Unicode Version
----------------------------------------------------------------------------------------------------------------------
Zawgyi Version
ဘုရားသခင် သင့်ကိုစမ်းသပ်တော်မူခြင်းသည် သင့်ကိုဆန့်ထုတ်ပေးနေခြင်းဖြစ်ပါတယ်။
ထွက်မြောက်ရာကျမ်း ၁၆:၄ “ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင်တို့အဘို့
မိုဃ်းကောင်းကင်က မုန့်မိုဃ်းကို ရွာစေမည်။ လူတို့သည် နေ့တိုင်းထွက်၍ တနေ့စားလောက်အောင်
သိမ်းယူရကြမည်။ ငါ၏တရားအ တိုင်း ကျင့်မည်လော၊ မကျင့်လောဟု ထိုသို့သောအားဖြင့် သူတို့ကို
ငါစုံစမ်းမည်။”
ဓမ္မာသစ်ကျမ်းတွေထဲတွင်
ခံယူထိုက်တဲ့အရာတွေ အများကြီးတွေ့ရမှာပါ။ တစ်ချို့သောအရာတွေက တကယ်ကို အဆင်မပြေမှုတွေနှင့်
သက်တောင့်သက်တာမဖြစ်စရာတွေပေါ့။ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိနှင့်” (သို့) အရာရာ၌
ကျေးဇူးတော်ချီးမွမ်းပါ” (သို့) “အဆိုးအားဖြင့်အရှုံးမခံနှင့် အကောင်းအားဖြင့်အဆိုးကို
နိုင်လော့” ဆိုတဲ့အရာတွေက မဖြစ်နိုင်စရာ တွေလို့မြင်စရာရှိပါတယ်။
ဘုရားသခင်ထံမှ
ကျွန်ုပ်တို့တောင်းဆိုသမျှသည် ယုံကြည်ခြင်း၏ စမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။ ဘုရားက သင့်ကို
တစ်စုံတစ်ခု လုပ်ဆောင်ဖို့ခိုင်းခြင်းသည် သင့်ကို ဆွဲဆန့်ပေးခြင်းဖြစ်ပါတယ်။ သင်ဆုံးဖြတ်ချက်ချရပါမယ်။
သင်ကိုင်တွယ်ရန် အလွန်များလွန်းသည်ဟု ပြောသော စိတ်ပျက်စရာ ခံစားချက်တွေကို ယုံကြည်မည်လား။
(သို့) ဘုရားသခင်ပြောသောအရာသည် လုပ်ဆောင်ဖို့ရန် မှန်ကန်တယ်ဆိုပြီး သင်ယုံကြည်ပါမည်လား။
အမှန်က
ဘုရားသခင်သည် မကြာမကြာ ကျွန်ုပ်တို့ကို မဖြစ်နိုင်စရာတွေ လုပ်ဆောင်စေပါတယ်။ ဒါမှ သူ့ကို
အားကို ယုံကြည်ဖို့ရန် သက်ရောက်မှုဖြစ်စေပါတယ်။
က္ကုသရေလ
လူမျိုးတော်ကို ဘုရားသခင်သည် စမ်းသပ်မှုတွေပေးခဲ့ပါတယ်။ ထွက်မြောက်ရာကျမ်း
၁၆:၄ “ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင်တို့အဘို့ မိုဃ်းကောင်းကင်က မုန့်မိုဃ်းကို
ရွာစေမည်။ လူတို့သည် နေ့တိုင်းထွက်၍ တနေ့စားလောက်အောင် သိမ်းယူရကြမည်။ ငါ၏တရားအ တိုင်း
ကျင့်မည်လော၊ မကျင့်လောဟု ထိုသို့သောအားဖြင့် သူတို့ကို ငါစုံစမ်းမည်။”
ဘုရားသခင်သည်
လူမျိုးတော်တို့၏ ယုံကြည်ခြင်းနှင့် နာခံမှုကို စမ်းသပ်ဖို့ရန် ရူးသွားစေနိုင်တဲ့ စေခိုင်းမှုဖြင့်
စေခိုင်းခဲ့ပါတယ်။
ဘုရားသခင်သည် အာဗြံဟံကို လုံခြုံစိတ်ချနေတဲ့ နေရာကို စွန့်ပြီး အကျွမ်းမဝင်
၊ ဘာကိုမှမသိရှိနိုင် ၊ တစ်ခါမှမရောက်ဖူးတဲ့ တိုင်းပြည်သို့ နယ်မြေသစ်စတင်တည်ထောင်ရန်
ခရီးထွက်ဖို့ တောင်းဆိုလိုက်ပါတယ်။ အာဗြံဟံသည် နာခံပြီး ခရီးပြုခဲ့ပါတယ်။
ဘုရားသခင်သည်
နိုးအာကိုလည်း လှေကြီးတစ်စင်းကို ပင်လယ်နှင့်ဝေးကာ ခြောက်သွေ့သော နယ်မြေပေါ်မှာ ဆောက်စေခဲ့ပါတယ်။
လူတိုင်းအတွက် ရူးမိုက်တယ်လို့ ထင်ရသောအရာကို နိုးအာ လုပ်ဆောင်ခဲ့ပြီး ဘုရားသခင် ကို
နာခံခဲ့ပါတယ်။
လူပေါင် ၅၀၀၀ အထက် ဗိုက်ဆာကြတဲ့အခါ သခင်ခရစ်တော်က တပည့်တော်ကို လူအုပ်ကြီးအား
ကျွေးမွေးရန် ပြောခဲ့ပြီး သူ၏လူတွေကို မဖြစ်နိုင်စရာတွေ တောင်းဆိုခဲ့ပြီး အံ့ဩဖွယ်ရာတွေအတွက်
ယုံကြည်ရတဲ့ အခြေအနေ ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ သင်၏အသက်တာ၌လည်း ဘုရားရှင် လုပ်ဆောင်ချင်ပါတယ်။
ခက်ခဲ့သောအခြေအနေတွေကို ဖြတ်ကျော်ခြင်းအရာမှာ အစဉ်မပြတ်ဝမ်းမြောက်တဲ့အခါမှာဖြစ်စေ
၊ ချက်ချင်း နာခံတဲ့အခါမှာ ဖြစ်စေ သင်၏ယုံကြည်ခြင်းကို တိုးပွားစေပါတယ်။ ဒါတွေသည် အမြဲတမ်းသင်၏
ယုံကြည်ခြင်းကို တည်ဆောက်ပေးပါတယ်။ ဘုရားသခင်က သင့်ကို စေခိုင်းတဲ့အခါ ထိုင်မနေပါနဲ့။
ဘာကြောင့် အဓိပ္ပါယ်မရှိဘူး လို့လည်း မမြင်ပါနဲ့။ သင်၏ခွန်အားဖြင့် လုပ်ဆောင်နိုင်ပါမည်လားလို့လည်း
မစိုးရိမ်ပါနှင့်။
လုပ်ဆောင်လိုက်ပါ။ ဘုရားသခင်ကို ချက်ချင်းနာခံလိုက်ပါ၊ ပြီးတော့ ဘုရား၏သင့်အပေါ်ရည်ရွယ်ချက်အတိုင်း
လိုအပ်မှုမှန်သမျှကို ပေးမည်လို့ ယုံကြည်လိုက်ပါ။ သင်၏ယုံကြည်ခြင်းကို ကြီးထွားစေပါလိမ့်မည်။
ဆင်ခြင်ရန်
-
မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့အရာကို ဘုရားရှင်သင့်အား တောင်းဆိုခဲ့တဲ့အချိန်ကို ပြန်လည်
အောက်မေ့ပါ။ သင်နာခံ ခဲ့ပါသလား။ နာခံခဲ့ပါလျှင် သင်၏ နာခံခြင်းကနေ သင်၏ယုံကြည်ခြင်းကို
မည်ကဲ့သို့ ကြီးထွားစေခဲ့ပါသနည်း။
-
ချက်ချင်းနာခံခြင်း (သို့) နာခံမှုကို နှောင့်နှေးခြင်းတွေက ဘာကြောင့်အရေးကြီးပါသနည်း။
-
ဘုရားသခင်ကို ယုံကြည်သောသူတွေအသက်တာမှာ ဘုရားရှင်အား နာခံခြင်းအရာ၌ မည်ကဲ့သို့ ပုံသက်သေ
ရှိပါသနည်း။ ဤသို့ပုံသက်သေကောင်း ဖြစ်ခြင်းက လွယ်ကူတယ်လို့ သူတို့ပြောမယ်လို့ သင်ထင်ပါသလား။
----------------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်