Unicode Version
စိတ်ရှည်သောသူသည်ပညာကြီး၏။သုတ္တံ၁၄:၂၉
သင့်အသက်တာမှာ အတက်အကျတွေ ရှိပါတယ်။ တစ်ခါတစ်ရံ ဘုရားသခင်က သင့်ကိုအလျင်အမြန် လှုပ်ရှားဖို့အလိုတော်ရှိပြီး တစ်ခါတစ်ရံမှာတော့ ဖြည်းဖြည်းချင်း သွားစေချင်ပါတယ်။
ယနေ့နဲ့မနက်ဖြန်မှာ ဘယ်အချိန်"ဖြည်းဖြည်းသွားဖို့ရန်" ဘုရားသခင် အလိုတော်ရှိသလဲဆိုတာကို ကြည့်ကြရအောင်။
ပထမဦးစွာ အချက်အလက်အားလုံး သင်၌မရှိသောအခါ နှေးကွေးစွာ အမြဲတမ်းရွေ့လျားသင့်ပါတယ်။ ကျွန်ုပ်တို့၏ ရိုးရာယဉ်ကျေးမှုတွေမှာ စိတ်လိုက်မာန်ပါပြုခြင်း၊ အလိုအလျောက်သဘော သက်ဝင်ခြင်းတွေကို ကိုးကွယ်ကြပါတယ်။ အဲဒါတွေက ကျွန်ုပ်တို့ကို တဒင်္ဂအတွင်းမှာပိုမိုကြိုးစားစေသော စေ့ဆော်မှု၊တိုက်တွန်းမှု၊အသည်းထဲကနေဆုံးဖြတ်ချက်သည် မှန်ကန်တယ်ဆိုပြီး ပြောဆိုနေခြင်း ဖြစ်ပါတယ်။
"သင့်၏စိတ်သွားသည်အတိုင်း လိုက်လျောက်ပါ" ဆိုတဲ့စကားကို ကြိမ်ဖန်မက ကြားဖူးနိုင်ခြေ ရှိပါတယ်။သို့ပေမဲ့သမ္မာကျမ်းစာက ပြောထားသည်မှာ ယေရမိအနာဂတ္တိကျမ်း၁၇:၉ "စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။"
မကြာခဏ စိတ်ခံစားမှုဖြစ်ခြင်းတွေက မှားယွင်းတဲ့လမ်းကို ဦးဆောင်ပါတယ်။ သင်၏အတွင်းသဘောမပါဘဲ အပြင်ကအမှန်တရားသဘောတွေပေါ် အမှီပြုဖို့ လိုအပ်ပါတယ်။ သမ္မာကျမ်းစာကလည်း ရှင်းလင်းထားပါတယ်။
သုတ္တံ၁၈:၁၃"အကျိုးအကြောင်းကို မစစ်မှီ အမှုစီရင်သောသူသည် မိုက်သောအပြစ်၊အရှက်ကွဲရသောအပြစ်ရှိ၏၊"
ဒါကြောင့်သင်၌ အချက်အလက်တွေ မစုံမလင်တဲ့အခါ နှေးကွေးစေပါ။ သင်၏အသည်းထဲက၊နှလုံးသားထဲက(သို့) ခံစားချက်တွေပေါ်မမှီခိုပါနှင့်။လသင့်အတွင်းသဘောထက် အပြင်ဘက်မှာရှိသော ဧကန်အမှန်ဖြစ်သော အမှန်တရားကိုသာရှာဖွေခြင်းအတွက် အချိန်ယူပါ။
နှေးကွေးစွာသွားဖို့ နောက်ထပ်အချိန်တွေက နာကျင်တဲ့အခါ၊စိတ်ဆိုးတဲ့အခါ၊(သို့) စိတ်ဓာတ်ကျတဲ့အခါမှာ ဖြစ်ပါတယ်။ သင်စိတ်ဓာတ်ကျနေတဲ့အခါ အသိဉာဏ်ရှိရှိပြုဖို့ထက် လက်တုံ့ပြန်မှုကိုပြုလေ့ရှိကြပါတယ်။
ရှင်ယာကုပ်သြဝါဒစာ၁:၉" သို့ဖြစ်၍၊ငါချစ်သောညီအစ်ကိုတို့၊ခပ်သိမ်းသောသူတို့သည်နားကြားခြင်းငှါလျင်မြန်ကြစေ။စကားပြောခြင်းငှါ၎င်း၊အမျက်ထွက်ခြင်းငှါ၎င်းနှေးကြစေ။" (Jam 1:19)
အထက်ပါကျမ်းပိုဒ်က စည်းချက်ကိုသင်တွေ့ပါသလား။ မြန်ကြစေ၊နှေးကြစေလို့ ပြောထားပါတယ်။ နားထောင်ဖို့မြန်စေပြီး ပြောဆိုရန် နှေးစေလျင် စိတ်တိုဖို့အတွက် အလိုအလျောက် နှေးကွေးစေမှာဖြစ်ပါတယ်။ သို့ပေမဲ့နားထောင်ခြင်းအရာမှာ နှေးပြီး ပြောဆိုခြင်းအရာမှာ မြန်ဆန်ပါလျှင် သင်အမျက်ဒေါသထွက်လာပါမည်။
သုတ္တံ၁၄:၂၉"ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်အသေခံရာကျော့ကွင်းတို့မှလွှဲရှောင်ရာအသက်စမ်းရေတွင်းဖြစ်၏။"
သုတ္တံ၁၅:၂၈"ဖြောင့်မတ်သောသူအဘယ်သို့ပြန်ပြောရမည်ကိုစိတ်နလုံးထဲမှာဆင်ခြင်တတ်၏။မတရားသောသူ၏နှုတ်မူကား၊မကောင်းသောအရာတို့ကိုသွန်းလောင်းတတ်၏။"
ဘာသာတရားကိုင်းရှိုင်းသူတွေ၏ အတွေးတွေက မပြောဆိုခင်မှာ လိုက်လျောညီထွေမှုရှိမရှိ ဆင်ခြင်တတ်ကြပါတယ်။
တစ်ခါတစ်ရံမှာ စိတ်တိုမှုတွေ၊နာကျင်မှုတွေနှင့် စိတ်ဓာတ်ကျမှုတွေပေါ် ခံစားရဖို့ရှိပါတယ်။ ဒါသည် အသက်တာ၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ပါတယ်။ သို့ပေမဲ့ နောက်ထပ်တစ်ကြိမ် ဖြစ်လာလျှင်လည်း နှေးကွေးစေပါ။
သုတ္တံ၁၅:၁၈"မာနကြီးသောသူသည်ရန်ကိုနှိုးဆော်တတ်၏။သည်းခံနိုင်သောသူမူကားငြိမ်းတတ်၏။"
သင်ဝမ်းနည်းသွားရမည့်ဆုံးဖြတ်ချက်တွေကို အလျင်စလို မလုပ်ပါနှင့်။ အချက်အလက်အားလုံး သင်၌မရှိသည့်အခါတွင်လည်း ဆုံးဖြတ်ချက်တွေကို အလျင်အမြန်မပြုပါနှင့်။ အဲဒီအစား စိတ်ခံစားချက်နောက်သို့လိုက်ခြင်းကို နှေးကွေးသွားဖို့ရန်နှင့် ဂရုတစိုက်ပြုရမည့် ဆုံးဖြတ်ချက်များကို ပြုဖို့အချိန်ယူပါ။
သတိရပါ။"စိတ်ရှည်သောသူသည်ပညာကြီး၏"
ဆင်ခြင်ရန်
-အလျင်အမြန်ဆုံးဖြတ်ခဲ့တဲ့နောက်ဆုံးအကြိမ်ကိုပြန်လည်အောက်မေ့ပါ။ဘာတွေကအကျိုးဆက်ဖြစ်မည်နည်း။
-ဂရုတစိုက်ပြုရမည့်ဆုံးဖြတ်ချက်ကိုချဖို့ရန်ဘယ်အချိန်တုန်းကသင်နှေးကွေးခဲ့ပါသနည်း။အဲဒီအခြေအနေမှာဘုရားသခင်ကိုသင့်ကိုဦးဆောင်တယ်ဆိုတာမည်ကဲ့သို့မြင်ပါသနည်း။
-ယာကုပ်၁:၁၉"ခပ်သိမ်းသောသူတို့သည်နားကြားခြင်းငှါလျင်မြန်ကြစေ။စကားပြောခြင်းငှါ၎င်း၊အမျက်ထွက်ခြင်းငှါ၎င်းနှေးကြစေ။" ဤဖော်ပြထားတဲ့ကျမ်းပိုဒ်တွင်မည်သို့သောအရာကသင့်အတွက်အခက်ခဲဆုံးဖြစ်သနည်း။အဲဒီအခက်ခဲဆုံးအရာကိုမှလေ့ကျင့်ပျိုးထောင်ဖို့ရန်ဒီနှစ်မှာသင်မည်ကဲ့သို့ဝန်ခံမည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
Zawgyi Version
ဆင်ခြင်ရန်