How to Be a Wise Manager

Unicode Version



မည်ကဲ့သို့ အမြော်အမြင်ရှိသော စီမံခန့်ခွဲသူ ဖြစ်စေမည်နည်း။
လုကာ ၁၆:၁ “တပည့်တော်တို့အားတဖန် မိန့်တော်မူသည်ကား၊ ငွေရတတ်သောသူတယောက်၌ ဘဏ္ဍာစိုးရှိ၏။”

တကယ်တော့ ဘယ်အရာကိုမှ သင်မပိုင်ဆိုင်ပါ။ သင်ပိုင်ဆိုင်ထားသည်ဟု ထင်မှတ်ထားသောအရာတွေသည် တကယ်တော့ ငှားရမ်းပေးထားခြင်းဖြစ်ပါတယ်။ သင်မမွေးဖွားခင်ကတည်းက သင်ပိုင်ဆိုင်ခဲ့တာမဟုတ်ပါ။ သေပြီးနောက် ပိုင်းတွင်လည်း သင်မပိုင်ဆိုင်ရပါ။ အဲဒီအရာအားလုံးတို့သည် ဘုရားနှင့်သာ သက်ဆိုင်ပြီး သင့်ကို ဆယ်ဆုနှစ်အနည်းငယ်အတွက် ငှားရမ်းပေးထားခြင်းဖြစ်ပါတယ်။

သူဌေးတစ်ဉီးက သူ၏ပိုင်ဆိုင်မှုတွေကို စီမံထိန်းသိမ်းဖို့ရန် ဘဏ္ဍာစိုးတစ်ဉီးကို ခန့်အပ်ထားပါတယ် လို့ လုကာ အခန်းကြီး ၁၆ မှာ သခင်ခရစ်တော်က ပြောခဲ့ပါတယ်။ ကျွန်ုပ်တို့အားလုံးသည်လည်း စီမံရာအတိုင်းဖြစ်ကြပါ တယ်။ သင်ပိုင်ဆိုင်ထားသောအရာအားလုံးတို့သည် ဘုရားထံမှလာသော လက်ဆောင် ၊ ကောင်းချီးဖြစ်ပြီး တစ်ခဏတာအတွက် ထိန်းသိမ်းစောင့်လျှောက်ဖို့ရန် ဘုရားသခင် သင့်ကို ပေးထားခြင်းဖြစ်ပါတယ်။ ဘုရားနှင့် သက်ဆိုင်သောအရာတွေကို သင်မည်ကဲ့သို့ အမြော်အမြင်ရှိစွာ စီမံမည်ဆိုတာကို ဘုရားသခင် ကြည့်ချင် နေပါတယ်။ သူ၏ပိုင်ဆိုင်မှုတွေကို ကောင်းသော ဘဏ္ဍာထိန်းအဖြစ်တည်စေဖို့ရန် ဘုရားသခင် အလိုတော် ရှိပါတယ်။

သင့်အသက်တာအတွက် အရာအားလုံးတို့ကို ချေးငှားခြင်းဖြစ်တယ်လို့ မြင်ပါလျှင် သင်၏စိုးရိမ်ပူပန်ခြင်း အရာတွေက ပျောက်ကွယ်သွားပါလိမ့်မည်။

သင်၏ကားကို ကြည့်ပြီး “ဤကားသည် ဘုရားသခင်၏ကားသာ ဖြစ်တယ်။ ငါ၏ကားမဟုတ်ပါ။ ငါ့ကို ငှားရမ်းပေးထားခြင်းဖြစ်တယ်။ ငါအသုံးပြုဖို့ဖြစ်တယ်” လို့ပြောဆိုပြီး တွေးမြင်လိုက်ပါ။ နောက်တစ်ချိန်မှာ သင်၏ကားကို မတော်တဆမှုကြောင့်ထိခိုက်မိပြီး ၊ “အဖဘုရား သင်၏ကားမှာ ဒဏ်ရာတွေရနေပြီး။ ဒါက ငါ၏ကားမဟုတ်။ သင်ငှားထားသောကားဖြစ်တယ်။ အဲဒီအတွက် ငါ့ကို ပိုက်ဆံပေးပါ။ သင်၏ကားကို ဘာလုပ်စေချင်သလဲ” လို့ဘုရားကို သင်ပြောလို့ရနိုင်တာပေါ့။ ဘုရားသခင်က သင့်ဆီအပ်နှံထားသော အရာအပေါ်မှာ သင့်ကိုအမြော်အမြင်ပေးဖို့ရန် သင်အားကိုးတဲ့အခါမှာ သင်၏ စိုးရိမ်ပူပန်မှုများစွာတို့ကို လျော့ပါး ပျောက်ကွယ် သွားစေမည်ဖြစ်သည်။

ဤနေရာမှာ သိထားသင့်သောအရာ တစ်ခုတော့ရှိပါတယ်။ သင်၏ကံကြမ္မာပေါ်မှာ သင်ကကြီးစိုးပြီး တာဝန်ရှိ တယ် လို့ဆိုလျှင်တော့ အရာအားလုံးအတွက် သင်ပေးချေရဖို့ဖြစ်သွားပါမည်။ မှီငြမ်းစရာတွေ ၊ အရင်းအမြစ်တွေ ဘယ်ကရဖို့ရှိသလဲဆိုတာနှင့် ပတ်သက်ပြီး သင်စိုးရိမ်ရပါတော့မည်။

သို့ပေမဲ့ သင့်ကိုယ်သင် ဘုရားသခင်၏ သားသမီး ၊ ထိန်းသိမ်းသူ ဘဏ္ဍာထိန်းတစ်ယောက်အဖြစ် မှတ်ယူတယ် ၊ ယုံကြည်တယ်ဆိုလျှင် အရာအားလုံးအတွက် ပေးချေဖို့ရန် နှင့် ရုန်းကန်ရဖို့ရန် တာဝန်မရှိပါ။ သင်ကဝန်ထမ်း ၊ ဘုရားသခင်က အလုပ်ရှင်ဖြစ်ပါတယ်။ ဘုရားရှင်က နောက်ဆုံးမှာ အကျိုးခံစားခွင့်ကမ်းလှမ်းချက်တွေအတွက် တာဝန်ခံဖြစ်ပါတယ်။

ဤဖြစ်စဉ်၏ ပထမဉီးဆုံးသော ကျမ်းပိုဒ်မှာ ပြောထားသည်မှာ “ငွေရတတ်သောသူတယောက်၌ ဘဏ္ဍာစိုးရှိ၏။” သို့ပေမဲ့ အဲဒီဘဏ္ဍာထိန်းက သခင်၏ပိုင်ဆိုင်မှုတွေကို ဖြန်းတီးနေခဲ့ပါတယ်။
ငွေကြေးတွေကို သင်ဖြုန်းတီးတဲ့အခါတိုင်းမှာ ဘုရားသခင်၏ငွေကြေးကို သင်ဖြုန်းတီးနေခြင်း ဖြစ်ပါတယ်။ သင်ဝယ်ယူမှုတွေပြုသည့်အတိုင်း အမှန်တရားက ပြောင်းလဲခြင်းတွေ ပေးလိမ့်မယ်ဆိုတာကို နားလည်ထားပါ။

သင့်အားကောင်းချီးပေးထားသောအရာဖြင့် ကြိုက်သလိုလုပ်ဖို့ ခွင့်ပြုခြင်းမဟုတ်ဘူး ၊ အဲဒီပိုင်ဆိုင်မှုတွေဖြင့် သင့်အသက်တာကို ပြောင်းလဲပေးဖို့မဟုတ်ဘူး ဆိုတာကို သိမြင်ပြီး သင့်ကိုယ်သင် ထိန်းသိမ်းသူ ၊ ဘဏ္ဍာထိန်း အဖြစ် တွေးမြင်ပါ၊ သင်၏ငွေကြေးအပေါ်မြင်တဲ့နည်းလမ်းတွေကို ဘုရားသခင်ပြောင်းလဲပေးမည်လို့ တွေးမြင်ပါ။

ဆင်ခြင်ရန်
-ဘုရားသခင်၏ ပိုင်ဆိုင်မှုတွေကို မည်ကဲ့သို့ကောင်းစွာ စောင့်လျှောက်နေသနည်း။ ဤအရာတွေမှာ သင်၏ခန္ဓာ ၊ သင်၏ တွေးခေါ်မှု ၊ သင်၏အချိန် ၊ ပိုင်ဆိုင်မှု ၊ ပင်ကိုယ်စွမ်းရည် နှင့် အခွင့်အရေးတွေ ပါဝင်ပါတယ်။
-သင်၏ငွေနှင့် သင့်ကိုယ်သင် ထိန်းသိမ်းသူအဖြစ် တွေးမြင်ပါလျှင် ယခင်လက ဝယ်ခဲ့သောအရာကို မည်ကဲ့သို့ ထူးခြားစွာ ကိုင်တွယ်ပေးမည်နည်း။
-ဘုရားသခင်၏ အရင်းအမြစ်တွေကို ထိန်းသိမ်းသူအဖြစ် သင့်အားအပ်နှံထားသောအရာတွေအပေါ် ကောင်းသော ရွေးချယ်မှုပြုဖို့ရန် အမြော်အမြင်ကို ဘယ်ကနေ ရရှိပါသနည်း။


---------------------------------------------------------------------------------


Zawgyi Version


မည္ကဲ့သို႔ အေျမာ္အျမင္ရွိေသာ စီမံခန႔္ခြဲသူ ျဖစ္ေစမည္နည္း။
လုကာ ၁၆:၁ “တပည့္ေတာ္တို႔အားတဖန္ မိန္႔ေတာ္မူသည္ကား၊ ေငြရတတ္ေသာသူတေယာက္၌ ဘ႑ာစိုးရွိ၏။”

တကယ္ေတာ့ ဘယ္အရာကိုမွ သင္မပိုင္ဆိုင္ပါ။ သင္ပိုင္ဆိုင္ထားသည္ဟု ထင္မွတ္ထားေသာအရာေတြသည္ တကယ္ေတာ့ ငွားရမ္းေပးထားျခင္းျဖစ္ပါတယ္။ သင္မေမြးဖြားခင္ကတည္းက သင္ပိုင္ဆိုင္ခဲ့တာမဟုတ္ပါ။ ေသၿပီးေနာက္ ပိုင္းတြင္လည္း သင္မပိုင္ဆိုင္ရပါ။ အဲဒီအရာအားလုံးတို႔သည္ ဘုရားႏွင့္သာ သက္ဆိုင္ၿပီး သင့္ကို ဆယ္ဆုႏွစ္အနည္းငယ္အတြက္ ငွားရမ္းေပးထားျခင္းျဖစ္ပါတယ္။

သူေဌးတစ္ဉီးက သူ၏ပိုင္ဆိုင္မႈေတြကို စီမံထိန္းသိမ္းဖို႔ရန္ ဘ႑ာစိုးတစ္ဉီးကို ခန႔္အပ္ထားပါတယ္ လို႔ လုကာ အခန္းႀကီး ၁၆ မွာ သခင္ခရစ္ေတာ္က ေျပာခဲ့ပါတယ္။ ကြၽႏ္ုပ္တို႔အားလုံးသည္လည္း စီမံရာအတိုင္းျဖစ္ၾကပါ တယ္။ သင္ပိုင္ဆိုင္ထားေသာအရာအားလုံးတို႔သည္ ဘုရားထံမွလာေသာ လက္ေဆာင္ ၊ ေကာင္းခ်ီးျဖစ္ၿပီး တစ္ခဏတာအတြက္ ထိန္းသိမ္းေစာင့္ေလွ်ာက္ဖို႔ရန္ ဘုရားသခင္ သင့္ကို ေပးထားျခင္းျဖစ္ပါတယ္။ ဘုရားႏွင့္ သက္ဆိုင္ေသာအရာေတြကို သင္မည္ကဲ့သို႔ အေျမာ္အျမင္ရွိစြာ စီမံမည္ဆိုတာကို ဘုရားသခင္ ၾကည့္ခ်င္ ေနပါတယ္။ သူ၏ပိုင္ဆိုင္မႈေတြကို ေကာင္းေသာ ဘ႑ာထိန္းအျဖစ္တည္ေစဖို႔ရန္ ဘုရားသခင္ အလိုေတာ္ ရွိပါတယ္။

သင့္အသက္တာအတြက္ အရာအားလုံးတို႔ကို ေခ်းငွားျခင္းျဖစ္တယ္လို႔ ျမင္ပါလွ်င္ သင္၏စိုးရိမ္ပူပန္ျခင္း အရာေတြက ေပ်ာက္ကြယ္သြားပါလိမ့္မည္။

သင္၏ကားကို ၾကည့္ၿပီး “ဤကားသည္ ဘုရားသခင္၏ကားသာ ျဖစ္တယ္။ ငါ၏ကားမဟုတ္ပါ။ ငါ့ကို ငွားရမ္းေပးထားျခင္းျဖစ္တယ္။ ငါအသုံးျပဳဖို႔ျဖစ္တယ္” လို႔ေျပာဆိုၿပီး ေတြးျမင္လိုက္ပါ။ ေနာက္တစ္ခ်ိန္မွာ သင္၏ကားကို မေတာ္တဆမႈေၾကာင့္ထိခိုက္မိၿပီး ၊ “အဖဘုရား သင္၏ကားမွာ ဒဏ္ရာေတြရေနၿပီး။ ဒါက ငါ၏ကားမဟုတ္။ သင္ငွားထားေသာကားျဖစ္တယ္။ အဲဒီအတြက္ ငါ့ကို ပိုက္ဆံေပးပါ။ သင္၏ကားကို ဘာလုပ္ေစခ်င္သလဲ” လို႔ဘုရားကို သင္ေျပာလို႔ရႏိုင္တာေပါ့။ ဘုရားသခင္က သင့္ဆီအပ္ႏွံထားေသာ အရာအေပၚမွာ သင့္ကိုအေျမာ္အျမင္ေပးဖို႔ရန္ သင္အားကိုးတဲ့အခါမွာ သင္၏ စိုးရိမ္ပူပန္မႈမ်ားစြာတို႔ကို ေလ်ာ့ပါး ေပ်ာက္ကြယ္ သြားေစမည္ျဖစ္သည္။

ဤေနရာမွာ သိထားသင့္ေသာအရာ တစ္ခုေတာ့ရွိပါတယ္။ သင္၏ကံၾကမၼာေပၚမွာ သင္ကႀကီးစိုးၿပီး တာဝန္ရွိ တယ္ လို႔ဆိုလွ်င္ေတာ့ အရာအားလုံးအတြက္ သင္ေပးေခ်ရဖို႔ျဖစ္သြားပါမည္။ မွီျငမ္းစရာေတြ ၊ အရင္းအျမစ္ေတြ ဘယ္ကရဖို႔ရွိသလဲဆိုတာႏွင့္ ပတ္သက္ၿပီး သင္စိုးရိမ္ရပါေတာ့မည္။

သို႔ေပမဲ့ သင့္ကိုယ္သင္ ဘုရားသခင္၏ သားသမီး ၊ ထိန္းသိမ္းသူ ဘ႑ာထိန္းတစ္ေယာက္အျဖစ္ မွတ္ယူတယ္ ၊ ယုံၾကည္တယ္ဆိုလွ်င္ အရာအားလုံးအတြက္ ေပးေခ်ဖို႔ရန္ ႏွင့္ ႐ုန္းကန္ရဖို႔ရန္ တာဝန္မရွိပါ။ သင္ကဝန္ထမ္း ၊ ဘုရားသခင္က အလုပ္ရွင္ျဖစ္ပါတယ္။ ဘုရားရွင္က ေနာက္ဆုံးမွာ အက်ိဳးခံစားခြင့္ကမ္းလွမ္းခ်က္ေတြအတြက္ တာဝန္ခံျဖစ္ပါတယ္။

ဤျဖစ္စဥ္၏ ပထမဉီးဆုံးေသာ က်မ္းပိုဒ္မွာ ေျပာထားသည္မွာ “ေငြရတတ္ေသာသူတေယာက္၌ ဘ႑ာစိုးရွိ၏။” သို႔ေပမဲ့ အဲဒီဘ႑ာထိန္းက သခင္၏ပိုင္ဆိုင္မႈေတြကို ျဖန္းတီးေနခဲ့ပါတယ္။
ေငြေၾကးေတြကို သင္ျဖဳန္းတီးတဲ့အခါတိုင္းမွာ ဘုရားသခင္၏ေငြေၾကးကို သင္ျဖဳန္းတီးေနျခင္း ျဖစ္ပါတယ္။ သင္ဝယ္ယူမႈေတြျပဳသည့္အတိုင္း အမွန္တရားက ေျပာင္းလဲျခင္းေတြ ေပးလိမ့္မယ္ဆိုတာကို နားလည္ထားပါ။

သင့္အားေကာင္းခ်ီးေပးထားေသာအရာျဖင့္ ႀကိဳက္သလိုလုပ္ဖို႔ ခြင့္ျပဳျခင္းမဟုတ္ဘူး ၊ အဲဒီပိုင္ဆိုင္မႈေတြျဖင့္ သင့္အသက္တာကို ေျပာင္းလဲေပးဖို႔မဟုတ္ဘူး ဆိုတာကို သိျမင္ၿပီး သင့္ကိုယ္သင္ ထိန္းသိမ္းသူ ၊ ဘ႑ာထိန္း အျဖစ္ ေတြးျမင္ပါ၊ သင္၏ေငြေၾကးအေပၚျမင္တဲ့နည္းလမ္းေတြကို ဘုရားသခင္ေျပာင္းလဲေပးမည္လို႔ ေတြးျမင္ပါ။

ဆင္ျခင္ရန္
-ဘုရားသခင္၏ ပိုင္ဆိုင္မႈေတြကို မည္ကဲ့သို႔ေကာင္းစြာ ေစာင့္ေလွ်ာက္ေနသနည္း။ ဤအရာေတြမွာ သင္၏ခႏၶာ ၊ သင္၏ ေတြးေခၚမႈ ၊ သင္၏အခ်ိန္ ၊ ပိုင္ဆိုင္မႈ ၊ ပင္ကိုယ္စြမ္းရည္ ႏွင့္ အခြင့္အေရးေတြ ပါဝင္ပါတယ္။ 
-သင္၏ေငြႏွင့္ သင့္ကိုယ္သင္ ထိန္းသိမ္းသူအျဖစ္ ေတြးျမင္ပါလွ်င္ ယခင္လက ဝယ္ခဲ့ေသာအရာကို မည္ကဲ့သို႔ ထူးျခားစြာ ကိုင္တြယ္ေပးမည္နည္း။
-ဘုရားသခင္၏ အရင္းအျမစ္ေတြကို ထိန္းသိမ္းသူအျဖစ္ သင့္အားအပ္ႏွံထားေသာအရာေတြအေပၚ ေကာင္းေသာ ေ႐ြးခ်ယ္မႈျပဳဖို႔ရန္ အေျမာ္အျမင္ကို ဘယ္ကေန ရရွိပါသနည္း။