Tell Your Money Where You Want It to Go
Unicode Version
သင်သွားစေချင်သော နေရာကိုရောက်စေဖို့ရန် သင်၏ပိုက်ဆံကိုပြောလိုက်ပါ။
သုတ္တံ ၂၁:၅ “လုံ့လဝိရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့်၎င်း၊ သမ္မာသတိမရှိသော သူ၏အကြံ အစည်သည် ဆင်းရဲခြင်းနှင့်၎င်း ဆိုင်ပေ၏။”
ဘဏ္ဍာရေးရာ တာဝန်ယူမှုတွေ နှင့် ဘုရားသခင်၏ကောင်းချီးပေးမှုတွေ ခံစားရစေဖို့ရန် သင်၏ ပေးကမ်းသူ ဘုရားသခင်ကို အမှတ်ရနေရပါမည်။ သင့်ဝင်ငွေ၏ ဆယ်ဖို့တစ်ဖို့ကို ပြန်လည်အပ်နှံပါ။ ကောင်းသော စာရင်းကိုမှတ်တမ်းပြုစုပါ ၊ အနာဂတ်အတွက် စုဆောင်းပါ ၊ ပေးချေစရာတွေကို ပေးဆပ်ပါ။ ပြီးနောက် သင်၏အသုံး စရိတ်ကို အစီအစဉ်တကျပြုဖို့ လိုအပ်ပါတယ်။ ဒါသည် ဝင်ငွေထွက်ငွေစာရင်းနှင့်ဆိုင်သော ဝိညာဉ်ရေးရာ အလေ့အကျင့် ဖြစ်ပါတယ်။
ဝင်ငွေထွက်ငွေစာရင်းက အသုံးစရိတ်တွေကို ရိုးရှင်းစွာစီစဉ်ထားခြင်းမျိုးဖြစ်တယ်။ ဤစာရင်းမျိုးသည် သင်၏ငွေတွေ ဘယ်မှာ ကုန်ချခဲ့သလဲလို့ သိချင်နေရတာတွေထက် ဘယ်အတွက် ဖြစ်စေချင်တယ်ဆိုတာကို ပြောပြနေခြင်းမျိုးဖြစ်ပါတယ်။
သင်၏ငွေကြေးဆိုင်ရာ ပန်းတိုင်အတွက် ပြည့်မှီစေဖို့ရန် တစ်ခုတည်းသော နည်းလမ်းက သင်၏ငွေကို မည်ကဲ့သို့ အသုံးပြုချင်သလဲဆိုတာကို ဆုံးဖြတ်ပါ။ ပြီးတော့ အဲဒီအရာ ဖြစ်လာဖို့အတွက် ကြံစည်လုပ်ဆောင်ပါ။
ဘဏ္ဍာရေးရာမှာ လွှတ်လပ်စွာဖြစ်တည်မှုတွေက လုပ်ဆောင်မှုများများရှိမှ ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ အသုံးစရိတ်လျော့ချခြင်းကနေ လာပါတယ်။ ဘဏ္ဍာရေး လွှတ်လပ်မှုတွေက သင်၏လုပ်ဆောင်နိုင်စွမ်းတွေကနေ အခြေခံခြင်း မဟုတ်ပါဘူး။ သင်၏ဝင်ငွေပေါ် မည်မျှသုံးလိုက်သလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ မည်သည့်ဝင်ငွေအမျိုးအစားကိုမဆို ဘဏ္ဍာရေးဆိုင်ရာ လွှတ်လပ်မှုအတွက် သင်ပြုလို့ရပါတယ်။
လက်ရှိဝင်ငွေဖြင့် ငွေကြေးကို မည်ကဲ့သို့စီမံခန့်ခွဲရမည်ကို သင်မသိပါလျှင် နောက်ထပ်သော အရာတွေအတွက် မည်သို့စီမံရမည်ကို သင်သိနိုင်မည် မဟုတ်ပါ။ သင်၏ကုန်ကျစရိတ်ကို မည်သို့ စီစဉ်ရမည်ကို သင်လေ့လာ ရပါမည်။
သုတ္တံ ၂၁:၅ “လုံ့လဝိရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့်၎င်း၊ သမ္မာသတိမရှိသော သူ၏အကြံ အစည်သည် ဆင်းရဲခြင်းနှင့်၎င်း ဆိုင်ပေ၏။”အလျင်အမြန်ပြုမူခြင်း”သည် ဝယ်ယူလိုမှုကို တွန်းအားပေးသလို ယနေ့မှာ ထပ်တူညီနေပြီဖြစ်သည်။ ၄င်းသည် အလိုအလျောက် ကြိုတင်စီစဉ်ထားခြင်းမရှိသော အသုံးစရိတ် ဖြစ်ပါတယ်။ တွေ့မြင်တယ် ၊ လိုချင်လာတယ် ၊ ဒါကြောင့် ရယူလိုက်တယ်။
ဝယ်ယူခြင်းကို လှုံ့ဆော်စေတဲ့ အမူအကျင့်ကို မည်ကဲ့သို့ ချိုးဖဲ့မည်နည်း။ အဲဒီလိုပြုဖို့ သင်၏ငွေအဝင်အထွက် (ချွေတာရေး)တွေကို ရိုက်ခတ်လိုက်ပါ။ ငွေတွေကို ဘယ်ကဲ့သို့သွားစေချင်သည် ၊ ဖြစ်စေချင်သည်ကို ပြောပါ။ အစီအစဉ်ကို ချမှတ်ပါ။
ဝယ်ယူမှုတွေကို သင်နည်းစေပါ။ သင်အကြွေးတင်နေပါလျှင် သင်အနားယူရန် လိုအပ်သည့်နောက်ဆုံးနေရာ ကတော့ ကုန်တိုက်မဖြစ်သင့်ပါ။ သင်ပျားတုပ်မခံချင်လျှင် ပျားအုံနှင့် ဝေးဝေးနေပါ။ ဝယ်ယူမှုနည်းပြီး အသုံးစရိတ် သက်သာလာလျှင် လေ့လာမှုတွေ နောက်ထပ် ထပ်ပေါ်လာပါမည်။
ဒါတွေက နက်ရှိုင်းမှုတွေမဟုတ် ၊ ထိုးထွင်းသိမြင်ရခြင်းအရာလည်း မဟုတ်ပါ။ သို့ပေမဲ့ ဒါတွေကို သေချာ လိုက်လျှောက်ဖို့က ခဲယဉ်းပါတယ်။ သင်၏အသုံးအစရိတ်အလေ့အထတွေကို ပြောင်းလဲဖို့ဖြစ်လာလျှင် သင်၏ငွေကြေးဆိုင်ရာ ချွေတာရေးတွေကို ထိုင်ပြီး ရေးသားလိုက်ပါ။ ရေးသွင်းမှုပြုပါ။ ဘုရားသခင်စောင့်ကြည့် နေတယ်ဆိုတာကိုလည်း သတိရပါ။
သင်၏ငွေကြေးစီမံခန့်ခွဲမှု၌ သင်၏သစ္စာရှိမှုကို ဘုရားသခင်သည် မြင်ချင်ပါတယ်။ ပြီးတော့ သင်၌ပေးအပ် ထားသော အရာတွေအပေါ်မှာ တာဝန်ရှိရှိလုပ်ဆောင်သော ဘဏ္ဍာထိန်းကောင်းတစ်ဉီး ဖြစ်လာဖို့ရန် လိုအပ်တဲ့ ခြေလှမ်းမှန်သမျှကို လှမ်းဖို့ရန် သင့်အား ဘုရားသခင် ကူညီပါလိမ့်မည်။
ဆင်ခြင်ရန်
-သင့်အတွက် အသုံးဝင်သော ချွေတာရေးပုံစံကို မရှာဖွေနိုင်ပါလျှင် သင်၏မိတ်ဆွေ သူငယ်ချင်းတို့မည်ကဲ့သို့ အသုံးစရိတ်ကို စီစစ်တယ်ဆိုတာကို မေးပါ။ သင့်အတွက် အသုံးဝင်စေမည့် အသုံးစရိတ်စီမံမှုတွေကို ရှာဖွေဖို့ရန် ဘာကြောင့်များ အရေးကြီးပါသနည်း။
-အသုံးစရိတ်နည်းစေဖို့ရန် မည်ကဲ့သို့သော လုပ်ဆောင်မှုတစ်ခုကို ရပ်တန့်ဖို့ရန် ရှိပါသနည်း။
-ဘဏ္ဍာရေးရာမှာ လွှတ်လပ်စွာရှိစေဖို့ရန် အလုပ်များစွာ ထပ်လုပ်ဆောင်ဖို့ မလိုအပ်ဘူးဆိုတာကို သင်ယုံကြည်ပါ သလား။ ဘာကြောင့်နည်း (သို့) ဘာကြောင့်မဟုတ်သနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်