Unicode Version
---------------------------------------------------------------------------------
Zawgyi Version
ဘုရားသခင်သည် ရရှိနိုင်ခြင်းတွေ ၊ အသုံးပြုနိုင်ခြင်းတွေ
အတွက် ရှာဖွေနေပါတယ်။
ရာဇဝင်ချုပ်ဒုတိယစောင် ၁၆:၉ “ထာဝရဘုရားသည် စုံလင်သော စေတနာစိတ် ရှိသောသူတို့ဘက်၌၊
ခိုင်ခံ့စွာ နေခြင်းငှါ၊ မြေကြီးတပြင် လုံးကို အနှံ့အပြားကြည့်ရှုလျက် ရှိတော်မူ၏။”
လူအများစုက
သမိုင်းကိုကြည့်ကြတယ်။ အနည်းစုသောသူတွေ သမိုင်းကိုပြုစုကြတယ်။
သို့ပေမဲ့
သင်သည်လည်း သမိုင်းပြုစုတဲ့သူ အနည်းစုထဲတွင် ပါဝင်မည်ကို ကျွန်ုပ်ယုံကြည်ပါတယ်။
သင်မမွေးဖွားခင်
နှစ်ပေါင်း ထောင်ချီကာလတုန်းက ယခုအချိန်မှာ သင်ဘယ်နေရာမှာရှိနေမည်ကို ဘုရားသခင် သိထားပြီး
ဖြစ်တယ်။ ဤစာကို ဖတ်နေမယ်ဆိုတာကိုလည်း သူသိပြီးဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်၌
သင်နှင့်ပတ်သက်ပြီး အဖိုးမဖြတ်နိုင်သောအရာ ၊ ထူးခြားသော တစ်စုံတစ်ရာရှိတယ်ဆိုတာကို
ကျွန်ုပ်ယုံကြည် လို့ဖြစ်ပါတယ်။
သင်အခု
ထိုင်နေသောနေရာသည် မတော်တဆ ထိုင်ရဖို့ ဖြစ်လာခြင်းမဟုတ်ပါ။ သင်၏အသက်တာတွင် အတွေ့အကြုံ
ကို အခွင့်အရေးကြောင့် ရလာခြင်းမဟုတ်ပါ။ ဤကမ္ဘာပေါ်မှာ ထူခြားမှုအဖြစ် လုပ်ဆောင်ဖို့ရန်
ဘုရားသခင်သင့်ကို ပုံဖော်ပါတယ်။
သင်ဘယ်လိုပုံစံဖြစ်နေခဲ့ပါစေ
၊ သင်မည်သို့သောအရာကို ကြောက်ရသည်ဖြစ်စေ ၊ အတိတ်၏အရိပ်ဟောင်းက ဘယ်လိုအပြစ်ဘဲရှိနေခဲ့ပါစေ
အရေးမကြီးပါ။ ဘုရားသခင်သည် သင့်ကို ဤလောကမှာ ထူးခြားမှုဖြစ်စေဖို့ရန် အသုံးပြုနိုင်စဲ
ဖြစ်ပါတယ်။ သင့်ထံမှ ဘုရားသခင် အလိုတော်ရှိတာက သူ့ကို အရာအားလုံးဝန်ခံဖို့ဖြစ်ပါတယ်။
သင့်အတွက် ကြံစည်သောအရာအားလုံးအတိုင်း ဖြစ်လာစေရန် ဘုရားသခင် သင့်ကို အလိုတော်ရှိပါတယ်။
ဒါသည်
သင်၏စွမ်းရည်ကြောင့် မဟုတ်ပါ။ သင်၏ ရရှိနိုင်ခြင်းတွေ ၊ အသုံးပြုနိုင်ခြင်းတွေ အကြောင်းကြောင့်
ဖြစ်ပါတယ်။
ကျွန်ုပ်၏အရွယ်အစောပိုင်းကာလတုန်းက
ဘုရားသခင်ကို ပြောခဲ့ပါတယ်။ “ကျွန်ုပ်သည် အရာအားလုံးအတွက်ဖြစ် တယ်။ ဘာကိုဘဲ လုပ်ဆောင်ရပါစေ
(သို့) ဘယ်လောက်ခဲပါစေ ကျွန်ုပ်ဂရုမစိုက်ပါ။ အချိန်မရွေး ၊ နေရာမရွေး ကျွန်ုပ်လက်ခံပါတယ်”။
အဲဒီအချိန်ကစပြီး ဘုရားလုပ်ဆောင်စေသောအရာတွေကို လုပ်ဆောင်နေရတာက အံ့ဩစရာကောင်းလောက်အောင်ပါဘဲ။
သင်သည်လည်း ထိုဆုံးဖြတ်ချက်အတိုင်း
လုပ်ဆောင်နိုင်ပါတယ်။ ဘုရားသခင်သည် ဤလောကကို ပြောင်းလဲစေဖို့ရန် အသုံးပြုလို့ရနိုင်မည့်
လူတွေကို ရှာဖွေနေတယ်လို့ သမ္မာကျမ်းစာက ဆိုထားပါတယ်။ သင့်ကို ရှာနေပါတယ် …. လောကကြီးကို
ပြောင်းလဲသူ သင်ဖြစ်ဖို့ရှိပါတယ်။
ပြီးတော့
အရာအားလုံးကို ဝန်ခံခြင်းနှလုံးသားဖြင့် စတင်လိုက်ပါ။ ယနေ့ပင်စတင်ပါ။ သင့်အသက်တာတွင်
ဘုရားသခင် အလိုရှိစေချင်သော အရာကိုလုပ်ဆောင်ဖို့ရန် သင်ဝန်ခံသည်ကို ဘုရားသခင်အား ပေးသိပါ။
ဘုရားသခင်အား သင့်ကို အသုံးပြုနိုင်တယ်ဆိုတာကို ပေးသိပါ။ ပြီးတော့ သင်၏ဆုတောင်းကို
မည်ကဲ့သို့ အဖြေပေးသည်ကို စောင့်ကြည့်လိုက်ပါ။
ဆင်ခြင်ရန်
-အသုံးပြုလို့ရနိုင်မည့်လူတွေကို
ဘုရားသခင်ရှာဖွေနေတဲ့အချိန်မှာ အသုံးပြုနိုင်ခြင်း ၊ ရရှိနိုင်ခြင်းတွေက ဘာကြောင့်များ
အရေးကြီးပါသနည်း။
-ဘုရားထံ
အရာအားလုံးပေးရမည်ဆိုပြီး စဉ်းစာတဲ့အခါမှာ မည်သို့သောအရာကို လက်လွှတ်ရဖို့ အခက်ခဲဆုံး
ဖြစ်နေပါသနည်း။
Zawgyi Version
ဘုရားသခင္သည္ ရရွိႏိုင္ျခင္းေတြ ၊ အသုံးျပဳႏိုင္ျခင္းေတြ အတြက္ ရွာေဖြေနပါတယ္။
ရာဇဝင္ခ်ဳပ္ဒုတိယေစာင္ ၁၆:၉ “ထာဝရဘုရားသည္ စုံလင္ေသာ ေစတနာစိတ္ ရွိေသာသူတို႔ဘက္၌၊ ခိုင္ခံ့စြာ ေနျခင္းငွါ၊ ေျမႀကီးတျပင္ လုံးကို အႏွံ႔အျပားၾကည့္ရႈလ်က္ ရွိေတာ္မူ၏။”
လူအမ်ားစုက သမိုင္းကိုၾကည့္ၾကတယ္။ အနည္းစုေသာသူေတြ သမိုင္းကိုျပဳစုၾကတယ္။
သို႔ေပမဲ့ သင္သည္လည္း သမိုင္းျပဳစုတဲ့သူ အနည္းစုထဲတြင္ ပါဝင္မည္ကို ကြၽႏ္ုပ္ယုံၾကည္ပါတယ္။
သင္မေမြးဖြားခင္ ႏွစ္ေပါင္း ေထာင္ခ်ီကာလတုန္းက ယခုအခ်ိန္မွာ သင္ဘယ္ေနရာမွာရွိေနမည္ကို ဘုရားသခင္ သိထားၿပီး ျဖစ္တယ္။ ဤစာကို ဖတ္ေနမယ္ဆိုတာကိုလည္း သူသိၿပီးျဖစ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘုရားသခင္၌ သင္ႏွင့္ပတ္သက္ၿပီး အဖိုးမျဖတ္ႏိုင္ေသာအရာ ၊ ထူးျခားေသာ တစ္စုံတစ္ရာရွိတယ္ဆိုတာကို ကြၽႏ္ုပ္ယုံၾကည္ လို႔ျဖစ္ပါတယ္။
သင္အခု ထိုင္ေနေသာေနရာသည္ မေတာ္တဆ ထိုင္ရဖို႔ ျဖစ္လာျခင္းမဟုတ္ပါ။ သင္၏အသက္တာတြင္ အေတြ႕အႀကဳံ ကို အခြင့္အေရးေၾကာင့္ ရလာျခင္းမဟုတ္ပါ။ ဤကမာၻေပၚမွာ ထူျခားမႈအျဖစ္ လုပ္ေဆာင္ဖို႔ရန္ ဘုရားသခင္သင့္ကို ပုံေဖာ္ပါတယ္။
သင္ဘယ္လိုပုံစံျဖစ္ေနခဲ့ပါေစ ၊ သင္မည္သို႔ေသာအရာကို ေၾကာက္ရသည္ျဖစ္ေစ ၊ အတိတ္၏အရိပ္ေဟာင္းက ဘယ္လိုအျပစ္ဘဲရွိေနခဲ့ပါေစ အေရးမႀကီးပါ။ ဘုရားသခင္သည္ သင့္ကို ဤေလာကမွာ ထူးျခားမႈျဖစ္ေစဖို႔ရန္ အသုံးျပဳႏိုင္စဲ ျဖစ္ပါတယ္။ သင့္ထံမွ ဘုရားသခင္ အလိုေတာ္ရွိတာက သူ႔ကို အရာအားလုံးဝန္ခံဖို႔ျဖစ္ပါတယ္။ သင့္အတြက္ ႀကံစည္ေသာအရာအားလုံးအတိုင္း ျဖစ္လာေစရန္ ဘုရားသခင္ သင့္ကို အလိုေတာ္ရွိပါတယ္။
ဒါသည္ သင္၏စြမ္းရည္ေၾကာင့္ မဟုတ္ပါ။ သင္၏ ရရွိႏိုင္ျခင္းေတြ ၊ အသုံးျပဳႏိုင္ျခင္းေတြ အေၾကာင္းေၾကာင့္ ျဖစ္ပါတယ္။
ကြၽႏ္ုပ္၏အ႐ြယ္အေစာပိုင္းကာလတုန္းက ဘုရားသခင္ကို ေျပာခဲ့ပါတယ္။ “ကြၽႏ္ုပ္သည္ အရာအားလုံးအတြက္ျဖစ္ တယ္။ ဘာကိုဘဲ လုပ္ေဆာင္ရပါေစ (သို႔) ဘယ္ေလာက္ခဲပါေစ ကြၽႏ္ုပ္ဂ႐ုမစိုက္ပါ။ အခ်ိန္မေ႐ြး ၊ ေနရာမေ႐ြး ကြၽႏ္ုပ္လက္ခံပါတယ္”။ အဲဒီအခ်ိန္ကစၿပီး ဘုရားလုပ္ေဆာင္ေစေသာအရာေတြကို လုပ္ေဆာင္ေနရတာက အံ့ဩစရာေကာင္းေလာက္ေအာင္ပါဘဲ။
သင္သည္လည္း ထိုဆုံးျဖတ္ခ်က္အတိုင္း လုပ္ေဆာင္ႏိုင္ပါတယ္။ ဘုရားသခင္သည္ ဤေလာကကို ေျပာင္းလဲေစဖို႔ရန္ အသုံးျပဳလို႔ရႏိုင္မည့္ လူေတြကို ရွာေဖြေနတယ္လို႔ သမၼာက်မ္းစာက ဆိုထားပါတယ္။ သင့္ကို ရွာေနပါတယ္ …. ေလာကႀကီးကို ေျပာင္းလဲသူ သင္ျဖစ္ဖို႔ရွိပါတယ္။
ၿပီးေတာ့ အရာအားလုံးကို ဝန္ခံျခင္းႏွလုံးသားျဖင့္ စတင္လိုက္ပါ။ ယေန႔ပင္စတင္ပါ။ သင့္အသက္တာတြင္ ဘုရားသခင္ အလိုရွိေစခ်င္ေသာ အရာကိုလုပ္ေဆာင္ဖို႔ရန္ သင္ဝန္ခံသည္ကို ဘုရားသခင္အား ေပးသိပါ။ ဘုရားသခင္အား သင့္ကို အသုံးျပဳႏိုင္တယ္ဆိုတာကို ေပးသိပါ။ ၿပီးေတာ့ သင္၏ဆုေတာင္းကို မည္ကဲ့သို႔ အေျဖေပးသည္ကို ေစာင့္ၾကည့္လိုက္ပါ။
ဆင္ျခင္ရန္
-အသုံးျပဳလို႔ရႏိုင္မည့္လူေတြကို ဘုရားသခင္ရွာေဖြေနတဲ့အခ်ိန္မွာ အသုံးျပဳႏိုင္ျခင္း ၊ ရရွိႏိုင္ျခင္းေတြက ဘာေၾကာင့္မ်ား အေရးႀကီးပါသနည္း။
-ဘုရားထံ အရာအားလုံးေပးရမည္ဆိုၿပီး စဥ္းစာတဲ့အခါမွာ မည္သို႔ေသာအရာကို လက္လႊတ္ရဖို႔ အခက္ခဲဆုံး ျဖစ္ေနပါသနည္း။