For Good Money Management, Know the State of Your ‘Flocks’
Unicode Version
ကောင်းသော ငွေကြေးစီမံမှုအတွက် သင်၏ကုန်ပစ္စည်းအခြေအနေကို သိပါ။
သုတ္တံ ၂၇:၂၃-၂၄ “သင်၏ သိုးစုအကြောင်းတို့ကို သိခြင်းငှါ ကြိုး စားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့် ရှုလော့။ ၂၄စည်းစိမ်သည် အမြဲမတည်တတ်။ ရှင်ဘုရင်၏ စည်းစိမ်သော်လည်း၊ လူမျိုးအစဉ်အဆက် မတည် တတ်။”
အမှန်တရားတစ်ခုက ကျွန်ုပ်တို့အားလုံးသည် တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ငွေကြေးဖြစ်ပျက်မှုတွေကို လစ်လျှူရှုကြ ပါတယ်။ အမှန်တရားကို သတိမမူသည့်တိုင်း အဲဒီအမှန်တရားကို သင်မကိုင်တွယ်နိုင်ပါ။  “ငါ၏ငွေတွေ ဘယ် ရောက်ကုန်ပြီလဲမသိတော့ပါဘူး” လို့ သင့်ကိုယ်သင် တစ်ခါတစ်ရံပြောနေတာကို တွေ့ရှိခဲ့ဖူးပါသလား။ ဒီလိုဆိုရင် အဲဒီအရာက ပြသနာအတွက် သင်ခေါင်းကိုက်ရတဲ့ ကြီးမားတဲ့သတိပေးချက် ဖြစ်ပါတယ်။
ငွေကြေးကို တာဝန်ရှိရှိစီမံတတ်တဲ့သူ ဖြစ်ဖို့ရန် ငွေစာရင်းအခြေခံသဘောတရားတွေကို လေ့လာထားဖို့တော့ လိုအပ်ပါတယ်။ ဤအစိတ်အပိုင်းက ကျွန်ုပ်တို့၏ငွေကြေးပေါ်မှာ ကောင်းချီးဖြစ်စေဖို့ရန် ဘုရား၏အကြံ အစည်ဖြစ်ပါတယ်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ သုတ္တံ ၂၇:၂၃-၂၄ “သင်၏ သိုးစုအကြောင်းတို့ကို သိခြင်းငှါ ကြိုး စားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။ ၂၄စည်းစိမ်သည် အမြဲမတည်တတ်။ ရှင်ဘုရင်၏ စည်းစိမ်သော်လည်း၊ လူမျိုးအစဉ်အဆက် မတည်တတ်။”
ကျမ်းစာအချိန်ကာလတွေမှာ စီးပွားရေးသည် လူတို့ကိုပိုင်ဆိုင်ရခြင်း နှင့် သိုးစု ၊ နွားစုတွေပိုင်ဆိုင်ခြင်းက အရှိန်အဟုန်ဖြစ်ထွန်းလာခြင်းက စိတ်ဝင်စားစရာဖြစ်ပါတယ်။ ဒါတွေသည် သူတို့၏ပိုင်ဆိုင်မှုတွေပေါ့။ ဒါကြောင့် သူတို့၏ အစုအဖွဲ့အခြေအနေကို သိနားလည်ခြင်း၏တန်ဖိုးအကြောင်းကို ကျွန်ုပ်တို့ ပြောနေရခြင်းဖြစ်ပါတယ်။ ယနေ့မှာ “သင်၏ကုန်ပစ္စည်းတွေကို သိနားလည်ပါ”လို့ပြောရပါမည်။ ဒါက ကျွန်ုပ်တို့၏ စီးပွားရေး ကြီးထွားလာ မှု၏ စိတ်ဝင်စားစရာဖြစ်ပါတယ်။
သင်ကတော့ “ယခုတစ်ပတ်မှာ ငါ့၏ကုန်ပစ္စည်းတွေ အနည်းငယ်ကျဆင်းနေတယ်” လို့ထင်ကောင်း ထင်နေပါ မည်။ အဲဒီအရာက အဓိကကျပါတယ်။ အခြေအနေကို သင်သိရပါမည်။ သင်နားလည်နိုင်ဖို့ သတိပြုမိမှသာလျှင် သင်၏ငွေကြေးဆိုင်ရာကိစ္စတွေမှာ လက်တွေ့ကျကျ ကိုင်တွယ်နိုင်မည်ဖြစ်သည်။
သုတ္တံ ၂၃:၂၃ “သမ္မာတရားကို ဝယ်လော့။ မရောင်းနှင့်။ ပညာ ကို၎င်း၊ ဆုံးမဩဝါဒကို၎င်း၊ ဉာဏ်သတ္တိကို၎င်း ထိုအတူ ပြုလော့။” သင်၏အချိန်၊ စွမ်းအင် နှင့် သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံထားရမည် - သို့ပေမဲ့ အဲဒီအရာတွေကို တန်ဖိုးရှိစေပါ။
ကောင်းသော ကုန်ပစ္စည်းကို သင်သိုမှီးတဲ့အလျှောက် သင်၏ငွေကြေးဆိုင်ရာတွေကို (၄) မျိုးသော အချက်ဖြင့် အာရုံစိုက်လိုက်ပါ။ သင်၏ပိုင်ဆိုင်မှု ။ သင်၏အကြွေးတင်မှု။ သင်၏ဝင်ငွေ ၊ ငွေတွေကို ဘယ်သို့သွားစေသနည်း။ အဲဒီအကြောင်းရင်း (၄) မျိုးကို သင်သိဖို့ရှိတယ်။ သို့မှသာ ငွေကြေးဆိုင်ရာကိစ္စတွေမှာ လွှတ်လွှတ်လပ်လပ် ဖြစ်စေမှာ ဖြစ်သည်။
ဆိုလိုသည်မှာ ရေးချပါ။ စာရင်းလုပ်ပါ။ ဘာကိုဘဲသုံးသုံး လုပ်ပါ။ မလုပ်ရသေးဘူးဆိုလျှင် “ငါ့မှာ စာရင်းလုပ်ဖို့ အချိန်မရှိပါ” လို့သင်တွေးကောင်းတွေနေမည်။ မှန်ပါတယ်။ ကျွန်ုပ်တို့တစ်တွေအားလုံး လုပ်ဖို့အချိန်မရကြပါဘူး။
ကျွန်ုပ်တို့၏ ငွေကြေးကဏ္ဍတွေမှာ ဘုရားရှင်ကောင်းချီးပေးချင်ပါတယ်။ သို့ပေမဲ့ ကောင်းသော မှတ်သားမှုပြုဖို့ရန် အချိန်ယူပါ။
ဆင်ခြင်ရန်
-သင်၏ငွေကြေးများ ဘယ်ရောက် သွားနေလဲသိချင်ပါသလား။ ဘာကြောင့်သိချင်သနည်း (သို့) ဘာကြောင့် မသိချင်သနည်း။
-သင်ပိုင်ဆိုင်သည့်အရာ၊ သင်ကြွေးတင်နေသည့်အရာ၊ သင်ဝင်ငွေနှင့်မည်သည့်အရာတွေမှာ ကုန်ကျစရိတ်ဖြစ် သွားသည် ကိုပိုမိုသိရှိရန် ယနေ့သင်မည်သို့သောအရာကို လေ့လာနိုင်သနည်း။
-ကျွန်ုပ်တို့မှာငွေကြေးပိုင်ဆိုင်မှု သိပ်မရှိသည့်တိုင် အဲဒီအပေါ်မှာ တာဝန်ယူမှုရှိတတ်ဖို့ရန် ဘုရားသခင် အလိုတော်ရှိပါသနည်း။
----------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်