Our Choices Define Us
Unicode Version
ကျွန်ုပ်တို့၏ရွေးချယ်မှုတွေက ကျွန်ုပ်တို့ကို ဖော်ပြပါတယ်။
ထွက်မြောက်ရာကျမ်း ၃၀:၁၅-၁၆ “ကြည့်ပါတော့၊ အသက်ရှင်ခြင်း ချမ်းသာနှင့် သေခြင်း ဆင်းရဲတို့ကို သင့်ရှေ့မှာ ယနေ့ ငါထား၏။ ၁၆သင်သည် အသက်ရှင်၍ တိုးပွားမည်အကြောင်း နှင့် သင်ဝင်စားလတံ့သောပြည်၌၊ သင်၏ဘုရား သခင် ထာဝရဘုရားသည် သင့်ကို ကောင်းကြီးပေးတော်မူမည် အကြောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ချစ် သဖြင့် နောက်တော်သို့လိုက်၍၊ စီရင်ထုံးဖွဲ့တော်မူချက် ပညတ်တရားတော်တို့ကို စောင့်ရှောက် လော့ဟု ငါမှာ ထား၏။”
ကျွန်ုပ်တို့၏ ကိုယ်ပိုင်ရွေးချယ်မှုတွေကို ပြုဖို့ မည်ကဲ့သို့ ဘုရားခွင့်ပြုထားတယ်ဆိုတဲ့အကြောင်းကို မနေ့ကပြော ခဲ့ပြီးဖြစ်ပါတယ်။ ယနေ့မှာတော့ သင်ရွေးချယ်သောအရာသည် သင့်ကိုဖော်ပြသည်ဆိုတာကို ကြည့်ကြရအောင်။
အဲဒီအရာနှင့်ပတ်သက်လို့ ဘာကိုဆိုလိုချင်တာလဲ။ သင်၌ဖြစ်ပျက်သောအရာတွေအားဖြင့် သင့်အသက်တာကို ဖော်ပြပေးကြောင်းကို အလွယ်တကူ တွေးမြင်လို့ရတယ်။ သို့ပေမဲ့ သင်ပြုသော ရွေးချယ်မှုတွေကသာ သင်၏ အသက်တာကို ဖော်ပြတယ်ဆိုတာ အမှန်တရားဖြစ်ပါတယ်။
မကောင်းတဲ့အရာတွေ အမြဲတမ်းဖြစ်ပျက်နေတယ်ဆိုတာကို ငြင်းစရာအကြောင်းမရှိပါဘူး။ ပျက်စီးနေတဲ့ ကမ္ဘာကြီးမှာ ကျွန်ုပ်တို့နေထိုင်နေပါတယ်။ သင်အမြဲတမ်းတော့ အမှန်တရားကို မရွေးချယ်ပါဘူး။ တခြားသူတွေသည်လည်း ထိုနည်း၄င်းပင်ဖြစ်တယ်။ ကျွန်ုပ်တို့အားလုံး နာကျင်မှုတွေ ရရှိကြပါတယ်။
သို့ပေမဲ့ တုံ့ပြန်မည့်နည်းလမ်းကို ရွေးချယ်ခြင်းထက် သင်၌ဖြစ်ပျက်နေတာတွေက အရေးမကြီးပါ။ တစ်ချို့သောသူ တွေကတော့ ခက်ခဲတဲ့အခြေအနေတွေပေါ်မှာတည်ပြီး မိမိကိုယ်ကို တည်ဆောက်ကြပါတယ်။ တစ်ချို့သူတွေသည် သူတို့တွေကြောင့် ကျိုးပဲ့ကြေမွရပါတယ်။ တစ်ချို့သောသူတွေအတွက် မကောင်းသောအတွေ့အကြုံတွေက ထိမိလဲ စရာဖြစ်စေပြီး တစ်ချို့လူတွေအတွက်တော့ ၄င်းသည် ခြေလှမ်းတစ်ခုဖြစ်တယ်။
အကယ်၍ လူနှစ်ယောက်ကို တူညီတဲ့ နာကျင်မှုအတိအကျပေးပါလျှင် တစ်ဉီးသည် အောင်မြင်နိုင်မည်။ ကျန်တစ်ဉီးမှာ ကျရှုံးနိုင်သည်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ပြုတဲ့ ရွေးချယ်မှုပေါ်မူတည်ပါတယ်။
သင့်အသက်တာ၏အခြေအနေတော်တော်များများကို သင်ထိန်းချုပ်လို့မရပါ။ သို့ပေမဲ့ သင်မည်သို့တုံ့ပြန်ဖို့ ဆုံးဖြတ်မည့်အရာကိုတော့ ထိန်းချုပ်နိုင်ပါတယ်။ သင့်ကို ခါးသီးစေသော (သို့) ပိုမိုကောင်းမွန်စေသောအရာကို ရွေးချယ်နိုင်ပါတယ်။
သင်၏အနာဂတ်ကို တွေးတောဆင်ခြင်ပါ။ နောက်ထပ် လာမည့် ၁၀နှစ်မှာ ဘာဖြစ်ချင်ပါသလဲ။ လာမည့် နှစ် ၂၀ ရောက်လျှင် ဘာဖြစ်စေချင်ပါသနည်း။
သင့်ကို ကျွန်ုပ်မသိသည့်တိုင် သင်ဘာဖြစ်မည်ကို ကျွန်ုပ်ပြောနိုင်ပါသည်။ ယခု သင်ရွေးချယ်သောအရာကိုသာ သင်ပြောပြပါ။ ယနေ့သင်ရွေးချယ်သောအရာသည် သင်မနက်ဖြန်ဖြစ်မည့်အရာကို ဖော်ပြပေးပါလိမ့်မည်။
အသိဉာဏ်ရှိတဲ့သူက အမြဲတမ်းမေးခွန်းတွေ မေးတတ်ပါတယ်။ မနက်ဖြန်မှာ ကျွန်ုပ်ဖြစ်ချင်တာတွေဖြစ်ဖို့အတွက် ယနေ့မှာ မည်သို့သော ရွေးချယ်မှုကို ပြုရမည်နည်း။
ထွက်မြောက်ရာကျမ်းတွင် ဘုရားသခင်သည် သူ၏လူမျိုးတော်ကို ရွေးချယ်မှုပေးထားပါတယ်။ ထွက်မြောက်ရာကျမ်း ၃၀:၁၅-၁၆ “ကြည့်ပါတော့၊ အသက်ရှင်ခြင်း ချမ်းသာနှင့် သေခြင်း ဆင်းရဲတို့ကို သင့်ရှေ့မှာ ယနေ့ ငါထား၏။ သင်သည် အသက်ရှင်၍ တိုးပွားမည်အကြောင်း နှင့် သင်ဝင်စားလတံ့သောပြည်၌၊ သင်၏ဘုရား သခင် ထာဝရဘုရားသည် သင့်ကို ကောင်းကြီးပေးတော်မူမည် အကြောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ချစ် သဖြင့် နောက်တော်သို့လိုက်၍၊ စီရင်ထုံးဖွဲ့တော်မူချက် ပညတ်တရားတော်တို့ကို စောင့်ရှောက် လော့ဟု ငါမှာ ထား၏။
ဤနည်းအတိုင်းပင် သင့်အတွက်လည်း မှန်ကန်ပါတယ်။ နေ့စဉ်နေ့တိုင်း ဘုရားသခင်သည် သင့်ရှေ့မှာ ရွေးချယ်မှုတွေကို ချပေးထားပါတယ်။ သင်ရွေးချယ်သောအရာတွေသည် သင်ဖြစ်လာမည့် ပုံစံကို ဖော်ပြပါတယ်။
ဆင်ခြင်ရန်
-သင်၌ခက်ခဲသောတစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ခြင်းအကြောင်းကို ပြန်လည်စဉ်းစားကြည့်ပါ။ သင်မည်ကဲ့သို့ ပြန်လည် တုံ့ပြန်မည်နည်း။
-သင့်၏အဖြစ်အပျက်တွေက သင့်အသက်တာကို အဓိပ္ပါယ်ဖွင့်ဆိုခွင့်ပြုခဲ့ပါသလား။ ထိုသို့ဆိုလျှင် သင်မည်သို့ ပြောင်းလဲနိုင်ပါမည်နည်း။
-ဘုရားသခင်က သင့်ကို ယနေ့တွင် မည်ကဲ့သိုသော ရွေးချယ်မှု ပေးမည်ဟု သင်ထင်ပါသနည်း။
-------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်