If You Can Be Trusted with Little, God Will Trust You with More
Unicode Version
သေးငယ်သောအမှုအရာတွင် သင့်အား ယုံကြည်လို့ရနိုင်တယ်ဆိုလျှင် ပို၍ကြီးသောအရာတွေပေါ် ဘုရားသခင် သင့်ကို ယုံကြည်ပါလိမ့်မည်။
လုကာ ၁၆:၁၀ “အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်း ငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌ သစ္စာမရှိ။
ငါအဲဒီလူကို ပိုပြီး ပေးချင်တယ်လို့ဘုရားပြောလာစရာဖြစ်စေတဲ့ အတိုင်းသင်၏ ငွေကြေးကို အသုံးပြုပါသလား။ သင်၏အချိန်တွေကိုရော အဲဒီလိုဖြစ်လာအောင် အသုံးပြုပါသလား။ သင်၏ အကျိုးသက်ရောက်မှုတွေက ဘယ်လိုလဲ။ ဒီအခြေခံသဘောတရားတွေက သင့်အသက်တာ၏ အစိတ်အပိုင်းမှန်သမျှကို အသုံးချမှုဖြစ်ပါတယ်။
သခင်ခရစ်တော်ပြောထားသည်မှာ လုကာ ၁၆:၁၀ “အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု ၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ် သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌ သစ္စာ မရှိ။
ဘုရားသခင်သည် သင့်ကို အနည်းငယ်သော ပင်ကိုယ်စွမ်းရည်ပေးထားတယ်ဆိုလျှင် အဲဒီစွမ်းရည်ကို ဘုရားသခင် ၏ ရည်ရွယ်ချက်တွေအတွက် သစ္စာရှိစွာ သင်အသုံးပြုနိုင်စဲဖြစ်တယ်။ “ငါက အထင်ကရပုဂိ္ဂုလ် မဟုတ် ၊ ဒါကြောင့် ငါဘာကိုမှ မလုပ်တော့ဘူး” ဆိုပြီး မတွေးပါနှင့်။ သင်ရရှိပိုင်ဆိုင်ထားတဲ့ စွမ်းရည်အနည်းငယ် လေးကို ပင် သင်အသုံးပြုပါလျှင် ဘုရားသခင်သည် သင်၏စွမ်းရည်ကို တိုးမြှင့်ပေးပါလိမ့်မည်။
သင်၌အကျိုးသက်ရောက်မှု ဖြစ်စေမည့်အရာလေးကို ပိုင်ဆိုင်ထားပြီး ဘုရားအတွက် နှင့် ကောင်းသောအရာ တစ်ခုခုအတွက် အဲဒီ အကျိုးသက်ရောက်မှုကို အသုံးပြုတယ်ဆိုလျှင် အဲဒီအရာအပေါ်မှာ ဘုရားရှင်တိုးပွား ကြီးထွားစေပါလိမ့်မည်။ သင်၌ ငွေကြေးအနည်းငယ်သာ ပိုင်ဆိုင်ထားပေမဲ့ အမြော်အမြင်ရှိစွာ ဘုရားအလိုတော် အတိုင်း အသုံးပြုပါလျှင် ဘုရားသခင်သည် သင်၏ပိုင်ဆိုင်မှုတွေကို တိုးပွားစေပါလိမ့်မည်။ ဒါတွေသည် အသက်တာ၏ အရာမှန်သမျှအတွက် ၊ ကြွယ်ဝမှုအတွက် ၊ အခွင့်အရေးတွေအတွက် မှန်ကန်သော အရာဖြစ် ပါတယ်။
သခင်ခရစ်တော်ပြောထားသည်မှာ မဿဲ ၂၅:၂၉ “အကြောင်းမူကား၊ အကြင်သူသည်ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူ သည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။ သင်၏အသက်တာအစိတ်အပိုင်းမှန်သမျှတွင် ကြွယ်ဝနေဖို့ရန် ကျွန်ုပ်အလိုရှိပါ၏။ သို့ပေမဲ့ သင်၏ပိုင်ဆိုင်ထား တဲ့အရာတွေကို ဘုရားသခင်၏ နိုင်ငံတော်အတွက် ၊ တခြားသူတွေ၏ အကျိုးဖြစ်စေဖို့ရန် အတွက် အသုံးပြုဖို့ဖြစ် ပါတယ်။
သေးငယ်သောအမှုတွင် သစ္စာရှိခြင်းသည် ကြီးသောအမှုအတွက် အသီးအပွင့်ဖြစ်ပါတယ်။ “ငါအမှုကြီးလုပ်ဆောင် တဲ့အခါမှာ ကြွယ်ဝမှုတွေဖြစ်လာမယ်။ ငွေကြေးကို များများလုပ်ဆောင်နိုင်တဲ့အခါမှာ ဆယ်ဖို့တစ်ဖို့ကို စတင်နိုင် မည်” လို့သင်ကတော့ တွေးကောင်းတွေးနေမည်။ သို့ပေမဲ့ ဘုရားသခင်က သင်၏အသက်တာအတွက် ကိုယ်တော် ၏ ရည်ရွယ်ချက်ကို သစ္စာရှိရန် သင်လိုအပ်သည့်အရာအားလုံးကို ယခုပင် သင့်အား ပေးထားသည်။
သင့်အသက်တာအတွက် ဘုရားသခင်၏ကောင်းချီးကို အလိုရှိပါလျှင် ဘုရားသခင်၏နည်းလမ်းအတိုင်း လုပ်ဆောင်ပါ။ ဘုရားသခင်ပေးထားသောအရာတွေဖြင့် ကောင်းစွာ စတင်စီမံပါ။ ဒါမှ ပိုမိုကြီးသောအရာ တွေအတွက် ဘုရားသခင် သင့်ကို ယုံကြည်နိုင်မည်ဖြစ်သည်။
ဆင်ခြင်ရန်
- ဘုရားသခင် အလိုတော်ရှိသောအသက်တာတွက် အသုံးပြုဖို့ရန် သင်၌ ပေးစရာ အလုံအလောက်မရှိဘူးလို့ ဘာကြောင့်များ ထင်မြင်ပါသနည်း။
-ဘုရားသခင် ကျွန်ုပ်တို့ကို ဘာကြောင့်စမ်းသပ်ပါသနည်း။ ကျွန်ုပ်တို့တွင် မည်သို့သောအရာ ဖြစ်ပျက်ဖို့ရန် ဘုရားအလိုရှိသနည်း။
-မဿဲ ၂၅:၂၉ တွင်ဖော်ပြထားသော “ကြွယ်ဝပြည့်စုံခြင်း”၏ အဓိပ္ပါယ်ကို သင်မည်ကဲ့သို့ ထင်မြင်ပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်