In God We Trust
Unicode Version 
ဘုရားသခင်အားဖြင့် ကျွန်ုပ်တို့ယုံကြည်ပါ၏။
ဖိလိပ္ပိ ၄:၁၉ “ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။
သင့်အသက်တာ၏ အစိတ်အပိုင်းမှန်သမျှအားလုံး ၊ ငွေကြေးဆိုင်ရာအပါအဝင် အားလုံးတို့အပေါ် ဘုရားသခင်ကောင်းချီးပေးဖို့ အလိုတော်ရှိပါလျှင် ကောင်းချီးမင်္ဂလာကို ခံယူနိုင်အောင်ပြုကြလော့။ ဘုရားသခင် သင့်အားကောင်းချီးပေးတဲ့အခါမှာ သင်၌ တာဝန်ယူနိုင်စွမ်းရှိတယ်ဆိုတာကို ဘုရားသခင်အား ဖော်ပြပါ။ လာမည့်ရက်တွေမှာ သင်၏ငွေကြေးကို စီမံခြင်းအတွက် ဘုရား၏အကြံအစည်ကို နားလည်နိုင်ဖို့ အကူအညီ ဖြစ်စေမဲ့ အလေ့အကျင့် (၇) မျိုးကို လေ့လာဖို့ရှိပါတယ်။
သင်ဘယ်မှာပဲ အလုပ်လုပ်နေပါစေ ဘုရားသခင်သည် သင်၏ဖြည့်ဆည်းပေးသူဖြစ်တယ် ဆိုတာကို ပထမဉီးဆုံး အနေဖြင့် နားလည်ထားဖို့ ရှိပါတယ်။ သင်၏လိုအပ်ချက်မှန်သမျှကို ထောက်ပံ့ပေးသော တစ်ဉီးတည်းသောသူ ဖြစ်တယ်။ သင်၏လုပ်ငန်းရှင်အားဖြင့်လည်း လုပ်ဆောင်ပါတယ်။ အရင်းအမြစ်တစ်ခုသည် တစ်စုံတစ်ရာ (သို့) တစ်စုံတစ်ခုလို့ သင်တွေးထင်ပါလျှင် သင်အမြဲတမ်း ကြောက်ရွံ့သွားဖို့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သင်၏ အလုပ်၊ ငွေကြေး (သို့) ပိုင်ဆိုင်မှုတွေကို လက်လွှတ်ရနိုင်ခြင်းတွေ ရှိနေလို့ဖြစ်တယ်။
သို့ပေမဲ့ “သင်၏လိုအပ်ချက်တွေ ဖြည့်ဆည်းသွားပါ့မလား” ဆိုပြီး ဘုရားသခင်အပေါ်မှာ သင်ဘယ်တော့မှ သိချင်စိတ်တွေဖြစ်ဖို့ရန် မလိုတော့ပါ။ ဘယ်လိုဘဲဖြစ်ဖြစ် အရာအားလုံးတို့သည် ဘုရားသခင်နှင့် စပ်ဆိုင်ပါတယ်။ ရောမ ၁၁:၃၆ “ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း၊ ကိုယ်တော်အားဖြင့်၎င်း၊ ကိုယ်တော်အဘို့ အလိုငှါ၎င်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
အကယ်၍ ရေပိုက်တစ်ခုပိတ်သွားမယ်ဆိုလျှင် ဘုရားသခင်က နောက်ထပ်တစ်ခုကို အလွယ်တကူ ဖွင့်နိုင်ပါတယ်။ အလုပ်တစ်ခုကို သင်ဆုံးရှုံးရလျှင် နောက်ထပ်အလုပ်တစ်ခုကို ဘုရားက အလွယ်တကူ ပေးနိုင်ပါတယ်။ အကယ်၍ ဘုရားက တံခါးတစ်ခုကို ပိတ်လျှင် နောက်ထပ်တံခါးကို သူဖွင့်နိုင်ပါတယ်။ အကယ်၍ အားလုံးသော တံခါးတွေပိတ်သွားပါလျှင် ပြတင်းပေါက်ကို ဖွင့်ပေးနိုင်ပါတယ်။
အဲဒီအရာတွေကို သင်နားလည်ပြီး ဘုရားသခင်ကိုသာ ယုံကြည်ဖို့ရန် ရွေးချယ်ပါက ငွေးကြေးနှင့် တခြားလူတွေအပေါ်မှာထားရှိတဲ့ ယုံကြည်မှုဆိုင်ရာ စိတ်ဖိစီးမှုတွေကို သင်ကင်းလွှတ်ရပါမည်။
သမ္မာကျမ်းစာက ဆိုထားသည်မှာ ဖိလိပ္ပိ ၄:၁၉ “ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့် မည်။
ငွေကြေးစီမံခြင်းအရာနှင့်ပတ်သက်ပြီး ဤမေးခွန်းဖြင့် စတင်ပါတယ်။ “မည်သူ့ထံ (သို့) မည်သို့သောအရာ၌ သင်၏ ယုံကြည်မှုကို တည်ထားပါသနည်း”
သင်၏ယုံကြည်မှုကို ဘုရားသခင်ထံ တည်ထားတဲ့အခါမှာ “အဖဘုရား.. အရာအားလုံးကိုယ်တော် ပိုင်သတော်မူ၏။ အရာအားလုံးကိုယ်တော့ထံမှာ လာခြင်းဖြစ်ပါ၏။ အဖဘုရားသည် အကျွန်ုပ်၏ ဖြည့်ဆည်းပေး သူ ၊ သူတစ်ပါးအတွက်လည်း ဖြည့်ဆည်းပေးသူဖြစ်ပါ၏။ အကျွန်ုပ်၏ လိုအင်များကို ဖြည့်ဆည်းပေးဖို့ရန် အကျွန်ုပ် ယုံကြည်ပါ၏။” လို့ဆိုပြီး မနက်တိုင်းမှာ နိုးထ ရတဲ့အခွင့်ကို ရရှိပါမည်။
ဘုရားသခင်အား ယုံကြည်နေခြင်းသည် သင်၏စိတ်ဖိစီးမှုကို လျော့ချဖို့ရန်အတွက်သာမက သင့်ကို မည်ကဲ့သို့ ကောင်းချီးမေးမည်ကိုလည်း စတင်တွေ့မြင်ရဖို့ ခွင့်ပြုပါလိမ့်မည်။
ဆင်ခြင်ရန်
- ကျွန်ုပ်တို့၏ ငွေကြေးဖြင့် ကျွန်ုပ်တို့ တာဝန်ယူနိုင်ခြင်းကို ဘုရားသခင်က ဘာကြောင့် ကျွန်ုပ်တို့ကို ဖော်ပြစေချင်ပါသနည်း။
- သင်၏ငွေကြေးဆိုင်ရာတွေအပေါ်မှာ ဘုရားသခင်အား ယုံကြည်တဲ့အခါမှာ ဘုရားက တံခါးတွေကို ဖွင့်ပေးသည် ကို သင်မည်ကဲ့သို့တွေ့မြင်ခဲ့ပါသနည်း။
- သင့်အားထောက်ပံ့ငွေအတွက် ဘုရားသခင်အပေါ် သင်၏ယုံကြည်ကိုစားခြင်းအား ရောင်ပြန်ဟပ်ရန် သင်၏ငွေများကို မည်သို့သော လက်တွေ့ကျတဲ့နည်းလမ်းတွေဖြင့် စီမံနိုင်ပါမည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်