Unicode Version
---------------------------------------------------------------------------------
Zawgyi Version
တည်ကြည်မှုအသက်တာသည်
ဘုရားသခင်၏ကောင်းချီးဆီသို့ ပို့ဆောင်၏။
မဿဲ ၅:၈ “စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊
ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။”
သခင်ယေရှု
တောင်ကုန်းပေါ်ဟောပြောခဲ့သောတရားတွင် သင်၏စိတ်နှလုံးဖြူစင်တဲ့အခါမှာ ကောင်းချီးမင်္ဂလာ
ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ “စိတ်နှလုံး၌ဖြူစင်ခြင်း” သည် မည်သို့သောအဓိပ္ပါယ်ဖြစ်သနည်း။
ယနေ့မှာ သမာသမတ် ရှိတဲ့ ၊ ရိုးသားတဲ့ စကားလုံးတွေကို ကျွန်ုပ်တို့ အသုံးပြုကြပါတယ်။
သင်၏အသက်တာကို ရိုးသားဖြောင့်မတ်စွာ အသက်ရှင်တဲ့အခါမှာ ဘုရားသခင်သည် သင့်ကို ကောင်းချီးပေးပါသည်။
သမာသမတ်ရှိတယ်လို့ဆိုခြင်းတွင်
သင်၌အပြစ်ကင်းစင်တယ် (သို့) သင်အမှား မပြုဘူးလို့ မဆိုလိုပါဘူး။ အဲဒီလိုမျိုး ရှိမှစံထားစရာဆိုလျှင်
ကျွန်ုပ်တို့အားလုံး စိတ်နှလုံးဖြူစင်တယ်လို့ ယူဆလို့မရပါ။ ရောမ ၃:၂၃ “အဘယ်ကြောင့် နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကို
ပြု၍ဘုရားသခင်ရှေ့တော်၌ အသရေ ပျက်ကြပြီ။ ”
နိုးအာ
၊ အာဗြံဟံ ၊ မောရှေ ၊ ဒါဝိဒ် ၊ ရှင်ပေါလု တို့အားလုံးသည် ဖြောင့်မတ်တည်ကြည်တယ်လို့
သမ္မာကျမ်းစာက ဆိုထားပါတယ်။ သူတို့တွေအားလုံး မပြည့်စုံပါဘူး။ ဘုရားသခင်က ဒါဝိဒ်ကို စိတ်နှလုံးထဲ၌ လူကို ခေါ်တော်မူ
သော်လည်း ဒါဝိဒ်သည် ခင်ပွန်းရှိသောသူကို သတ်စေခြင်းငှာ မယားခိုးမှု ကျူးလွန်ဖောက်ပြန်ခဲ့ပြီး
အပြစ်တွေ၏ အကျိုးဆက်တွေကို ရင်ဆိုင်ခဲ့ရတယ်။
ကျွန်ုပ်တို့သည်
ဖြောင့်မတ်တည်ကြည်သောလူသား ၊ ပြည့်စုံသော လူသားဖြစ်ဖို့မလိုကြောင်းကို သမ္မာကျမ်းစာရှိ
ဖော်ပြထားသော သူရဲကောင်းတွေကနေ ကျွန်ုပ်တို့ သင်ယူနိုင်ပါတယ်။ သို့ပေမဲ့ ဘုရားသခင်ကို
လုံးလုံး ဝန်ခံသော စိတ်နှလုံးသာ သင်လိုအပ်ပါတယ်။
သင်၏အပြစ်ကို
နှုတ်ကဝန်ခံခြင်းအရာထက် သင်၏စိတ်နှလုံးကနေ ဝန်ခံခြင်းတွေကို ဘုရားသခင်သည် တွေ့မြင်ရဖို့
ပိုပြီး စိတ်ဝင်စားပါတယ်။ သင်ဘာမှကို ဂရုမစိုက် ၊ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဘာကြောင့်ပြုနေသလဲ
ဆိုတာကို ဘုရားသခင် ကြည့်နေပါတယ်။ ဓမ္မရာဇဝင် ပဌမစောင် ၁၆:၇ “ထာဝရဘုရားက၊ သူ၏မျက်နှာ၊
သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်
မဟုတ်။ လူသည် အဆင်း သဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရား မူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု
ရှမွေအား မိန့်တော်မူ၏။ ”
ဤအသက်တာမှာ
သင်ဘယ်တော့မှ ပြီးပြည့်စုံမှာတော့ မဟုတ်ပါ။ အပြစ်ကင်းစင်ခြင်းလည် ဘယ်တော့မှ မဖြစ်လာပါ။
သို့ပေမဲ့ သင်အပြစ်နည်းအောင်တော့ လုပ်နိုင်ပါတယ်။ သင်အသက်တာကို ဖြောင့်မတ်တည်ကြည်စွာ
အသက်ရှင်ခြင်း နှင့် ဖြူစင်သောစိတ်နှလုံးဖြစ်ဖို့ရန် ထိန်းသိမ်းခြင်းဖြင့် ဝန်ခံနိုင်ပြီး
ဘုရားသခင်ထံ ဆပ်ကပ်အပ်နှံပါ။
ဆင်ခြင်ရန်
-သူတစ်ပါးကို ကြည့်သောအခါ
လူတော်တော်များများတို့သည်
အကျင့်လက္ခဏာ ၊ ကိုယ်ရည်ကိုယ်သွေးအပေါ်မှာ ဘာကြောင့်တန်ဖိုးထားလေ့ရှိသနည်း။
-တစ်စုံတစ်ယောက်က
သင့်နှလုံးသားကို ကြည့်ရှုနိုင်လျှင် သူတို့ ဘာကို မြင်လိမ့်မည်ဟု သင်ထင်ပါသနည်း။ ၄င်းသည်
သူတို့ကို ဘုရားသခင်ရှာဖွေစေလိုသော အရာနှင့် မည်သို့ ကိုက်ညီမည်နည်း။
-
ဖြူစင်သော စိတ်နှလုံးထိန်းသိမ်းဖို့ရန် မည်ကဲ့သို့သော နည်းလမ်းတစ်ချို့ဖြင့် သင် ရုန်းကန်နေရပါသနည်း။
သင့်အတွက် တစ်ချို့သော နေရာများသည် အဘယ်ကြောင့် ခက်ခဲကြောင်း နားလည်နိုင်ရန် ဘုရားသခင်ထံ
အကူအညီတောင်းခံလိုက်ပါ။ သင့်အား ပြောင်းလဲဖို့ရန် ကူညီမှုကို တောင်းခံပါ။
---------------------------------------------------------------------------------
Zawgyi Version
တည္ၾကည္မႈအသက္တာသည္ ဘုရားသခင္၏ေကာင္းခ်ီးဆီသို႔ ပို႔ေဆာင္၏။
မႆဲ ၅:၈ “စိတ္ႏွလုံးျဖဴစင္ေသာသူတို႔သည္ မဂၤလာရွိၾက၏။ အေၾကာင္းမူကား၊ ထိုသူတို႔သည္ ဘုရားသခင္ကို ျမင္ရၾကလတံ့။”
သခင္ေယရႈ ေတာင္ကုန္းေပၚေဟာေျပာခဲ့ေသာတရားတြင္ သင္၏စိတ္ႏွလုံးျဖဴစင္တဲ့အခါမွာ ေကာင္းခ်ီးမဂၤလာ ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။ “စိတ္ႏွလုံး၌ျဖဴစင္ျခင္း” သည္ မည္သို႔ေသာအဓိပၸါယ္ျဖစ္သနည္း။ ယေန႔မွာ သမာသမတ္ ရွိတဲ့ ၊ ႐ိုးသားတဲ့ စကားလုံးေတြကို ကြၽႏ္ုပ္တို႔ အသုံးျပဳၾကပါတယ္။ သင္၏အသက္တာကို ႐ိုးသားေျဖာင့္မတ္စြာ အသက္ရွင္တဲ့အခါမွာ ဘုရားသခင္သည္ သင့္ကို ေကာင္းခ်ီးေပးပါသည္။
သမာသမတ္ရွိတယ္လို႔ဆိုျခင္းတြင္ သင္၌အျပစ္ကင္းစင္တယ္ (သို႔) သင္အမွား မျပဳဘူးလို႔ မဆိုလိုပါဘူး။ အဲဒီလိုမ်ိဳး ရွိမွစံထားစရာဆိုလွ်င္ ကြၽႏ္ုပ္တို႔အားလုံး စိတ္ႏွလုံးျဖဴစင္တယ္လို႔ ယူဆလို႔မရပါ။ ေရာမ ၃:၂၃ “အဘယ္ေၾကာင့္ နည္းဟူမူကား၊ လူအေပါင္းတို႔သည္ ဒုစ႐ိုက္ကို ျပဳ၍ဘုရားသခင္ေရွ႕ေတာ္၌ အသေရ ပ်က္ၾကၿပီ။ ”
ႏိုးအာ ၊ အာၿဗံဟံ ၊ ေမာေရွ ၊ ဒါဝိဒ္ ၊ ရွင္ေပါလု တို႔အားလုံးသည္ ေျဖာင့္မတ္တည္ၾကည္တယ္လို႔ သမၼာက်မ္းစာက ဆိုထားပါတယ္။ သူတို႔ေတြအားလုံး မျပည့္စုံပါဘူး။ ဘုရားသခင္က ဒါဝိဒ္ကို စိတ္ႏွလုံးထဲ၌ လူကို ေခၚေတာ္မူ ေသာ္လည္း ဒါဝိဒ္သည္ ခင္ပြန္းရွိေသာသူကို သတ္ေစျခင္းငွာ မယားခိုးမႈ က်ဴးလြန္ေဖာက္ျပန္ခဲ့ၿပီး အျပစ္ေတြ၏ အက်ိဳးဆက္ေတြကို ရင္ဆိုင္ခဲ့ရတယ္။
ကြၽႏ္ုပ္တို႔သည္ ေျဖာင့္မတ္တည္ၾကည္ေသာလူသား ၊ ျပည့္စုံေသာ လူသားျဖစ္ဖို႔မလိုေၾကာင္းကို သမၼာက်မ္းစာရွိ ေဖာ္ျပထားေသာ သူရဲေကာင္းေတြကေန ကြၽႏ္ုပ္တို႔ သင္ယူႏိုင္ပါတယ္။ သို႔ေပမဲ့ ဘုရားသခင္ကို လုံးလုံး ဝန္ခံေသာ စိတ္ႏွလုံးသာ သင္လိုအပ္ပါတယ္။
သင္၏အျပစ္ကို ႏႈတ္ကဝန္ခံျခင္းအရာထက္ သင္၏စိတ္ႏွလုံးကေန ဝန္ခံျခင္းေတြကို ဘုရားသခင္သည္ ေတြ႕ျမင္ရဖို႔ ပိုၿပီး စိတ္ဝင္စားပါတယ္။ သင္ဘာမွကို ဂ႐ုမစိုက္ ၊ ထည့္သြင္းစဥ္းစားျခင္းမရွိဘဲ ဘာေၾကာင့္ျပဳေနသလဲ ဆိုတာကို ဘုရားသခင္ ၾကည့္ေနပါတယ္။ ဓမၼရာဇဝင္ ပဌမေစာင္ ၁၆:၇ “ထာဝရဘုရားက၊ သူ၏မ်က္ႏွာ၊ သူ၏အရပ္ကို မၾကည့္မရႈႏွင့္။ သူ႔ကို ငါပယ္ၿပီ။ ထာဝရဘုရားသည္ လူျမင္သကဲ့သို႔ ျမင္ေတာ္မူသည္ မဟုတ္။ လူသည္ အဆင္း သဏၭာန္ကို ၾကည့္ရႈတတ္၏။ ထာဝရဘုရား မူကား ႏွလုံးကို ၾကည့္ရႈတတ္သည္ဟု ရွေမြအား မိန္႔ေတာ္မူ၏။ ”
ဤအသက္တာမွာ သင္ဘယ္ေတာ့မွ ၿပီးျပည့္စုံမွာေတာ့ မဟုတ္ပါ။ အျပစ္ကင္းစင္ျခင္းလည္ ဘယ္ေတာ့မွ မျဖစ္လာပါ။ သို႔ေပမဲ့ သင္အျပစ္နည္းေအာင္ေတာ့ လုပ္ႏိုင္ပါတယ္။ သင္အသက္တာကို ေျဖာင့္မတ္တည္ၾကည္စြာ အသက္ရွင္ျခင္း ႏွင့္ ျဖဴစင္ေသာစိတ္ႏွလုံးျဖစ္ဖို႔ရန္ ထိန္းသိမ္းျခင္းျဖင့္ ဝန္ခံႏိုင္ၿပီး ဘုရားသခင္ထံ ဆပ္ကပ္အပ္ႏွံပါ။
ဆင္ျခင္ရန္
-သူတစ္ပါးကို ၾကည့္ေသာအခါ လူေတာ္ေတာ္မ်ားမ်ားတို႔သည္ အက်င့္လကၡဏာ ၊ ကိုယ္ရည္ကိုယ္ေသြးအေပၚမွာ ဘာေၾကာင့္တန္ဖိုးထားေလ့ရွိသနည္း။
-တစ္စုံတစ္ေယာက္က သင့္ႏွလုံးသားကို ၾကည့္ရႈႏိုင္လွ်င္ သူတို႔ ဘာကို ျမင္လိမ့္မည္ဟု သင္ထင္ပါသနည္း။ ၄င္းသည္ သူတို႔ကို ဘုရားသခင္ရွာေဖြေစလိုေသာ အရာႏွင့္ မည္သို႔ ကိုက္ညီမည္နည္း။
- ျဖဴစင္ေသာ စိတ္ႏွလုံးထိန္းသိမ္းဖို႔ရန္ မည္ကဲ့သို႔ေသာ နည္းလမ္းတစ္ခ်ိဳ႕ျဖင့္ သင္ ႐ုန္းကန္ေနရပါသနည္း။ သင့္အတြက္ တစ္ခ်ိဳ႕ေသာ ေနရာမ်ားသည္ အဘယ္ေၾကာင့္ ခက္ခဲေၾကာင္း နားလည္ႏိုင္ရန္ ဘုရားသခင္ထံ အကူအညီေတာင္းခံလိုက္ပါ။ သင့္အား ေျပာင္းလဲဖို႔ရန္ ကူညီမႈကို ေတာင္းခံပါ။