While You Wait, God Is Working on You

Unicode Version


စောင့်ဆိုင်းနေတဲ့အချိန်မှာ ဘုရားရှင်သင့်ကို လုပ်ဆောင်မှုနေပါတယ်။
တရားဟောရာကျမ်း ၈:၂ “သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှိမ့်ချစုံစမ်း၍၊ ပညတ်တော်တို့ကို ကျင့်ချင်သော စိတ်ရှိသည် မရှိသည်ကို သိမည်အကြောင်း၊ လွန်ခဲ့ပြီး သော အနှစ်လေးဆယ်ပတ်လုံး တော၌ ပို့ဆောင်တော်မူ သော လမ်းခရီးတရှောက်လုံးကို အောက်မေ့ရမည်။

ဆုတောင်းချက်တိုင်းက ချက်ခြင်းအဖြေရတယ်ဆိုလျှင် ၊ လိုအပ်ချက်အားလုံးတို့ ချက်ခြင်းကို ရရှိတယ်ဆိုလျှှင် ၊ ပြသနာတိုင်း အလိုအလျောက် ဖြေရှင်းပြီးသားဆိုလျှင် သင်၏ယုံကြည်ခြင်းက ဘယ်တော့မှာ ဆွဲဆန့်လာမှာ မဟုတ်ပါ။ သင်အလိုလိုက်ခံရပြီလေ။ ယုံကြည်ခြင်းတွေကို သင်မလိုအပ်တော့ပါဘူး။

ကျွန်ုပ်တို့သည် လူသားတွေဖြစ်ကြတဲ့အတွက် မစောင့်ဆိုင်းချင်ကြပါဘူး။ စောင့်ဆိုင်းရတာကို မုန်းကြပါတယ်။ ဆရာဝန်ရှိတဲ့ဆေးခန်း၊ရုံးခန်းတွေ (သို့) ကုန်စုံဆိုင်မှာ တန်းစီရတဲ့အခါ (သို့) “ရပ်”လို့ဖော်ပြထားတဲ့ သင်္ကေတ တွေမှာ မစောင့်ဆိုင်းချင်ပါ။ စားသောက်ဆိုင်တွင်လည်း မှာထားတဲ့အစာအတွက်တောင် ငါတို့ မစောင့်ရလျှင် ပိုပြီးကောင်းမယ်လို့ ပြောကြပါတယ်။

သို့ပေမဲ့ အသက်တာသည် များစွာသော စောင့်ဆိုင်းခြင်းတွေဖြင့် ပြည့်နေပါတယ်။ က္ကုသရေလ လူမျိုးတို့သည် ဤသို့သောအရာကို အမှန်တကယ် လေ့လာ သင်ယူခဲ့ကြရပါတယ်။ တရားဟောရာကျမ်း ၈:၂ “သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှိမ့်ချစုံစမ်း၍၊ ပညတ်တော်တို့ကို ကျင့်ချင်သော စိတ်ရှိသည် မရှိသည်ကို သိမည်အကြောင်း၊ လွန်ခဲ့ပြီးသော အနှစ်လေးဆယ်ပတ်လုံး တော၌ ပို့ဆောင်တော်မူ သော လမ်းခရီးတလျှောက် လုံးကို အောက်မေ့ရမည်။

က္ကုသရေလလူမျိုးတို့ပြုခဲ့သောခရီးမှာ သီတင်းပတ် အနည်းငယ်မျှဖြင့်ရောက်သင့်သော ခရီးဖြစ်ပါတယ်။ သို့ပေမဲ့ နှစ်ပေါင်း ၄၀ ကြာမြင့်ခဲ့တယ်။ ဘုရားသခင်အား နာမခံဘဲ လှည့်လည်သွားလာခဲ့တဲ့အတွက် ကြာမြင့်ခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ကြိမ်ပြီးတစ်ကြိမ် နှောင့်နှေးမှုတိုင်းမှာ ဘုရားသခင် သူတို့ကို စမ်းသပ်ခဲ့ပါတယ်။ သူတို့မှာ ယုံကြည်ခြင်း ဘယ်လောက်ရှိသလဲဆိုတာကို ဘုရားက သိချင် ၊ မြင်ချင်ခဲ့ပါတယ်။

ဘုရားသခင်သည် နှောင့်နှေးမှုအားဖြင့် ကျွန်ုပ်တို့ကို စမ်းသပ်နေပါတယ်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းမည်မျှရှိသ လဲဆိုတာကို ကြည်ချင်နေပါတယ်။

သင်၌ အလျင်လိုနေပြီး ဘုရား မကူညီဘူးလို့ ယုံကြည်ရတဲ့ ခံစားမှုမျိုးဖြစ်ပါသလား။ ဘုရား၏ အချိန်သည် ပြီပြည့်စုံပြီးသားဖြစ်တယ်။ သို့ပေမဲ့ သူ၏အချိန်သည် ကျွန်ုပ်တို့၏ ဆန္ဒနှင့် မကိုက်ညီပါ။ ကျွန်ုပ်တို့ အလျင်လိုနေချိန်မှာ ဘုရားသခင်ကို အမြဲတမ်းမေးတတ်ကြတာက “ဘယ်တော့လဲ” ၊ “အလုပ်ထမ်းဆောင် ခြင်းထပ်ပြုရဖို့ ဘယ်တော့ရှာရမလဲ” ၊ “မှန်ကန်သောသူကို လက်ထပ်ရဖို့က ကျွန်ုပ်ဘယ်တော့ ရှာရမလဲ” ၊ “သာသမီး ဘယ်တော့ ရမလဲ” ၊ “ဘယ်တော့ ကျွန်ုပ် ကျန်းမာလာမလဲ” ၊ “ဘယ်တော့ အဖြေပေးမှာလဲ” ဆိုတဲ့ မေးခွန်းတွေပေါ့။

ဖြစ်နိုင်တာက သင်သည် ဘုရားသခင်ကို စောင့်ဆိုင်းခြင်း အခန်းထဲမှာ ရှိနေပါမည်။ များစွာသော ပျော်ရွှင်စရာ မဟုတ်ပါ။ သို့ပေမဲ့ သင်၏ယုံကြည်ခြင်းကို ဆောက်တည်ဖို့ရန် လိုအပ်သော အချိန်ဖြစ်ပါတယ်။
သမ္မာကျမ်းစာမှာ ပြောထားတာက ဟေရှာယအနာဂတ္တိကျမ်း ၆၄:၄ “ကိုယ်တော်ကို မြော်လင့်သောသူတို့ အဘို့အလိုငှါ ကျေးဇူးပြုတော်မူသောဘုရား၊ ကိုယ်တော်မှတပါး အခြားသော ဘုရားသခင်ကို ကမ္ဘာဦးမှစ၍ အဘယ်သူမျှ မကြားမသိပါ။ နားဖြင့်မကြား၊ မျက်စိဖြင့်မမြင်စဖူးပါ။ 

အဓိပ္ပါယ်က သင်စောင့်ဆိုင်းနေစဉ်ကာလတွေမှာ ဘုရားသခင် လုပ်ဆောင်နေပါတယ်။ သင်မမြင်နိုင်ပေမဲ့ မြင်ကွင်းနောက်ကွယ်က အရာတွေပါ။ သို့ပေမဲ့ အဲဒီအဖြေကို ကြားရဖို့ သင်စောင့်နေစဉ်တွင် ၊ ပြောင်းလဲမှုဖြစ် စေတဲ့အရာအတွက် ၊ အခြေအနေတွေ ပြောင်းလဲထူးခြားသွားဖို့အတွက် ဘုရားသခင်သည် လုပ်ဆောင်နေပါတယ် - သင့်အတွက် လုပ်ဆောင်နေပါတယ်။

ဆင်ခြင်ရန်
-သေးငယ်သော အခြေအနေများတွင် သည်းခံခြင်းအရာသည် ဘုရားသခင်၏စောင့်ဆိုင်းခြင်းအခန်းတွင် သင်၏ယုံကြည်မှုကို တိုးပွားစေရန် မည်ကဲ့သို့ အကူအညီဖြစ်စေပါသနည်း။
-သင့်အသက်တာတွင် တစ်စုံတစ်ခုကို လုပ်ဆောင်မှုပြုရန် ဘုရားသခင်အား သင်စောင့်ဆိုင်းချိန်တွင် သင်၌ ရှိသော စရိုက်လက္ခဏာက ဘာကြောင့်အရေးကြီးပါသနည်း။

- သင့်အသက်တာတွင် စောင့်ဆိုင်းရခြင်း၏အခက်ခဲဆုံးသောအချိန်က မည်ကဲ့သို့နည်း။ သင့်အသက်တာတွင် ဝိညာဉ်ရေးရာကြီးထွားစေခဲ့တဲ့ အကြီးမားဆုံးသောအချိန်ကာလက မည်သို့နည်း။

--------------------------------------------------------------------------------------------------------------


Zawgyi Version


ေစာင့္ဆိုင္းေနတဲ့အခ်ိန္မွာ ဘုရားရွင္သင့္ကို လုပ္ေဆာင္မႈေနပါတယ္။

တရားေဟာရာက်မ္း ၈:၂ “သင္၏ ဘုရားသခင္ ထာဝရဘုရားသည္ သင့္ကို ႏွိမ့္ခ်စုံစမ္း၍၊ ပညတ္ေတာ္တို႔ကို က်င့္ခ်င္ေသာ စိတ္ရွိသည္ မရွိသည္ကို သိမည္အေၾကာင္း၊ လြန္ခဲ့ၿပီး ေသာ အႏွစ္ေလးဆယ္ပတ္လုံး ေတာ၌ ပို႔ေဆာင္ေတာ္မူ ေသာ လမ္းခရီးတေရွာက္လုံးကို ေအာက္ေမ့ရမည္။”

ဆုေတာင္းခ်က္တိုင္းက ခ်က္ျခင္းအေျဖရတယ္ဆိုလွ်င္ ၊ လိုအပ္ခ်က္အားလုံးတို႔ ခ်က္ျခင္းကို ရရွိတယ္ဆိုလွ်ွင္ ၊ ျပသနာတိုင္း အလိုအေလ်ာက္ ေျဖရွင္းၿပီးသားဆိုလွ်င္ သင္၏ယုံၾကည္ျခင္းက ဘယ္ေတာ့မွာ ဆြဲဆန႔္လာမွာ မဟုတ္ပါ။ သင္အလိုလိုက္ခံရၿပီေလ။ ယုံၾကည္ျခင္းေတြကို သင္မလိုအပ္ေတာ့ပါဘူး။

ကြၽႏ္ုပ္တို႔သည္ လူသားေတြျဖစ္ၾကတဲ့အတြက္ မေစာင့္ဆိုင္းခ်င္ၾကပါဘူး။ ေစာင့္ဆိုင္းရတာကို မုန္းၾကပါတယ္။ ဆရာဝန္ရွိတဲ့ေဆးခန္း၊႐ုံးခန္းေတြ (သို႔) ကုန္စုံဆိုင္မွာ တန္းစီရတဲ့အခါ (သို႔) “ရပ္”လို႔ေဖာ္ျပထားတဲ့ သေကၤတ ေတြမွာ မေစာင့္ဆိုင္းခ်င္ပါ။ စားေသာက္ဆိုင္တြင္လည္း မွာထားတဲ့အစာအတြက္ေတာင္ ငါတို႔ မေစာင့္ရလွ်င္ ပိုၿပီးေကာင္းမယ္လို႔ ေျပာၾကပါတယ္။

သို႔ေပမဲ့ အသက္တာသည္ မ်ားစြာေသာ ေစာင့္ဆိုင္းျခင္းေတြျဖင့္ ျပည့္ေနပါတယ္။ ကၠဳသေရလ လူမ်ိဳးတို႔သည္ ဤသို႔ေသာအရာကို အမွန္တကယ္ ေလ့လာ သင္ယူခဲ့ၾကရပါတယ္။ တရားေဟာရာက်မ္း ၈:၂ “သင္၏ ဘုရားသခင္ ထာဝရဘုရားသည္ သင့္ကို ႏွိမ့္ခ်စုံစမ္း၍၊ ပညတ္ေတာ္တို႔ကို က်င့္ခ်င္ေသာ စိတ္ရွိသည္ မရွိသည္ကို သိမည္အေၾကာင္း၊ လြန္ခဲ့ၿပီးေသာ အႏွစ္ေလးဆယ္ပတ္လုံး ေတာ၌ ပို႔ေဆာင္ေတာ္မူ ေသာ လမ္းခရီးတေလွ်ာက္ လုံးကို ေအာက္ေမ့ရမည္။”

ကၠဳသေရလလူမ်ိဳးတို႔ျပဳခဲ့ေသာခရီးမွာ သီတင္းပတ္ အနည္းငယ္မွ်ျဖင့္ေရာက္သင့္ေသာ ခရီးျဖစ္ပါတယ္။ သို႔ေပမဲ့ ႏွစ္ေပါင္း ၄၀ ၾကာျမင့္ခဲ့တယ္။ ဘုရားသခင္အား နာမခံဘဲ လွည့္လည္သြားလာခဲ့တဲ့အတြက္ ၾကာျမင့္ခဲ့ျခင္း ျဖစ္ပါတယ္။ တစ္ႀကိမ္ၿပီးတစ္ႀကိမ္ ေႏွာင့္ေႏွးမႈတိုင္းမွာ ဘုရားသခင္ သူတို႔ကို စမ္းသပ္ခဲ့ပါတယ္။ သူတို႔မွာ ယုံၾကည္ျခင္း ဘယ္ေလာက္ရွိသလဲဆိုတာကို ဘုရားက သိခ်င္ ၊ ျမင္ခ်င္ခဲ့ပါတယ္။

ဘုရားသခင္သည္ ေႏွာင့္ေႏွးမႈအားျဖင့္ ကြၽႏ္ုပ္တို႔ကို စမ္းသပ္ေနပါတယ္။ ကြၽႏ္ုပ္တို႔၏ ယုံၾကည္ျခင္းမည္မွ်ရွိသ လဲဆိုတာကို ၾကည္ခ်င္ေနပါတယ္။

သင္၌ အလ်င္လိုေနၿပီး ဘုရား မကူညီဘူးလို႔ ယုံၾကည္ရတဲ့ ခံစားမႈမ်ိဳးျဖစ္ပါသလား။ ဘုရား၏ အခ်ိန္သည္ ၿပီျပည့္စုံၿပီးသားျဖစ္တယ္။ သို႔ေပမဲ့ သူ၏အခ်ိန္သည္ ကြၽႏ္ုပ္တို႔၏ ဆႏၵႏွင့္ မကိုက္ညီပါ။ ကြၽႏ္ုပ္တို႔ အလ်င္လိုေနခ်ိန္မွာ ဘုရားသခင္ကို အၿမဲတမ္းေမးတတ္ၾကတာက “ဘယ္ေတာ့လဲ” ၊ “အလုပ္ထမ္းေဆာင္ ျခင္းထပ္ျပဳရဖို႔ ဘယ္ေတာ့ရွာရမလဲ” ၊ “မွန္ကန္ေသာသူကို လက္ထပ္ရဖို႔က ကြၽႏ္ုပ္ဘယ္ေတာ့ ရွာရမလဲ” ၊ “သာသမီး ဘယ္ေတာ့ ရမလဲ” ၊ “ဘယ္ေတာ့ ကြၽႏ္ုပ္ က်န္းမာလာမလဲ” ၊ “ဘယ္ေတာ့ အေျဖေပးမွာလဲ” ဆိုတဲ့ ေမးခြန္းေတြေပါ့။

ျဖစ္ႏိုင္တာက သင္သည္ ဘုရားသခင္ကို ေစာင့္ဆိုင္းျခင္း အခန္းထဲမွာ ရွိေနပါမည္။ မ်ားစြာေသာ ေပ်ာ္႐ႊင္စရာ မဟုတ္ပါ။ သို႔ေပမဲ့ သင္၏ယုံၾကည္ျခင္းကို ေဆာက္တည္ဖို႔ရန္ လိုအပ္ေသာ အခ်ိန္ျဖစ္ပါတယ္။
သမၼာက်မ္းစာမွာ ေျပာထားတာက ေဟရွာယအနာဂတၱိက်မ္း ၆၄:၄ “ကိုယ္ေတာ္ကို ေျမာ္လင့္ေသာသူတို႔ အဘို႔အလိုငွါ ေက်းဇူးျပဳေတာ္မူေသာဘုရား၊ ကိုယ္ေတာ္မွတပါး အျခားေသာ ဘုရားသခင္ကို ကမာၻဦးမွစ၍ အဘယ္သူမွ် မၾကားမသိပါ။ နားျဖင့္မၾကား၊ မ်က္စိျဖင့္မျမင္စဖူးပါ။ ”

အဓိပၸါယ္က သင္ေစာင့္ဆိုင္းေနစဥ္ကာလေတြမွာ ဘုရားသခင္ လုပ္ေဆာင္ေနပါတယ္။ သင္မျမင္ႏိုင္ေပမဲ့ ျမင္ကြင္းေနာက္ကြယ္က အရာေတြပါ။ သို႔ေပမဲ့ အဲဒီအေျဖကို ၾကားရဖို႔ သင္ေစာင့္ေနစဥ္တြင္ ၊ ေျပာင္းလဲမႈျဖစ္ ေစတဲ့အရာအတြက္ ၊ အေျခအေနေတြ ေျပာင္းလဲထူးျခားသြားဖို႔အတြက္ ဘုရားသခင္သည္ လုပ္ေဆာင္ေနပါတယ္ - သင့္အတြက္ လုပ္ေဆာင္ေနပါတယ္။

ဆင္ျခင္ရန္
-ေသးငယ္ေသာ အေျခအေနမ်ားတြင္ သည္းခံျခင္းအရာသည္ ဘုရားသခင္၏ေစာင့္ဆိုင္းျခင္းအခန္းတြင္ သင္၏ယုံၾကည္မႈကို တိုးပြားေစရန္ မည္ကဲ့သို႔ အကူအညီျဖစ္ေစပါသနည္း။
-သင့္အသက္တာတြင္ တစ္စုံတစ္ခုကို လုပ္ေဆာင္မႈျပဳရန္ ဘုရားသခင္အား သင္ေစာင့္ဆိုင္းခ်ိန္တြင္ သင္၌ ရွိေသာ စ႐ိုက္လကၡဏာက ဘာေၾကာင့္အေရးႀကီးပါသနည္း။
- သင့္အသက္တာတြင္ ေစာင့္ဆိုင္းရျခင္း၏အခက္ခဲဆုံးေသာအခ်ိန္က မည္ကဲ့သို႔နည္း။ သင့္အသက္တာတြင္ ဝိညာဥ္ေရးရာႀကီးထြားေစခဲ့တဲ့ အႀကီးမားဆုံးေသာအခ်ိန္ကာလက မည္သို႔နည္း။