Unicode Version
------------------------------------------------------------------------------
Zawgyi Version
“သင်ကောင်းစွာပြုခဲ့ပြီးပြီ” လို့သင်ကြားချင်ပါလျှင် ဘာကိုလုပ်ဆောင်မည်နည်း။
ရောမ ၁၄:၁၂ “သို့ဖြစ်၍၊ ငါတို့ရှိသမျှသည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို
ခံရကြမည်။”
တစ်နေ့သောအခါမှာ
သင့်အသက်တာကို စစ်ကြောခြင်းရောက်ဖို့ရှိပါတယ်။ အဲဒီနေ့ရက်တွင် ငွေကြေးကို မည်ကဲ့သို့
သုံးစွဲသလဲဆိုတာအပါအဝင် ဘုရားသခင် ကောင်းချီးပေးထားတဲ့အရာအားလုံးတို့ကို မည်ကဲ့သို့
အသုံးပြုသလဲဆိုတာကို သင်အဖြေပေးရပါမည်။ သင့်ကို ပေးထားသော စွမ်းရည် ၊ အခွင့်အရေး ၊
ပေါင်းသင်းဆက်ဆံရေး ၊ အတွေးအခေါ်၊ ဖန်တီးနိုင်စွမ်း ၊ သင်၏ဆက်သွယ်သောသူတွေ ၊ သင်၏အချိန်တွေဖြင့်
သင်ဘာကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင် ပေးသနားတော်မူသော အရာတွေဖြင့် မည်သို့သောအရာကို
ပြုခဲ့ပါသနည်း။
ဘုရားသခင်၏ အသင်းတော်၌ စီးပွားရေးအဆင့်အလိုက် လူပေါင်းစုံဖြင့် ပြည့်နေပါတယ်။
ဆင်းရဲသောသူတွေ ၊ တစ်ချို့က ချမ်းသာသောသူ နှင့် အလယ်အလတ်တွေ အားလုံးပါဝင်ပါတယ်။ သို့ပေမဲ့
သင်၏ရရှိမှု အနည်း ၊ အများ နှင့် မဆိုင်ပါဘူး။ အရေးကြီးတာက သင့်ကို ဘုရားသခင် ပေးအပ်ထားသော
အရာတွေကို မည်ကဲ့သို့ အသုံးပြုခြင်း နှင့် သင့်အား ပို၍ ယုံကြည်စိတ်ချနိုင်အောင် ပြုမူခြင်းဖြစ်ပါတယ်။
ဤလောကတွင်
သင်၏ထိန်းသိမ်းစောင့်လျှောက်ရခြင်းအမှုသည် တစ်နေ့မှာပြီးဆုံးလာမည်ဖြစ်ပြီး သင့်အား
အပ်နှံထားသော အရာတွေပေါ်မှာ စာရင်းပြန်လည်ရှင်းပေးရဖို့ရှိပါတယ်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ
ရောမ ၁၄:၁၂ “သို့ဖြစ်၍၊ ငါတို့ရှိသမျှသည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို
ခံရကြမည်။”
ဤလောကတွင်
တစ်သက်လုံး သင်နေရဖို့မရှိပါ။ သို့ပေမဲ့ ဘုရားသခင်က သင့်ကို ဤလောကတွင် နေထိုင်စဉ် ကာလမှာ
အပ်နှံထားတဲ့အရာတွေကို ထိန်းသိမ်းစောင့်လျှောက်ဖို့ ခန့်အပ်ထားပါတယ်။ ပေးထားတဲ့အရာတွေ
ပေါ်မှာ မည်ကဲ့သို့ ကိုင်တွယ်နေသလဲဆိုတာကို ဘုရားသခင်က သင့်အား စောင့်ကြည့်နေတယ်။ စမ်းသပ်နေ
ပါတယ်။
ဘုရားသခင်ပေးထားတဲ့ စိတ်ဖြင့်
သင်ဘာကိုပြုနေသနည်း။ ပေးထားတဲ့ ကျန်းမာခြင်းအားဖြင့် လည်း ဘာကို လုပ်ဆောင်နေပါသနည်း။
ပေးထားတဲ့ လွှတ်လပ်ခြင်းတွေ ကိုရော သင်ဘာလုပ်နေသနည်း။ အဲဒီအရာအားလုံး တို့ကို သင့်ကိုယ်သင်အတွက်ဘဲ
သုံးနေပါသလား။ အသက်တာအတွက် ရည်ရွယ်ထားရာအားလုံးသည် သင့် အတွက်ဘဲလို့ သင်ယုံကြည်နေပါသလား။
အသက်တာမှာ
ဘာဖြစ်ချင်သလဲဆိုတာကို ယခုပင် သင်ဆုံးဖြတ်နိုင်ပါတယ်။ ပြီးတော့ သင်အမှန်တကယ် အရေးကြီးတဲ့အရာတွေအတွက်
အသက်ရှင်နေထိုင်ချင်တယ်ဆိုတာကို စတင်ရွေးချယ်မှုတွေ ပြုဖို့ရန် ဘုရားသခင် ထံဖော်ပြပါ။
သင်၏အရင်းအမြစ် ကောင်းချီးတွေကို နိစ္စထာဝရအတွက် ထူးခြားစွာဖြစ်ရန် သင်အသုံးပြုတဲ့အခါမှာ
တစ်နေ့မှာ ဘုရားသခင် သင့်ကို “သင်ကောင်းစွာပြုခဲ့ပြီးပြီ” လို့ပြောတာကို သင်ကြားရ ပါလိမ့်မည်။
ဆင်ခြင်ရန်
-
ဘုရားသခင်၏ နိုင်ငံတော်တွင် ရင်းနှီးရဖို့ရန် သင်၌ လုံလောက်စွာ မရှိပါလျှင် ဘုရားသခင်
သင့်အပေါ်မည်သို့ မျှော်လင့်သည်ကို သင်တွေးထင်ပါသနည်း။
-သင်ဝယ်ယူသမျှတွေတိုင်းကို
ဘုရားသခင်၏ငွေကြေးအား သုံးဖြုန်းတယ်လို့ သင်ဆင်ခြင်မိတဲ့အခါ သင်၏အသုံး စရိတ်ကို မည်ကဲ့သို့
ပြောင်းလဲစေပါသနည်း။
-သင်၏အသက်တာကို
မည်ကဲ့သို့ ဖြစ်စေချင်ပါသနည်း။ မည်ကဲ့သို့သော အမွေအနှစ်မျိုးကို သင်ထားခဲ့ချင် ပါသနည်း။
------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်