Save for Tomorrow So You’re Not Just Living for Today
Unicode Version
မနက်ဖြန်အတွက် စုဆောင်းပါ။ “ယနေ့အဖို့သာ အသက်ရှင်ရုံ” မဖြစ်စေနှင့်။
သုတ္တံ ၂၁:၂၀ “ပညာရှိသောသူ၏အိမ်၌ နှစ်သက်ဘွယ်သော ဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေ တတ်၏။ 
John D. Rockefeller ဆိုတဲ့သူသည် သူ့အချိန်က အချမ်းသာဆုံးသောသူဖြစ်ပါတယ်။ စည်းစိမ်ဉစ္စာ၏ လျှို့ဝှက် ချက်နှင့် ပတ်သက်ပြီး အကြိမ်ကြိမ် မေးမြန်းခံရခြင်းကြောင့် ကျော်ကြားခဲ့ပါတယ်။ သူ၏အခြေခံသဘော တရားတွေကို ၁၀-၁၀-၈၀ လို့သူသိထားလို့ဖြစ်တယ်လို့ အဖြေပေးပါတယ်။ ပြီးတော့ သူ၏ဝင်ငွေမှန်သမျှ၏ ၁၀ ရာခိုင်နှုန်းကို ဘုရားထံအပ်နှံတယ်လို့ လူတွေကို သူပြောပါတယ်။ နောက်ထပ် ၁၀ ရာခိုင်နှုန်းက စုဆောင်းမှုအဖြစ် ထားရှိပြီး အသက်ရှင်သန်နေထိုင်ရေးအတွက်ကို ၈၀ ရာခိုင်နှုန်းထားရှိပါတယ်။
သုတ္တံ ၂၁:၂၀ “ပညာရှိသောသူ၏အိမ်၌ နှစ်သက်ဘွယ်သော ဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေ တတ်၏။”
စုဆောင်းသိုမှီးခြင်းက သင်၏ငွေကြေးဆိုင်ရာတွေကို ဘုရားသခင်စမ်းသပ်တဲ့နည်းလမ်းတစ်ခုဖြစ်ပြီး သင့်အား ကောင်းချီးပေးထားသောအရာတွေဖြင့် မည်သို့တာဝန်ယူလုပ်ဆောင်တယ်ဆိုတာကို သိချင်မြင်ချင်လို့ ဖြစ်ပါ တယ်။ ယခုအချိန်မှာ အနာဂတ်အတွက် စုဆောင်းပါလျှင် အမြော်အမြင်ရှိတယ်။ ဘာတစ်ခုမှ မစုဆောင်း ပါလျှင် သင်ရူးမိုက်သောသူသာဖြစ်ပါတယ်။ သဿမေဓခွန် (ဆယ်ဖို့တစ်ဖို့) ပေးဖို့ရန် နှင့် အနာဂတ်အတွက်လည်း စုဆောင်းဖို့ရန် သင့်ကိုဘုရားရှင် အလိုတော်ရှိပါတယ်။
၈၀ ရာခိုင်းနှုန်းဖြင့် ရှင်သန်ဖို့ရန်မဖြစ်နိုင်လို့ သင်တွေးကောင်းတွေးမည်။ သို့ပေမဲ့ အဲဒီလိုအဓိပ္ပါယ်က သင်၏ ဆိုလိုရင်းထက်ကို ကျော်လွန်နေပြီး ငွေကြေးအပေါ်မှာ သင်ကောင်းစွာ မစီမံနိုင်သူဖြစ်ပါတယ်။ သင်၌ရရှိနိုင်မှု တွေထက်ကို ပိုသုံးနေသူဖြစ်ပါတယ်။ သတိရပါ။ ဒါသည် စမ်းသပ်မှုဖြစ်ပါတယ်။ သင်၏ငွေကြေးပေါ်မှာ သစ္စာရှိမှု ကို ရှာဖွေဖို့ရန် ဘုရားသခင်အား အလိုရှိပါသလား။
၁၀-၁၀-၈၀ ဆိုတဲ့အခြေခံနိယာမတွေသည် ကျွန်ုပ်တို့၏ ယဉ်ကျေးမှုသွန်သင်ခြင်းနှင့် လုံးဝဆန့်ကျင် ဘက်ဖြစ် တယ်။ ယဉ်ကျေးမှုအရ သင်၏ ငွေတောင်းခံလွှာ အားလုံးကို အရင်ပေးရမယ်လို့ ပြောတယ်။ သို့ပေမဲ့ စုဆောင်း ခြင်းနှင့် ဆယ်ဖို့တစ်ဖို့ပေးဖို့အတွက် သင်၌ပိုက်ဆံမရှိပါ။ ဘုရားကပြောထားသည်မှာ “အဉီးအသီးအား ဉီးစားပေးလော့၊ ပြီးတော့ သင့်အတွက် ဒုတိယ (စုဆောင်းမှု)အတွက်ပေးလော့။ ပြီးမှ သင်၏ကုန်ကျစရိတ် ကိုပေးလော့”။ ဒါသည် ဘုရားသခင်၏ကောင်းချီးပေးခြင်းအကြောင်းကို ပြောဆိုထားခြင်းဖြစ်ပါတယ်။
ဘယ်အရာကိုမှ မစုဆောင်းရပါသေးလျှင် “ယနေ့အတွက်သာ အသက်ရှင်ခြင်း” စိတ်သဘောမျိုး သင်၌ရှိနေ ပါတယ်။ “ငါမှာ အခုပိုက်ဆံရှိပြီး အခုပဲ သုံးလိုက်တော့မယ် ၊ နက်ဖြန်အတွက် မစဉ်းစားလိုပါ” ဆိုတာ သင်တွေး ထင်သောအရာမျိုးပေါ့။
နက်ဖြန်အတွက် စဉ်းစားရုံလေး အတွက်သာ ဘုရားရှင်မဖြစ်စေချင်ပါ။ နက်ဖြန်အတွက် အကြံအစည်ကို စီမံဖို့ရန် ဘုရားရှင်အလိုရှိတယ် ၊ သို့မှသာ သင့်ကို လုပ်ဆောင်စေလိုသော အရာတွေကို သင်၌လုံလောက်စွာရှိစေ မည်ဖြစ်သည်။ နက်ဖြန်အတွက် ရည်ရွယ်ချက်ရှိရှိ နေထိုင်ဖို့ရန်  ယနေ့တွင် သင်၏ဝယ်ယူမှုတွေကို ရပ်ဆိုင်းလိုက် တာက ပိုမိုကောင်းမွန်ပါတယ်။
သင်လုပ်နိုင်ပါတယ်။ စုဆာင်းခြင်းက ဝိညာဉ်ရေးရာဆိုင်ရာ ဆုံးမပဲ့ပြင်ခြင်းမျိုးဖြစ်ပြီး ခက်ခဲသော ခြေလှမ်းများ လှမ်းဖို့ရန် သင်လိုအပ်သော ကောင်းချီးအားလုံးတို့ကို ဘုရားသခင်ပေးပါလိမ့်မည်။
ယနေ့အတွက် သာအသက်ရှင်ရုံမနေထိုင်ပါနှင့်။ အနာဂတ်အတွက် သင်၏ငွေအချို့ကို စုဆောင်းရန် တတ်နိုင်သ လောက် လုပ်ဆောင်ရန် သင်ယူပါ။ ဤအမှုသည် ဘုရားသခင်၏နည်းလမ်းဖြစ်ပါတယ်။ ဘုရား၏ ပဲ့ပြင်မှုတွေကို သင်ကလစ်လျှူရှုပါလျှင် ငွေကြေးဆိုင်ရာကိစ္စတွေအတွက် စိတ်ဖိစီးမှုကို သင်တောင်းခံနေခြင်း ဖြစ်ပါတယ်။
ဘုရားသခင်၏ နည်းလမ်းအတိုင်း သင်သွားပါလျှင် အမြဲတမ်း သင့်အတွက် အလုပ်ဖြစ်ပါလိမ့်မည်။
ဆင်ခြင်ရန်
- သင့်ဝင်ငွေ၏ တစ်စိတ်တစ်ပိုင်းကို စုဆောင်းမှု မပြုနိုင်အောင် မည်သည့်အရာက တားဆီးနေပါသနည်း။
-မည်သို့သော နည်းလမ်းဖြင့် သင်၏ငွေကြေးအရာဖြင့် “ယနေ့အတွက် အသက်ရှင်ခြင်း” သဘောထားမျိုး ရှိနေသနည်း။
-၁၀-၁၀-၈၀ ဆိုတဲ့ နိယာမအတိုင်း သင်ပြုတဲ့အခါမှာ ဘုရားသခင် မည်ကဲ့သို့ ထောက်ပံ့ပေးသည်ကို မြင်ပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်