Your Time Is in God’s Hands
Unicode Version
သင်၏ အချိန်သည် ဘုရားသခင်၏လက်ထဲတွင်ရှိသည်။
ဆာလံ ၃၁:၁၄-၁၅ “သို့သော်လည်း ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ် လျှောက်ဆို ပါ၏။ အကျွန်ုပ်၌ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင်ပိုင်တော်မူ၏။ ရန်သူတို့နှင့် ညှဉ်းဆဲတတ် သောသူတို့ လက်မှအကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။”
ယုံကြည်ခြင်း၏ ဆန်ကျင်ဘက်အရာက ကြောက်ရွံ့ခြင်းဖြစ်ပါတယ်။ သင့်အသက်တာကို ယုံကြည်ခြင်းဖြင့် ဖြည့်သွင်းပါလျှင် ကြောက်စိတ်တွေက အနောက်တံခါးတွေကနေ ထွက်သွားပါမည်။ အရာရာ သင်၏အချိန်ဇယား အတိုင်း ဖြစ်လာပါလျှင် ဘုရားသခင်ကို သင်ပိုပြီးယုံကြည်လေလေ ကြောက်ရွံ့ခြင်းတွေ နည်းပါးသွားပါလိမ့်မည်။
ရှင်မာကုခရစ်ဝင် ၅:၃၆ “ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တခုသာရှိ စေလော့ဟု တရား စရပ်မှူးအား ချက်ခြင်းမိန့်တော်မူ၏။
သမ္မာကျမ်းစာထဲတွင်မကြောက်နှင့်ဆိုတဲ့စကားလုံးကို အကြိမ်ပေါင်း ၃၆၅ ကြိမ်တိုင်း ဖော်ပြထားပါတယ်။ ကျွန်ုပ်တို့ ကြောက်စရာ မလိုအပ်ကြောင်းကို ဘုရားသခင်သည် သိစေတော်မူခြင်းငှါ အလိုတော်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရား၏အချိန်ဇယားအတိုင်း ကျွန်ုပ်တို့ ယုံကြည်နိုင်လို့ဖြစ်တယ်။
ဘုရားကို ယုံကြည်ခြင်းက သင့်အသက်တာအတွက် စိတ်ဖိစီးမှုကို ဖြေပျောက်စေနိုင်တဲ့ ပထမဉီးဆုံးသောအချက်ဖြစ်ပါတယ်။ ဒါကို ခရစ္စာကလမှာ သတိရဖို့ရန်က အထူးအရေးကြီးပါတယ်။ ဘုရားသခင်ကို သင်ပိုပြီး ယုံကြည်လေလေ သင်၏စိတ်ဖိစီးမှုက ပိုပြီး လျော့ကျလေလေဖြစ်ပါတယ်။ သင်၏စိတ်ဖိစီးမှုကို ဖြေလွှတ်စေမည့် နောက်တစ်နည်းကတော့ တစ်စုံတစ်ခုကို ဘုရားသခင်ထံ သင်တောင်းခံထားခြင်းအတွက် ဘုရားသခင်အပေါ် သင ယုံကြည်ကြောင်းကို သက်သေပြရန်ဖြစ်တယ်။ အဲဒီလိုလုပ်ဆောင်လျှင် ဘုရားသခင်၏ အဖြေအပေါ် အချိန်အကန့်အသတ်ထားခြင်း (သို့) အဆုံးသတ်ရက်ထားခြင်းများကို မပြုထားပါနဲ့။ ဘုရား၏ အချိန်ဇယားအတိုင်း သွားခြင်းအတိုင်း အပ်နှံပါ။
သင်၏ ယုံကြည်ခြင်းကို ပိုမိုနက်ရှိုင်းစွာ ကြီးထွားဖို့ အကူအညီဖြစ်စေရန် ဆာလံ ၃၁:၁၄-၁၅ အတိုင်း ဝတ်ပြုဆုတောင်းဖို့တော့ လိုအပ်ပါတယ်။ သို့သော်လည်း ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ် လျှောက်ဆို ပါ၏။ အကျွန်ုပ်၌ ဖြစ်လေသမျှ သော အမှုအရာတို့ကို ကိုယ်တော်စီရင်ပိုင်တော်မူ၏။ ရန်သူတို့နှင့် ညှဉ်းဆဲတတ် သောသူတို့ လက်မှအကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
‌အထက်ပါကျမ်းပိုဒ်ကို ဘာကြောင့်မသိုမှီးထားသနည်း။ မနက်နိုးထလာတဲ့အခါ ဆာလံ ၃၁ ကိုသင်၏ဆုတောင်းချက်အတိုင်း ဘုရားထံဆိုလိုက်ပါ။ ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ် လျှောက်ဆို ပါ၏။ အကျွန်ုပ်၌ ဖြစ်လေသမျှ သော အမှုအရာတို့ကို ကိုယ်တော်စီရင်ပိုင်တော်မူ၏။  လက်တွေ့ကျကျအရဆိုလျှင် အချိန်ရတဲ့အတိုင်း ပြီးအောင်ဘဲ ရွတ်ဆိုခြင်းထက် သင်၌ ပိုမိုလုပ်ဆောင်နိုင်မည့် အခြေအနေက ယနေ့မှာ ပိုရှိနေပါတယ်။ ဒါကြောင့် အရေးကြီးတဲ့အရာတွေကို ပိုမိုလုပ်ဆောင်နိုင်ပြီး ကျန်သောအရာတွေအတွက် မစိုးရိမ်ဖို့ရန် ဘုရားသခင်ကူညီပေးဖို့ရန် တောင်းခံပါ။ ဘုရားကို ပြောပါ။ “အဖဘုရား ကျွန်ုပ်၏အချိန်ဇယားက ၊ အစီအစဉ်တွေကို အပ်နှံပါ၏။ ကျွန်ုပ်၏ အချိန်တွေသည် ဘုရား၏လက်ထဲတွင်ရှိပါတယ်။ ကြောက်ရွံ့ခြင်းများကို ပယ်ပြီး ဘုရားရှင်အား ယုံကြည်ကိုး စားပါမည်။”
ဆင်ခြင်ရန်
-ဆာလံ ၃၁:၁၄-၁၅ ကို ကျက်မှတ်နိုင်ဖို့ရန် မည်သို့သောအရာက သင့်အား အခြေခံကျကျ ကူညီပေးနိုင်ပါမည်နည်း။
-အသက်တာရင်ဆိုင်ရတဲ့ စိတ်ဖိစီးမှု အရှိဆုံးသောအရာတစ်ခုကို စဉ်းစားကြည့်လိုက်ပါ။ အဲဒီအချိန်တုန်းက သမ္မာတရား -နှုတ်ကပတ်တော်ကို သင်မှန်မှန်ဖတ်ရှုခဲ့ပါရဲ့လား။ ဘုရားသခင်သည် သင့်အား သူ၏အချိန်ဇယားအတိုင်း လုပ်ဆောင်မှုပြုမယ်ဆိုတာကို သင်ယုံကြည်ခဲ့ပါသလား။
-အကြောက်တရားတွေ (သို့) စိုးရိမ်သောကတွေကို စတင်ခံစားရတဲ့အခါမှာ နှုတ်ကပတ်တော်ကို အမှတ်ရပြီး စိတ်ဖိစီးမှုတွေကို ကောင်းစွာကျော်လွှားစေနိုင်ဖို့ရန် သင့်ကိုယ်သင် မည်ကဲ့သို့ ကောင်းစွာ တည်ဆောက်ပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်