Unicode Version
---------------------------------------------------------------------------------
Zawgyi Version
ဘုရားသခင် ဂရုစိုက်တဲ့အရာတွေအပေါ်မှာ သင် ဂရုပြုပါ။
ရှင်ယောဟန် ပဌမစောင် ၂:၆ “ထိုသခင်၌ငါတည်၏ဟုဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည်နည်းတူ
ကျင့်ရမည်။”
သခင်ခရစ်တော်၏
ဝိသေသလက္ခဏာတွေ အတိုင်း ကြီးထွားရှင်သန်ဖို့အတွက် အစပြုဖို့ရန် ဘုရားသခင် ဂရုစိုက်
သည့် အရာတွေကို ဂရုပြုခြင်း ၊ အာရုံစိုက်ခြင်းဖြစ်ပါတယ်။
ဥပမာအားဖြင့်
ဘုရားသခင်သည် ဤကမ္ဘာလောကကြီးကို ဂရုပြုသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဤကမ္ဘာကြီးကို ဂရုပြု
စောင့်ရှောက်သင့်ပါသည်။ ရှင်ယောဟန် ၁:၁၆ “ဘုရားသခင်၏သားတော်ကို
ယုံကြည်သောသူအပေါင်းတို့ သည်၊ ပျက်စီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊
ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော် ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို
ချစ်တော်မူ၏။”
အသင်းတော်ကိုလည်း
ဘုရားသခင်သည် ဂရုပြုတော်မူသည်။ ဒါကြောင့် ကျွန်ုပ်တို့သည်လည်း အသင်းတော်ကို ဂရုစိုက်သင့်ပါတယ်။
အကျိုးသက်ရောက်မှု ရှိစေရန် “တစ်ပါးတည်းသော သားတော်ကို
ကားတိုင်ပေါ်မှာ အသေခံခဲ့သည့်တိုင် သင့်ကိုလည်း ကောင်းကင်ဘုံသို့ ခေါ်ဆောင်နိုင်ဖို့ရန်
အရာအားလုံးကို လုပ်ဆောင်မည်” လို့ ဘုရားသခင်က ဆိုခဲ့ပါတယ်။
ဘုရားသခင်က
ကျွန်ုပ်တို့ကို ချစ်ပါတယ်လို့မပြောခဲ့ပါ။ သူ၏ချစ်ခြင်းပေါ်မှာ လုပ်ဆောင်မှုတွေပြုခဲ့တယ်။
ဘာကြောင့်လဲ။ အသင်းတော်သည် ဘုရားသခင်၏မိသားစုတွေဖြစ်ပြီး ဘုရားသခင်သည်လည်း သူ၏မိသား
စုတွေကို ချစ်တော်မူသည်။ အရာအားလုံးကို ဖန်ဆင်းခဲ့ခြင်းက မိသားစုပုံစံ ဖြစ်စေလိုသော
ကြောင့်ဖြစ်တယ်။ သူ၏ လိုအင်ဆန္ဒမရှိဘူးဆိုလျှင် စကြာဝဠာသည်လည်း မရှိ ၊ ကမ္ဘာကြီးလည်းမရှိ
၊ လူသားသည်လည်း မရှိနိုင်ပါ။
တစ်နေ့မှာ ဤစကြာဝဠာတွင် ရှိသောအရာအားလုံးတို့ ပျက်စီးပျောက်ကွယ်သွားမည်။
ကောင်းကင်ဘုံသစ် နှင့် ကမ္ဘာသစ်တစ်ခု ဖြစ်ပေါ်မည်။ သို့ပေမဲ့ ဘုရားသခင်၏ မိသားစုဝင်တွေသည်
ထာဝရတည်လိမ့်မည်။ ဤအရာသည် ကမ္ဘာပေါ်ရှိအရာအားလုံးထက်အရေးကြီးခြင်းက အစဉ်မပြတ်တည်ရှိသွားမည့်အတွက်
ကြောင့်ဖြစ် ပါတယ်။
သခင်ခရစ်တော်၏
လက္ခဏာနည်းတူ ဖြစ်လာစေဖို့ရန် ၊ ကမ္ဘာကြီးနှင့် သူ၏လူသားတွေကို ချစ်တတ်ဖို့ရန် ဘုရားသခင်အား
အကူအညီတောင်းပါ။ အသင်းတော်ကိုလည်း ချစ်တတ်ဖို့ရန် အကူအညီတောင်းခံပါ။
ဆင်ခြင်ရန်
-
သင်ချစ်မြတ်နိုးသောသူအား သင်ရွေးချယ်ခြင်းအားဖြင့် သင့်၏ စရိုက်လက္ခဏာ အပေါ် မည်ကဲ့သို့
သက်ရောက် မှုရှိပါသနည်း။
-ဤလောကြီးနှင့်လူသားတွေအား
ချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်ဖို့ရန် လက်တွေ့ကျသော နည်းလမ်းတစ်ချို့ကား မည်သို့နည်း။
-
အသင်းတော်ကို ထောက်ပံ့ခြင်းနှင့် ချစ်ခြင်းမေတ္တာပေးဖို့ရန် သင်၏ဝန်ခံခြင်းတွင် မည်ကဲ့သို့
ကြီးထွားရှင် သန်စေနိုင်မည်နည်း။ အသင်းတော်ကို ရည်ရွယ်ချက်ရှိရှိ ပိုပြီးအထောက်အမဖြစ်စေဖို့ရန်
ယခုသီတင်းပတ်တွင် သင်မည်သို့သောအရာကို လုပ်ဆောင်နိုင်ပါမည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်