When God’s Instructions Don’t Make Sense, Obey Anyway
Unicode Version 
ဘုရားသခင်၏ ညွှန်ကြားမှုတွေက အဓိပ္ပါယ်မရှိဘူးလို့ ထင်တဲ့အခါ ဘယ်လိုပင်ဖြစ်စေ နာခံပါ။
ဟေဗြဲ ၁၁:၈ “အာဗြဟံသည် အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင် ခေါ်တော်မူ သောအခါ၊ သူသည်အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင် ၍ ထွက်သွားလေ၏။
ဘုရားသခင်၏ ညွှန်ကြားချက်များသည် မိမိအတွက် အဓိပ္ပါယ်မဲ့နေသည်၊ ယုတ္တိမရှိဖြစ်နေသည် (သို့) ဆင်ခြင်စရာမဟုတ် ဖြစ်နေသည့်တိုင် လိုက်လျှောက်အသက်ရှင်ခြင်းသည် ယုံကြည်ခြင်းဖြစ်ပါတယ်။ ယုံကြည် ခြင်းသည် နာခံခြင်းအဓိပ္ပါယ်ပင်ဖြစ်ပါတယ်။
သမ္မာကျမ်းစာထဲမှာ အကောင်းဆုံးသော ဉပမာကား အာဗြံဟံ ဖြစ်ပါတယ်။ ဟေဗြဲ ၁၁:၈ “အာဗြဟံသည် အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင် ခေါ်တော်မူ သောအခါ၊ သူသည်အဘယ် အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင် ၍ ထွက်သွားလေ၏။
တစ်နေ့မှာ အာဗြံဟံဆီသို့ ဘုရားသခင်ရောက်လာပြီး သူ၏ပခုံးကို ပုတ်လျက် “အာဗြံဟံ ငါတို့ ရွေ့ကြရအောင်” လို့ပြောနေခြင်းအရာကို မြင်ယောင်ကြည့်လိုက်ပါ။
အာဗြံဟံက “ကောင်းပါပြီ ၊ ဘယ်ကိုသွားကြမလဲ”
“သင်သိဖို့မလိုပါ”
“ဘယ်တော့ စတင်ထွက်ခွါရမလဲ”
“အခုပဲ”
“ဘယ်လို သဏ္ဍာန်နှင့်တူမလဲ”
“နို့နှင့်ပျားရည်”
“ကောင်းပါပြီ၊ ဒါသည် စစ်မှန်တဲ့ဖောပြခြင်းပါ။ အဲဒီကိုရောက်ပြီဆိုရင် ဘယ်လိုသိနိုင်မလဲ”
“သင့်ကို ပေးသိပါမည်”
“ဘယ်လောက်ကြာနိုင်မလဲ”
“မစိုးရိမ်ပါနဲ့”
“ကောင်းပါပြီ၊ အထုပ်အပိုးပြင်ဆင်ဆို့ အိမ်ပြန်လိုက်မယ်”
အဲဒီအရာက ယုံကြည်ခြင်းဖြစ်တယ်။ မိသားစုအတွက် ဘာမှမသိခြင်းဆိုတဲ့အရာက ဘုံပျောက်သလို ဖြစ်နေတဲ့ အခြေအနေ ၊ အဓိပ္ပါယ်မတွေ့ခဲ့တဲ့အခြေအနေမှာတောင် အာဗြံဟံသည် ဘုရားသခင်၏ ညွှန်ကြားချက်ကို လိုက်လျှောက်ပါတယ်။
အဓိပ္ပါယ်မရှိဘူးထင်ရတဲ့အရာကို သင့်အား ဘုရားသခင် စေခိုင်းဖူးပါသလား။ မေးလာတဲ့အချိန် ၊ စေခိုင်းလာတဲ့အချိန်မှာ ဘာမေးခွန်းမှ မမေးပါနှင့် လုပ်ဆောင်လိုက်ပါ။
သုတ္တံ ၃:၅ “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ 
မိမိဉာဏ်ကို အမှီမပြုဘဲ ထာဝရဘုရား၏ ဉာဏ်ပညာအမျှော်အမြင်ကို ကိုးစားယုံကြည်ပါ။ သင်နားမလည်သင့် တိုင် နာခံခြင်းရှိပါလျှင် သင်၏ ယုံကြည်ခြင်းနှင့် ဝိညာဉ်ရေးရာ ရင့်ကျက်ခြင်းအရာတွင် တိုးပွားလိမ့်မည်။
ဆင်ခြင်ရန်
- အဓိပ္ပာယ်မရှိတဲ့အရာတစ်ခု လုပ်ဖို့ဘုရားသခင်က ဘယ်အချိန်မှာပြောခဲ့သလဲ။ သင်၏နာခံမှု သို့မဟုတ် နာခံမှုမရှိခြင်း၏ ရလဒ်ကားအဘယ်နည်း။
-သင်၏အကြံအစည်ကိုမဟုတ်ဘဲ ဘုရားသခင်၏ဉာဏ်ပညာကို ယုံကြည်ခြင်းက ဘာကြောင့် ပိုပြီး ပညာအမျှော် အမြင်ရှိရသနည်း။
-ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တိုးပွားစေရန် နာခံမှုကို ဘုရားသခင် မည်သို့အသုံးပြုသနည်း။ ဘုရားသခင်သည် သင့်အား မည်သို့သောအရာကို သင်ယူစေချင်သနည်း။
---------------------------------------------------------------------------------
Zawgyi Version
“သင်သိဖို့မလိုပါ”
“အခုပဲ”
“နို့နှင့်ပျားရည်”
“သင့်ကို ပေးသိပါမည်”
“ဘယ်လောက်ကြာနိုင်မလဲ”
“မစိုးရိမ်ပါနဲ့”
ဆင်ခြင်ရန်