Unicode Version
---------------------------------------------------------------------------------
Zawgyi Version
သင်၏ ယုံကြည်ခြင်းသည် သင့်၏ စိတ်ခံစားချက်တွေနှင့် မသက်ဆိုင်ပါ။
ဟေဗြဲ ၁၁:၂၇ “ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို
မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏။ အကြောင်းမူ ကား၊ မျက်မြင်မရသော ဘုရားသခင်ကို
မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။”
“အလိုရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ
ကောင်းမွန်သည်ဟု ခံစားရလျှင် လုပ်ဆောင်ကြတယ်” ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်မှုတွေသည် ကျွန်ုပ်တို့၏
ယဉ်ကျေးမှုဆိုင်ရာတွေမှာ ကျွန်ုပ်တို့အယောက်စီတိုင်းကို လွှမ်းမိုးထား ခြင်းတွေ ရှိပါတယ်။
သို့ပေမဲ့ သင်၌ဖြစ်ပေါ်လာသော စိတ်အခြေအနေအတိုင်း ကြိုးကိုင်ခွင့်ကို သင့်ကိုယ်သင်
ခွင့်ပြုထားတဲ့အခါမှာ သင့်အသက်တာကို သင်၏စိတ်ခံစားချက်အတိုင်း အသက်ရှင်နေထိုင်ခြင်းဖြစ်ပါတယ်။
ခြားနားတဲ့အသက်တာမျိုးဖြင့် အသက်ရှင်ဖို့ရန် ဘုရားသခင်အလိုတော်ရှိပါတယ်။ သင့်၏စိတ်ခံစားချက်
အသက် တာဖြင့်မဟုတ် ယုံကြည်ခြင်းအသက်တာဖြင့် အသက်ရှင်နေထိုင်ဖို့ရန် ဘုရားရှင်အလိုတော်ရှိပါတယ်။
ကျွန်ုပ်တို့၏ စိတ်က ဖြောင့်မတ်သောအရာတွေကို
လုပ်ဆောင်ဖို့ရန် အမြဲတမ်းမတို့ထိကြပါဘူး။ သင်နှင့် ပတ်သက်ပြီး ကျွန်ုပ်မသိပါ။ သို့ပေမဲ့
လူတွေပေါ်သို့ မေတ္တာထားရှိခြင်းကိုလည်း အမြဲတမ်းစိတ်မရှိပါဘူး။ ဇနီးနှင့်အတူ အိုးခွက်ပန်းကန်အပေတွေကို
ဆေးကြောခြင်းကိုလည်း အမြဲတမ်းမကြိုက်ပါ။ တစ်စုံတစ်ယောက်ကို ကူညီဖို့ရန် လုပ်ဆောင်ဖို့လည်း
အမြဲတမ်းကြီး စိတ်မရှိပါ။
ဒါပေမဲ့ ဘုရားသခင်က ကျွန်ုပ်တို့ကို မိမိတို့၏စိတ်ခံစားချက်အတိုင်းမလိုက်ဘဲ
ယုံကြည်ခြင်းအားဖြင့် တုံ့ပြန်ဖို့ရန် အလိုတော်ရှိနေပါတယ်။ ဘယ်အရာမှ ကြိုတင်စီစဉ်မှုဖြင့် လုပ်ဆောင်သောအရာတွင် အောင်မြင်သူတွေမှာ
သူတို့လုပ်ဆောင်တယ်ဆိုပြီး မခံစားကြပါဘူး။ အိုလံပစ်အားကစားသမားတစ်ယောက်သည်လည်း စိတ်မပါ
တဲ့အခါတွင်လည်း လေ့ကျင့်ခန်းလုပ်ပါတယ်။ ထူးချွန်သောဂီတသမားတစ်ယောက်သည်လည်း သူ၏ အတတ်
ပညာကို ပင်ပန်းသည့်တိုင် လေ့ကျင့်ပါတယ်။ ထူးချွန်တဲ့ အရောင်းပုဂိ္ဂုလ်တစ်ဉီးဖြစ်လျှင်လည်း
လုပ်ဆောင်ဖို့ စိတ်မပါပေမဲ့လည်း တခြားသူကို ရောင်းရဖို့ရန် ဖုန်းခေါ်ပါတယ်။
ဘုရားသခင်နှင့်
သင်၏ဆက်ဆံရေးကို နက်ရှိုင်းချင်ပါလျှင် သင်စိတ်မပါပေမဲ့လည်း ဘုရားကို သင်အချိန် ပေးပါတယ်။
ဘုရားသခင်နှင့် ပုံမှန် တသမတ်တည်း တိတ်ဆိတ်ချိန် (quiet time) ရှိသူများသည် နံနက်တိုင်း
သူတို့နိုးထ တဲ့အခါ ဘုရားနှင့် အချိန်ပေးဖို့အလိုရှိကြပါတယ်။ ပင်ပန်းသည်ဖြစ်စေ (သို့)
စိတ်မပါသည်ဖြစ်စေ သူတို့တွေ နိုးထလာပြီး ကျမ်းစာဖတ်ရှုခြင်း
နှင့်ဆုတောင်းခြင်းတွေ ပြုကြပါတယ်။
သင်မည်မျှမောပန်းနေစေကာမူ
(သို့) တခြားလုပ်ဆောင်သင့်သည်များကို စဉ်းစားစေကာမူ
(သို့) ဆန္ဒရှိတာတွေ ကို လုပ်ဆောင်နိုင်ခြင်းရှိစေကာမူ ယုံကြည်ခြင်းသည် ရှေ့သို့ဆက်လက်သွာဖို့ရန် တိုက်တွက်
ခြင်းများ ပါဝင် ပါတယ်။
သမ္မာကျမ်းစာထဲမှာ မောရှေ၏သာဓကအားဖြင့်
ယုံကြည်ခြင်အားဖြင့်မည်သို့တုံ့ပြန်သည်ကို ဖော်ပြထားပါတယ်။ ဟေဗြဲ
၁၁:၂၇ “ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏။
အကြောင်းမူ ကား၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။”
ဒါသည် ယုံကြည်ခြင်းအားဖြင့်မည်သို့
ဆက်လက်တည်မြဲဖို့ဖြစ်တယ်။ မသိနိုင်သောအရာကို သင်စတင်မြင်ရပြီ။ ဘုရားသခင်ကို အမှန်တကယ်ချစ်မြတ်နိုးသောသူများ၏
အသက်တာသည် အခက်ခဲဆုံးဘဝခရီးအချိန်တွေမှာ ဆက်လက်မြဲမြံစေနိုင်ပါတယ်။
မသိမမြင်နိုင်တဲ့အရာကို မြင်ရတဲ့သူတွေသည် မဖြစ်နိုင်တာတွေကိုလည်း လုပ်ဆောင် နိုင်ကြတယ်။
ဘုရားသခင်သင့်အသက်တာတွင် လုပ်ဆောင်နိုင်သည်များကို သစ္စာအားဖြင့် ယုံကြည် ပြီး မည်သို့
လုပ်ဆောင်သွားမည်ကိုလည်း ကြိုတင်ကျေးဇူးတင်ရှိပါ။
ဆင်ခြင်ရန်
-
သင်၏ခံစားချက်နှင့်အညီ နေထိုင်အသက်ရှင်ခြင်းသည်
ဘာကြောင့်များ အရဲစွန့်ရာဖြစ်ရပါသနည်း။
-
ဘုရားသခင်နှင့်အတူ ဆိတ်ငြိမ်ချိန်
(quiet time) ရှိဖို့ရန် မည်သို့သော အပြောင်းအလဲများက သင့်ကိုပို၍ တသမတ်တည်း ကူညီနိုင်မည်နည်း။
-
မည်ကဲ့သို့သော ဘုရားနှင့်ဆိုင်သောအမှန်တရားတွေက
သင်၏ယုံကြည်ခြင်း ၌ တည်မြဲစေနိုင်သနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်