Need Help? God Is Waiting for You to Ask
Unicode Version
အကူအညီလိုနေလား။ သင်တောင်းလျှောက်ဖို့ရန် ဘုရားသခင်စောင့်နေပါတယ်။
မဿဲ ၇:၇ “တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။
သင်၏နှုတ်ကို ပိတ်ထားပြီး တောင်းလျှောက်မှုကို ရပ်ထားသည့်တိုင် ဘုရားသခင်သည် သူ၏ကုန်လှောင်ရုံကို ဘယ်တော့မှ မပိတ်ထားပါ။
ဘုရားသခင်သည် သင့်အား ကူညီချင်ပါတယ်။ သို့ပေမဲ့ သင်က တစ်ခါမှ မတောင်းလျှောက်ဘူးဆိုလျှင် အခက်အခဲ ဖြစ်ပါတယ်။ သင်မော်တော်ယာဉ်တစ်စီးလိုချင်နေခဲ့တယ်။ ဘုရားသခင်ထံ သင်တောင်းခဲ့ပါသလား။ (သို့) သွားပြီး ဝယ်ခဲ့သလား။ တစ်စုံတစ်ခုကို အကောင်းဆုံးလုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်မချခင်မှာ ဘုရားသခင်ထံမှ ဉာဏ်ပညာကို တောင်းခံပါသလား။ ပေါင်းသင်းဆက်ဆံရေးမှာ အကူအညီ လိုအပ်တဲ့အခါ သင်ဉီးစွာ ဆုတောင်းခဲ့ ပါသလား။
သခင်ခရစ်တော်ပြောခဲ့တာက မဿဲ ၇:၇ “တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။
ဘုရားသခင်၏ အကူအညီကို သင်လိုအပ်တဲ့အခါမှာ တောင်းလျှောက်ဖို့ရန် သတိရပါ။ တောင်းပါ။ ရှာပါ။ ခေါက်ပါ။ အထက်ပါကျမ်းပိုဒ်တွင် () မျိုးသောနည်းလမ်းဖြင့် သင်ရရှိနိုင်ဖို့ရန် ဘုရားရှင် ရှင်းလင်းစွာဖော်ပြထားပါတယ်။  သင့်အသက်တာမှာ အံ့ဩဖွယ်ရာတွေမမြင်ရခြင်းသည် သင်ဘယ်တော့မှ တောင်းလျှောက်မထားလို့ဖြစ်တယ်။ သင့်အသက်တာမှာ ဘုရားသခင်ပိုမို လုပ်ဆောင်မှုတွေပြုဖို့ အလိုရှိပါလျှင် စတင်တောင်းခံလိုက်ပါ။
သင်၏ဘဏ္ဍာရေးကိစ္စတွင် တစ်ခုသော ဘုရားသခင်၏အခြေခံသဘောတရားက မပေးချေခင်မှာ ဝယ်ယူမှု အတွက် ဆုတောင်းပါ။ အပြင်ထွက်ပြီး ပေးချေဖို့မပြုခင်မှာ သင့်အားပေးသနားတော်မူဖို့ရန် ဘုရားသခင်အား အခွင့်ပေးပါ။ သခင်ခရစ်တော်ထက် သင်၏ကတ်တွေကိုသာ ပိုပြီးမှီခိုတယ်ဆိုလျှင် သင်၏ဘဏ္ဍာရေးဆိုင်ရာတွေ မှာ ဘုရားသခင်၏ကောင်းချီးကို ရဖို့မရှိတော့ပါ။ မပေးချေခင်မှာ ဆုတောင်းဖို့ရန် ဘုရားသခင် အလိုတော် ရှိပါတယ်။ သို့မှသာ ဘုရားရှင်ထံမှာ အသိပညာ နှင့် အလိုတော်အတိုင်း ပြုနိုင်မည့် ဆုံးဖြတ်ချက် တွေကို ရရှိမည် ဖြစ်သည်။
သင်၏ဆုတောင်းတွင် လိုအပ်သောအရာကို တောင်းလျှောက်ဖို့ရန် ဘုရားသခင် အလိုတော်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ချစ်ခြင်းမေတ္တာရှိသော ဖခင်တစ်ဉီးဖြစ်ပါတယ်။ တခြားသော ဖခင်တွေလိုပေါ့ သူတို့၏ သားသမီးတွေကို ကောင်းသောအရာတွေဘဲ ပေးချင်ကြတယ်။ ဘုရားသခင်သည်လည်း သူ၏သားသမီးတွေကို လက်ဆောင်ပစ္စည်အပ်နှင်းဖို့ရန် နှစ်သက်တော်မူပါသည်။ သင့်တောင်းလျှောက်ဖို့ရန် စောင့်ဆိုင်းနေပါတယ်။
ယောဟန် ၁၆:၂၄ “ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့တောင်းလျှင် ရကြလိမ့်မည်။
သင်တောင်းလျှောက်ရန် ဘုရားသခင်အလိုရှိနေတယ် သို့မှသာ သူပေးကမ်းနိုင်ပါမည်။ သင်ရရှိပြီး ပျော်ရွှင်မှုတွေဖြင့်ပြည့်ဝစေဖို့ရန် သူအလိုတော်ရှိပါတယ်။ ဝမ်းမြောက်ခြင်းများဖြင့် ပြည့်ဝစေချင်ခြင်းက သခင်ခရစ်တော်အတွက် ကြီးမြတ်တဲ့ သဏ္ဍာန်တစ်ခုဖြစ်တယ်။ ဝမ်းမြောက်ခြင်းများနဲ့ရှိနေတဲ့ ခရစ်ယာန်တွေ သည် ပျော်ရွှင်မှုကို ယူဆောင်လာတဲ့ သခင်ခရစ်တော်၏ပညတ်တော်တွေအတိုင်း လုပ်ဆောင်လျက် သခင်ခရစ်တော် နောက်လိုက်တဲ့အသက်တာဖြင့် လောကကြီးကို ဖော်ပြနေကြတယ်။
သင်၏ဘဏ္ဍာရေးအတွက် စိုးရိမ်ခြင်းတွေကို ရပ်တန့်လိုက်ပါ။ အဲဒီအရာတွေအတွက် စတင်ဆုတောင်းလိုက်ပါ။ ဘယ်အချိန်မှာ လုပ်ဆောင်မလဲ။ သင်၌ စိုးရိမ်ခြင်းတွေ များစွာ လျော့ပါးလာပြီး ပိုမိုပျော်ရွှင်လာစေပါလိမ့်မည်။
ဆင်ခြင်ရန်
-ယခုအချိန်တွင် မည်သို့သော အကြီးမားဆုံးသောအရာအတွက် သင်အကူအညီလိုနေသနည်း။ အဲဒီအတွက် သင်ဆုတောင်းပြီးပြီလား။
-သင်စိုးရိမ်နေရတဲ့အရာအပေါ် မည်သို့သော သူတွေက သင်နှင့်ဆုတောင်းဖို့ရန် ရှိသနည်း။ သူတို့၏ဆုတောင်း ခြင်းတွေက သင့်အသက်အတွက် မည်သို့သော ထူးခြားမှုဖြစ်သနည်း။
-သင်လိုချင်သောအရာ (သို့) ဘုရားရှင်ထံမျှော်လင့်ထားသောအရာအတွက် ဘုရားသခင် အဖြေမပေးတဲ့အခါမှာ ပြည့်ဝသောဝမ်းမြောက်ခြင်းတွေဖြင့် သင်မည်ကဲ့သို့ ဆက်လက်တည်နေနိုင်မည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
မဿဲ ၇:၇ “တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။”
ဆင်ခြင်ရန်