သမျှ၏ ဆုံးဖြတ်ချက်ကို
အမျှော်အမြင်ရှိစွာ လုပ်ဆောင်ခြင်းဖြင့် နိစ္စထာဝရအတွက် သက်ရောက်မှုတွေကို နေ့ရက်တိုင်းမှာ
မည်ကဲ့သို့ ထိန်းသိမ်းနိုင်မည်နည်း။
Zawgyi Version
ဆင်ခြင်ရန်