Your timing is everything
Unicode Version
အရာအရာတိုင်းသည်သင်၏အချိန်ကိုက်ညီမှုအတိုင်းဖြစ်ပါတယ်
ဒေသနာကျမ်း၈:၆" လူကြံစည်သမျှအဘို့၊ကာလအချိန်နှင့် စီရင်ရသောအခွင့်ရှိ၏။သို့သော်လည်း၊လူသည်အလွန်ဆင်းရဲခြင်းကိုခံရ၏။" (Ecc 8:6)
နှစ်သစ်ကိုစတင်ဖို့ရန်သင်မျှော်လင့်စောင့်ဆိုင်းသည်အတိုင်းအသက်တာပေါ်သက်ရောက်မှုရှိဖို့ရန်အချိန်ယူပါ။မပြောင်းမလဲနေနိုင်ဖို့ရန်မည်သို့သောအရာကိုလိုသနည်း။ပြောင်းလဲဖို့ရန်အတွက်လည်းမည်သို့သောအရာကလိုအပ်နေသနည်း။
ဆင်ခြင်အောက်မေ့ဖို့ရန်အရေးကြီးသောအရာထဲမှတစ်ခုသောအရာကဘုရား၏ကာလအချိန်ကိုမည်ကဲ့သို့နားစွင့်နေနိုင်မည်နည်း။ကြီးမားသောဖြစ်မြောက်မှုတိုင်းတွင်အချိန်ကာလပါဝင်ပါတယ်။  အောင်မြင်သောဘောလုံးကစားပွဲတွင်လည်းနောက်ခံလူနှင့်လက်ခံသူကြားမှထူးခြားတဲ့အချိန်ကိုက်ညီမှုဖြင့်ဖမ်းနိုင်ခြင်းတွေလိုအပ်ပါတယ်။စီးပွားရေးလုပ်ငန်းမှာလည်းကောင်းသောအရောင်းအဝယ်အချိန်ကာလတွေမှာငှားရမ်းခြင်းနှင့်တိုးချဲ့ခြင်းဆိုင်ရာတွေမှာမထူးသဖြင့်ဆုံးဖြတ်ချက်တွေကအရာရာကိုအဓိပ္ပာယ်ရှိစေပါတယ်။သီချင်းသီဆိုတဲ့အခါတွင်လည်းတခြားသောဂီတပညာရှင်တွေနဲ့အတူအချိန်ကိုက်လုပ်ဆောင်ဖို့ကမည်ကဲ့သို့အရေးကြီးတယ်ဆိုတာကိုသင်သိပါတယ်။
လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက"The purpose driven church” ဆိုတဲ့စာအုပ်ကိုရေးသား ခဲ့ပါတယ်။ အခန်း(၁) မှာဦးဆောင်မှုကနေလှိုင်းစီးခြင်း အကြောင်းကိုနှိုင်းယှဉ်ထားပါတယ်။လှိုင်းစီးတဲ့ ကစားသမား က"ပင်လယ် ထဲက လှိုင်းတွေကိုဖန်တီးလို့မရပါ။ ဘုရားသခင်သာလျှင်လှိုင်းကိုဖန်တီး နိုင်သည်။ လှိုင်းစီး သူက ဘုရားဖန်ဆင်းတဲ့ လှိုင်းတွေကိုစောင့်ဆိုင်းရပါတယ်။
အဓိပ္ပါယ်ကလှိုင်းစီးသူသည်နာရီပေါင်းများစွာစောင့်ဆိုင်းရခြင်းတွေဖြင့်အချိန်ကုန်ဆုံးရပါတယ်။တစ်ခါတစ်ရံမှာလှိုင်းတွေကိုတွေ့နေရပြီးအချိန်မတန်သေးတာကိုသိရှိလို့လက်လွှတ်တဲ့အခြေအနေတွေရှိတယ်။
ပြီးနောက်ကိုက်ညီတဲ့လှိုင်းကိုလည်းသူတို့တွေ့ရှိပြီးရေလှိုင်းစီးတဲ့ဘုတ်ပြားကိုမြန်သထက်မြန်အောင်စတင်ရတယ်။လှိုင်းဆီအရောက်စီးနှင်းပြီးလှိုင်းအတက်မှာစီးမျောကြရပါတယ်။စီးနှင်းသူတွေကိုကြည့်လျှင်လွယ်ကူနေသလိုပါပဲ။သို့ပေမဲ့တကယ့်လက်တွေ့မှာတော့ကျွမ်းကျင်မှုများစွာကိုလိုအပ်ပါတယ်။
အသက်တာ၌လည်းဤနည်း၎င်းပင်ဖြစ်ပါတယ်။အချိန်နှင့်တစ်ပြေးညီစည်းချက်ကိုက်မှုကိုတိုးတက်စေရပါတယ်။ ဒေသနာကျမ်း၈:၆" လူကြံစည်သမျှအဘို့၊ကာလအချိန်နှင့်စီရင်ရသောအခွင့်ရှိ၏။သို့သော်လည်း၊လူသည်အလွန်ဆင်းရဲခြင်းကိုခံရ၏။" (Ecc 8:6)
အသက်တာမှာလည်းစည်းချက်ရှိတယ်။မှန်ကန်တဲ့အချိန်မှာမှန်ကန်တဲ့အရာကိုလုပ်ဆောင်ဖို့ရန်လေ့လာခြင်းအတွက်ကျွမ်းကျင်မှုလိုပါတယ်။
ယုံကြည်သူခရစ်ယာန်တွေကဤကျွမ်းကျင်မှုကို"ဝိညာဉ်ရေးရာ၌လမ်းလျှောက်" လို့ခေါ်ကြပါတယ်။ခရစ်တော်နောက်လိုက်အဖြစ်သင်ကြီးထွားလာလေလေဝိညာဉ်ရေးရာမှာပိုပြီးလမ်းလျှောက်တတ်လာပါမည်။
တစ်ခါတစ်ရံမှာဘုရားသခင်၏ဝိညာဉ်တော်သည်သင့်ကိုအမြန်ပြေးဖို့အတွက်ဉီးဆောင်ပါ။တစ်ခါတစ်ရံမှာတော့ဖြည်းဖြည်းလျှောက်ဖို့လည်းဦးဆောင်ပါတယ်။
နောက်ထပ်လာမည့်နေ့ရက်တွေမှာဘုရားသခင်ကကျွနုပ်တို့ကိုဘယ်မချိန်မှာမြန်စေပြီးဘယ်မချိန်မှာအရှိန်နှေးစေမလဲဆိုတာကိုကြည့်ရပါမယ်။သင်၏ကိုယ်ပိုင်လှိုင်းလုံးများဖြင့်ကြိုးစားလုပ်ဆောင်ပြီးနှစ်သစ်ကိုဝင်သွားနိုင်တယ်(သို့) သင်၏ဝန်းကျင်မှာဘုရားလုပ်ဆောင်ပေးနေသည့်လှိုင်းလုံးတွေကိုဖမ်းဖို့၊မြင်ဖို့ကိုလေ့လာနိုင်ပါတယ်။
ဆင်ခြင်ရန်
-သင်၏စီးပွားရေး(သို့) ပေါင်းသင်းဆက်ဆံရေးတွေမှာ မှန်ကန်သောအချိန်ကိုက်မှုတွေရှိ ဖူးပါသလား။ ဘယ်အချိန်မှာ ကိုက်ညီမှုမရှိသနည်း။
-ဘုရားသခင်၏ ဝိညာဉ်တော်၌ သင့်ကိုယ်သင် လမ်းလျှောက်တယ်လို့ ခံစားရပါသလား။ မည်ကဲ့သို့သော စိတ်ခံစားချက် ဖြစ်ပေါ်ပါသနည်း။
———————————————————————-
Zawgyi Version
ဆင်ခြင်ရန်