What the Dishonest Manager Did Right

Unicode Version

မရိုးသားသော ဘဏ္ဍာထိန်းသည် မည်သို့သော မှန်ကန်မှုကို ပြုခဲ့သနည်း။
သုတ္တံ ၁၄:၈ “ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။

လုကာ ၁၆ မှာဖော်ပြထားတဲ့ မရိုးသားတဲ့ ဘဏ္ဍာထိန်း၏ဇာတ်ကြောင်းတွင် အဓိကဇာတ်ကောင်မှာ မရိုးသားခဲ့ သော်ငြားလည်း သူရဲကောင်းဖြစ်နေပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။ ဘာကြောင့်လဲဆိုတော့ ဘဏ္ဍာထိန်း သည် အလုပ်ဖြုတ်ခံရတော့မည်ကို သိခဲ့တဲ့အတွက်ကြောင့် သူ၏သခင်ထံတခြားသူတွေ ပေးချေစရာရှိသမျှ၏ တစ်ချို့ကြွေးမြီအပိုင်းတွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။ သူ၏မျှော်လင့်ချက်က တစ်နေ့မှာ သူအကူအညီလို အပ်ခဲ့လျှင် အဲဒီလူတွေ သူတစ်ဉီးကို အကြွေးတင်နေခဲ့သည်ကို သူတို့မှတ်မိလိမ့်မည်။ မိမိ၏မရိုးသားမှုက သေချာတဲ့ နှစ်သက်ဖွယ်ရာ တော့မဟုတ်ပါ။ ဒါဆို သခင်ခရစ်တော်က ဤသူကို ဘာကြောင့် များ သဘောကျ သနည်း။

မရိုးသားတဲ့ ဘဏ္ဍာစိုးသည် မှန်ကန်သောအရာ (၃) မျိုးကို ပြုခဲ့ပါတယ်။ ဤအရာတွေသည် ငွေကြေးနှင့် ပတ်သက်ပြီး ဘုရားသခင်သင့်ကို ပြုစေချင်သော အရာတွေဖြစ်ပါတယ်။

ပထမဉီးစွာ ဘဏ္ဍာစိုးသည် ရှေ့ကိုကြည့်ခဲ့တယ်။ အနာဂတ်အတွက် စဉ်းစားဆင်ခြင်ခဲ့တယ်။ ကျွန်ုပ်တို့၏ ထုံးဓမ်းဓလေ့ရှိ အသိပေးတဲ့နှိုးဆော်တဲ့အရာတွေကနေ သင်ကြားပေးနေတာကတော့ ယခုပင်လုပ်ဆောင်ရန်၊ ယခုပင် သုံးစွဲရန် ၊ ယခုပင်ရရှိရန်နှင့် အနာဂတ်အတွက် မေ့ပစ်ရန်ဖြစ်ပါတယ်။ ဒါကြောင့် လူအနည်းစုကဘဲ စုဆောင်းငွေ ရှိကြပါတယ်။
သုတ္တံ ၁၄:၈ “ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။ သင်၏ငွေကြေးမှာ ရင်ဆိုင်စရာ တစ်စုံတစ်ခု ရှိနေပါမည်။ အဲဒီအရာကို လုပ်ဆောင်ဖို့ရန် ကြာရှည်စွာ စောင့်ဆိုင်းလေလေ စီစဉ်ဖို့ရန် ခက်ခဲလေဖြစ်ပါတယ်။

ဒုတိယအားဖြင့် ဘုရားသခင် သင့်ကို လုပ်ဆောင်စေချင်တာက ဘဏ္ဍာစိုးလုပ်ခဲ့တဲ့ အစီအစဉ်တကျ လုပ်ဆောင်မှုဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာ အစီအစဉ်လုပ်ဖို့ သင်၌ဖြစ်လာလျှင် သင်မည်သို့ သိနိုင်မည်နည်း။ ဒါတွေ သည် အင်မတန်ရိုးစင်းပါတယ်။ သင့်မှာ ဝင်ငွေထွက်ငွေစာရင်းရှိထားသလား။ အဲဒီအရာက သင်၏ငွေတွေ ဘယ်ကို ရောက်သွားသလဲဆိုတာကို ဖော်ပြပေးပါတယ်။ သင်၌ အဲဒီလိုစာရင်းမရှိပါလျှင် အစီအစဉ်လည်း မရှိနိုင်ပါ။
သုတ္တံ ၁၆:၉ “လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။

တတိယအနေဖြင့် ဘဏ္ဍာစိုးပြုသကဲ့သို့ အလျင်အမြန်ပြုဖို့ ဖြစ်ပါတယ်။ သူအချိန်မဆွဲဘူး ၊ မကြန့်ကြာခဲ့ဘူး ။ အစီအစဉ်ကို လှုပ်ရှားမှုဖြင့် ပြင်ဆင်ပါတယ်။ “
လုကာ ၁၆:၄ “ဘဏ္ဍာစိုးအရာမှ ကျသည်နောက် သူတပါးတို့သည် မိမိတို့အိမ်၌ ငါ့ကိုလက်ခံစေခြင်းငှါ အဘယ်သို့ ငါပြုရမည်ကို ငါသိ၏ဟူ၍ စိတ်ထဲ၌ ကြံစည်ပြီးမှ”။ ဤအရာသည် သခင်ခရစ်တော် ချီးကျုးထားသော အရာဖြစ်ပါတယ်။ ဘဏ္ဍာစိုး၏မရိုးဖြောင့်မှုကို မဟုတ်ပေမဲ့ သူ၏စွမ်းရည်သည် ကြံစည်ပြီးလုပ်ဆောင်မှုပြုခြင်း ဖြစ်သည်။ အသက်တာမှာ အဆင်ချောရုံလေးဖြတ်သန်းသွားမယ်ဆိုလျှင် အမျှော်အမြင်ရှိစွာ လုပ်ဆောင်မှာမဟုတ် ပါဘူး။ ရှည်လျားတဲ့ အမြင်ရှိဖို့ သင်လိုအပ်ပါတယ်။

ရှည်လျားတဲ့အမြင်အကြောင်းနှင့်ပတ်သက်ပြီး သခင်ခရစ်တော်ပြောတဲ့အခါမှာ အငြိမ်းစားယူခြင်းအကြောင်း မပြောခဲ့ပါဘူး။ သေခြင်း၏အခြားတစ်ဖက်က အမြင်အကြောင်းကို ပြောခြင်းဖြစ်ပါတယ်။ ရှေ့ကိုကြည့်ရှု တဲ့အခါမှာ ဘုရားသခင် ကျေနပ်စေမည့်အကြံအစည်ကိုသာ လုပ်ဆောင်ပါ။ဤအရာသည် နိစ္စထာဝရ၏ ဆုလဒ်ကို ရိတ်သိမ်းရဖို့ရန် အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုကို သင်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

ဆင်ခြင်ရန်
-ယနေ့မှာ သင်၏ငွေကြေးဆိုင်ရာကိစ္စတွေနှင့် ပတ်သက်ပြီး မည်သို့သော အခက်အခဲများကို ရင်ဆိုင်နေရ ပါသနည်း။ မည်သို့ ခက်ခဲသော ဆုံးဖြတ်ချက်တွေက သင့်အသက်တာအတွက် ပိုပြီး စီမံခန့်ခွဲနိုင်စေသနည်း။
-သင်၏ ကြီးမားတဲ့ ဝယ်ယူမှု (သို့) ရင်းနှီးမြှုပ်နှံမှု (၃) မျိုးအကြောင်းကို ပြန်လည်အောက်မေ့လိုက်ပါ။ အဲဒီသုံးမျိုးကို ယနေ့ဖတ်ရှုရတဲ့ သတင်းစကား၏ အခြေခံ (၃) မျိုးဖြင့် မည်ကဲ့သို့ ချိန်ညှိနိုင်မည်နည်း။
-သင်၏ သတ်မှတ်ထားသော အသုံးစရိတ်နှင့် ကြံစည်ထားမှုတွေသည် နိစ္စထာဝရရှုထောင့်အနေဖြင့် မည်ကဲ့သို့ သက်ရောက်မှုဖြစ်နိုင်မည်နည်း။


------------------------------------------------------------------------------



Zawgyi Version

မ႐ိုးသားေသာ ဘ႑ာထိန္းသည္ မည္သို႔ေသာ မွန္ကန္မႈကို ျပဳခဲ့သနည္း။
သုတၱံ ၁၄:၈ “ပညာသတိရွိေသာ သူ၏ပညာကား၊ ကိုယ္သြား ရေသာ လမ္းကို သိျခင္းတည္း။ မိုက္ေသာသူ၏ မိုက္ျခင္း မူကား၊ ပရိယာယ္တည္း။”

လုကာ ၁၆ မွာေဖာ္ျပထားတဲ့ မ႐ိုးသားတဲ့ ဘ႑ာထိန္း၏ဇာတ္ေၾကာင္းတြင္ အဓိကဇာတ္ေကာင္မွာ မ႐ိုးသားခဲ့ ေသာ္ျငားလည္း သူရဲေကာင္းျဖစ္ေနပါတယ္။ ဘာေၾကာင့္ဒီလိုျဖစ္ရတာလဲ။ ဘာေၾကာင့္လဲဆိုေတာ့ ဘ႑ာထိန္း သည္ အလုပ္ျဖဳတ္ခံရေတာ့မည္ကို သိခဲ့တဲ့အတြက္ေၾကာင့္ သူ၏သခင္ထံတျခားသူေတြ ေပးေခ်စရာရွိသမွ်၏ တစ္ခ်ိဳ႕ေႂကြးၿမီအပိုင္းေတြကို ပယ္ဖ်က္ေပးခဲ့ပါတယ္။ သူ၏ေမွ်ာ္လင့္ခ်က္က တစ္ေန႔မွာ သူအကူအညီလို အပ္ခဲ့လွ်င္ အဲဒီလူေတြ သူတစ္ဉီးကို အေႂကြးတင္ေနခဲ့သည္ကို သူတို႔မွတ္မိလိမ့္မည္။ မိမိ၏မ႐ိုးသားမႈက ေသခ်ာတဲ့ ႏွစ္သက္ဖြယ္ရာ ေတာ့မဟုတ္ပါ။ ဒါဆို သခင္ခရစ္ေတာ္က ဤသူကို ဘာေၾကာင့္ မ်ား သေဘာက် သနည္း။

မ႐ိုးသားတဲ့ ဘ႑ာစိုးသည္ မွန္ကန္ေသာအရာ (၃) မ်ိဳးကို ျပဳခဲ့ပါတယ္။ ဤအရာေတြသည္ ေငြေၾကးႏွင့္ ပတ္သက္ၿပီး ဘုရားသခင္သင့္ကို ျပဳေစခ်င္ေသာ အရာေတြျဖစ္ပါတယ္။

ပထမဉီးစြာ ဘ႑ာစိုးသည္ ေရွ႕ကိုၾကည့္ခဲ့တယ္။ အနာဂတ္အတြက္ စဥ္းစားဆင္ျခင္ခဲ့တယ္။ ကြၽႏ္ုပ္တို႔၏ ထုံးဓမ္းဓေလ့ရွိ အသိေပးတဲ့ႏႈိးေဆာ္တဲ့အရာေတြကေန သင္ၾကားေပးေနတာကေတာ့ ယခုပင္လုပ္ေဆာင္ရန္၊ ယခုပင္ သုံးစြဲရန္ ၊ ယခုပင္ရရွိရန္ႏွင့္ အနာဂတ္အတြက္ ေမ့ပစ္ရန္ျဖစ္ပါတယ္။ ဒါေၾကာင့္ လူအနည္းစုကဘဲ စုေဆာင္းေငြ ရွိၾကပါတယ္။
သုတၱံ ၁၄:၈ “ပညာသတိရွိေသာ သူ၏ပညာကား၊ ကိုယ္သြား ရေသာ လမ္းကို သိျခင္းတည္း။ မိုက္ေသာသူ၏ မိုက္ျခင္း မူကား၊ ပရိယာယ္တည္း။” သင္၏ေငြေၾကးမွာ ရင္ဆိုင္စရာ တစ္စုံတစ္ခု ရွိေနပါမည္။ အဲဒီအရာကို လုပ္ေဆာင္ဖို႔ရန္ ၾကာရွည္စြာ ေစာင့္ဆိုင္းေလေလ စီစဥ္ဖို႔ရန္ ခက္ခဲေလျဖစ္ပါတယ္။

ဒုတိယအားျဖင့္ ဘုရားသခင္ သင့္ကို လုပ္ေဆာင္ေစခ်င္တာက ဘ႑ာစိုးလုပ္ခဲ့တဲ့ အစီအစဥ္တက် လုပ္ေဆာင္မႈျဖစ္ပါတယ္။ ေငြေၾကးဆိုင္ရာ အစီအစဥ္လုပ္ဖို႔ သင္၌ျဖစ္လာလွ်င္ သင္မည္သို႔ သိႏိုင္မည္နည္း။ ဒါေတြ သည္ အင္မတန္႐ိုးစင္းပါတယ္။ သင့္မွာ ဝင္ေငြထြက္ေငြစာရင္းရွိထားသလား။ အဲဒီအရာက သင္၏ေငြေတြ ဘယ္ကို ေရာက္သြားသလဲဆိုတာကို ေဖာ္ျပေပးပါတယ္။ သင္၌ အဲဒီလိုစာရင္းမရွိပါလွ်င္ အစီအစဥ္လည္း မရွိႏိုင္ပါ။ 
သုတၱံ ၁၆:၉ “လူသည္ မိမိသြားရာလမ္းကို စိတ္ထဲမွာ ႀကံစည္ ၏။ သို႔ေသာ္လည္း သူ၏ေျခရာတို႔ကို ထာဝရဘုရား စီရင္ေတာ္မူ၏။”

တတိယအေနျဖင့္ ဘ႑ာစိုးျပဳသကဲ့သို႔ အလ်င္အျမန္ျပဳဖို႔ ျဖစ္ပါတယ္။ သူအခ်ိန္မဆြဲဘူး ၊ မၾကန႔္ၾကာခဲ့ဘူး ။ အစီအစဥ္ကို လႈပ္ရွားမႈျဖင့္ ျပင္ဆင္ပါတယ္။ “
လုကာ ၁၆:၄ “ဘ႑ာစိုးအရာမွ က်သည္ေနာက္ သူတပါးတို႔သည္ မိမိတို႔အိမ္၌ ငါ့ကိုလက္ခံေစျခင္းငွါ အဘယ္သို႔ ငါျပဳရမည္ကို ငါသိ၏ဟူ၍ စိတ္ထဲ၌ ႀကံစည္ၿပီးမွ”ဤအရာသည္ သခင္ခရစ္ေတာ္ ခ်ီးက်ဳးထားေသာ အရာျဖစ္ပါတယ္။ ဘ႑ာစိုး၏မ႐ိုးေျဖာင့္မႈကို မဟုတ္ေပမဲ့ သူ၏စြမ္းရည္သည္ ႀကံစည္ၿပီးလုပ္ေဆာင္မႈျပဳျခင္း ျဖစ္သည္။ အသက္တာမွာ အဆင္ေခ်ာ႐ုံေလးျဖတ္သန္းသြားမယ္ဆိုလွ်င္ အေမွ်ာ္အျမင္ရွိစြာ လုပ္ေဆာင္မွာမဟုတ္ ပါဘူး။ ရွည္လ်ားတဲ့ အျမင္ရွိဖို႔ သင္လိုအပ္ပါတယ္။

ရွည္လ်ားတဲ့အျမင္အေၾကာင္းႏွင့္ပတ္သက္ၿပီး သခင္ခရစ္ေတာ္ေျပာတဲ့အခါမွာ အၿငိမ္းစားယူျခင္းအေၾကာင္း မေျပာခဲ့ပါဘူး။ ေသျခင္း၏အျခားတစ္ဖက္က အျမင္အေၾကာင္းကို ေျပာျခင္းျဖစ္ပါတယ္။ ေရွ႕ကိုၾကည့္ရႈ တဲ့အခါမွာ ဘုရားသခင္ ေက်နပ္ေစမည့္အႀကံအစည္ကိုသာ လုပ္ေဆာင္ပါ။ဤအရာသည္ နိစၥထာဝရ၏ ဆုလဒ္ကို ရိတ္သိမ္းရဖို႔ရန္ အနာဂတ္အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈကို သင္လုပ္ေဆာင္ျခင္းျဖစ္ပါတယ္။

ဆင္ျခင္ရန္
-ယေန႔မွာ သင္၏ေငြေၾကးဆိုင္ရာကိစၥေတြႏွင့္ ပတ္သက္ၿပီး မည္သို႔ေသာ အခက္အခဲမ်ားကို ရင္ဆိုင္ေနရ ပါသနည္း။ မည္သို႔ ခက္ခဲေသာ ဆုံးျဖတ္ခ်က္ေတြက သင့္အသက္တာအတြက္ ပိုၿပီး စီမံခန႔္ခြဲႏိုင္ေစသနည္း။
-သင္၏ ႀကီးမားတဲ့ ဝယ္ယူမႈ (သို႔) ရင္းႏွီးျမႇဳပ္ႏွံမႈ (၃) မ်ိဳးအေၾကာင္းကို ျပန္လည္ေအာက္ေမ့လိုက္ပါ။ အဲဒီသုံးမ်ိဳးကို ယေန႔ဖတ္ရႈရတဲ့ သတင္းစကား၏ အေျခခံ (၃) မ်ိဳးျဖင့္ မည္ကဲ့သို႔ ခ်ိန္ညႇိႏိုင္မည္နည္း။
-သင္၏ သတ္မွတ္ထားေသာ အသုံးစရိတ္ႏွင့္ ႀကံစည္ထားမႈေတြသည္ နိစၥထာဝရရႈေထာင့္အေနျဖင့္ မည္ကဲ့သို႔ သက္ေရာက္မႈျဖစ္ႏိုင္မည္နည္း။