Three Ways God Tests You Through Your Finances
Unicode Version
သင်၏ငွေကြေးကဏ္ဍမှတစ်ဆင့် ဘုရားသခင်သည် သင့်ကို နည်းလမ်း (၃) မျိုးဖြင့် စမ်းသပ်ပါတယ်။
သုတ္တံ ၁၁:၂၈ “မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့် မည်။ ဖြောင့်မတ်သော သူမူကား၊ သစ်ခက်ကဲ့သို့ စိမ်း လန်းလိမ့်မည်။”
ငွေကြေးကို အသုံးပြုပြီး သင့်ကို ဘုရားသခင် စမ်းသပ်ပါတယ်။ ကောင်းချီးမင်္ဂလာကို လူတိုင်းဆီသို့ အလို အလျောက် မပေးပါဘူး။ သင်၌ တာဝန်ယူမှုရှိတယ်လို့မြင်ရဖို့ရန် အရင်စမ်းသပ်ပါတယ်။ သင့်ကို ဝိညာဉ်ရေးရာ စွမ်းအားမပေးခင်မှာ ဉစ္စာပစ္စည်းကို အရင်ပေးပါတယ်။ ငွေကြေးကို ကောင်းစွာ စီမံခြင်းမရှိလျှင် လောကမှာ အမှန်တကယ်အရေးပါတဲ့အရာတွေကို ဘာကြောင့် ပေးအပ်မည်နည်း။
သင့်ကိုစမ်းသပ်ဖို့ရန် ဘုရားသခင်၏ စိတ်ကြိုက်လက်နက်ကတော့ သင်၏ငွေကြေးဖြစ်ပါတယ်။ ပြီးတော့ တိကျတဲ့အရာသုံးမျိုးအတွက် ဘုရားသခင်ရှာဖွေနေပါတယ်။
(၁) သင်ဘာကို အနှစ်သက်ဆုံးလဲဆိုတာကို ငွေကြေးကဖော်ပြပါတယ်။
သင်၏အချိန်တော်တော်များများ နှင့် ငွေတွေကို သင့်အနှစ်သက်ဆုံးအရာအတွက် သင်ပေးပါမည်။ သင်၏ ပြက္ခဒိန်နှင့် ဘဏ်စရင်းက သက်သပြပါလိမ့်မည်။ သခင်ခရစ်တော် ပြောထားသည်မှာ မဿဲ ၆:၁၉-၂၁ “မုသာစကားကိုပြော၍ မမှန်သောသက်သေ တပါး၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ်သော သူတပါးတည်း။ ငါ့သား၊ အဘ၏ပညတ်စကားကို နားထောင်လော့။ အမိပေးသော တရားကို မပယ်နှင့်။ နှလုံးပေါ် မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထားလော့။” သင်၏စိတ်နှလုံးရောက်စေချင်သော နေရာတွေမှာ သင်၏ငွေကြေး တွေကို ထည့်ထားလိုက်ပါ။ သင်အဲဒီနေရာမှ စိတ်ဝင်စားလာပါလိမ့်မည်။
(၂) သင် အယုံကြည်ရဆုံးအရာကို ငွေကြေးက ဖော်ပြပါတယ်။
သင်သစ္စာရှိတဲ့နေရာကို ငွေကြေးကဖော်ပြပါတယ်။ အသက်တာ လုံခြုံမှုအတွက် နှင့် ပျော်ရွှင်မှုအတွက် သင်၏ငွေ (သို့) ဘုရားသခင်ကို ကိုးစား ယုံကြည်မည်လား။ သုတ္တံ ၁၁:၂၈ “မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့် မည်။ ဖြောင့်မတ်သော သူမူကား၊ သစ်ခက်ကဲ့သို့ စိမ်း လန်းလိမ့်မည်။”
(၃) သင့်ကို ဘုရားသခင် ယုံကြည်လို့ရတယ်ဆိုရင် ငွေကြေးကဖော်ပြပါသည်။
စီမံထားခြင်းမရှိတဲ့ ဘဏ္ဍာရေးကိစ္စတွေသည် စီမံခန့်ခွဲမှု မရှိသောအသက်တာ၏ လက္ခဏာဖြစ်ပါတယ်။ ဘုရားသခင်က သင့်ကို ဝိညာဉ်ရေးရာ ကောင်းချီးမပေးခင် ဉစ္စာပစ္စည်းတွေကို မည်ကဲ့သို့ ကောင်းစွာ စီမံနိုင်မည်လဲဆိုတာကို စောင့်ကြည့်နေပါတယ်။  လုကာ ၁၆:၁၁-၁၂ “သို့ဖြစ်၍ မမြဲသော လောကီစည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင်၊ မှန်သောစည်းစိမ်ကို သင်တို့၌ အဘယ်သူအပ်မည်နည်း။ ၁၂သူတပါးအမှု၌ သင်တို့သည် သစ္စာမရှိလျှင်၊ အဘယ်သူသည် အပိုင်ပေးမည်နည်း။”
ရင့်ကျက်ခြင်းနှင့် ငွေကြေးကြားတွင် တိုက်ရိုက်ဆက်နွယ်မှုရှိပါတယ်။ ဝိညာဉ်ရေးရာ စွမ်းအားနှင့် မည်ကဲ့သို့ ပိုင်ဆိုင်မှုတွေကို ကိုင်တွယ်ထိန်းသိမ်းခြင်းတွေ ကြားမှာ တိုက်ရိုက် ဆက်နွယ်မှုရှိပါတယ်။ သင့်အသက်တာ အတွက် ဘုရားပေးသော ကောင်းချီးနှင့် သင်၏ငွေများဖြင့် တာဝန်သိမှုတွေကြားတွင်လည်း တိုက်ရိုက်ဆက် နွယ်မှု ရှိပါတယ်။
ဆက်နွယ်မှုတွေကို လက်မလွှတ်စေပါနှင့်။ သင်၏ငွေကြေးပေါ် မည်ကဲ့သို့ကိုင်တွယ်ခြင်းသည် သင့်အသက်တာ တွင် ဘုရားမည်မျှကောင်းချီးပေးနိုင်မလဲဆိုတာကို ဆုံးဖြတ်ပါတယ်။
ဆင်ခြင်ရန်
-သင်၏ဘဏ်ငွေစာရင်းက သင်၏ မည်ကဲ့သို့သော အနှစ်သက်ဆုံးအရာကို ဖော်ပြပါသနည်း။
-သင့်အသက်တာအတွက် ကောင်းချီးပိုမိုရရှိအောင် ဘုရားသခင်အား တောင်လျှောက်ဖူးပါသလား။ သင့်အပေါ်မှာ အပ်နှံဖို့ရန် ဘုရားဘယ်လောက် လိုလားခြင်းတွေက သင်၏ဘဏ္ဍာရေးကို သက်ရောက်မှု မည်ကဲ့သို့ရှိမည်နည်း။
-လုကာ ၁၆ တွင်ဖော်ပြထားသော မည်ကဲ့သို့သော “စစ်မှန်သော ဉစ္စာဓန” သည် ဘုရားသခင် ပေးအပ်ထားသော ဆုကျေးဇူးတွေကို တာဝန်ရှိစွာ ထိန်းသိမ်းဖို့ရန် အပ်နှံခြင်းဖြစ်မည်နည်း။
--------------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်