Unicode Version
-------------------------------------------------------------------------------------
Zawgyi Version
အကြွေးသံသရာမှ မည်ကဲ့သို့ အစပြုထွက်ခွာ စေမည်နည်း။
သုတ္တံ ၃:၂၇ “ကျေးဇူးကိုခံသင့်သော သူတို့အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင်
မပြုဘဲမနေနှင့်။” အိမ်နီးချင်းကိုပေးစရာရှိလျက်ပင်၊
သွားတော့။ တဖန်လာဦးတော့။ နက်ဖြန်မှ ငါပေး မည်ဟု မပြောနှင့်။
အကြွေးတင်ခြင်းနှင့်ပတ်သက်ပြီး
ဘုရားသခင်သည် သူ၏စိတ်ခံစားမှုအတိုင်း သမ္မာကျမ်းစာတွင် အလွန်ပင်စေတနာရှိစွာ ရှင်းလင်းဖော်ပြပေးထားပါတယ်။
သုတ္တံ ၃:၂၇ “ကျေးဇူးကိုခံသင့်သော သူတို့အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင်
မပြုဘဲမနေနှင့်။” အိမ်နီးချင်းကိုပေးစရာရှိလျက်ပင်၊
သွားတော့။ တဖန်လာဦးတော့။ နက်ဖြန်မှ ငါပေး မည်ဟု မပြောနှင့်။
ရောမ ၁၃:၈ “အချင်းချင်းချစ်ခြင်းမေတ္တာမှတပါး
အဘယ်ကြွေးမျှ မတင်စေနှင့်။ သူတပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။”
အလိုလိုသိတတ်မှုဖြင့် တူညီသော အသိဉာဏ်ကို ဘုရားသခင် ကျွန်ုပ်တို့ကို ပေးထားပါတယ်။ အကြွေးတင်ခြင်းက
ကောင်းသောအရာ မဟုတ်ပါ။
ကျွန်ုပ်တို့
ယခု ဘယ်ရောက်နေသလဲဆိုတာကို ကြည့်တဲ့အခါမှာ ရောက်နေသောနေရာအတွက်သာ ငွေကုန်ကြေး ကျခံပြီးသွားလျှင်
ကျွန်ုပ်တို့အများစုသည် ကုန်ကျစရိတ်ကို ပေးဆပ်ရန် ဆန္ဒရှိကြလိမ့်မည်။ သို့ပေမဲ့ အကြွေးဆပ်
ဖို့ရန် ဘုရားသခင်က သင့်ကိုအလိုရှိပြီး အဲဒီအပေါ်မှာ ကောင်းချီးပေးချင်ပါတယ်။ ဤကဲ့သို့
လုပ်ဆောင်မှုပြုဖို့ သင်ဝန်ခံဖို့တော့ရှိတယ်။ ပြီးတော့ အဲဒီအရာကို လုပ်ဆောင်ဖို့ အစီအစဉ်တွေ
ရှိရပါမည်။
ပထမဉီးစွာ သင်လုပ်ဆောင်ဖို့ ဝန်ခံရပါမည်။ အကြွေးတင်ဖို့က သက်တောင့်သက်တာဖြင့်
လွယ်ကူတယ်ဆိုတာကို သင်သတိပြုနိုင်ခြေရှိပါတယ်။ အဲဒီအရာကို သင်စဉ်းစားရန် မလိုပါ။ သို့ပေမဲ့
အကြွေးတင်ခြင်းကနေ ထွက်ခွါနိုင်ဖို့ အဆင်မချောနိုင်ပါဘူး။ “U” သင်္ကေတကဲ့သို့ ပြန်လှည့်ပြီး
တောင်ကုန်းပေါ်ပြန်ရောက်အောင် တက်ရသလို မျိုးပေါ့။
အကြွေးသံသရာကနေ ထွက်ခွာနိုင်ဆိုတာ သေချာတဲ့ ဆုံးဖြတ်ချက်နှင့် ဝန်ခံမှုတွေဖြင့် အချိန်ကာလအတိုင်း
နာခံခြင်းမျိုးတွေ လိုအပ်ပါတယ်။
ကြိုးစားပြီး
တောင်ကုန်းပေါ်တက်တဲ့ အချိန်တွေမှာ တစ်ဉီးတည်းခံစားချက်က ပိုလွယ်ကူပါတယ်။ သို့ပေမဲ့
သင်ဘယ်ရောက် နေသလဲ ဆိုတာကို ဘုရားသခင် သိပါတယ်။ အချိန်အကြာကြီးကတည်းက ဖြစ်ပျက်နေခဲ့တာကို
ဘုရားရှင် သိနားလည်ပါတယ်။ သင်၏ပြသနာတွေကို သူကူညီချင်ပါတယ်။ သင်၏ ပြသနာအလယ်မှာ သင့်အား
ကြီးထွားဖွံ့ဖြိုးစေဖို့ နှင့် အဲဒီပြသနာတွေအားဖြင့် ခွန်အားပေးဖို့ ဘုရားသခင် ကူညီချင်ပါသည်။
ဤစိန်ခေါ်မှုတွေ မှာ သင်နှင့်အတူရှိပါမည်။ သင်တစ်ဉီးတည်း မဟုတ်ပါ။
ပထမဉီးစွာ
၊ သင်၌ဝန်ခံမှုပြုပါ။ ပြီးနောက် စီစဉ်စရာတွေကို ပြုပါ။
အစီအစဉ်တွေ
၊ ကြိုတင်ကြံဆချက်တွေက မရှိမဖြစ် လိုအပ်ပါတယ်။ အကြွေးသံသရာကနေ ထွက်ခွါခြင်းသည် တစ်လှမ်းချင်း
၊ တစ်နေ့ချင်း လုပ်ဆောင်မှုဖြစ်တယ်။ အဲဒီမှာ လူတွေ သိပ်မုန်းတတ်တဲ့အရာ “နာခံခြင်းတွေ - ဒါကို
မလုပ်နဲ့ ၊ ဟိုဟာ မဝယ်နဲ့ ၊ ဒါကို ဖြေရှင်းလုပ်ဆောင်ပါ ၊ ဒါကို မလုပ်ဖို့ ဆုံးဖြတ်ပါ”
ဆိုတဲ့ အရာတွေ ပါဝင်ပါတယ်။ သုတ္တံ ၂၁:၅ “လုံ့လဝိရိယပြုသောသူ၏အကြံအစည်သည်
ကြွယ်ဝခြင်းနှင့်၎င်း၊ သမ္မာသတိမရှိသော သူ၏အကြံ အစည်သည် ဆင်းရဲခြင်းနှင့်၎င်း ဆိုင်ပေ၏။”
သင်အကြွေးတင်နေပါလျှင်
သမ္မာကျမ်းစာ၏ သတိပေးချက်တွေကို မမေ့ပါနှင့်။ အလျင်အမြန် ဖြတ်လမ်းတွေကို စောင့်ကြည့်ပါ။
အကြွေးရှိနေလျှင် သင်နာကျင်ခံစားရမည် အဲဒီနာကျင်မှုတွေကနေ အမြန်ဆုံးထွက်ခွာချင်သည်။
ဒါကြောင့် ဤစုံစမ်းခြင်းတွေကို သင်အလွန်အမင်း ထိုင်းမှိုင်းပြီး မတက်ကြွတော့ပေ။
အလျင်စလို ဖြတ်လမ်းကို မကြည့်ပါနှင့်။ ဘုရားသခင်၏အကြံအစည်ကို ရှာပါ။ အဲဒီ
ဘုရား၏အကြံအစည်မှာ ဝန်ခံပြီး သင်၏ပန်းတိုင်အတွက် ပြီးပြည့်စုံဖို့ရန် ဘာကိုဘဲလုပ်ဆောင်ရပါစေ
ပြုမည်ဟု ဆုံးဖြတ်ပါ။
အကြွေးကင်းဖို့ရန်
လုံ့လဝီရိယခြေလှမ်းတွေဖြင့် လှမ်းမည်လိုလျှင် သင်တစ်နှစ်အတွင်းမည်ကဲ့သို့ ရောက်နိုင်သည်
ကို စဉ်းစားကြည့်ပါ။ ပြီးတော့ ခက်ခဲတဲ့အရာတွေကို လုပ်ဆောင်ဖို့ရန် ဘုရားသခင်၏ ဉာဏ်ပညာ
နှင့် ကောင်းချီးတွေပေါ် မှီခိုလျက် နေ့စဉ်အသက်တာမှာ အဲဒီခြေလှမ်းတွေဖြင့် စတင်လှမ်းဖို့ရန်
ဖြေရှင်းပါ။
ဆင်ခြင်ရန်
-အခုအချိန်မှာ
သင်အကြွေးမရှိဘူးဆိုလျှင် သင့်အသက်တာနှင့်ပတ်သက်ပြီး ဘာတွေက ထူးခြားနေသနည်း။
-သင်၏ဘဏ္ဍာရေးနှင့်ပတ်သက်ပြီး
တစ်နှစ်အတွင်း သင်ရောက်ချင် ၊ နေထိုင်လိုချင်သော အရာကို စိတ်ကူးကြည့်ပါ။ ဤပန်းတိုင်ကိုရောက်ဖို့ရန်
နေ့စဉ်နေ့တိုင်း သင်ဘာကို လုပ်ဆောင်ဖို့ရှိသနည်း။
-ဘဏ္ဍာရေးနှင့် ပတ်သက်လာလျှင် လူအများစုသည် စည်းကမ်းတကျဖြင့်
ထိန်းသိမ်းခြင်းအယူအဆကို လူအများစုက ဘာကြောင့် မုန်းနေရပါသနည်း။
-------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်