Unicode Version
---------------------------------------------------------------------------------
Zawgyi Version
ဝန်ခံခြင်းနှင့်အတူ သမာဓိဖြင့် စတင်ပါ။
ဒေသနာ ၇:၂၀ “အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့် သော သူတော်ကောင်းတစုံတယောက်မျှ
မြေကြီးပေါ်မှာ မရှိ။”
အပြစ်နှင့်ပတ်သက်ပြီး
ဘုရားသခင်က သူနှင့်သဘောတူညီမှုပြုဖို့ရန် သင့်ကိုအလိုတော်ရှိပါတယ်။ စိတ်ပျက်ခြင်းကို
ခံစားရအောင် သဘောတူခိုင်းနေတာမဟုတ်ပါ။ ဘုရားသခင်၏ ရည်ရွယ်ချက်က သင့်ကို အပြစ် (သို့)
မိမိကိုယ့်ကို အပြစ်တင်ခြင်းကနေ လွှတ်ကင်းစေချင်ပြီး သမာဓိရှိစွာဖြင့် အသက်ရှင်စေဖို့ရန်
ဖြစ်တယ်။
ဘုရား၌
မွေ့လျော်ခြင်းအသက်တာကို ဝန်ခံခြင်းဖြင့် စတင်လိုက်ပါ။ “ မကောင်းသော
အကျင့်များကို ဝန်ခံခြင်းသည် ကောင်းသောအကျင့်တို့၏ အစဖြစ်တယ်” လို့ ဩဂတ်စတင်းက
ဆိုထားပါတယ်။
ဝန်ခံခြင်းဆိုတာ
ဘာလဲ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏စံနှုန်းများနှင့်အညီ အသက်ရှင်ရန် ပျက်ကွက်ကြောင်းနှင့်
ဘုရားသခင်၏ ကတိတော်တွေကို လစ်လျှူရှုပြီး ကျွနုပ်တို့၏ ဘုရားထံပေးထားသော ကတိတို့ကို
ချိုးဖောက်ပါတယ် ဆိုတာကို ဘုရားထံ ဝန်ခံခြင်း ၊ သဘောတူခြင်းဖြစ်ပါတယ်။
သင်၏မလုပ်ဆောင်နိုင်ခြင်းတွေကို
စတင်စဉ်းစားတဲ့အခါမှာ အရာအရာကို အမှန်ပြန်လည်တည့်မတ်စေဖို့ရန် မစွမ်းဆောင်နိုင်ခြင်းကို
တွေးမြင်ပြီး သင့်ကိုယ်သင် ဝေဖန်ဖို့ လွယ်ကူပါတယ်။ အဲဒီတွေးမြင်နေမှုတွင် သင်တစ်ဉီး
တည်း မဟုတ်ပါ။ သမာဓိအသက်တာဖြင့် ရှင်သန်ရန် ကြိုးစားသော်လည်း ကျွန်ုပ်တို့အားလုံး မလုပ်ဆောင်နိုင်ပါဘူး။
သမ္မာကျမ်းစာက
ဆိုထားသည်မှာ ဒေသနာ ၇:၂၀ “အပြစ်မပါဘဲ ကောင်းသောအကျင့်ကို
ကျင့် သော သူတော်ကောင်း တစုံတယောက်မျှ မြေကြီးပေါ်မှာ မရှိ။”
ဘုရားသခင်က
သင့်အပြစ်ကြောင့် သင့်ကို မအံ့ဩပါ။ အဲဒီအရာတွေကိ သိထားပေမဲ့ ဘယ်အရာကမှ သင့်ကို အချစ်နည်းသွားအောင်
မလုပ်ဆောင်နိုင်ပါဘူး။ ဝန်ခံပါ၊ သင်၏အပြစ်ကို မကွယ်ဝှက်ထားပါနှင့်။ ခွင့်မပေးပါနှင့်။
ဝန်ခံလိုက်ပါ။
အပြစ်စီရင်ခြင်းကို
ခံရမည့်အစား ဘုရားသခင် ကျွန်ုပ်တို့ကို ကျေးဇူးပြုတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့အတွက်
သခင်ယေရှုက ကားတိုင်ထက်တွင် အသေခံဖို့ရန် ရောက်လာခဲ့တယ်။ ကျွန်ုပ်တို့ သခင်ယေရှုကို
ယုံကြည်ကိုးစားပါလျှင် ကျွန်ုပ်တို့အား ခွင့်လွှတ်ရန် သစ္စာရှိတော်မူ၏။
ရှင်ယောဟန် ပဌမစောင် ၁:၉ “ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊
ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊
ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။”
ဝန်ခံခြင်းဆိုတာ
သမာဓိအသက်တာဖြင့် ၊ တည်ကြည်ဖြောင့်မတ်သော အသက်တာသို့ဝင်ဖို့ရန် ပထမဉီးဆုံးသော ခြေလှမ်းဖြစ်ပါတယ်။
အဲဒီခြေလှမ်းကို ဘာကြောင့် ယနေ့မှာ မစတင်သနည်း။
တခြားခြေလှမ်းတစ်ခုကိုလည်း
သင်လှမ်းဖို့လိုအပ်ပါတယ်။ ဘုရားသခင်ရှေ့တော်မှာ သန့်ရှင်းသော အသက်တာဖြင့်ရောက်ရှိဖို့ရန်
သခင်ခရစ်တော်ကို ယုံကြည်ခြင်းနှင့် သင်၏အသက်တာကို ထိန်းချုပ်ဖို့ရန် ပေးအပ်ခြင်း ဖြစ်ပါတယ်။
တည်ကြည်ဖြောင့်မတ်ခြင်းနှင့်ဆိုင်သော ဆုံးဖြတ်ချက်တွေလည်း ပါဝင်ပါတယ်။
၎င်းအရာကို
သင်ပြုချင်တယ်ဆိုလျှင် လိုက်နာနိုင်တဲ့ ဆုတောင်းချက်တစ်ခုရှိပါတယ်။ “အဖဘုရား … ကျွန်ုပ်အဲဒီအရာ
တွေကို စွန့်ပစ်ချင်ပါတယ်၊ ကျွန်ုပ်ကို ဖြောင့်မတ်သောအသက်တာဖြင့် အသက်ရှင်ဖို့ရန် ဘုရားရှင်
ဖန်ဆင်း ထားသည်ကို သိရှိပါ၏။ သို့ပေမဲ့ အဲဒီဖြောင့်မတ်ခြင်းအရာတွေကို ကျွန်ုပ် မလုပ်ဆောင်ခဲ့ပါ။
လိမ်ညှာခဲ့ ပါတယ်။ လှည့်ဖြားခဲ့ပါတယ်။ ကျွန်ုပ်အမှန်တကယ်လုပ်ဆောင်သောအရာကို ဖုံးကွယ်ဖို့ရန်
နည်းလမ်းတစ်မျိုးဖြင့် ပြုမူ နေထိုင်ပါတယ်။
တောင်းပန်ပါ၏။ ကျွန်ုပ်၏အပြစ်တွေကို
ဝန်ခံပါ၏။ ကျွန်ုပ်၏အပြစ်တွေကို ဝန်ခံပြီး သခင်ခရစ်တော်ကို ကယ်တင် ပိုင်ရှင်အဖြစ် လက်ခံယုံကြည်ပါလျှင်
ကယ်တင်ခြင်းရမည်ဆိုသော ဘုရား၏ကတိတော်ရှိပါတယ်။ ခွင့်လွှတ်ခြင်းနှင့် ကယ်တင်ခြင်းသည်
ကျေးဇူးတော်အားဖြင့် ၊ ယုံကြည်ခြင်းဖြင့်သာ ဖြစ်ကြောင်းကို ပြောသောအခါ ကျွန်ုပ်ယုံကြည်
ပါ၏။ သခင်ဘုရား… ကျွန်ုပ်၏အသက်တာ အစိတ်အပိုင်းမှန်သမျှကို သခင့်၏ စီမံခြင်းအတိုင်းပြုဖို့ရန်
ကျွန်ုပ်အပ်နှံပါ ၏။ အသက်တာကို မည်ကဲ့သို့ အသက်ရှင်ရမည်ကို သွန်သင်ပါ၊ တည်ကြည်ဖြောင့်မတ်သောသူအဖြစ်
ရှိစေဖို့ရန် ကူညီမစတော်မူပါ။”
သခင်ခရစ်တော်ကို
ယုံကြည်လက်ခံပြီး ဆုတောင်းပါလျှင် ကျွန်ုပ်ထံ စာရေးသား အကြောင်းကြားပေးပါ <Rick@PastorRick.com>
။ သခင်ခရစ်တော်နှင့် အတူ
အသက်တာခရီးကို စတင်နိုင်ဖို့ရန် အကူအညီဖြစ်စေမည့် အခမဲ့ပစ္စည်းတစ်ချို့ကို ကျွန်ုပ်ပို့ပေးချင်ပါတယ်။
ဆင်ခြင်ရန်
-ဤနေ့
သတင်းစကားကို ဖတ်ရှုပြီး အလွန်စိတ်ပျက်စရာတွေ ဖြစ်ပေါ်လာပါသလား။ အဲဒီအရာတွေကို ဝန်ခံပြီး ဘုရားသခင် သင့်ကို ခွင့်လွှတ်တယ်ဆိုတာကို အကြွင်းမဲ့ ယုံကြည်လိုက်ပါ။
-လူတိုင်း အမှားများလုပ်ဆောင်ခြင်းအရာတွေသည် သင်၏ကျရှုံးခြင်းအရာတွေပေါ်
သင်၏သဘောထားအမြင် ပြောင်းလဲစေခဲ့ခြင်း ကို မည်ကဲ့သို့ နားလည်စေပါသနည်း။
-ဘုရားသခင်ထံ
သင်၏အပြစ်တွေကို ဝန်ချတောင်းပန်ခြင်းမပြုပါလျှင် မည်သို့သောအရာတွေက သင့်ကို တားဆီးချုပ်
ကိုင်နေပါသနည်း။
Zawgyi Version
ဆင်ခြင်ရန်