Unicode Version
---------------------------------------------------------------------------------
Zawgyi Version
စာတန်ကို သမာဓိရှိစွာ တိုက်ခိုက်ပါ။
ဧဖက် ၆:၁၄ “သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊
ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂလိတရားကို ဟောပြောအံ့သောငှါပြင်ဆင်သော
အဖြစ်တည်း ဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။”
တမန်တော်ရှင်ပေါလု ဆိုထားသည်မှာ ဝိညာဉ်ရေးရာတိုက်ပွဲတွင် ပထမဉီးဆုံးလုပ်ဆောင်ရမှာက
သစ္စာတရားကို သင်၏ခါးတွင် စည်းဖို့ရန်ဖြစ်တယ်။ သစ္စာတရားက ရန်သူကို ဆန့်ကျင်ဖို့ရန်
အခြေခံကျသော အုတ်မြစ်ဖြစ်ပါတယ်။ အဲဒီအရာမရှိလျှင် သွေးဆောင်မှုတွေနှင့်မငြိမ်သက်မှုတွေက
အသက်တာကို ထိပါးလာတဲ့အခါမှာ သင်ပြိုလဲသွားဖို့ဘဲ ရှိပါတယ်။
အမှန်တရား၏ ခါးစည်းသည် သမာဓိရှိခြင်းဖြစ်တယ်။ အဓိပ္ပါယ်က
အမှန်တရားကို သိခြင်းမက အဲဒီအရာပေါ်မှာ လုပ်ဆောင်ခြင်းကို ဆိုလိုပါသည်။ အမှန်တရားကို
သိပြီး လုပ်ဆောင်မှုမပြုလျှင် သမာဓိမရှိပါဘူး။ တကယ်တော့ ဒါသည် သူတော်ကောင်းယောင်ဆောင်ခြင်း
ဖြစ်တယ်။ သင်က သူတော်ကောင်း ဟန်ဆောင်ပါလျှင် စာတန်ကို ခုခံကာကွယ်နိုင်မည် မဟုတ်ပါ။
သမာဓိကို ထိန်းသိမ်းခြင်းသည် သင်ပြီးပြည့်စုံတယ်လို့ မဆိုလိုပါ။
သို့သော်လည်း ၄င်းသည် သင်စစ်မှန်သည်ကို ဆိုလိုပါတယ်။ သင်မျက်နှာဖုံးမတပ်ပါ “မြင်သည်အတိုင်းဖြစ်၏”
ဆိုသလိုပါဘဲ။
သမာဓိဆိုတဲ့ စကားလုံးက ကိန်းပြည့်ဆိုတဲ့
စကားလုံးကနေလာပြီး တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းကို ဆိုလိုသည်။ တခြား အဓိပ္ပါယ်အားဖြင့်
သင်၏အသက်တာကို တစ်လုံးတစ်ဝတည်းထားရှိပြီး အစိတ်အပိုင်းအမျိုးမျိုး မခွဲခြားထား ခြင်းကို
ဆိုလိုပါတယ်။ သမဓိရှိတယ်ဆိုတာ သင့်အသက်တာတစ်ခုလုံးကို အတူတကွ ပေါင်းစည်းထားခြင်းကို
ဆိုလိုပါသည်။ ဘယ်ကိုဘဲ သွားသွား တူညီစွာ ပြုမူနေထိုင်ခြင်းဖြစ်တယ်။ သင့်အသက်တာ အစိတ်အပိုင်းမှန်သမျှတွင်
အမှန်အတိုင်း နေထိုင်ခွင့်ပြုထားခြင်းဖြစ်တယ်။
ကံမကောင်းစွာဖြင့်
စာတန်က တစ်ချို့သောယုံကြည်သူတွေကို ဆန့်ကျင်ဖို့တောင် အရမ်းမကြိုးစားလိုက်ရပါဘူး။ ဘာကြောင့်လဲဆိုတော့
သူတို့တွေမှာ သစ္စာတရားတည်းဟူသော ခါးစည်းမရှိကြလို့ပါဘဲ။ ဒါကြောင့် သူတို့သည် လွယ်ကူစွာ
လုယူလို့ရတဲ့ အရာတွေလိုဖြစ်လာတယ်။
ဘုရားသခင်က သင့်ကို အမှန်တရားဖြင့် လွမ်းခြုံဖို့
အလိုတော်ရှိပါတယ်။ သင်၏အပြစ်များကို သူ့အား ဝန်ချတောင်း ပန်ပါ။ သူသည် သင့်ကို ချက်ခြင်းလွှတ်ပါမည်။
တခြားသူများရှေ့တွင် ပွင့်လင်းမြင်သာစွာ အသက်ရှင် နေထိုင်နိုင်မည့် စွမ်းရည်ကို မြှင့်တင်ပေးဖို့ရန်
ဘုရားသခင်အား တောင်းဆိုပြီးနောက် သင်၏ပေါင်းသင်းဆက်ဆံရေးကို မည်ကဲ့သို့ ပြောင်းလဲသွားစေသလဲဆိုတာကို
စောင့်ကြည့်လိုက်ပါ။
ဆင်ခြင်ရန်
-သင်၏ သမာဓိကင်းမဲ့နေမှုကို
တခြားသူတွေအပေါ် တစ်စိတ်တစ်ဒေသ ပုန်းအောင်းနေစဉ်တွင် တချို့သော နေရာတွေမှာတော့ သင်၏သမာဓိကို
လူသိရှင်ကြားလုပ်ဆောင်သော နည်းလမ်းတွေရှိပါသလား။
-မည်သို့သော သင်၏အားနည်းမှုနေရာတွေမှာ
စုံစမ်းခံရမှု အများဆုံးဖြစ်သနည်း။ သင်၏မည်သို့သော အသက်တာတွင် စာတန်အခြေချရန် ဖြစ်နိုင်ပါသနည်း။
မိမိကိုယ်ကို ကာကွယ်ရန် မည်သို့ လုပ်ဆောင်နိုင်ပါသနည်း။
-အသက်တာမှာ သမာဓိရှိစွာ လျှောက်လှမ်းခြင်းဆိုသည်မှာ
အဘယ်သို့နည်း။
Zawgyi Version
စာတန္ကို သမာဓိရွိစြာ တိုက္ခိုက္ပါ။
ဧဖက္ ၆:၁၄ “သစၥာတည္းဟူေသာ ခါးပန္းကိုစည္းလ်က္၊ ေျဖာင့္မတ္ျခင္း ပါရမီတည္းဟူေသာ ရင္အုပ္တန္ဆာကို ဝတ္ဆင္လ်က္၊ ၿငိမ္သက္ျခင္းႏွင့္ယွဥ္ေသာ ဧဝံဂလိတရားကို ေဟာေျပာအံ့ေသာငွါျပင္ဆင္ေသာ အျဖစ္တည္း ဟူေသာ ေျခစြပ္ကိုစြပ္လ်က္ ခံရပ္ၾကေလာ့။”
တမန္ေတာ္ရွင္ေပါလု ဆိုထားသည္မွာ ဝိညာဥ္ေရးရာတိုက္ပြဲတြင္ ပထမဉီးဆုံးလုပ္ေဆာင္ရမွာက သစၥာတရားကို သင္၏ခါးတြင္ စည္းဖို႔ရန္ျဖစ္တယ္။ သစၥာတရားက ရန္သူကို ဆန႔္က်င္ဖို႔ရန္ အေျခခံက်ေသာ အုတ္ျမစ္ျဖစ္ပါတယ္။ အဲဒီအရာမရွိလွ်င္ ေသြးေဆာင္မႈေတြႏွင့္မၿငိမ္သက္မႈေတြက အသက္တာကို ထိပါးလာတဲ့အခါမွာ သင္ၿပိဳလဲသြားဖို႔ဘဲ ရွိပါတယ္။
အမွန္တရား၏ ခါးစည္းသည္ သမာဓိရွိျခင္းျဖစ္တယ္။ အဓိပၸါယ္က အမွန္တရားကို သိျခင္းမက အဲဒီအရာေပၚမွာ လုပ္ေဆာင္ျခင္းကို ဆိုလိုပါသည္။ အမွန္တရားကို သိၿပီး လုပ္ေဆာင္မႈမျပဳလွ်င္ သမာဓိမရွိပါဘူး။ တကယ္ေတာ့ ဒါသည္ သူေတာ္ေကာင္းေယာင္ေဆာင္ျခင္း ျဖစ္တယ္။ သင္က သူေတာ္ေကာင္း ဟန္ေဆာင္ပါလွ်င္ စာတန္ကို ခုခံကာကြယ္ႏိုင္မည္ မဟုတ္ပါ။
သမာဓိကို ထိန္းသိမ္းျခင္းသည္ သင္ၿပီးျပည့္စုံတယ္လို႔ မဆိုလိုပါ။ သို႔ေသာ္လည္း ၄င္းသည္ သင္စစ္မွန္သည္ကို ဆိုလိုပါတယ္။ သင္မ်က္ႏွာဖုံးမတပ္ပါ “ျမင္သည္အတိုင္းျဖစ္၏” ဆိုသလိုပါဘဲ။
သမာဓိဆိုတဲ့ စကားလုံးက ကိန္းျပည့္ဆိုတဲ့ စကားလုံးကေနလာၿပီး တစ္လုံးတစ္ဝတည္း ျဖစ္ျခင္းကို ဆိုလိုသည္။ တျခား အဓိပၸါယ္အားျဖင့္ သင္၏အသက္တာကို တစ္လုံးတစ္ဝတည္းထားရွိၿပီး အစိတ္အပိုင္းအမ်ိဳးမ်ိဳး မခြဲျခားထား ျခင္းကို ဆိုလိုပါတယ္။ သမဓိရွိတယ္ဆိုတာ သင့္အသက္တာတစ္ခုလုံးကို အတူတကြ ေပါင္းစည္းထားျခင္းကို ဆိုလိုပါသည္။ ဘယ္ကိုဘဲ သြားသြား တူညီစြာ ျပဳမူေနထိုင္ျခင္းျဖစ္တယ္။ သင့္အသက္တာ အစိတ္အပိုင္းမွန္သမွ်တြင္ အမွန္အတိုင္း ေနထိုင္ခြင့္ျပဳထားျခင္းျဖစ္တယ္။
ကံမေကာင္းစြာျဖင့္ စာတန္က တစ္ခ်ိဳ႕ေသာယုံၾကည္သူေတြကို ဆန႔္က်င္ဖို႔ေတာင္ အရမ္းမႀကိဳးစားလိုက္ရပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ေတြမွာ သစၥာတရားတည္းဟူေသာ ခါးစည္းမရွိၾကလို႔ပါဘဲ။ ဒါေၾကာင့္ သူတို႔သည္ လြယ္ကူစြာ လုယူလို႔ရတဲ့ အရာေတြလိုျဖစ္လာတယ္။
ဘုရားသခင္က သင့္ကို အမွန္တရားျဖင့္ လြမ္းၿခဳံဖို႔ အလိုေတာ္ရွိပါတယ္။ သင္၏အျပစ္မ်ားကို သူ႔အား ဝန္ခ်ေတာင္း ပန္ပါ။ သူသည္ သင့္ကို ခ်က္ျခင္းလႊတ္ပါမည္။ တျခားသူမ်ားေရွ႕တြင္ ပြင့္လင္းျမင္သာစြာ အသက္ရွင္ ေနထိုင္ႏိုင္မည့္ စြမ္းရည္ကို ျမႇင့္တင္ေပးဖို႔ရန္ ဘုရားသခင္အား ေတာင္းဆိုၿပီးေနာက္ သင္၏ေပါင္းသင္းဆက္ဆံေရးကို မည္ကဲ့သို႔ ေျပာင္းလဲသြားေစသလဲဆိုတာကို ေစာင့္ၾကည့္လိုက္ပါ။
ဆင္ျခင္ရန္
-သင္၏ သမာဓိကင္းမဲ့ေနမႈကို တျခားသူေတြအေပၚ တစ္စိတ္တစ္ေဒသ ပုန္းေအာင္းေနစဥ္တြင္ တခ်ိဳ႕ေသာ ေနရာေတြမွာေတာ့ သင္၏သမာဓိကို လူသိရွင္ၾကားလုပ္ေဆာင္ေသာ နည္းလမ္းေတြရွိပါသလား။
-မည္သို႔ေသာ သင္၏အားနည္းမႈေနရာေတြမွာ စုံစမ္းခံရမႈ အမ်ားဆုံးျဖစ္သနည္း။ သင္၏မည္သို႔ေသာ အသက္တာတြင္ စာတန္အေျခခ်ရန္ ျဖစ္ႏိုင္ပါသနည္း။ မိမိကိုယ္ကို ကာကြယ္ရန္ မည္သို႔ လုပ္ေဆာင္ႏိုင္ပါသနည္း။
-အသက္တာမွာ သမာဓိရွိစြာ ေလွ်ာက္လွမ္းျခင္းဆိုသည္မွာ အဘယ္သို႔နည္း။