Unicode Version
--------------------------------------------------------------------------------
Zawgyi Version
ကောင်းမှုပြုရန် အမြန်ဆုံး လှုပ်ရှားစေပါ။
သုတ္တံ ၃:၂၇ “ကျေးဇူးကိုခံသင့်သော သူတို့အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင်
မပြုဘဲမနေနှင့်။”
ဘုရားသခင်၏
သန့်ရှင်းသောဝိညာဉ်တော်ကို တုံ့ပြန်ဖို့ရန် မည်သို့သောအချိန်တွင်လှုပ်ရှားရမည့်အကြောင်းနှင့်
ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်တွေတုန်းက ပြောခဲ့ပြီးဖြစ်ပါတယ်။ ပြောခဲ့တဲ့ အကြောင်းအရာလေးတွေကို
ပြန်လည် ကြည့်ရင် - တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ ဘုရားသင့်ကိုပြောလျှင် အလျင်အမြန်နာခံပါ။
ခွင့်လွှတ်ခြင်းကို ပေးဖို့နှင့် ခွင့်လွှတ်ခြင်းကို တောင်းခံဖို့ အတွက် လိုအပ်လျှင်
အမြန်ဆုံး လှုပ်ရှားပါ။ ဘုရားသခင်အား သင်ပေးထားသော ကတိတည်ဖို့ရန် လျင်မြန်စေပါ။ စုံစမ်း
နှောက်ယှက်ခြင်းကို ရင်ဆိုင်ရတဲ့အခါ ပြေးပါ။
ယနေ့မှာ
နောက်ထပ် သင်အမြန်ဆုံးလှုပ်ရှားသင့်သည့် အရာ (၁) မျိုးကိုကြည့်ကြရအောင်။ ပထမဉီးစွာ ကောင်းသော အမှုပြုဖို့ရန် အခွင့်အရေးရတဲ့အခါ
အမြန်ဆုံးလှုပ်ရှားပါ။ ဤအကြောင်းအရာကို သမ္မာကျမ်းစာက အကြိမ်ကြိမ်ဆိုထား ပါတယ်။ တစ်စုံတစ်ယောက်အတွက်
ကောင်းသော အမှုကို လုပ်ဆောင်ဖို့အခွင့်အရေးရပါလျှင် ချက်ချင်းလုပ်ဆောင် လိုက်ပါ။
ဒီနှစ်မှာ
သင့်အသက်တာတွင် ဘုရားသခင်က လူတွေကို သင်၏လိုအပ်မှုတွေအဖြစ် ထားရှိပေးပါလိမ့်မည်။ သူတို့၏
လိုအပ်ချက်တွေသည်လည်း ခန္ဓာပိုင်းဆိုင်ရာဖြစ်နိုင်တယ်။ တစ်ချို့ကတော့ စိတ်ခံစားချက်တွေပေါ့,
သနားကြင်နာခြင်း (သို့) အားပေးစကားပြောခြင်းတွေပေါ့။
သုတ္တံ ၃:၂၇ “ကျေးဇူးကိုခံသင့်သော သူတို့အား ကျေးဇူးပြုရ သော
အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။”
ဥပမာအားဖြင့်
အိမ်ယာမဲ့ အခြေအနေကို ရင်ဆိုင်နေရတဲ့ လူတစ်ဉီးကို သင်မြင်လျှင် “တစ်နေ့နေ့တော့ သူတို့တွေကို
ကူညီဖို့ရှိပါတယ်” လို့မပြောပါနဲ့။ အဲဒီအစား ယခုပင် ကူညီလိုက်ပါ။
ဒေသနာကျမ်း ၁၁:၄ “လေကိုမှတ်တတ်သောသူသည် မျိုးစေ့ကိုမကြဲ။ မိုဃ်းတိမ်တို့ကို
ပမာဏပြုတတ်သော သူသည်လည်း စပါးကိုမရိပ်ရာ။ ”
အရာရာလုပ်ဆောင်ဖို့ရန်
ပြည့်စုံတဲ့ အချိန်ဆိုတာ လုံးဝမရှိပါ။ ပြီးတော့ ကျွန်ုပ်တို့တွေသည်လည်း မနက်ဖြန်ဆိုတာကို
အာမခံလို့မရပါ။
ယောဟန် ၉:၄ “ငါ့ကို စေလွှတ်တော်မူသော သူ၏အမှုကို နေ့အချိန်၌ရှိစဉ်တွင်
ငါပြုရမည်။ အဘယ်သူမျှအမှုမပြုနိုင် သော အချိန်တည်းဟူသော ညဉ့်အချိန်လာသေး၏။”
နောက်ဆုံးအနေဖြင့်
အမြန်ဆုံးလှုပ်ရှားခြင်းက အရေးကြီးဆုံးအရာဖြစ်ပါတယ်။ ဘုရားသခင် ကယ်တင်ခြင်း ပေးတဲ့
အချိန်မှာ သင်အမြန်ဆုံးလှုပ်ရှားသင့်ပါတယ်။ သင့်ကို ဘုရားသခင်က ကယ်တင်ခြင်းပေးခဲ့တယ်၊
အဲဒါကို ယနေ့တွင် လက်ခံဖို့ဖြစ်ပါတယ်။
ကျွန်တော်
ဆယ်ကျော်သက် အရွယ်တုန်းကပေါ့ ၊ ကျွန်တော့ အခန်းနံရံမှာ
“Not to decide is to decide.”
ဆိုတဲ့
ပိုစတာ
တစ်ခုရှိခဲ့တယ်။
“မသေချာဘူး”
လို့သင်ဆိုနေခြင်းသည် သခင်ခရစ်တောကို အမှန်တကယ်ပင် ငြင်းဆန်တဲ့ သဘောဖြစ်ပါတယ်။ ကောရိန္သုဒုတိယစောင် ၆:၂ တွင် “ဗျာဒိတ်တော် အချက်ဟူမူကား၊ နှစ်သက်ဖွယ်သောအချိန်၌
သင်၏စကားကို ငါနားထောင်ပြီး။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန်
ရှိ၏။ ယခုပင်ကယ်တင်ရာ နေ့ရက်ကာလရှိ၏။ ”
ကယ်တင်ခြင်းကို
သင်မည်ကဲ့သို့ လက်ခံပါသနည်း။ သင့်ကိုယ်သင် အာရုံစိုက်ခြင်းကနေ ဘုရားသခင်ထံ ပြန်လှည့်ပြီး
သင့်အပြစ်တွေကို ခွင့်လွှတ်ဖို့နှင့် အလိုတော်ရှိသောသူဖြစ်ဖို့ရန် သင့်အသက်တာထဲသို့
သခင်ခရစ်တော်ကို ဖိတ်ခေါ်ဖို့ဖြစ်လာတယ်။
နှစ်သစ်ကို
ဘုရားသခင်၏ ကယ်တင်ခြင်းလက်ခံခြင်းအားဖြင့် သင်စတင်လိုပါလျှင် သင်အောက်ပါအတိုင်း ဆုတောင်း
နိုင်ပါတယ်။
“ခရစ်တော်ရှင်ဘုရား သခင့်အား
ရင်းနှီးကျွမ်းဝင်စွာ သိချင်ပါတယ်။ ကျွန်ုပ်အပြစ်အတွက် လက်ဝါးကားတိုင်မှာ အသေခံသည့်အတွက်
ကျေးဇူးတင်ပါ၏။ ကျွန်ုပ်အသက်တာ၏တံခါးကို ဖွင့်ပြီး သခင့်အား ကျွန်ုပ်၏ကယ်တင်ရှင် နှင့်
ဘုရားအဖြစ်လက်ခံပါသည်။ ကျွန်ုပ်၏အပြစ်များကို ခွင့်လွှတ်ပေးပြီး ထာဝရအသက်ပေးသည့်အတွက်
ကျေးဇူးတင်ပါ ၏။ ကျွန်ုပ်၏အသက်တာကို ထိန်းချုပ်ပါ။ အလိုတော်ရှိသော လူသားတစ်ဉီးဖြစ်စေပါ။
အာမင်..”
ကယ်တင်ခြင်းအတွက်
“လက်ခံပါတယ်”လို့ ပြောခြင်းသည် နှစ်သစ်ကိုစတင်ဖို့အတွက် အကောင်းဆုံးသော နည်းလမ်း ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-ပြီးခဲ့တဲ့နှစ်က
တစ်စုံတစ်ဉီးက သင့်အတွက် မည်သည့်အချိန်တွင် ကောင်းသောအမှု ပြုခဲ့ပါသနည်း။ အဲဒီလို ခံစားချက်က
သင့်အတွက် မည်သို့နည်း။
-
သင်လုပ်ဆောင်မယ်ဆိုပြီး ချန်လပ်ထားသော ကောင်းသောအမှု လုပ်ဆောင်ဖို့ရန် မည်သို့သောအခွင့်အရေး
ရှိသနည်း။ အဲဒီအရာတွေထဲက တစ်ခုကို ရွေးချယ်ပြီး ယနေ့တွင် လုပ်ဆောင်လိုက်ပါ။
-ဘုရားသခင်
ပေးသော ကယ်တင်ခြင်းကို သင်လက်ခံပါသလား။ လက်မခံရသေးဘူးဆိုလျှင် အထက်ပါ ဆုတောင်းကို ပြန်လည်ဖတ်ရှုပါ။
အဲဒီအရာက ယနေ့တွင် တစ်ခုခုဆုတောင်းဖို့ဖြစ်စေပါသလား။ သတိရပါ။ မဆုံးဖြတ်ရသေး သည်များကို
ဆုံးဖြတ်ပါ။
Zawgyi Version
ေကာင္းမႈျပဳရန္ အျမန္ဆုံး လႈပ္ရွားေစပါ။
သုတၱံ ၃:၂၇ “ေက်းဇူးကိုခံသင့္ေသာ သူတို႔အား ေက်းဇူးျပဳရ ေသာ အခြင့္ရွိလွ်င္ မျပဳဘဲမေနႏွင့္။”
ဘုရားသခင္၏ သန႔္ရွင္းေသာဝိညာဥ္ေတာ္ကို တုံ႔ျပန္ဖို႔ရန္ မည္သို႔ေသာအခ်ိန္တြင္လႈပ္ရွားရမည့္အေၾကာင္းႏွင့္ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ ရက္ေတြတုန္းက ေျပာခဲ့ၿပီးျဖစ္ပါတယ္။ ေျပာခဲ့တဲ့ အေၾကာင္းအရာေလးေတြကို ျပန္လည္ ၾကည့္ရင္ - တစ္စုံတစ္ရာကို လုပ္ေဆာင္ဖို႔ ဘုရားသင့္ကိုေျပာလွ်င္ အလ်င္အျမန္နာခံပါ။ ခြင့္လႊတ္ျခင္းကို ေပးဖို႔ႏွင့္ ခြင့္လႊတ္ျခင္းကို ေတာင္းခံဖို႔ အတြက္ လိုအပ္လွ်င္ အျမန္ဆုံး လႈပ္ရွားပါ။ ဘုရားသခင္အား သင္ေပးထားေသာ ကတိတည္ဖို႔ရန္ လ်င္ျမန္ေစပါ။ စုံစမ္း ေႏွာက္ယွက္ျခင္းကို ရင္ဆိုင္ရတဲ့အခါ ေျပးပါ။
ယေန႔မွာ ေနာက္ထပ္ သင္အျမန္ဆုံးလႈပ္ရွားသင့္သည့္ အရာ (၁) မ်ိဳးကိုၾကည့္ၾကရေအာင္။ ပထမဉီးစြာ ေကာင္းေသာ အမႈျပဳဖို႔ရန္ အခြင့္အေရးရတဲ့အခါ အျမန္ဆုံးလႈပ္ရွားပါ။ ဤအေၾကာင္းအရာကို သမၼာက်မ္းစာက အႀကိမ္ႀကိမ္ဆိုထား ပါတယ္။ တစ္စုံတစ္ေယာက္အတြက္ ေကာင္းေသာ အမႈကို လုပ္ေဆာင္ဖို႔အခြင့္အေရးရပါလွ်င္ ခ်က္ခ်င္းလုပ္ေဆာင္ လိုက္ပါ။
ဒီႏွစ္မွာ သင့္အသက္တာတြင္ ဘုရားသခင္က လူေတြကို သင္၏လိုအပ္မႈေတြအျဖစ္ ထားရွိေပးပါလိမ့္မည္။ သူတို႔၏ လိုအပ္ခ်က္ေတြသည္လည္း ခႏၶာပိုင္းဆိုင္ရာျဖစ္ႏိုင္တယ္။ တစ္ခ်ိဳ႕ကေတာ့ စိတ္ခံစားခ်က္ေတြေပါ့, သနားၾကင္နာျခင္း (သို႔) အားေပးစကားေျပာျခင္းေတြေပါ့။
သုတၱံ ၃:၂၇ “ေက်းဇူးကိုခံသင့္ေသာ သူတို႔အား ေက်းဇူးျပဳရ ေသာ အခြင့္ရွိလွ်င္ မျပဳဘဲမေနႏွင့္။”
ဥပမာအားျဖင့္ အိမ္ယာမဲ့ အေျခအေနကို ရင္ဆိုင္ေနရတဲ့ လူတစ္ဉီးကို သင္ျမင္လွ်င္ “တစ္ေန႔ေန႔ေတာ့ သူတို႔ေတြကို ကူညီဖို႔ရွိပါတယ္” လို႔မေျပာပါနဲ႔။ အဲဒီအစား ယခုပင္ ကူညီလိုက္ပါ။
ေဒသနာက်မ္း ၁၁:၄ “ေလကိုမွတ္တတ္ေသာသူသည္ မ်ိဳးေစ့ကိုမႀကဲ။ မိုဃ္းတိမ္တို႔ကို ပမာဏျပဳတတ္ေသာ သူသည္လည္း စပါးကိုမရိပ္ရာ။ ”
အရာရာလုပ္ေဆာင္ဖို႔ရန္ ျပည့္စုံတဲ့ အခ်ိန္ဆိုတာ လုံးဝမရွိပါ။ ၿပီးေတာ့ ကြၽႏ္ုပ္တို႔ေတြသည္လည္း မနက္ျဖန္ဆိုတာကို အာမခံလို႔မရပါ။
ေယာဟန္ ၉:၄ “ငါ့ကို ေစလႊတ္ေတာ္မူေသာ သူ၏အမႈကို ေန႔အခ်ိန္၌ရွိစဥ္တြင္ ငါျပဳရမည္။ အဘယ္သူမွ်အမႈမျပဳႏိုင္ ေသာ အခ်ိန္တည္းဟူေသာ ညဥ့္အခ်ိန္လာေသး၏။”
ေနာက္ဆုံးအေနျဖင့္ အျမန္ဆုံးလႈပ္ရွားျခင္းက အေရးႀကီးဆုံးအရာျဖစ္ပါတယ္။ ဘုရားသခင္ ကယ္တင္ျခင္း ေပးတဲ့ အခ်ိန္မွာ သင္အျမန္ဆုံးလႈပ္ရွားသင့္ပါတယ္။ သင့္ကို ဘုရားသခင္က ကယ္တင္ျခင္းေပးခဲ့တယ္၊ အဲဒါကို ယေန႔တြင္ လက္ခံဖို႔ျဖစ္ပါတယ္။
ကြၽန္ေတာ္ ဆယ္ေက်ာ္သက္ အ႐ြယ္တုန္းကေပါ့ ၊ ကြၽန္ေတာ့ အခန္းနံရံမွာ “Not to decide is to decide.” ဆိုတဲ့
ပိုစတာ တစ္ခုရွိခဲ့တယ္။
“မေသခ်ာဘူး” လို႔သင္ဆိုေနျခင္းသည္ သခင္ခရစ္ေတာကို အမွန္တကယ္ပင္ ျငင္းဆန္တဲ့ သေဘာျဖစ္ပါတယ္။ ေကာရိႏ္သဳဒုတိယေစာင္ ၆:၂ တြင္ “ဗ်ာဒိတ္ေတာ္ အခ်က္ဟူမူကား၊ ႏွစ္သက္ဖြယ္ေသာအခ်ိန္၌ သင္၏စကားကို ငါနားေထာင္ၿပီး။ ကယ္တင္ရာေန႔ရက္ကာလ၌ သင့္ကို ငါမစၿပီဟု လာသည္ႏွင့္အညီ ယခုပင္ႏွစ္သက္ဖြယ္ေသာအခ်ိန္ ရွိ၏။ ယခုပင္ကယ္တင္ရာ ေန႔ရက္ကာလရွိ၏။ ”
ကယ္တင္ျခင္းကို သင္မည္ကဲ့သို႔ လက္ခံပါသနည္း။ သင့္ကိုယ္သင္ အာ႐ုံစိုက္ျခင္းကေန ဘုရားသခင္ထံ ျပန္လွည့္ၿပီး သင့္အျပစ္ေတြကို ခြင့္လႊတ္ဖို႔ႏွင့္ အလိုေတာ္ရွိေသာသူျဖစ္ဖို႔ရန္ သင့္အသက္တာထဲသို႔ သခင္ခရစ္ေတာ္ကို ဖိတ္ေခၚဖို႔ျဖစ္လာတယ္။
ႏွစ္သစ္ကို ဘုရားသခင္၏ ကယ္တင္ျခင္းလက္ခံျခင္းအားျဖင့္ သင္စတင္လိုပါလွ်င္ သင္ေအာက္ပါအတိုင္း ဆုေတာင္း ႏိုင္ပါတယ္။
“ခရစ္ေတာ္ရွင္ဘုရား သခင့္အား ရင္းႏွီးကြၽမ္းဝင္စြာ သိခ်င္ပါတယ္။ ကြၽႏ္ုပ္အျပစ္အတြက္ လက္ဝါးကားတိုင္မွာ အေသခံသည့္အတြက္ ေက်းဇူးတင္ပါ၏။ ကြၽႏ္ုပ္အသက္တာ၏တံခါးကို ဖြင့္ၿပီး သခင့္အား ကြၽႏ္ုပ္၏ကယ္တင္ရွင္ ႏွင့္ ဘုရားအျဖစ္လက္ခံပါသည္။ ကြၽႏ္ုပ္၏အျပစ္မ်ားကို ခြင့္လႊတ္ေပးၿပီး ထာဝရအသက္ေပးသည့္အတြက္ ေက်းဇူးတင္ပါ ၏။ ကြၽႏ္ုပ္၏အသက္တာကို ထိန္းခ်ဳပ္ပါ။ အလိုေတာ္ရွိေသာ လူသားတစ္ဉီးျဖစ္ေစပါ။ အာမင္..”
ကယ္တင္ျခင္းအတြက္ “လက္ခံပါတယ္”လို႔ ေျပာျခင္းသည္ ႏွစ္သစ္ကိုစတင္ဖို႔အတြက္ အေကာင္းဆုံးေသာ နည္းလမ္း ျဖစ္ပါတယ္။
ဆင္ျခင္ရန္
-ၿပီးခဲ့တဲ့ႏွစ္က တစ္စုံတစ္ဉီးက သင့္အတြက္ မည္သည့္အခ်ိန္တြင္ ေကာင္းေသာအမႈ ျပဳခဲ့ပါသနည္း။ အဲဒီလို ခံစားခ်က္က သင့္အတြက္ မည္သို႔နည္း။
- သင္လုပ္ေဆာင္မယ္ဆိုၿပီး ခ်န္လပ္ထားေသာ ေကာင္းေသာအမႈ လုပ္ေဆာင္ဖို႔ရန္ မည္သို႔ေသာအခြင့္အေရး ရွိသနည္း။ အဲဒီအရာေတြထဲက တစ္ခုကို ေ႐ြးခ်ယ္ၿပီး ယေန႔တြင္ လုပ္ေဆာင္လိုက္ပါ။
-ဘုရားသခင္ ေပးေသာ ကယ္တင္ျခင္းကို သင္လက္ခံပါသလား။ လက္မခံရေသးဘူးဆိုလွ်င္ အထက္ပါ ဆုေတာင္းကို ျပန္လည္ဖတ္ရႈပါ။ အဲဒီအရာက ယေန႔တြင္ တစ္ခုခုဆုေတာင္းဖို႔ျဖစ္ေစပါသလား။ သတိရပါ။ မဆုံးျဖတ္ရေသး သည္မ်ားကို ဆုံးျဖတ္ပါ။