Don’t Give Up on Doing the Right Thing
Unicode Version
ကောင်းသောအရာကို လုပ်ဆောင်ခြင်းအတွက် စိတ်ပျက်အားမလျော့ပါနှင့်။
ကလာတိ ၆:၉ “ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည် ၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။
အရာရာ အမှန်အတိုင်း မဖြစ်လာလျှင် (သို့) ဖြစ်သင့်ပြီလို့ သင်ထင်တဲ့အခါ အရှုံးပေး ၊ လက်လျော့လိုက်ဖို့ မဆိုလိုပါ။ သင်၌ လုံ့လဝီရိယရှိဖို့နှင့် ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။
သမ္မာကျမ်းစာက ဆိုထားသည်မှာ ကလာတိ ၆:၉ “ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။
လက်လျော့အရှုံးပေးရမည့်တစ်စုံတစ်ရာ သင်၌ရှိပါသလား။ သင်၏အိမ်ထောင်ရေးဖြစ်ကောင်းဖြစ်မည်။ ဘယ်လိုမှ ဆက်သွားဖို့မဖြစ်နိုင်ဘူး ၊ သေဆုံးပြီးပုံစံ ပေါ်နေမည်။ သင်၏ အသက်မွေးဝမ်းကျောင်းလည်း ဖြစ်ကောင်း ဖြစ်မည်။ ထူးခြားမှုတွေဖြစ်ကောင်း သင်ကြိုးစားရင်း ကြိုးစားရင်းနဲ့ ဘာမှ ဖြစ်မလာဘူး။ သင်၏ အိမ်မက်နှင့် ပန်းတိုင် (သို့) သင်ကိုယ်သင် လက်လျော့အရှုံးပေးရမလို ခံစားရကောင်း ခံစားရမည်။
သင်သိထားဖို့ရန် အရေးကြီးသောအရာရှိပါတယ်။ သင်မမွေးဖွားခင် နှစ်ပေါင်းထောင်ချီ ကာလတုန်းက ဤစာကို သင်ဖတ်နေမယ်ဆိုတာကို ဘုရားသခင်သိပြီးဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်က ကျွန်ုပ် အားဖြင့် သင့်ကို မိတ်ဆွေတစ်ဉီးအနေဖြင့် “အားမလျော့နှင့်” လို့ပြောခိုင်းနေခြင်းဖြစ်နိုင်သည်။
သင်၏လမ်းကြောင်းမှာ ယခုအချိန်မှာ အင်မတန် မှောင်မိုက်နေနိုင်မည်။ သို့ပေမဲ့ အဆုံးမှာ အမြဲတမ်းတော့ အလင်းရှိပါတယ်။ အလင်းက ဒေါင့်နားဝန်းကျင် မှာလည်း ရှိကောင်းရှိနေမည်။ ဘုရားသခင် သင့်ကို သိတယ်။ သင့်ကို ချစ်ပါတယ်။ ပြီးတော့ ပြီးပြည့်စုံဖို့အတွက် ထူခြားစွာဖြင့် သင့်ကို ရည်ရွယ်ချက်တွေအတိုင်း ပုံဖော်ပါတယ်။
သင်လုပ်ဆောင်နေသော အရာက အရေးမကြီးဘူးလို့ မထင်လိုက်ပါနဲ့။ ကောင်းသောအရာကို လုပ်ဆောင်ခြင်း အတွက် စိတ်ပျက် အားလျော့ခြင်းမရှိပါနှင့်။ သင်မရှိပါလျှင် တစ်ဉီးဉီးကတော့ သင့်ထက်ပိုမို ကောင်းအောင် လုပ်ဆောင်နိုင်မည်လို့လည်း မထင်လိုက်ပါနဲ့။ အဲဒီအရာတွေက စာတန်ကိုယ်တိုင် ပါးစပ်ကနေဆိုနေတဲ့ မုသားတွေဖြစ်ပါတယ်။ သင်နှင့်ပတ်သက်ပြီး ဘုရားသခင်ဘာကို ပြောထားသည်ကို သတိရပါ။ သင့်ကို ကောင်းချီးပေးချင်တယ်ဆိုတာကို သတိရပါ။
လက်လျော့အရှုံးမပေးလိုက်ပါနဲ့။ ဘုရားသခင်ထံတော်ကို ကြည့်ပါ။ ဝိညာဉ်ရေးရာနှင့်ဆိုင်သော မိသားစုတွေ - အသင်းတော်တွေကိုရှာပါ။ အားပေးလှုံ့ဆောင်မှုအတွက် ဘုရားသခင်၏နှုတ်ကပတ်တော်ကို တွေးတော ဆင်ခြင်ပါ။
အားလုံးသောသူအပေါင်းတို့ ဘုရားသခင်အပေါ်မှာ စိတ်ပျက်အားမလျော့ပါနှင့်။ ဘုရားသခင်သည် သင့်ကို ဘယ်တော့မှ လက်လျော့အရှုံးမပေးပါ။
ဆင်ခြင်ရန်
-ယနေ့တွင် သင်မည်သို့သောအရာကို လက်လျော့ချင်ပါသနည်း။ ထိုအရာက သင့်ကို အဆုံး၌သေခြင်းလို့ ဘာကြောင့် ထင်စေရပါသနည်း။
-သင်၏ခက်ခဲသောအချိန်ကာလတွေမှာ ဝိညာဉ်ရေးရာ မိသားစုတွေ သင့်ကို မည်ကဲ့သို့ အကူအညီဖြစ်စေ ပါသနည်း။ အရင်ကရော သင်သည် တစ်စုံတစ်ယောက်ကို ဤကဲ့သို့သော အထောက်အမ ဖြစ်စေခဲ့ဖူးပါသလား။
-“မှန်သောအရာကို လုပ်ဆောင်ခြင်း”၌ သင့်ကို ငြီးငွေ့သွားစေတာရှိပါသလား။ ဆက်လက်လုပ်ဆောင်ဖို့ရန် ဘာကြောင့်များ ဘုရားသခင် အလိုတော်ရှိနေပါသနည်း။
---------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်