Gossip Destroys Integrity

Unicode Version

အတင်းအဖျင်းသည် သမာဓိကို ဖျက်ဆီးတတ်၏။
သုတ္တံ ၁၁:၁၃ “လည်၍စကားများစွာ ပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဘော်ပြတတ်၏။ သစ္စာစောင့် သောသူမူကာ၊ ဝှက်ထားတတ်၏။”

ပေါင်းသင်းဆက်ဆံရေးဆိုတာသည် သင်၏သမာဓိကို ဖော်ပြဖို့ရန် အခြေခံကျတဲ့ နည်းလမ်းဖြစ်ပါတယ်။ သာမာဓိ နှင့်ဆက်နွယ်မှု၏အဓိပ္ပါယ်ကတော့ လူတွေ၏အကြောင်းကို သူတို့ရှေ့မှာ တစ်မျိုး ၊ သူတို့နောက်ကွယ်မှာ မတူညီတဲ့ အနောက်တစ်မျိုးဖြင့် ပြောဆိုမှု မပြုခြင်းကို ဆိုလိုပါတယ်။

တခြားစကားအရဆိုလျှင် သင်အတင်းအဖျင်းမပြောပါ။ သုတ္တံ ၁၁:၁၃ “လည်၍စကားများစွာ ပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဘော်ပြတတ်၏။ သစ္စာစောင့် သောသူမူကာ၊ ဝှက်ထားတတ်၏။”

အတင်းအဖျင်းဆိုတာ ဘာလဲ။ အခြေအနေတစ်ခုဖြင့်ပတ်သက်ပြီး ပတ်သက်သူ (သို့) မပတ်သက်သူတစ်ဉီးဉီးဖြင့် ပြောဆိုခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ မကြာခဏ ဆိုသလို လုပ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အတင်းအဖျင်းသည် တစ်စုံတစ်ဉီး၏ ကုန်ကျစရိတ် ၊ ထိခိုက်မှုထက် ကျွန်ုပ်တို့ကို ပိုပြီးအရေးကြီးသည် ဟု ခံစားရသောကြောင့်ဖြစ်ပါတယ်။ သူတို့၏ နာကျင်မှုတွေအကြောင်း ၊ ပြသနာအကြောင်းတွေကို ပြောနေရတာက ကျွန်ုပ်တိုကို သိက္ခာရှိစွာ  သာလွန် နေသလိုမျိုး ခံစားရစေပါတယ်။

သမ္မာကျမ်းစာကဆိုထားသည်မှာ သင်က အတင်းအဖျင်းစကားပြောတယ်ဆိုလျှင် ယုံကြည်စရာ လူပုဂိ္ဂုလ်မ ဟုတ်တော့ပါ။ ယနေ့တွင် လူမှုကွန်ယက်မီဒီယာတွေမှာ အတင်းအဖျင်းတွေပြောဆိုခြင်းတွေက သောင်းကျန်းနေတာ တွေ့ရပါတယ်။ ယုံကြည်သူ ခရစ်ယာန်တွေမှာတောင် တွေ့ရပါတယ်။ ယုံကြည်မှုကို မည်သို့ထိန်းသိမ်းရမည်ကို သိရှိပြီး လူမှုကွန်ယက်တွေနှင့် တခြားသော ဆက်သွယ်မှုလမ်းကြောင်းတွေမှာ မဖြန့်ဝေတတ်သော သမာဓိရှိသော အမျိုးသား ၊ အမျိုးသမီးတွေကို ကျွန်ုပ်တို့ အလိုရှိပါတယ်။

လူပုဂိ္ဂုလ်တွင်ဖြစ်စေ (သို့) လူမှုကွန်ယက်တွေမှာ ဖြစ်စေ အတင်းအဖျင်းကြောင့် အသင်းတော်များကို ကွဲပြားစေပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့အသင်းတော် Saddleback Church တွင် အဖွဲ့ငယ်လေးမှတစ်ဆင့် စည်းမျဉ်းချ မှတ်ထားပါတယ်။ လူတိုင်း စစ်မှန်တဲ့ မိတ်ဆွေတွေဖြင့် သူတို့ပြောသောစကားသည် လူသိရှင်ကြား ဖြစ်လာမည်ကို စိုးရိမ်စရာမလိုဘဲ လုံခြုံစိတ်ချရတဲ့နေရာတစ်ခုလိုအပ်ပါတယ်။
ဘုရားသခင်က သုတ္တံကျမ်းတွင် ဆိုထားသည်မှာ ၁၀:၁၈ “အငြိုးဖွဲ့သောသဘောကို မုသာနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင် ပြောတတ်သော သူသည် မိုက်သောသဘောရှိ၏။

ဘယ်သူမှတော့ အရူးမဖြစ်ချင်ကြပါ။ အတင်းအဖျင်းပြောခြင်းသည် သင်ပြောနေသောသူကို ထိခိုက်ရုံသက်သက် မဟုတ်ပါ။ သင်၏ဆက်ဆံရေးကို အားနည်းစေပြီး ဖျက်ဆီးခြင်းအားဖြင့် သင့်ကို နာကျင်စေပါတယ်။
သင်၏ယုံကြည်စိတ်ချရမှုကို ထိန်းသိမ်းရန် တစ်ဉီးနှင့်တစ်ဉီး၏နောက်ကွယ်တွင် လုံခြုံမှုကို ထိန်းသိမ်းရန်နှင့် သူတစ်ပါးနောက်ကွယ်တွင် နောက်ထပ်တစ်မျိုးသောစကားကို မပြောဘဲ ယုံကြည်စိတ်ချနိုင်သည့်အခါ သမာဓိကို ဖော်ပြပါတယ်။

ဆင်ခြင်ရန်
-အတင်းအဖျင်းသည် မိတ်ဆွေဖွဲ့ခြင်းကို ဘာကြောင့်များ ထိခိုက်စေပါသနည်း။
-အတင်းအဖျင်းကြောင့် သင်၏ပေါင်းသင်းဆက်ဆံရေးကို မည်သို့သောနည်းလမ်းဖြင့် ဖျက်ဆီးစေပါသနည်း။
-အတင်းအဖျင်းပြောခြင်းကို ရှောင်ကြဉ်ရန် သင်၏အသက်တာကို မည်သို့ကာကွယ်နိုင်သနည်း။


-------------------------------------------------------------------------------


Zawgyi Version

အတင္းအဖ်င္းသည္ သမာဓိကို ဖ်က္ဆီးတတ္၏။
သုတၱံ ၁၁:၁၃ “လည္၍စကားမ်ားစြာ ေျပာတတ္ေသာသူသည္ လွ်ိဳ႕ဝွက္အပ္ေသာအရာကို ေဘာ္ျပတတ္၏။ သစၥာေစာင့္ ေသာသူမူကာ၊ ဝွက္ထားတတ္၏။”

ေပါင္းသင္းဆက္ဆံေရးဆိုတာသည္ သင္၏သမာဓိကို ေဖာ္ျပဖို႔ရန္ အေျခခံက်တဲ့ နည္းလမ္းျဖစ္ပါတယ္။ သာမာဓိ ႏွင့္ဆက္ႏြယ္မႈ၏အဓိပၸါယ္ကေတာ့ လူေတြ၏အေၾကာင္းကို သူတို႔ေရွ႕မွာ တစ္မ်ိဳး ၊ သူတို႔ေနာက္ကြယ္မွာ မတူညီတဲ့ အေနာက္တစ္မ်ိဳးျဖင့္ ေျပာဆိုမႈ မျပဳျခင္းကို ဆိုလိုပါတယ္။ 

တျခားစကားအရဆိုလွ်င္ သင္အတင္းအဖ်င္းမေျပာပါ။ သုတၱံ ၁၁:၁၃ “လည္၍စကားမ်ားစြာ ေျပာတတ္ေသာသူသည္ လွ်ိဳ႕ဝွက္အပ္ေသာအရာကို ေဘာ္ျပတတ္၏။ သစၥာေစာင့္ ေသာသူမူကာ၊ ဝွက္ထားတတ္၏။”

အတင္းအဖ်င္းဆိုတာ ဘာလဲ။ အေျခအေနတစ္ခုျဖင့္ပတ္သက္ၿပီး ပတ္သက္သူ (သို႔) မပတ္သက္သူတစ္ဉီးဉီးျဖင့္ ေျပာဆိုျခင္းျဖစ္ပါတယ္။ ကြၽႏ္ုပ္တို႔ မၾကာခဏ ဆိုသလို လုပ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အတင္းအဖ်င္းသည္ တစ္စုံတစ္ဉီး၏ ကုန္က်စရိတ္ ၊ ထိခိုက္မႈထက္ ကြၽႏ္ုပ္တို႔ကို ပိုၿပီးအေရးႀကီးသည္ ဟု ခံစားရေသာေၾကာင့္ျဖစ္ပါတယ္။ သူတို႔၏ နာက်င္မႈေတြအေၾကာင္း ၊ ျပသနာအေၾကာင္းေတြကို ေျပာေနရတာက ကြၽႏ္ုပ္တိုကို သိကၡာရွိစြာ  သာလြန္ ေနသလိုမ်ိဳး ခံစားရေစပါတယ္။

သမၼာက်မ္းစာကဆိုထားသည္မွာ သင္က အတင္းအဖ်င္းစကားေျပာတယ္ဆိုလွ်င္ ယုံၾကည္စရာ လူပုဂိၢဳလ္မ ဟုတ္ေတာ့ပါ။ ယေန႔တြင္ လူမႈကြန္ယက္မီဒီယာေတြမွာ အတင္းအဖ်င္းေတြေျပာဆိုျခင္းေတြက ေသာင္းက်န္းေနတာ ေတြ႕ရပါတယ္။ ယုံၾကည္သူ ခရစ္ယာန္ေတြမွာေတာင္ ေတြ႕ရပါတယ္။ ယုံၾကည္မႈကို မည္သို႔ထိန္းသိမ္းရမည္ကို သိရွိၿပီး လူမႈကြန္ယက္ေတြႏွင့္ တျခားေသာ ဆက္သြယ္မႈလမ္းေၾကာင္းေတြမွာ မျဖန႔္ေဝတတ္ေသာ သမာဓိရွိေသာ အမ်ိဳးသား ၊ အမ်ိဳးသမီးေတြကို ကြၽႏ္ုပ္တို႔ အလိုရွိပါတယ္။ 

လူပုဂိၢဳလ္တြင္ျဖစ္ေစ (သို႔) လူမႈကြန္ယက္ေတြမွာ ျဖစ္ေစ အတင္းအဖ်င္းေၾကာင့္ အသင္းေတာ္မ်ားကို ကြဲျပားေစပါတယ္။ ဒါေၾကာင့္ ကြၽႏ္ုပ္တို႔အသင္းေတာ္ Saddleback Church တြင္ အဖြဲ႕ငယ္ေလးမွတစ္ဆင့္ စည္းမ်ဥ္းခ် မွတ္ထားပါတယ္။ လူတိုင္း စစ္မွန္တဲ့ မိတ္ေဆြေတြျဖင့္ သူတို႔ေျပာေသာစကားသည္ လူသိရွင္ၾကား ျဖစ္လာမည္ကို စိုးရိမ္စရာမလိုဘဲ လုံၿခဳံစိတ္ခ်ရတဲ့ေနရာတစ္ခုလိုအပ္ပါတယ္။
ဘုရားသခင္က သုတၱံက်မ္းတြင္ ဆိုထားသည္မွာ ၁၀:၁၈ “အၿငိဳးဖြဲ႕ေသာသေဘာကို မုသာႏႈတ္ခမ္းျဖင့္ ဖုံးထားေသာသူ၊ သူ႔အသေရပ်က္ေအာင္ ေျပာတတ္ေသာ သူသည္ မိုက္ေသာသေဘာရွိ၏။”

ဘယ္သူမွေတာ့ အ႐ူးမျဖစ္ခ်င္ၾကပါ။ အတင္းအဖ်င္းေျပာျခင္းသည္ သင္ေျပာေနေသာသူကို ထိခိုက္႐ုံသက္သက္ မဟုတ္ပါ။ သင္၏ဆက္ဆံေရးကို အားနည္းေစၿပီး ဖ်က္ဆီးျခင္းအားျဖင့္ သင့္ကို နာက်င္ေစပါတယ္။
သင္၏ယုံၾကည္စိတ္ခ်ရမႈကို ထိန္းသိမ္းရန္ တစ္ဉီးႏွင့္တစ္ဉီး၏ေနာက္ကြယ္တြင္ လုံၿခဳံမႈကို ထိန္းသိမ္းရန္ႏွင့္ သူတစ္ပါးေနာက္ကြယ္တြင္ ေနာက္ထပ္တစ္မ်ိဳးေသာစကားကို မေျပာဘဲ ယုံၾကည္စိတ္ခ်ႏိုင္သည့္အခါ သမာဓိကို ေဖာ္ျပပါတယ္။

ဆင္ျခင္ရန္
-အတင္းအဖ်င္းသည္ မိတ္ေဆြဖြဲ႕ျခင္းကို ဘာေၾကာင့္မ်ား ထိခိုက္ေစပါသနည္း။
-အတင္းအဖ်င္းေၾကာင့္ သင္၏ေပါင္းသင္းဆက္ဆံေရးကို မည္သို႔ေသာနည္းလမ္းျဖင့္ ဖ်က္ဆီးေစပါသနည္း။
-အတင္းအဖ်င္းေျပာျခင္းကို ေရွာင္ၾကဥ္ရန္ သင္၏အသက္တာကို မည္သို႔ကာကြယ္ႏိုင္သနည္း။