Hurry to obey God’s commands
Unicode Version
ဘုရားသခင်၏လမ်းညွှန်ပေးမှုကိုနာခံဖို့ရန်လျင်မြန်စေပါ။
ဆာလံ၁၁၉:၆၀"ပညတ်တော်တို့ကိုစောင့်ခြင်းငှါမဖင့်မနွဲ့အလျင်အမြန်ပြုပါ၏၊"
ထာဝရဘုရား၏ ဝိညာဉ်ရေးရာ၌ လျှောက်လှမ်းခြင်း"အကြောင်းကို ကျွန်ုပ်တို့မနေ့ ကပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ တစ်ခါတစ်ရံဘုရား၏ ဝိညာဉ်တော်က သင့်ကိုနှေးကွေးစွာ လျှောက်လှမ်းဖို့ရန်နှင့် တခြားသော အချိန်မှာ အလျင်အမြန်လျှောက်လှမ်းဖို့ရန် ပြောဆိုပါတယ်။ ယနေ့မှာ နှစ်သစ်ကိုကြိုဆိုခြင်း၌ အဆင်သင့် ဖြစ်နေတဲ့အလျောက် မည်သို့သောအချိန်မှာ အလျင်အမြန်လျှောက်လှမ်းဖို့အတွက် အချိန်ကာလ (၂)မျိုး အကြောင်းကို ဆွေးနွေးသွားပါမည်။
ပထမဦးစွာ တစ်စုံတစ်ခုကို လုပ်ဆောင်ဖို့ ဘုရားက သင့်ကိုစေခိုင်းတဲ့အခါ သင်အလျင်အမြန်ပြုသင့်ပါတယ်။ သမ္မာကျမ်းစာထဲမှာအသက်တာအတွက်ညွှန်ကြားချက်တွေနဲ့ပြည့်ဝနေပါတယ်။ဒါကိုသမ္မာကျမ်းစာကလမ်းညွှန်ချက်လို့ခေါ်ပြီးအဲဒီအရာတွေကိုကျွန်ုပ်တို့နာခံဖို့ရန်ဘုရားရှင်အလိုတော်ရှိပါတယ်။ 
မိဘတွေက သားသီးတွေကို ညွှန်ကြားချက်တွေ ပေးကြပါတယ်။ သားသမီးတွေက"အဲဒီအရာကိုစဉ်းစား ပါ့မယ်" လို့ ဆိုလျှင်နာခံခြင်းမရှိသောသားသမီးဖြစ်တယ်။
ဘုရားသခင်နှင့် ကျွန်ုပ်တို့ကြားတွင်လည်း ထိုနည်းတူမှန်ကန်နေပါတယ်။ တစ်စုံတစ်ခုကိုကျွန်ုပ်တို့ လုပ် ဆောင်ဖို့ရန် ဘုရားစေခိုင်းလျှင်အလျင်အမြန်နာခံဖို့ဘုရားရှင်မျှော်လင့်ပါတယ်။ 
မဿဲ၁:၁၇"ထိုသူတို့အားငါ့နောက်သို့လိုက်ကြလော့။သင်တို့သည်လူကိုမျှားသောတံငါဖြစ်စေခြင်းငှါငါပြုမည်ဟုအမိန့်တော်ရှိသော်"
သခင်ခရစ်တော်က ငါးဖမ်းသမားတွေကို သူတို့ငါးမျှားနေတဲ့နေရာကနေ အဝေးခွါဖို့ဆိုခဲ့ပါ တယ်။ ဒါသည်ကြီးသော ဆက်ဆံရေးဖြစ်တယ်။ သူတို့မည်ကဲ့သို့တုံ့ပြန်ပါ သလဲ။  မဿဲ၁:၁၈"ထိုသူတို့သည် ချက်ခြင်းပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။"
ဘုရားရှင်သင့်ကိုတစ်စုံတစ်ရာလုပ်ဆောင်ခိုင်းပါလျှင်အလျင်အမြန်ပြုပါ။
ဆာလံ၁၁၉:၆၀"ပညတ်တော်တို့ကိုစောင့်ခြင်းငှါမဖင့်မနွဲ့အလျင်အမြန်ပြုပါ၏၊" နာခံဖို့ဖြစ်လာလျှင်လျင်မြန်စွာပြုခြင်းကကောင်း၏။ 
ဒုတိယအချိန်ကာလအနေဖြင့်ခွင့်လွှတ်ခြင်းကိုတောင်းခံဖို့(သို့) ပေးအပ်ဖို့ဖြစ်တယ်။အပြစ်(သို့) မကျေမချမ်းဖြစ်ခြင်းအရာတွေကအဆိပ်ရေသောက်နေခြင်းဖြစ်ပါတယ်။သင်အသက်ရှင်ရင်းနှင့်ပင်အစားခံရသလိုဖြစ်နေမည်။  သခင်ခရစ်တော်ပြောထားသည်မှာ မဿဲ၅:၂၃-၂၄"ထိုကြောင့်သင်သည် ပူဇော်သက္ကာကိုယဇ်ပလ္လင်သို့ ဆောင်ယူခဲ့လျက်သင်၏ညီအစ်ကိုသည်သင်၌အပြစ်တင်ခွင့်တစုံတခုရှိသည်ဟုအောက်မေ့သတိရလျှင်၊ယဇ်ပလ္လင်ရှေ့မှာပူဇော်သက္ကာကိုထား၍သွားလော့။ညီအစ်ကိုနှင့်သင့်တင့်ပြီးမှပြန်၍ပူဇော်သက္ကာကိုတင်လော့။" 
ဘုရားသခင်ကိုကိုးစားလျှင်တောင်မှ ခွင့်လွှတ်မှုတောင်းခံဖို့နှင့်ခွင့်လွှတ်ပေးခြင်းတွေကို ကြန့်ကြာစေဖို့ အကြောင်းပြချက်မဟုတ်ပါ။ သင်နှင့်တခြားသူတစ်ယောက်ကြားက တစ်စုံတစ်ရာမရိုးဖြောင့်မှု ရှိပါလျှင် ယခုအချိန်သည် ဖြောင့်အောင်လုပ်ဆောင်ဖို့ အချိန်ဖြစ်ပါတယ်။ 
တစ်စုံတစ်ခုကို လုပ်ဆောင်ဖို့ ဘုရားသခင်စေခိုင်းတဲ့အခါ ဖြစ်စေ (သို့) တစ်စုံတစ်ယောက်နှင့် စေ့စပ်ညှိနှိုင်း မှုတွေ လိုအပ်တဲ့အခါဖြစ်စေ မိမိကိုယ်ကိုမကြန့်ကြာစေပါနှင့်။ ယခုအချိန်သည် အလျင်အမြန် လုပ်ဆောင်ဖို့ ဖြစ်တယ်။ 
ဆင်ခြင်ရန်
-ယနေ့တွင် မည်ကဲ့သို့သော လိုအပ်သောအရာကို သင့်အားလုပ်ဆောင်ဖို့ဘုရားစေခိုင်းပါသနည်း။
-မည်သို့သော ပုဂ္ဂိုလ်ကို သင်ခွင့်လွှတ်ဖို့ လိုအပ်နေသနည်း။
-မည်သူ၏ ခွင့်လွှတ်မှုကို သင်တောင်းခံဖို့လိုအပ်နေသနည်း။
---------------------------------------------------------------------'
Zawgyi Version
ဆင်ခြင်ရန်