Be Quick to Keep Your Promises to God
Unicode Version
ဘုရားသခင်အား သင်ပေးသော ကတိတွေကို တည်ဖို့ရန် အလျင်အမြန်ပြုပါ။
ဒေသနာကျမ်း ၅:၄ “ဘုရားသခင့်ထံတော်၌ သစ္စာဂတိပြုမိလျှင်၊ သစ္စာဝတ်ကို မဖြေဘဲမနေနှင့်။ မိုက်သောသူတို့ကို အားရ နှစ်သက်တော်မမူ။သစ္စာဂတိပြုသည်အတိုင်း ဝတ်ကို ဖြေလော့။”
သင်နှစ်သစ်ကိုစတင်တဲ့အလျောက် တစ်ချို့သော သန္နိဠာန်ချကောင်း ချနေမည်။ တစ်ချို့သော သန္နိဠာန်က သင့်ကိုယ်သင် အတွက် (သို့) သင်၏ အသက်မွေးဝမ်းကျောင်းအတွက် (သို့) သင့်၏ မိသားစုအတွက် ကတိပေးတဲ့ အရာတွေ ဖြစ်ကောင်းဖြစ်မည်။ တခြားကတော့ ဘုရားသခင်ဆီ ကတိပေးတာလည်း ဖြစ်ကောင်းဖြစ်မည်။
ဘုရားသခင်ထံ ကတိပေးမယ်ဆိုလျှင် သင်ဆုပ်ကိုင်ထိန်းသိမ်းနိုင်ဖို့ရန် အလျင်အမြန်ပြုသင့်ပါတယ်။ ကြန့်ကြာတဲ့ ကတိပေးမှုတွေက မပြည့်စုံတဲ့ကတိတွေဖြစ်တယ်။ နာခံမှု ကြန့်ကြာခြင်းက နာခံခြင်းမရှိသကဲ့သို့ဖြစ်ပါတယ်။
ဒေသနာကျမ်း ၅:၄ “ဘုရားသခင့်ထံတော်၌ သစ္စာဂတိပြုမိလျှင်၊ သစ္စာဝတ်ကို မဖြေဘဲမနေနှင့်။ မိုက်သောသူတို့ကို အားရ နှစ်သက်တော်မမူ။သစ္စာဂတိပြုသည်အတိုင်း ဝတ်ကို ဖြေလော့။”
တခြားသော ကတိကိုတည်စေဖို့ရန် စုံစမ်းနှောက်ယှက်ခြင်းကနေ အလျင်အမြန် ပြေးဖို့ဖြစ်တယ်။
စုံစမ်းနှောက်ယှက်ခြင်းတွင် ကြိုတင်ကာကွယ်ရေးနည်းစနစ် နှင့် အရေးပေါ်နည်းစနစ် နှစ်ခုလုံးကို လိုအပ်ပါတယ်။ ကြိုတင် ကာကွယ်ရေး နည်းစနစ်များက စုံစမ်းနှောက်ယှက်ခြင်း ၊ သွေးဆောင်မှု အခြေအနေတွေကနေ ထွက်ရန် ကြိုးစားခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ သွေးဆောင်ခြင်းခံရတဲ့အခါ ဘာကိုလုပ်ဆောင်ရမည်ကို အရေးပေါ်နည်း စနစ်အတိုင်း အာရုံစိုက်ကြပါစို့။
တိမောသေ ပဌမစောင် ၆:၁၁ “သို့ဖြစ်၍၊ အိုဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာကျင့် ခြင်း၊ ဘုးရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ချင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင် လိုက်လော့။ 
ဤအရာသည် မှန်ကန်ပါတယ်။ ဘုရားသခင်၏ဂုဏ်တော်ကိုညှိုးစေတဲ့အခါဖြစ်စေ (သို့) စုံစမ်းခံရတဲ့အခါ တစ်စုံတစ်ခုကို ကိုယ်တိုင်ခုခံတဲ့အခါဖြစ်စေ၊ သင်သည် အခြေအနေတွေထဲက အလျင်အမြန်ရွေ့သင့်ပါတယ်။
မည်သို့သောအရာတွေကို မလုပ်သင့်သနည်း။ စုံစမ်းနှောက်ယှက်ခြင်းကို အငြင်းမပွါးပါနှင့်။ မတိုက်ခိုက်ပါနှင့်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ သင်ရှုံးနှိမ့်သွားပါလိမ့်မည်။
သင်ကြည့်နေသော တယ်လီဗေးရှင်းကနေ တစ်စုံတစ်ခုကို တပ်မက်ခြင်းဖြစ်စေဖို့ရန် စုံစမ်းခံရတဲ့အခါ တခြား အစီအစဉ် (Channel) တစ်ခုသို့ပြောင်းလဲလိုက်ပါ။ အရက်သေစာ အတွက် သင်ရုန်းကန်နေရပါလျှင် အဲဒီအရာ တွေ ရှိနေတဲ့နေရာကနေ အဝေးသို့ ပြေးထွက်သွားလိုက်ပါ။
ကောရိန္သုပဌမစောင် ၁၀:၁၄ တွင်ဖော်ပြထားသော သွေးဆောင်မှုတစ်ခု မှာ ဆင်းတုကိုးကွယ်ခြင်းဖြစ်တယ်။ “ထိုကြောင့် ငါ့ချစ်သူတို့၊ ရုပ်တို့ကို ကိုးကွယ်ခြင်း အမှုကို ကြဉ်ရှောင်ကြလော့။”
သင်ကတော့ “ခဏလေးစောင့်ပါအုံး .. ကျွန်ုပ်အိမ်မှာဆင်းတုတွေ မရှိပါဘူးလို့ပြောကောင်းပြောမည်။ တခြားနည်း လမ်းဖြင့် သင့်ကိုမေးပါရစေ - မည်ကဲ့သို့သော ပုဂိ္ဂုလ် (သို့) အရာဝတ္တု တွေကို သင်အမြတ်တနိုးရှိ ပါသနည်း။ အောင်မြင်ခြင်းလား ၊ လှပခြင်းလား ၊ ကြော်ကြားတဲ့ အားကစားသမား (သို့) အားကစား အမျိုးအစား လား။ လူမှုကွန်ယက်မီဒီယာတွေလား။
ဘုရားသခင်ထက် ရှေ့တန်းတင်တဲ့အရာတွေမှန်သမျှသည် သင်မြတ်နိုးတဲ့သင်၏ဆင်းတုတွေဖြစ်တယ်။ ယနေ့တွင် ကျွန်ုပ်တို့၏ ကိုးကွယ်တဲ့အရာတွေသည် ကျောက်တုံး (သို့) သစ်သား ပုံစံတွေလို့ ထင်မြင်ကြတယ်။ အဲဒီအစား ကျွန်ုပ်တို့တွေက ပိုက်ဆံအိတ်ထဲမှာ ကျွန်ုပ်တို့ရဲ့ ကိုးကွယ်မှုတွေကို သယ်ဆောင်ကြတယ်။ ကျွန်ုပ်တို့ရဲ့ ကိုးကွယ်မှုတွေကို တီဗွီမှာ ကြည့်ရှုကြတယ် (သို့) မောင်းနှင့်တဲ့လမ်းတွေမှာ ထားရှိထားကြတယ်။
သင်၏ကိုးကွယ်တဲ့အရာတွေ မည်သို့ပင်ရှိနေပါစေ (သို့) မည်သည့်သွေးဆောင်မှုကိုပင် ခံရပါစေ ဖော်ပြထားတဲ့ နည်းစနစ်ကို ရှင်းလင်းပါတယ် - အဝေးသို့ ထွက်ပြေးပါ ၊ အငြင်းမပွားပါနဲ့၊  ပြေးပါ။ ပျားအတုပ်မခံ ချင်ပါလျှင် ပျားအုံကနေ ဝေးဝေးနေပါ။
နှစ်သစ်ကို ဝင်ရောက်ကြတဲ့အခါ (၂) မျိုးသောအရာကို လျင်မြန်စွာဖြင့် ဖြေရှင်းလိုက်ပါ။ ဘုရားသခင်အား သင်ပေးသော ကတိကို တည်စေပါ။ စုံစမ်းနှောက်ယှက်ခြင်းရန်ကနေ ပြေးပါ။
ဆင်ခြင်ရန်
- ယနေ့တွင် ဘုရားသခင်အား မည်သို့သောကတိကို သင်ဖြည့်ဆည်းရန်လိုသနည်း။ ဒီရက်သတ္တပတ်တွင် သင်ဘာကိုဖြည့်စွက် ရန်လိုသနည်း။
-သင်ထွက်ပြေးမည့်အစား မည်သည့်သွေးဆောင်မှုကို ပြန်လည်ခုခံရန် ကြိုးစားနေသနည်း။
-ဘုရားသခင်ထက် မည်သို့သောအရာကို  သင်ကိုးကွယ်နေသနည်း။ အဲဒီအရာကနေ ထွက်ပြေးရန် မည်သို့သော ပုံစံရှိစေမည်နည်း။
-----------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်